ဘရူနိုင်းနိုင်ငံ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဘရူနိုင်းနိုင်ငံ
State of Brunei, Abode of Peace

بروني دارالسلام
Negara Brunei Darussalam
ဘရူနိုင်းနိုင်ငံ၏ အလံတော်
ဘရူနိုင်းနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: "Always in service with God's guidance"
နိုင်ငံတော် သီချင်း: Allah Peliharakan Sultan
ဘရူနိုင်းနိုင်ငံ ၏ တည်နေရာ
မြို့တော်ဘန်ဒါဆရီဘဂါဝမ်မြို့
အကြီးဆုံးမြို့ဘန်ဒါဆရီဘဂါဝမ်မြို့
ရုံးသုံး ဘာသာစကားများမလေးဘာသာ
လူမျိုးစုမလေး (၆၆.၃%)တရုတ် (၁၁.၂%), တိုင်းရင်းသား (၃.၄%), အခြားလူမျိုးများ (၁၉.၁%)
ကိုးကွယ်မှုအစ္စလာမ် (၆၇%), ဗုဒ္ဓ (၁၃%), ခရစ်ယာန် (၁၀%), အခြား (၁၀%)
အမျိုးအစားAbsolute Islamic Sultanate
အစိုးရ
• ရှင်ဘုရင်
ဝါဒိုလာ မူအစ်ဇာဒင်
တည်ထောင်
• လွတ်လပ်ရေး (ဂရိတ်ဗြိတိန်)
၁ ဇန်နဝါရီ ၁၉၈၄
ဧရိယာ
• စုစုပေါင်း
၅,၇၆၅ km² (၂,၂၂၆ sq mi) (အဆင့်: ၁၇၂)
• ရေထု (%)
၈.၆
လူဦးရေ
• ခန့်မှန်း
၃၈၁,၃၇၁ (အဆင့် - ၁၁၇)
• သိပ်သည်းမှု
၆၆/km² (၁၆၈/sq mi) (အဆင့် - 134)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
US $၁၀.၁၉၉ သိန်းကုဋေ (အဆင့် - ၁၃၈)
• Per capita
US $၂၄,၈၂၆ (အဆင့် - ၂၆)
HDI၀.၈၉၄
အလွန်မြင့် · ၂၅
ငွေကြေးဘရူနိုင်းဒေါ်လာ (BND "$")
အချိန်ဇုန်+၈.၁
တယ်လီဖုန်းကုဒ်+၆၇၃
Internet TLD.bn

ဘရူနိုင်းနိုင်ငံ (/brˈn/ ( ) BROO-ny) တရားဝင်အမည်အားဖြင့် ဘရူနိုင်းနိုင်ငံ၊ ငြိမ်ချမ်းရေး၏စံအိမ်တော် [၁] သည် အရှေ့တောင်အာရှ အတွင်း ဘော်နီယိုကျွန်း ၏ မြောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တောင်တရုတ်ပင်လယ်နှင့် ထိစပ်နေသော ကမ်းရိုးတန်းမှ အပ ဘရူနိုင်းနိုင်ငံသည် မလေးရှားနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော ဆာရာဝပ်ပြည်နယ် က ဝန်းရံထားသည်။ ဆာရာဝပ်၏ ခရိုင်တစ်ခုဖြစ်သော လင်ဘန်းခရိုင်က နိုင်ငံကို နှစ်ပိုင်းပိုင်းခြားထားသည်။ ဘရူနိုင်းသည် ဘော်နီကျွန်းပေါ်တွင် တစ်နိုင်ငံလုံး ရှိသော တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး ကျန်ရှိသော ကျွန်း၏နယ်မြေများကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ပိုင်ဆိုင်သည်။ ဘရူနိုင်းနိုင်ငံ၏ လူဦးရေမှာ ၂၀၁၆ တွင် ၄၂၃,၁၉၆ဦးဖြစ်သည်။ [၂]

ဘရူနိုင်းအင်ပိုင်ယာ၏ အထွဋ်အထိပ် ရောက်ခဲ့ချိန်က စူလတန် ဘိုလ်ကျား (၁၄၈၅-၁၅၂၈ အုပ်ချုပ်)သည် ဘော်နီရို၏ ဒေသအများအပြားကို ထိန်းချုပ်အုပ်စိုးနိုင်ခဲ့ပြီး ယနေ့ခေတ် ဆာရာဝပ် နှင့် ဆာဘား အပါအဝင် ဖြစ်သလို ဘော်နီယိုကျွန်း၏ အရှေ့မြောက်အစွန်းမှ ပင်လယ်တွင်းရှိသော ဆူလူးကျွန်းစုများ၊ ဆီလူဒေါင်း (ယနေ့ခေတ် မနီလာ) နှင့် ဘော်နီယိုကျွန်း၏ အနောက်မြောက်အစွန်း ပင်လယ်တွင်း ရှိသော ကျွန်းများ အပါအဝင်ဖြစ်သည်။ ထိုပင်လယ်ကမ်းရိုးတန်း နိုင်ငံအား စပိန်မှ မဂျဲလင် မှ ၁၅၂၁ တွင် လာရောက်လည်ပတ်ခဲ့ပြီး စပိန်တို့အား ၁၅၇၈ ကက်စတီးလီးယန်း စစ်ပွဲတွင် တိုက်ခိုက်ခဲ့သည်။

၁၉ ရာစုအတွင်းတွင် ဘရူနိုင်းအင်ပိုင်ယာ စတင် ယုတ်လျော့လာခဲ့သည်။ စူလတန်မှ ဆာရာဝပ် ကူချင်းအား ဂျိမ်းဘရွတ်ခ် သို့ပေးအပ်ခဲ့ပြီး ၎င်းအား ရာဂျာဖြူ အဖြစ် ခန့်အပ်ခဲ့သည်။ ထို့အတူ ဆာဘားအားလည်း ဗြိတိသျှတို့၏ မြောက်ဘော်နီယို ချာတာကုမ္ပဏီသို့ ပေးအပ်ခဲ့သည်။ ၁၈၈၈ တွင် ဘရူနိုင်းသည် ဗြိတိသျှတို့၏ အစောင့်အရှောက်ခံနိုင်ငံ ဖြစ်လာခဲ့ပြီး ဗြိတိသျှလူမျိုး အား ကိုလိုနီမန်နေဂျာ အဖြစ် ၁၉၀၆ ခုနှစ်တွင် ခန့်အပ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့သိမ်းပိုက်ပြီးနောက် ၁၉၅၉ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ကို ရေးဆွဲခဲ့သည်။ ၁၉၆၂ တွင် အရွယ်အစားမကြီးသော ဘုရင်အား လက်နက်ကိုင် ပုန်ကန်ခြင်းကို ဗြိတိသျှတို့၏ အကူအညီဖြင့် နှိမ်နင်းနိုင်ခဲ့သည်။[၃]

