ဘော့ဆွာနာနိုင်ငံ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ကိုဩဒိနိတ်: 24°39.5′S 25°54.5′E / 24.6583°S 25.9083°E / -24.6583; 25.9083

ဘော့ဆွာနာ သမ္မတနိုင်ငံ
Republic of Botswana
Lefatshe la Botswana

Lefatshe la Botswana  (Tswana)
ဘော့ဆွာနာနိုင်ငံ၏ အလံတော်
ဘော့ဆွာနာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: "Pula" (Tswana)
"Rain"
နိုင်ငံတော် သီချင်း: Fatshe leno la rona  (Tswana)
Blessed Be Our Noble Land
Botswana (centered orthographic projection).svg
Location Botswana AU Africa.svg
မြို့တော်
နှင့် အကြီးဆုံးမြို့
ဂါဘရွန်နေမြို့
24°39.5′S 25°54.5′E / 24.6583°S 25.9083°E / -24.6583; 25.9083
လူမျိုးစု (၂၀၁၂[၁])
ကိုးကွယ်မှု
Demonym
  • Batswana (plural)
  • Motswana (singular)
အစိုးရပြည်ထောင်စု ကြီးစိုးပါတီ[၃][၄][၅] ပါလီမန် ဖွဲ့စည်းပုံ သမ္မတနိုင်ငံစနစ်[၆]
Mokgweetsi Masisi[၇]
Slumber Tsogwane
Phandu Skelemani
Terence Rannowane
ဥပဒေပြုလွှတ်တော်အမျိုးသားလွှတ်တော်
လွတ်လပ်ရေးရ ယူနိုက်တက် ကင်းဒမ်းမှ
• တည်ထောင်ခဲ့ (ဖွဲ့စည်းပုံဥပဒေ)
၁၉၆၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက်
ဧရိယာ
• စုစုပေါင်း
၅၈၁,၇၃၀ km2 (၂၂၄,၆၁၀ sq mi)[၈] (အဆင့်: ၄၇h)
• ရေထု (%)
၂.၇
လူဦးရေ
• ၂၀၁၆ ခန့်မှန်း
၂,၂၅၀,၂၆၀[၉] (အဆင့် - ၁၄၅)
• ၂၀၁၁ သန်းခေါင်စာရင်း
၂,၀၂၄,၉၀၄
• သိပ်သည်းမှု
၃.၇/km2 (၉.၆/sq mi) (အဆင့် - ၂၃၁)
GDP (PPP)၂၀၂၁ ခန့်မှန်း
• စုစုပေါင်း
$၄၃.၃၈၉ ဘီလီယံ[၁၀] (အဆင့် - ၁၂၀)
• Per capita
$၁၈,၁၁၃[၁၀] (အဆင့် - ၉၉)
GDP (nominal)၂၀၂၁ ခန့်မှန်း
• စုစုပေါင်း
$၁၈.၇၂၆ ဘီလီယံ[၁၀] (အဆင့် - ၁၂၀)
• Per capita
$7,817[၁၁] (အဆင့် - ၁၀၁)
Gini (၂၀၁၅) ၅၃.၃[၁၂]
မြင့်
HDI (၂၀၁၉)Increase ၀.၇၃၅[၁၃]
မြင့် · ၁၀၀
ငွေကြေးပူလာ (BWP)
အချိန်ဇုန်ဗဟိုအာဖရိကဒေသ စံတော်ချိန် (GMT+2)[၁၄]
ရက်စွဲပုံစံdd/mm/yyyy
ယာဉ်ကြောစနစ်ဘယ်
တယ်လီဖုန်းကုဒ်+၂၆၇
Internet TLD.bw
ဝက်ဘ်ဆိုဒ်
gov.bw

ဘော့ဆွာနာသမ္မတနိုင်ငံသည် အာဖရိက တောင်ပိုင်းတွင် တည်ရှိသော ဆာဟာရတောင်ပိုင်း (sub Saharan country) နိုင်ငံတစ်ခုဖြစ်သည်။ ဘော့ဆွာနာနိုင်ငံသားများကို ဘတ်ဆွာနာ (Batswana) (ဧကဝုစ်ကိန်းအနေဖြင့် မော့ဆွာနာ (Motswana) )ဟုခေါ်သည်။ ယခင်က ဗြိတိသျှ အစောင့်အရှောက်ခံနိုင်ငံ (the British protectorate) တစ်ခု ဖြစ်ခဲ့သော Bechuanaland နိုင်ငံသည် ၁၉၆၆၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ဘော့ဆွာနာဟု အမည်ပြောင်းခဲ့ခြင်း ဖြစ်သည်။ ဓနသဟာယအဖွဲ့ (Commonwealth) နိုင်ငံတစ်ခုဖြစ်သည်။ လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီရွေးကောက်ပွဲများကို လွတ်လပ်ရေးရရှိခဲ့ချိန်မှစ၍ ကျင်းပလာခဲ့သည်။

ပထဝီဝင်အနေအထားအရ များသောအားဖြင့် ပြန့်ပြူးသည်။ တိုင်းပြည်၏ ၇၀% ခန့်သည် ကာလာဟာရီသဲကန္တာရ (Kalahari Desert) ဖြင့် ဖုံးလွှမ်းထားသည်။ တောင်ဘက်နှင့် အရှေ့တောင်ဘက်တွင် တောင်အာဖရိက၊ အနောက်ဘက်နှင့် မြောက်ဘက်တွင် နမီးဘီးယား၊ အရှေ့မြောက်ဘက်တွင် ဇင်ဘာဘွေ တို့နှင့် နယိနိမိတ်ချင်းထိစပ်နေသည်။ ဇမ်ဘီယာနှင့်လည်း နယ်နိမိတ်ထိသည် ဆိုရုံမျှ ထိနေသေးသည်။

