မဒါဂတ်စကားနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မဒါဂတ်စကား သမ္မတနိုင်ငံ
Republic of Madagascar
Repoblikan'i Madagasikara
République de Madagascar
Flag of Madagascar.svg Seal of Madagascar.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - Fatherland, Liberty, Progress
နိုင်ငံတော်သီချင်း - ချစ်စရာကောင်းတဲ့ တို့ဘိုးဘွားမြေ
ပထဝီ
MDG orthographic.svg
မြို့တော် အန်တာနာနာရီဗိုမြို့
ဧရိယာ
  • ဧရိယာ - ၅၈၇,၀၄၁ km² (၂၂၆,၅၉၇ sq mi) (အဆင့်: ၄၅)
  • ရေဖုံးလွှမ်းမှု - ၀.၁၃ %%
စံတော်ချိန်ဇုန် UTC +၃
လူနေမှု
ရုံးသုံးဘာသာများ မာလဂက်စီဘာသာပြင်သစ်ဘာသာ
လူဦးရေ
နိုင်ငံရေး
အမျိုးအစား အိမ်စောင့်အစိုးရ
အစိုးရခေါင်းဆောင်များ
  • လွှဲပြောင်းရေးအဖွဲ့ ဥက္ကဌ - Andry Rajoelina
  • ဝန်ကြီးချုပ် - အဲလ်ဘတ် ကင်မလီ ဗိုင်တယ်
ထူထောင်မှု
  • လွတ်လပ်ရေး
    (ပြင်သစ်မှ) - ဇွန်လ ၂၆၊ ၁၉၆၀
စီးပွားရေး
GDP(PPP) US $၉၁၁ (အဆင့် - )
HDI ၀.၄၃၅ (အနိမ့်) (အဆင့် - ၁၃၅)
ငွေ မလာဂါဆီ အရီယာရီ
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .mg
Calling code +၂၆၁

မဒါဂတ်စကားသမ္မတနိုင်ငံ သည် ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အာဖရိကတိုက်၏ အရှေ့တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာ အတွင်းတွင် တည်ရှိသည်။ နိုင်ငံအတွင်း မဒါဂတ်စကားကျွန်း ပါဝင်ပြီး ထိုကျွန်းမှာ ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံးကျွန်းဖြစ်ကာ ၅၈၇,၀၀၀ စတုရန်း ကီလိုမီတာ (၂၂၇,၀၀၀ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ထိုကျွန်းသာမက အခြားသော ကျွန်းငယ်လေးများ မြောက်များစွား ပါဝင်ပြီး ထိုကျွန်းများတွင် အကြီးဆုံးမှာ နိုဆီဘီ နှင့် နိုဆီဘိုဟာရာ ကျွန်းတို့ ဖြစ်ကြသည်။

မဒါဂတ်စကားသည် ဇီဝမျိုးကွဲတို့နှင့် ပတ်သက်၍ အရေးပါသော နေရာတစ်နေရာဖြစ်ပြီး ၎င်းတွင် တွေ့ရသော အပင်နှင့် တိရိစ္ဆာန် အမျိုးအစား ၈၀ ရာခိုင်နှုန်းခန့်ကို ကမ္ဘာပေါ်ရှိ တခြားနေရာများတွင် မည်သည့်နေရာတွင်မှ မတွေ့ရပေ။