ဘရူနိုင်းသည် ယူနိုက်တက်ကင်းဒမ်းမှ လွတ်လပ်ရေးကို ၁၉၈၄ ခုနှစ် ဇန်နဝါရီ ၁ရက်တွင် ရရှိခဲ့သည်။ ၁၉၉၀ ခုနှစ်များနှင့် ၂၀၀၀ ခုနှစ်များအတွင်း စီးပွားရေးတိုးတက်မှု ဖြစ်ပေါ်ခဲ့ပြီး ဂျီဒီပီမှာ ၁၉၉၉ မှ ၂၀၀၈ အတွင်း ၅၆% တိုးတက်ခဲ့ပြီး ဘရူနိုင်းအား စက်မှုဖွံ့ဖြိုးသောနိုင်ငံ အဖြစ် ရောက်ရှိလာစေခဲ့သည်။ ဘရူနိုင်းသည် များပြားလှစွာသော ရေနံတွင်းနှင့် သဘာဝဓာတ်ငွေ့တွင်းများမှ ချမ်းသာကြွယ်ဝမှု ဖြစ်ပေါ်စေခဲ့သည်။ ဘရူနိုင်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် စင်ကာပူနိုင်ငံ ပြီးလျှင် ဒုတိယမြောက် လူထုဖွံ့ဖြိုးမှုညွှန်းကိန်း အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံအဖြစ် သတ်မှတ်ကြသည်။ [၄] အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အဆိုအရ ဘရူနိုင်းသည် ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း နှင့် တွက်လျှင် လူတစ်ဦးချင်း စုစုပေါင်း ပြည်တွင်းထုတ်ကုန်အရ ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်ပြီး နိုင်ငံ ၁၈၂ နိုင်ငံတွင် ဘရူနိုင်းအား ပဉ္စမမြောက် အချမ်းသာဆုံးနိုင်ငံ အဖြစ် သတ်မှတ်ခဲ့ပြီး ရေနံတွင်းနှင့် သဘာဝဓာတ်ငွေ့တွင်းများကြောင့် ဖြစ်သည်။ [၅]

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

ဒေသတွင်း သမိုင်းလေ့လာရေးသမားများ၏ အဆိုအရ ဘရူနိုင်းသည် အေဒီ ၁၄၀၀ ခန့်တွင် အုပ်စိုးခဲ့သော စူလတန်မိုဟာမက် ရှား ဖြစ်လာမည့် အာဝမ် အာလက် ဘီတာတာ မှ တည်ထောင်ခဲ့သည်။ သူသည် တန်ဘူရောင်းပြည်နယ် ရှိ ဂါရန်းအရပ်မှ [၆] ဘရူနိုင်းမြစ်ဝသို့ ရောက်ရှိလာခဲ့ပြီး ဘရူနိုင်းကို ရှာဖွေ တွေ့ရှိခဲ့သည်။ ဒဏ္ဍာရီများအရ ထိုနေရာသို့ ရောက်သော အခါတွင် "ဘာရူနား" (ဒီနေရာပဲ ဟု ဘာသာပြန်နိုင်သည်) ဟု ဟစ်ကြွေးသဖြင့် ၎င်းမှ ဘရူနိုင်းဆိုသော အမည်သို့ ပြောင်းလဲလာခဲ့သည်။ [၇] သူသည် ဘရူနိုင်း၏ ပထမဆုံး မွတ်စလင် ဘုရင် ဖြစ်သည်။ [၈] မွတ်စလင် ဘိုလ်ကျားမင်းဆက် အောက်တွင် ဘရူနိုင်းအင်ပိုင်ယာ မထွန်းကားလာမီ အချိန်က ဘရူနိုင်းသည် ဗုဒ္ဓဘာသာဘုရင်များ အုပ်ချုပ်မှုအောက်တွင် ရှိသည်ဟု ယုံကြည်ရသည်။ [၉]

၎င်းအား ၁၄ ရာစုတွင် "ဘာရူနိုင်း" ဟု အမည်ပြောင်းလဲခဲ့ပြီး သင်္သကရိုက်ဘာသာ စကားလုံး "varuṇ" (वरुण) မှ "ပင်လယ်ရေကြောင်းသွားသူ" ဟု အမည်ရသော စကားလုံးကို ယူထားခြင်း ဖြစ်နိုင်သည်။ [၁၀] ဘော်နီယိုဆိုသော စကားလုံး၏ ရင်းမြစ်သည်လည်း အတူတူ ဖြစ်သည်။ နိုင်ငံ၏ အမည်အပြည့်အစုံဖြစ်သော "နီဂါရာ ဘရူနိုင်း ဒါရူစလမ်" ဆိုသော အမည်တွင် ဒါရူစလမ် ဆိုသည်မှာ ငြိမ်းချမ်းရေး၏ စံအိမ်တော် ဟု အဓိပ္ပာယ်ရပြီး နီဂါရာ ဆိုသည်မှာ မလေးဘာသာစကားဖြင့် နိုင်ငံ ဖြစ်သည်။

အနောက်တိုင်းမှ ဘရူနိုင်းနှင့် ပတ်သက်သော အစောဆုံး မှတ်တမ်းမှာ အီတလီလူမျိုးဖြစ်သော လူဒိုဗီဆို ဗာသယ်မာ ၏ မှတ်တမ်းဖြစ်ပြီး ၎င်းမှ "ဘရူနိုင်းပြည်သားတို့သည် မာလူကူးကျွန်းများတွင် တွေ့ခဲ့ရသော သူများထက် ပို၍ အသားလတ်သည်" ဟု ရေးသားထားသည်။ သူ၏ ၁၅၅၀ ခုနှစ်မှ မှတ်တမ်းတွင်