၁၉၆၆ခုနှစ်၊ ဗြိတိသျှထံမှ လွတ်လပ်ရေးရလာချိန်တွင် လူဦးရေ (၂)သန်းမျှသာရှိသော ကုန်းတွင်းပိတ်နိုင်ငံလည်းဖြစ်သည့် ဘော့ဆွာနာနိုင်ငံသည် လူတစ်ဦးချင်း၏ တစ်နှစ်တာဝင်ငွေ အမေရိကန်ဒေါ်လာ (၇၀)ခန့်သာရှိပြီး အာဖရိကတိုက်၏ အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့သည်။ ဘော့ဆွာနာသားတို့၏ ရုန်းကန်ကြိုးစားမှုကြောင့် နှစ်စဉ် စီးပွားရေးတိုးတက်မှုနှုန်း ၉% ရှိပြီး လူတစ်ဦးချင်း၏ တစ်နှစ်တာဝင်ငွေမှာလည်း အမေရိကန်ဒေါ်လာ (၁၄,၈၀၀) အထိရှိလာကာ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်ဆုံး တိုင်းပြည်တစ်ခု ဖြစ်လာခဲ့သည်။

အဆင်းရဲဆုံး၊ ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ကျဆုံးနိုင်ငံတစ်ခုအဖြစ်မှ အလတ်တန်းစားနိုင်ငံတစ်ခုအဆင့်ထိရောက်အောင် အုပ်ချုပ်စီမံနိုင်ခဲ့ကြသော ဘော့ဆွာနာသားတို့ကို အထင်ကြီးလေးစားဖွယ်ရာဖြစ်သည်။ ပညာရေးအသုံးစရိတ်မှာ ဂျီဒီပီ ၏ ၁၀%ခန့်အသုံးပြုသည်။ ပညာရေးတွင် သိသာစွာ အောင်မြင်တိုးတက်လာခဲ့သည်။ အခမဲ့နီးပါး ပညာရေးစနစ် ကို အကောင်အထည်ဖော်နေသည်။ ပညာရေးမှ ထွက်ရှိလာသော ရလဒ်များက ဘော့ဆွာနာ၏ လိုအပ်သော ကျွမ်းကျင်မှုနှင့် လုပ်သားအင်အားကို မဖန်တီးပေးနိုင်သေးပေ။ အလုပ်လက်မဲ့နှုန်းမှာလည်း ၂၀% ခန့်အထိ မြင့်မားလျှက်ပင် ရှိနေသေးသည်။ ကျေးလက်ဒေသတွင် ဆင်းရဲနွမ်းပါးမှုများ လျော့နည်းသွားသော်လည်း မိသားစုဝင်ငွေများမှာ မြို့ပြနေလူတန်းစား၏ မိသားစုဝင်ငွေများထက် နိမ့်ကျလျှက်ပင်ရှိနေသေးသည်။ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (အေအိုင်ဒီအက်စ်) တားဆီးရာတွင်လည်း များစွာတိုးတက်မှုရှိသည်။ အဘယ်ကြောင့်ဆိုသော် အစိုးရက တိုင်းသူပြည်သားများအား ဆေးဝါးများကို အခမဲ့နှင့် အတင်းအကျပ် ဆေးပေး ကုသပေးသောကြောင့် ဖြစ်သည်။

တိုင်းပြည်သည် ၎င်း၏ စီးပွားရေးကို စိန်နှင့် အမဲသားတင်ပို့မှုပေါ်တွင် မှီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းနေသည်။ တိုင်းပြည်အတွင်း ဆိုဒါဓာတ်ပြာကြေးနီနီကယ်ရွှေနှင့် ကျောက်မီးသွေးတို့လည်း ထွက်ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

  1. BotswanaThe World FactbookCentral Intelligence Agency (2014)။
  2. Pew Research Center's Religion & Public Life Project: Botswana Archived 16 December 2013 at the Wayback Machine.
  3. Botswana's Dominant Party System
  4. "Botswana's Masisi retains presidency as BDP wins election"၊ Reuters၊ 24 October 2019။ 
  5. "Monopoly Politikos: How Botswana's Opposition Parties Have Helped Sustain One-Party Dominance" (2002). African Sociological Review 6 (1): 68–90. doi:10.4314/asr.v6i1.23203. 
  6. Africa :: Botswana – The World Factbook - Central Intelligence Agency
  7. "Masisi to Lead Botswana as Khama Steps Down After a Decade"၊ 28 March 2018။ 
  8. Global Forest Resources Assessment 2015 – Country Report – Botswana (PDF)fao.org (အစီရင်ခံစာ)။ United Nations Food and Agriculture Organization။ 2015။ p. 9။ Total Country Area ('000)ha / 58 173
  9. World Population Prospects: The 2017 Revision။ United Nations Department of Economic and Social Affairs, Population Division။
  10. ၁၀.၀ ၁၀.၁ ၁၀.၂ IMF Country Specific Data
  11. IMF Country Specific Data
  12. GINI index (World Bank estimate)ကမ္ဘာ့ဘဏ်
  13. Human Development Report 2020 (in en)။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (December 15, 2020)။
  14. Chapter: 01:04 (20 July 1984)။ Interpretation Act 1984 (§40(1))