မာတိကာသို့ ခုန်သွားရန်

ဂျော်ဒန်နိုင်ငံ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 31°14′N 36°31′E / 31.24°N 36.51°E / 31.24; 36.51

ဟာရှီမိုက် ဂျော်ဒန် ဘုရင့်နိုင်ငံ
المملكة الأردنية الهاشمية (အာရပ်)
Al-Mamlakah al-’Urdunniyyah Al-Hāshimiyyah
ဂျော်ဒန်နိုင်ငံ၏ အလံတော်
အလံတော်
ဂျော်ဒန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: "God, Fatherland, The King"[]
"الله، الوطن، الملك"
Al-Lāh, Al-Waṭan, Al-Malik
နိုင်ငံတော် သီချင်း: ဂျော်ဒန် တော်ဝင်နိုင်ငံတော်သီချင်း
السلام الملكي الأردني
As-Salām Al-Malakī Al-ʾUrdunī

ဂျော်ဒန်နိုင်ငံ    ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
အမ်မန်မြို့
31°57′N 35°56′E / 31.950°N 35.933°E / 31.950; 35.933
ရုံးသုံး ဘာသာစကားများအာရပ်[]
လူမျိုးစု
ကိုးကွယ်မှု
လူမျိုးJordanian
အစိုးရပြည်ထောင်စု ပါလီမန်
စည်းမျဉ်းခံဘုရင်စနစ်
ဒုတိယ အဗ္ဗဒူလာ
ဘစ်ရှီယာ ခါဆာနက်ရှ်
ဥပဒေပြုလွှတ်တော်ပါလီမန်
ဆီးနိတ်
အောက်လွှတ်တော်
လွတ်လပ်ရေးရရှိခြင်း ယူနိုက်တက် ကင်းဒမ်းမှ
၁၉၂၁ ခုနှစ် ဧပြီလ ၁၁ ရက်
၁၉၄၆ ခုနှစ် မေလ ၂၅ ရက်
၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်
ဧရိယာ
 စုစုပေါင်း
၈၉,၃၄၂ km2 (၃၄,၄၉၅ sq mi) (အဆင့်: ၁၁၀)
 ရေထု (%)
၀.၆
လူဦးရေ
 ၂၀၂၀ ခန့်မှန်း
၁၀,၆၅၈,၁၂၃[] (အဆင့် - ၈၇)
 ၂၀၁၅ သန်းခေါင်စာရင်း
၉,၅၃၁,၇၁၂[]
 သိပ်သည်းမှု
၁၁၄/km2 (၂၉၅.၃/sq mi) (အဆင့် - ၇၀)
GDP (PPP)၂၀၂၀ ခန့်မှန်း
 စုစုပေါင်း
$၁၀၂.၁၅၈ ဘီလီယံ[] (အဆင့် - ၈၄)
 Per capita
$၁၀,၀၀၇[] (အဆင့် - ၁၁၀)
GDP (nominal)၂၀၂၀ ခန့်မှန်း
 စုစုပေါင်း
$၄၂.၆၀၉ ဘီလီယံ[] (အဆင့် - ၈၉)
 Per capita
$၄,၁၇၄[] (အဆင့် - ၁၀၂)
Gini (၂၀၁၁)၃၅.၄[]
အလယ် · ၇၉
HDI (၂၀၁၉)Increase ၀.၇၂၉[]
မြင့် · ၁၀၂
ငွေကြေးဂျော်ဒန် ဒိုင်နာ (JOD)
အချိန်ဇုန်EET (UTC+2)
 နွေရာသီ (DST)
EEST (UTC+3)
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၉၆၂
Internet TLD.jo
.الاردن
ဝက်ဘ်ဆိုဒ်
jordan.gov.jo

ဂျော်ဒန်နိုင်ငံကို ယခင်က ထရန်စဂျော်ဒန်ဟု ခေါ်သည်။ သို့ရာတွင် အမီအဗ္ဗဒူလာဘုရင်လက်ထက်၌ ၁၉၄၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် အတည်ပြုသော အပြည်ပြည်ဆိုင်ရာ စာချုပ်အရ ထရန်စဂျော်ဒန်အမည်ကို ဂျော်ဒန်ဟု ပြောင်းလိုက် ၏။ သို့သော် ထိုအမည်ကို ၁၉၄၉ ခုနှစ်ရောက်မှပင် အများက အသုံးပြုလာကြလေသည်။