ကျွန်ုပ်တို့ ဘော်နေးကျွန်း (ဘရူနိုင်းသို့ ဘော်နီယို) သို့ ရောက်ခဲ့ပြီး ထိုနေရာမှာ "မာလုရှ်" မှ မိုင် ၂၀၀ ခန့်အကွာတွင် ရှိသည်။ ထိုနေရာသည် မာလုရှ်ထက် ပို၍ ကြီးပြီး အောက်ပိုင်းတွင် ရှိသည်။ ထိုနေရာရှိလူများမှာ ဘာသာမဲ့များ ဖြစ်ပြီး သဘောကောင်းသူများ ဖြစ်သည်။ အသားအရောင်မှာ အခြားသူများထက် ပိုဖြူပြီး နိုင်ငံအတွင်း တရားမျှတမှုကို ကောင်းစွာ စောင့်ထိန်းထားသည်။  ...[၁၁]

ဟု ရေးသားထားခဲ့သည်။

သမိုင်း[ပြင်ဆင်ရန်]

အစောပိုင်းသမိုင်း[ပြင်ဆင်ရန်]

တရုတ်နိုင်ငံ ချင်းစုပြည်နယ် နန်ကျင်းမြို့ရှိ ဘုရင်ပိုနီ၏ ဂူသင်္ချိုင်း

ဗုဒ္ဓဘာသာ သီရိဝိဇယအင်ပိုင်ယာ၏ ကိုလိုနီဖြစ်သော ဝိဇယပူရ အမည်ရှိသော နေရာ တစ်ခုသည် ဘော်နီယိုကျွန်း၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး ၇ရာစု အတွင်းက တိုးတက်ထွန်းကားခဲ့သည်။ [၁၂] အိန္ဒိယ ချိုလာ တို့က သီရိဝိဇယပြည်အား ကျူးကျော် သိမ်းပိုက်ခဲ့ပြီးနောက် ဒါတု တစ်ဦးဖြစ်သူ ပူတီ သည် ဆူမတြာကျွန်းနှင့် ဘော်နီယိုကျွန်းတို့မှ တော်လှန်သူ ဒါတုများကို ဦးဆောင်၍ ချိုလာတို့ခန့်အပ်ထားသော ဒေသခံရာဂျာဖြစ်သည့် ရာဂျာ မာကာတူနောင်း အား ပုန်ကန်ခြားနား ကြသည်။ တော်လှန်သူများနှင့် ၎င်းတို့၏ နောက်လိုက်နောက်ပါများသည် ဗီဆာယားကျွန်းများ (သီရိဝိဇယ၏ အမည်ကို မှည့်ခေါ်ထားသော ကျွန်းများ)တွင် မတ်ဒ်ဂျာ-အက်စ် ဟု အမည်ရသော တိုင်းပြည်တစ်ခုကို တည်ထောင်၍ သီရိဝိဇယ ကို ပြန်လည် ထူထောင်ရန် ကြိုးစားကြသည်။ အစောဆုံး တရုတ်တို့၏ မှတ်တမ်းမှာ ၉၇၇ အေဒီတွင် ဘော်နီယိုရှိ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံမှ ပိုနီ၏ ဘုရင်မှ တရုတ်ဧကရာဇ်သို့ ပေးသော စာလွှာပေးပို့ခဲ့ခြင်း ဖြစ်ပြီး ၎င်းအား ပညာရှင်တို့မှ ဘော်နီယိုကို ရည်ညွှန်းခြင်း ဖြစ်မည်ဟု ယုံကြည်ကြသည်။[၁၃] ၁၂၂၅ တွင် တရုတ်အရာရှိ ချော ဂျူကွား (ချောင်ယူဂွါး) မှ ပိုနီတွင် ၎င်း၏ ကုန်သွယ်ရေးကို ကာကွယ်ရန် စစ်သင်္ဘော အစင်း ၁၀၀ မျှ ရှိသည် ဟု အစီရင်ခံတင်ပြထားပြီး ထိုတိုင်းပြည်မှာ အလွန်ချမ်းသာကြွယ်ဝသည် ဟု ဆိုသည်။[၁၄]

၁၄ ရာစုအတွင်း ၁၃၆၅ ၌ ပရာပန်ကာ ရေးသားသော နာဂါရာကရီတာဂါမာ ဆိုသော ဂျာဗားဘာသာ လက်ရေးမူတွင် "ဘာရူနီ" အား ဟိန္ဒူ မာဂျာပါဟစ် ဧကရာဇ်နိုင်ငံတော်၏ လက်အောက်ခံနိုင်ငံ အဖြစ် ဖော်ပြခဲ့ပြီး [၁၅] ၎င်းမှ တစ်နှစ်လျှင် ၄၀ ကာတီ (တစ်ကာတီလျှင် ၆၀၄.၈ ဂရမ်ခန့်) ရှိသော ပရုတ်ကို ပဏ္ဍာဆက်ရသည်ဟု ရေးသားထားသည်။ ၁၃၆၉ တွင် ယခင်က မာဂျာပါဟစ်၏ အစိတ်အပိုင်းဖြစ်သော ဆူလူးတို့သည် အောင်မြင်စွာ ပုန်ကန်ခဲ့ကြကာ ပိုနီကို တိုက်ခိုက်ပြီး ၎င်း၏ ဘဏ္ဍာများနှင့် ရွှေများကို လုယူတိုက်ခိုက်ခဲ့ကြသည်။ မာဂျာပါဟစ်မှ သင်္ဘောအုပ်စုက ဆူလူးတို့ကို မောင်းထုတ်နိုင်ခဲ့သော်လည်း ပိုနီတို့ အနေဖြင့် ထိုတိုက်ခိုက်မှု အပြီးတွင် အင်အားယုတ်လျော့သွားခဲ့သည်။ [၁၆] တရုတ်တို့၏ ၁၃၇၁ ခုနှစ် အစီရင်ခံစာအရ ပိုနီတို့အား ဆင်းရဲပြီး မာဂျာပါဟစ်တို့မှ လုံးဝထိန်းချုပ်ထားသည်ဟု ဖော်ပြထားသည်။[၁၇]

၁၅ ရာစုအတွင်း ပိုနီတို့သည် မာဂျာပါဟစ်မှ ခွဲထွက်ခဲ့ပြီး အစ္စလာမ်ဘာသာသို့ ပြောင်းလဲခဲ့သည်။ ထို့အတွက် လွတ်လပ်သော ဘရူနိုင်းစူလတန်ပြည် အဖြစ် ပြောင်းလဲလာခဲ့သည်။ ဘရူနိုင်းသည် ဟာရှီမိုက်တိုင်းပြည် ဖြစ်လာခဲ့ပြီး မက္ကာမှ အာရပ် အီမာစော်ဘွားဖြစ်သူ ရှာရစ်ဖ် အလီအား ၎င်း၏ တတိယမြောက် စူလတန် အဖြစ် အုပ်စိုးစေခဲ့သည်။ ပညာရှင်များ၏ အဆိုအရ ဘရူနိုင်းစူလတန်ပြည်သည် ၁၅ ရာစု မှ ၁၇ ရာစုများ အတွင်း အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ၎င်း၏ အာဏာစက်သည် မြောက်ဘော်နီယိုမှ ဖိလစ်ပိုင်တောင်ပိုင်း (စူလူး) အထိ ဖြန့်ကျက်နိုင်ခဲ့ပြီး ဖိလစ်ပိုင်မြောက်ပိုင်း (မနီလာ) တွင်ပင် ဘရူနိုင်းတို့သည် တော်ဝင်မိသားစုချင်း လက်ဆက်ထိမ်းမြားခြင်းဖြင့် နယ်မြေများကို ရယူနိုင်ခဲ့သည်။ [၁၈] စူလတန် ဘိုလ်ကယား သည် မနီလာနှင့် ဆူလူးကို အောင်မြင်နိုင်ခြင်းဖြင့် ဘရူနိုင်း၏ အာဏာကို အမြင့်ဆုံးအထိ ဖြန့်ကျက်နိုင်ခဲ့သော်လည်း ဗီဆာယားကျွန်းများကိုမူ မအောင်မြင်နိုင်ခဲ့ပေ။ စူလတန် ဘိုလ်ကယားသည် ဗီဆာယန်းလူမျိုး မိခင်မှ မွေးဖွားပြီး ဗီဆာယန်းသွေး တစ်ဝက်ပါသူ ဖြစ်ပြီး သူ့အား စူလတန်ရာဂမ် "သီချင်းဆိုသော သင်္ဘောကပ္ပတိန်" ဟူ၍ ကျော်ကြားသည်။ သူ၏ ဩဇာကောင်းသော သီချင်းဆိုသည့် အသံသည် ဗီဆာယန်း မျိုးရိုးမှ အမွေရခဲ့သော အရာဖြစ်ပြီး ဗီဆာယန်းတို့သည် ယဉ်ကျေးမှုအရ သီချင်းဆိုချင်းကို ဝါသနာထုံကြကာ ဗီဆာယန်း အဆိုတော်ကောင်းများသည် စစ်သူရဲမျိုးနွယ်များတွင် များစွာ ပါဝင်ကြသည်။[၁၉] သို့သော်လည်း အစ္စလာမ် ဘရူနိုင်းတို့၏ အာဏာသည် ဘော်နီယိုတွင် ပြိုင်ဖက်မရှိသည်တော့ မဟုတ်ပေ။ ဟိန္ဒူအိန္ဒိယလူမျိုးတို့ တည်ထောင်ထားသော ကူတိုင်းဟု အမည်ရသော တိုင်းပြည်တစ်ခု ရှိပြီး ၎င်းတို့အား အနိုင်ရခဲ့သော်လည်း မဖျက်စီးပစ်ခဲ့ပေ။ ဖိလစ်ပိုင်တွင် ဘရူနိုင်းတို့၏ လွှမ်းမိုးမှုအား စိန်ခေါ်နေသော အိန္ဒိယ ယဉ်ကျေးမှု ရှိသည့် တိုင်းပြည်နှစ်ခု ရှိပြီး ၎င်းတို့မှာ စီဘူး ရာဂျာပြည်နှင့် ဘူတွမ် ရာဂျာပြည်တို့ ဖြစ်ကြသည်။ ထိုတိုင်းပြည် နှစ်ခုမှာ ကူတိုင်းနှင့် မဟာမိတ်ဖြစ်ကြပြီး ဘရူနိုင်း၏ လက်အောက်ခံပြည်များ ဖြစ်ကြသော ဆူလူး နှင့် မနီလာတို့နှင့် စစ်ဖြစ်နေသည့် အပြင် ၎င်းတို့နှစ်ခုနှင့် မဟာမိတ်များ ဖြစ်ကြသော မာဂွင်ဒါနောင်း စူလတန်ပြည် နှင့်လည်း စစ်ဖြစ်လျှက် ရှိသည်။ မတ်ဂျာ-အက်စ် နှင့် ဒါပီတန် အစရှိသော ကီဒါတွမ်တိုင်းပြည်များမှာလည်း ဘရူနိုင်း နှင့် မတည့်ကြပေ။ အကြောင်းမှာ ၎င်းတိုင်းပြည်များအားလည်း မာဂွင်ဒါနောင်း နှင့် အိုရှန်းနီးယားရှိ ပါပူအာ စကားပြောပြီး ဟင်းခတ်အမွှေးအကြိုင် ထုတ်လုပ်ခြင်းကို လက်ဝါးကြီးအုပ်၍ ကြွယ်ဝချမ်းသာလာသော တာနိတ် စူလတန်ပြည်တို့မှ မွတ်စလင်တို့ကို အစဉ်တစိုက် တိုက်ခိုက်နေ၍ ဖြစ်သည်။ သို့သော်လည်း ၁၆ ရာစု၌ ဘရူနိုင်းတွင် အစ္စလာမ်ဘာသာသည် မြဲမြံစွာ အမြစ်တွယ်နေပြီ ဖြစ်ပြီး ဘရူနိုင်းသည် အကြီးဆုံးသော ဗလီတစ်ခုကို တည်ဆောက်ခဲ့သည်။ ၁၅၇၈ တွင် စပိန်ခရီးသွား အာလွန်ဆို ဘယ်ထရန်မှ ထိုဗလီအား ငါးထပ်မျှ မြင့်ပြီး ရေပေါ်တွင် တည်ဆောက်ထားသည်ဟု ဖော်ပြထားခဲ့သည်။ [၂၀]

စပိန်နှင့် စစ်ဖြစ်ခြင်း နှင့် ဩဇာကျဆင်းလာခြင်း[ပြင်ဆင်ရန်]