ထရန်စဂျော်ဒန်ဟု ခေါ်ဝေါ်ရခြင်းမှာ ထိုပြည်ငယ်သည် မြေထဲပင်လယ်၏ အရှေ့ဘက်ကမ်းခြေဒေသရှိ ဂျော်ဒန်မြစ်ကို ဖြတ်လျက် တည်ရှိသောကြောင့် ဖြစ်ပေသည်။ ထိုပြည်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၃၄၇၅ဝ ရှိသည်။ လူဦးရေမှာ မူလက ၃၅ဝဝဝဝ ခန့် ရှိသည်ဟု ဆိုသည်။ သို့သော်ယခုအခါ လူဦးရေ ၁၃၃၂၉၈၉ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။ အစ္စလမ် အယူဝါဒီ အာရပ်လူမျိုးတို့ နေထိုင်ရာ အာရပ်တိုင်းပြည်ဖြစ်၍ သူတို့၏နေအိမ်ပုံစံမှာ အလွန်ရှေးရိုးကျသေး၏။ ရှေးရောမအင်ပိုင်ယာခေတ်က လယ်ယာစိုက်ပျိုးသော တိုင်းပြည်ဖြစ်ခဲ့ သော်လည်း နောင်အခါနှစ် ရာပေါင်းများစွာ လယ်မြေတို့ကို ပစ်ထားခဲ့သောကြောင့်၎င်း၊ မိုးနည်းပါးသွားသောကြောင့်၎င်း လယ်မြေတို့မှာ စိုက်ပျိုး၍ မဖြစ်ထွန်းတော့ဘဲ ကျဉ်းမြောင်း သော မြေကွက် အနည်းငယ်တွင်သာ ဂျုံ၊ မုယောစပါးနှင့် သစ်သီးများကို စိုက်ပျိုးလုပ်ကိုင်ကြ၏။ ကုန်းမြင့်ဒေသများတွင် စပျစ်ခြံများကို လုပ်ကိုင်ကြသည်။ များစွာသောအာရပ်တို့မှာကား သိုး၊ ဆိတ်များကို တစ်နေရာမှ တစ်နေရာသို့ လှည့်လည်ထိန်းကျောင်းကြလေသည်။ ထိုပြည်တွင်ရှိသော ဓာတ်သတ္တုများမှာ ဖော့စဖိတ်နှင့် ပိုတက်တို့ ဖြစ်သည်။ မြို့တော်မှာ အမ္မန်ဖြစ်၏။ ထိုပြည်၏ဒေသအများသည် သဲကန္တာ ရဖြစ်၍ ရာသီဥတုမှာ ခြောက်သွေ့ပြီးလျှင် နေ့အခါပူ၍ ညဖက်တွင် ချမ်းအေးလှလေသည်။

ရှေးအခါက ထရန်စဂျော်ဒန်နှင့် ပါလက်စတိုင်းတို့မှာတစ်ပြည်တည်းဖြစ်၍ ပထမကမ္ဘာစစ်ပြီးသောအခါ ထရန် စဂျော်ဒန်ကို တပြည်သတ်သတ် ခွဲထုတ်ပေးခဲ့သည်။ သို့သော် ဗြိတိသျှဩဇာခံပြည်တစ်ခု ဖြစ်သည်။ ပထမနှင့် ဒုတိယကမ္ဘာစစ်ကြီး အကြားတွင် ထိုပြည်နယ်၌ ယဟူဒီနှင့် အာရပ်တို့၏ အဓိကရုဏ်းများ မကြာခဏဖြစ်ပွားသည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းကမူ ယဟူဒီရော အာရပ်တို့ပါ ဂရိတ်ဗြိတိန်ဖက်မှ ကူညီ တိုက်ခိုက်ပေးကြသည်။

၁၉၄၆ ခုနှစ်တွင် ထရန်စဂျော်ဒန်မှာ ဘုရင်အုပ်စိုးသည့် လွတ်လပ်သော ဂျော်ဒန်နိုင်ငံဟူ၍ ဖြစ်လာ၏။ ဂရိတ်ဗြိတိန်နှင့် အနှစ် ၂ဝ မဟာမိတ်စာချုပ် ချုပ်ဆိုထားသော်လည်း အကြောင်းရှိလာပါက ဂျော်ဒန်က အာရပ်နိုင်ငံအဖွဲ့ကိုသာ ပထမ ဦးစားပေးကာ ကူညီမည်ဖြစ်ကြောင်း ထုတ်ဖော်ကျေညာထားလေသည်။ ဂျော်ဒန်နိုင်ငံမှာ အိန္ဒိယနှင့် ဥရောပတို့ ဆက်သွယ်သည့် ကုန်းလမ်းခရီးကြောင်းတွင် အရေးပါသော နိုင်ငံ တစ်နိုင်ငံအဖြစ်ဖြင့် ထင်ရှားသိရှိကြလေသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. Temperman၊ Jeroen (2010)။ State-Religion Relationships and Human Rights Law: Towards a Right to Religiously Neutral Governance။ Brill။ p. 87။ ISBN 978-90-04-18148-9။ 12 October 2017 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 12 June 2018 တွင် ပြန်စစ်ပြီး
  2. Jordanian Constitution Hashemite Kingdom of Jordan Constitutional Court။ 12 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2020 တွင် ပြန်စစ်ပြီး။
  3. Population clock Jordan Department of Statistics 12 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 May 2020 တွင် ပြန်စစ်ပြီး။
  4. Ghazal၊ Mohammad (22 January 2016)။ Population stands at around 9.5 million, including 2.9 million guests The Jordan Times 8 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 June 2018 တွင် ပြန်စစ်ပြီး။
  5. 1 2 3 4 Jordan IMF 24 November 2018 တွင် ပြန်စစ်ပြီး။
  6. Gini index ကမ္ဘာ့ဘဏ် 9 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 June 2018 တွင် ပြန်စစ်ပြီး။
  7. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-516 December 2020 တွင် ပြန်စစ်ပြီး
  8. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)