၁၄၀၀ မှ ၁၈၉၀ အတွင်း ဘရူနိုင်းတို့ နယ်မြေ ဆုံးရှုံးလာပုံ

ပေါ်တူဂီတို့ မလက်ကာ အား သိမ်းပိုက်သဖြင့် ကြွယ်ဝ၍ ဩဇာရှိသော်လည်း နေရာပျောက်နေသော မွတ်စလင်ဒုက္ခသည်များသည် အနီးအနားရှိ အာချေး စူလတန်ပြည် နှင့် ဘရူနိုင်း စူလတန်ပြည်တို့သို့ ပြောင်းရွှေ့ကြသဖြင့် ဘရူနိုင်းသည် အရှေ့တောင်အာရှတွင် ထိပ်သီးနိုင်ငံအဖြစ် ခဏတာမျှ နေရာယူနိုင်ခဲ့သည်။ သို့သော်လည်း ဥရောပသားတို့၏ လွှမ်းမိုးမှုများကြောင့် ဒေသတွင်း အင်အားကြီးနိုင်ငံများကို နိဂုံးကမ္ပတ် အဆုံးသတ်စေခဲ့သည်။ ဘရူနိုင်းသည် ကျဆင်းသော အချိန်ကာလသို့ ရောက်ရှိလာပြီး ထီးနန်းဆက်ခံရေးနှင့်ပတ်သက်သော အတွင်းရေး ပဋိပက္ခများကလည်း အကြောင်းအဖြစ် ပါဝင်ခဲ့သည်။ ဥရောပ ခရစ်ယာန် အင်အားကြီးနိုင်ငံတို့၏ ကျူးကျော်မှု ဖြစ်ပွားလာနိုင်သည့် အခြေအနေတွင် အော့တမန် အင်ပိုင်ယာ မှ အခက်အခဲနှင့် ရင်ဆိုင်နေရသော အရှေ့တောင်အာရှ စူလတန်ပြည်များကို ကူညီရန် အာချေးအား အစောင့်အရှောက်ခံ တိုင်းပြည် အဖြစ်သတ်မှတ်ပေးခဲ့ပြီး ဒေသတွင်း မူဂျာဟစ်များကို လေ့ကျင့်သင်ကြား လက်နက်တပ်ဆင်ပေးရန် တပ်များ စေလွှတ်ပေးခဲ့သည်။[၂၁] စပိန်တို့မှ ၁၅၇၈တွင် စစ်ကြေငြာခဲ့ပြီး ထိုစဉ်က ဘရူနိုင်း၏ မြို့တော်ဖြစ်သော ကိုတာဘာတူးအား တိုက်ခိုက်သိမ်းပိုက်ရန် ကြံစည်ခဲ့သည်။ ထိုအကြံအစည် ဘရူနိုင်း သူကောင်းမျိုးနွယ်ဝင်ဖြစ်သော ပန်ဂီရန် ဆယ်ရီ လီလာ နှင့် ပန်ဂီရန် ဆယ်ရီ ရတ်တနာ တို့၏ အကူအညီဖြင့် ဖြစ်သည်။ ပန်ဂီရန် ဆယ်ရီ လီလာသည် ထိုအချိန်က စပိန်ကိုလိုနီ၏ ဗဟိုချက်ဖြစ်သော မနီလာသို့ သွားရောက်ခဲ့သည်။ မနီလာသည်လည်း ဘရူနိုင်းတို့ထံမှ သိမ်းပိုက်၍ ခရစ်ယာန်ဘာသာသို့ သွတ်သွင်းပြီး မက္ကဆီကိုမြို့တော်တွင် အခြေစိုက်သော စပိန်ပြည်သစ်၏ နယ်မြေအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ ပန်ဂီရန် ဆယ်ရီ လီလာမှ ဘရူနိုင်းအား စပိန်လက်အောက်ခံ တိုင်းပြည်အဖြစ် နေထိုင်ရန် ကမ်းလှမ်းခဲ့ပြီး သူ၏ ညီအစ်ကို တော်စပ်သူ ဆိုင်ဖူး ရီဂျယ်ထံမှ ထီးနန်းကို ပြန်လည်ရယူရန် အတွက် ဖြစ်သည်။[၂၂] စပိန်တို့မှ သူတို့ အနေနှင့် ဘရူနိုင်းကို အနိုင်ရခဲ့ပါက ပန်ဂီရန် ဆယ်ရီ လီလာအား စူလတန်အဖြစ် ခန့်ထားရန်နှင့် ပန်ဂီရန် ဆယ်ရီ ရတ်တနာ အား ဘန်ဒါဟာရာဟု ခေါ်သည့် အတိုင်ပင်ခံ ရာထူးဖြင့် ခန့်ထားရန် သဘောတူခဲ့သည်။

၁၈၉၀မှ စတင်သော ဘရူနိုင်းနိုင်ငံ၏ နယ်နိမိတ်

၁၅၇၈ ခုနှစ် မတ်လတွင် မက္ကဆီကိုမှ စပိန်တို့၏ သင်္ဘောအုပ်စု အသစ်များ ရောက်ရှိလာပြီး ဖိလစ်ပိုင်တွင် တပ်စွဲထားခဲ့သည်။ ထိုသင်္ဘောအုပ်စုကို ဦးဆောင်သူမှာ ရေယာဉ်မှူးချုပ် ဖြစ်သော ဒီ စန်ဒီ ဖြစ်ပြီး သူသည် မနီလာမှ ဘရူနိုင်းသို့ ဦးဆောင်စစ်ချီခဲ့သည်။ ထိုသို့ ချီတက်ခဲ့ရာတွင် စပိန် နှင့် မက္ကဆီကန်လူမျိုး ၄၀၀၊ ဖိလစ်ပိုင်လူမျိုး ၄၀၀ နှင့် ဘော်နီယိုကျွန်းသား ၃၀၀ တို့ ပါဝင်သည်။[၂၃] ထိုသို့ စစ်ချီရာတွင် ပစ်မှတ်မှာ တစ်ခု မကဘဲ မင်ဒါနောင်းနှင့် ဆူလူးကျွန်းတို့လည်း ပါဝင်သည်။ [၂၄][၂၅] ခရစ်ယာန်တို့ဘက်တွင် ပါဝင်သော လူမျိုးစုများမှာ လူမျိုးပေါင်းစုံပါဝင်ပြီး စပိန်-အမေရိကန် ကပြားများ၊ လူဖြူ-လူမည်းကပြားများ နှင့် အမေရိကန် လူနီအင်ဒီးယန်းများ (အက်ဇ်တက်၊ မာယာ နှင့် အင်ကာလူမျိုးများ) တို့ပါဝင်ကာ ထိုသူများကို မက္ကဆီကိုတွင် စုဆောင်းပြီး စပိန်အရာရှိများက ဦးဆောင်ကာ ဒေသခံ ဖိလစ်ပိုင်လူမျိုးတို့နှင့် ပူးပေါင်း၍ အရှေ့တောင်အာရှတစ်ယောက် စစ်ပွဲများ ဆင်နွှဲကြခြင်း ဖြစ်သည်။[၂၆] မွတ်စလင်များဘက်တွင်လည်း လူမျိုးပေါင်းစုံ​ပါဝင်သည်။ ဒေသခံ မလေး စစ်သူရဲတို့အပြင် အော့တမန် အင်ပိုင်ယာမှလည်း စစ်တပ်များကို အနီးအနားရှိ အာချေးသို့ ဆက်တိုက် ပို့လွှတ်ခဲ့သည်။ ထိုစစ်တပ်များတွင် တာ့ခ်လူမျိုးများ၊ အီဂျစ်၊ ဆွာဟီလီ၊ ဆိုမာလီ၊ဆင်ဒီ၊​ ဂူဂျာရတီ နှင့် မလာဘာလူမျိုးများ ပါဝင်သည်။[၂၇] ထိုစစ်တပ်များသည် အနီးအနားရှိ ဘရူနိုင်း အစရှိသော စူလတန်ပြည်များသို့ သွားရောက်၍ တိုက်ခိုက်ရေး နည်းလမ်းသစ်များ နှင့် အမြောက်သွန်းလုပ်နည်း အစရှိသော နည်းလမ်းများကို သင်ကြားပေးခဲ့ကြသည်။[၂၈]

နောက်ဆုံး ၁၅၇၈ ဧပြီလ ၁၆ ရက်တွင် စပိန်တို့သည် ပန်ဂီရန် ဆယ်ရီ လီလာ နှင့် ပန်ဂီရန် ဆယ်ရီ ရတ်တနာတို့၏ အကူအညီဖြင့် မြို့တော်ကို ကျူးကျော်ဝင်ရောက်နိုင်ခဲ့သည်။ စူလတန် ဆိုင်ဖူး ရိုင်ဂျယ် နှင့် ပန်ဒူကာ ဆယ်ရီ ဘဂါဝမ် ဆူလတန် အဘဒူ ကာဟာတို့သည် မီရာဂန်း မှတဆင့် ဂျေရူဒေါင်း အထိ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ဂျေရူဒေါင်းတွင် သူတို့သည် အနိုင်ရသော စစ်တပ်အား ဘရူနိုင်းမှ ပြန်လည်တိုက်ထုတ်ရန် စီစဉ်ခဲ့ကြသည်။ ကာလဝမ်းရောဂါနှင့် သွေးဝမ်းရောဂါ ပြန့်ပွားမှုကြောင့် သေကြေပျက်စီးမှုများပြား၍[၂၉][၃၀] စပိန်တို့သည် ၇၂ ရက်အကြာ ၁၅၇၈ ဇွန်လ ၂၆ ရက်တွင် ဘရူနိုင်းကို စွန့်ခွာပြီး မနီလာသို့ ပြန်ရန် ၁၅၇၈ ခုနှစ် ဇွန်လ ၂၆ ရက်တွင် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့ ပြန်လည် မဆုတ်ခွာမီတွင် အထပ်ငါးဆင့်ရှိသော ဗလီ အား မီးရှို့ဖျက်ဆီးပစ်ခဲ့ကြသည်။[၃၁]


ပန်ဂီရန် ဆယ်ရီ လီလာသည် ၁၅၇၈ ခုနှစ် ဩဂုတ် သို့မဟုတ် စက်တင်ဘာလတွင် သေဆုံးခဲ့ပြီး သူ၏ စပိန်မဟာမိတ်များတွင် ဖြစ်ပွားခဲ့သော ရောဂါကြောင့် ဖြစ်နိုင်သည်။ တရားဝင် စူလတန်ဖြစ်သော သူ့အား ယခင်စူလတန်မှ အဆိပ်ခတ်ခြင်းလည်း ဖြစ်နိုင်ကြောင်း သံသယ ရှိကြသည်။ ဆယ်ရီ လီလာ၏ သမီးဖြစ်သော ဘရူနိုင်း မင်းသမီး ပူထရီသည် စပိန်တို့နှင့် အတူ လိုက်ပါသွားခဲ့ပြီး သူမသည် ထီးနန်းမွေကို စွန့်လွှတ်ခဲ့သည့် အပြင် ကိုရ်အမ်ကျမ်း အရ မွတ်စလင် မဟုတ်သူနှင့် လက်ထပ်သည့် အမျိုးသမီးအား ကျောက်ခဲနှင့် ထုသတ်ရမည် ဆိုသည့် အပြစ်ပေးခြင်းကို မထေမဲ့မြင် ပြုကာ ဖိလစ်ပိုင် တာဂါးလော့ လူမျိုး ခရစ်ယာန် ဘာသာဝင် အဂူစတင် ဒီ လီဂက်ဇ်ပီ ဒီ တွန်ဒို နှင့် လက်ထပ်ခဲ့သည်။[၃၂]

ဒေသခံ ဘရူနိုင်းတို့ မှတ်တမ်းတင်ထားသော ကက်စတီလန် စစ်ပွဲ အဖြစ်အပျက်မှာ အမျာစုလက်ခံကြသော အဖြစ်မှ ကွဲပြားနေသည်။ ဘရူနိုင်းတို့ဘက်တွင် ကက်စတီလန် စစ်ပွဲမှာ သူရဲကောင်းပုံပြင် ဖြစ်ပြီး စပိန်တို့အား အုပ်ချုပ်သူ စူလတန်နှင့် ညီအစ်ကို တော်စပ်သူ ဘန်ဒါဟာရာ ဆာကန် မှ ထောင်ဂဏန်းမျှသော ဒေသခံ စစ်သူရဲများနှင့် အတူ စပိန်တို့အား တိုက်ထုတ်ခဲ့သည်ဟု ဖော်ပြထားသည်။ သမိုင်းပညာရှင် အများစုမှ ထိုဇာတ်လမ်းအား ရိုးရာသူရဲကောင်းပုံပြင် အဖြစ်သာ ရှုမြင်ကြပြီး ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်ကြာမှသာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။[၃၃]

ဘရူနိုင်းနိုင်ငံသည် နောက်ဆုံးတွင် မင်းမဲ့တိုင်းပြည် အဖြစ်သို့ ရောက်ရှိခဲ့သည်။ ဘရူနိုင်းသည် ၁၆၆၀ မှ ၁၆၇၃ အထိ ပြည်တွင်းစစ်ဒဏ်ကို ခံခဲ့ရသည်။

ဗြိတိသျှတို့ ဝင်ရောက်စွက်ဖက်ခြင်း[ပြင်ဆင်ရန်]

ဗြိတိသျှ စွန့်စားရှာဖွေသူ ဂျိမ်းစ် ဘရွတ်ခ် သည် ဘရူနိုင်စူလတန် နှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ရလာဒ်မှာ ၁၈၄၆ ခုနှစ် လာဘွမ်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဗြိတိသျှတို့သည် ဘရူနိုင်းနိုင်ငံ၏ ပြည်တွင်းရေးကို အကြိမ်ကြိမ် ဝင်ရောက်စွက်ဖက်ခဲ့ကြသည်။ ၁၈၄၆ ဇူလိုင်လတွင် ဘရူနိုင်းပြည်အတွင်း မည်သူက စူလတန်ဖြစ်သင့်သည်ကို အငြင်းပွားရာတွင် ဗြိတိသျှတို့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။[၃၄]

၁၈၈၀ ခုနှစ်များတွင် ဘရူနိုင်းအင်ပိုင်ယာသည် ပိုမို ယုတ်လျော့လာခဲ့သည်။ စူလတန်မှ ယခု ဆာရာဝပ်ဖြစ်လာမည့် နေရာအား ဂျိမ်းစ် ဘရွတ်ခ်သို့ ပေးအပ်ခဲ့ပြီး ဂျိမ်းစ်ဘရွတ်ခ်မှ စူလတန်အားကူညီ၍ သူပုန်များကို နှိမ်နင်းပေးခဲ့ကာ စူလတန်မှ ဆာရာဝပ်ပြည်ကို ထူထောင်ခွင့် ပေးခဲ့သည်။ အချိန်ကြာလာသည်နှင့် အမျှ ဘရွတ်ခ် နှင့် ၎င်းကို ဆက်ခံသော သူ၏ တူတော်မောင်တို့သည် မြေများကို ထပ်မံ ငှားရမ်း၍ ၎င်းတို့နိုင်ငံအတွင်း ထပ်ပေါင်းထည့်ခဲ့သည်။ ဘရူနိုင်းတို့သည် အဖြူရောင်ရာဂျာများ ဟု ခေါ်ဆိုကြသော ဘရွတ်ခ်၏ မိသားစုသို့ နယ်မြေ အမြောက်အများ လက်လွတ်ဆုံးရှုံးခဲ့ရသည်။

စူလတန် ဟာရှင် ဂျလီလူး အလမ် အက်ကွာမက်ဒင်မှ ဗြိတိသျှတို့အား ဘရွတ်ခ်၏ နယ်မြေထပ်မံချဲ့ထွင်မှုကို ရပ်တန့်ရန် မေတ္တာရပ်ခံခဲ့သည်။[၃၅] အကာအကွယ်ပေးရေး စာချုပ် ကို ဆာ ဟျုလိုးမှ ညှိနှိုင်းပေးခဲ့ပြီး ၁၈၈၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ စာချုပ်တွင် ဘရူနိုင်းစူလတန် အနေနှင့် ဗြိတိသျှတို့၏ ခွင့်ပြုချက်မရပဲ သူပိုင်ဆိုင်သော မည်သည့်နယ်မြေကိုမှ နိုင်ငံခြား အင်အားကြီးတိုင်းပြည်များသို့ ပေးအပ်ခွင့် သို့မဟုတ် ငှားရမ်းခွင့် မရှိကြောင်း ပါဝင်သည်။ ထို့အတွက်ကြောင့် ဗြိတိသျှတို့ အနေနှင့် ဘရူနိုင်းနိုင်ငံ၏ ပြင်ပနိုင်ငံများနှင့် ဆက်စပ်သော ကိစ္စရပ်များကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး ဗြိတိသျှတို့၏ အစောင့်အရှောက်ခံနိုင်ငံ အဖြစ် တည်ရှိစေခဲ့သည်မှာ ၁၉၈၄ ခုနှစ် အထိပင် ဖြစ်သည်။ ၁၈၉၀တွင် ဆာရာဝပ်ပြည်မှ ဘရူနိုင်း၏ ပန်ဒါရွမ် ပြည်နယ်ကို ၎င်းတို့ နယ်နိမိတ်အတွင်း ထည့်သွင်းရာတွင် ဗြိတိသျှတို့က မည်သို့မျှ အရေးမယူခဲ့ပေ။ သူတို့က စာချုပ်အရ ဘရူနိုင်း နှင့် ဆာရာဝပ်ပြည်ကို နိုင်ငံခြား တိုင်းပြည်ဟု အသိအမှတ် မပြုခဲ့ပေ။ နောက်ဆုံးတွင် ဆာရာဝပ်အား ဘရူနိုင်းနယ်နိမိတ်မှ ခွဲထုတ်လိုက်ခြင်းကြောင့် ဘရူနိုင်းအနေနှင့် အခုတည်ရှိသော ကုန်းမြေအသေးလေးသာ ကျန်ရှိခဲ့ပြီး နှစ်ခြမ်းကွဲသွားခဲ့သည်။[၃၆]

ဗြိတိသျှ အမြဲတမ်းနေထိုင်သူ စနစ်အား ၁၉၀၆ တွင် အစောင့်အရှောက်ခံ နိုင်ငံ​စာချုပ်၏ နောက်ဆက်တွဲ အနေဖြင့် စတင် ကျင့်သုံးခဲ့သည်။[၃၇] ထိုသူများသည် စူလတန်အား အုပ်ချုပ်ရေး ကိစ္စအဝဝကို အကြံပေးကြသည်။ အချိန်ကြာလာသည်နှင့် အမျှ ဗြိတိသျှ နေထိုင်သူများသည် စူလတန်ထက်ပို၍ အုပ်ချုပ်ရေး အာဏာ ပိုယူလာခဲ့သည်။ အမြဲတမ်းနေထိုင်သူ စနစ်အား ၁၉၅၉ ခုနှစ်တွင် ရပ်တန့်ခဲ့သည်။[၃၈]

ရေနံတွေ့ရှိခြင်း[ပြင်ဆင်ရန်]

အရာမထင်သော ကြိုးစားမှု အချို့ ပြီးနောက် ၁၉၂၉ ခုနှစ်တွင် ရေနံအား ရှာဖွေ တွေ့ရှိခဲ့သည်။[၃၉] အက်ဖ် အက်ဖ် မာရီးယော့ နှင့် တီ ဂျီ ကော့ကရိန်းတို့နှစ်ဦးသည် ၁၉၂၆ ခုနှစ် နှောင်းပိုင်းတွင် ဆီရီယာမြစ်အနီးတွင် ရေနံ၏ သဲလွန်စကို ရှာဖွေတွေရှိခဲ့သည်။ [၄၀] သူတို့နှစ်ဦးမှ ဘူမိရူပဗေဒပညာရှင်များအား အကြောင်းကြားခဲ့ပြီး ပညာရှင်များမှ ကွင်းဆင်းလေ့လာမှုများ ပြုခဲ့သည်။ ၁၉၂၇တွင် ထိုဒေသအတွင်း သဘာဝဓာတ်ငွေ့ စိမ့်ထွက်နေကြောင်း သတင်းရခဲ့သည်။ ဆီရီယာတွင်းအမှတ်(၁) (အက်စ်-၁) ကို ၁၉၂၈ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် စတင် တူးဖော်ခဲ့သည်။ ရေနံကို ၂၉၇ မီတာ (၉၇၄ ပေ) တွင် ၁၉၂၉ ဧပြီလ ၅ ရက်၌ စတင် တွေ့ရှိခဲ့သည်။ ၁၉၂၉ ဩဂုတ် ၁၉ ရက်တွင် ဆီရီယာ တွင်း ၂ ကို တူးဖော်ခဲ့ပြီး ၂၀၀၉ ခုနှစ်အထိ ရေနံထွက်ရှိဆဲ ဖြစ်သည်။ [၄၁] ၁၉၃၀ ခုနှစ်များတွင် ရေနံတွင်းများ ထပ်မံတူးဖော်၍ ရေနံထုတ်လုပ်မှု သိသာစွာ မြင့်တက်လာခဲ့သည်။​ ၁၉၄၀ ခုနှစ်တွင် ရေနံစည် ၆ သန်း အထိ ထုတ်လုပ်နိုင်ခဲ့သည်။[၄၁] ဗြိတိသျှ မလာယန် ရေနံကုမ္ပဏီ (ယခု ဘရူနိုင်း ရှဲလ် ရေနံကုမ္ပဏီ) အား ၁၉၂၂ ခုနှစ် ဇူလိုင် ၂၂ တွင် တည်ထောင်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ပထမဆုံး ကမ်းလွန် ရေနံတွင်းကို စတင် တူးဖော်ခဲ့သည်။[၄၂] ရေနံနှင့် သဘာဝ ဓာတ်ငွေ့တို့သည် ၂၀ ရာစုနှောင်းပိုင်းတွင် ဘရူနိုင်းနိုင်ငံ ဖွံဖြိုးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုတို့အတွက် အခြေခံ ဖြစ်ခဲ့သည်။

ဂျပန်တို့ သိမ်းပိုက်ခြင်း[ပြင်ဆင်ရန်]

ဂျပန်တို့ ဘရူနိုင်းနိုင်ငံသို့ ကျူးကျော်ဝင်ရောက်ခြင်း မပြုမီ ၈ လခန့်အလို ၁၉၄၁ ခုနှစ် ဧပြီလတွင် ဘရူနိုင်းနိုင်ငံ၏ ၂၇ ယောက်မြောက် စူလတန်ဘုရင် အာမက် တာဂျတ်ဒင်း အား တွေ့ရပုံ

ဂျပန်တို့သည် ပုလဲဆိပ်ကမ်းအား ဗုံးကြဲပြီး၍ အမေရိကန် ရေတပ်အား တိုက်ခိုက်အပြီး ရှစ်ရက်အကြာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဘရူနိုင်းနိုင်ငံသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။ ဗီယက်နမ်နိုင်ငံ ကမ်းရန်ပင်လယ်အော်ရှိ ကာဝါဂူချီ၏ တပ်မဟာ မှ တပ်သား ၁၀,၀၀၀ သည် ဘရူနိုင်းနိုင်ငံ ကွာလာဘီလိတ် သို့ ကမ်းတက်ခဲ့ကြခြင်းဖြစ်သည်။​၆ ရက် အကြာတိုက်ခိုက်ပြီးနောက် တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့သည်။ ထိုဒေသရှိ တစ်ခုတည်းသော မဟာမိတ်တပ်မှာ ဆာရာဝပ်ပြည်နယ်၊​ကူချင်းတွင် အခြေစိုက်သော ပန်ဂျပ်ရယ်ဂျီမင့် တပ်မ ၁၅ ၏ တပ်ရင်း အမှတ် ၂ သာ ဖြစ်သည်။ [၄၃]

ဂျပန်တို့သည် ဘရူနိုင်းကို သိမ်းပိုက်ပြီးနောက် ဘရူနိုင်း စူလတန်ဘုရင် အာမက် တာဂျတ်ဒင်း နှင့် နိုင်ငံကို အုပ်ချုပ်ရန် သဘောတူညီချက် ရယူခဲ့သည်။ အင့်ချ်အီဘရာဟင် (နောက်တွင် ပီဟင် ဒါတု ပါဒါနာ မန်တာရီ ဒါတို လိုင်လာ အူတားမား အာဝမ် ဟာဂျီ အီဘရာဟင် ဟု ခေါ်ကြသည်)သည် ဗြိတိသျှ အုပ်ချုပ်ရေးအရာရှိဖြစ်သော အားနပ်စ် အက်ဂါ ပန်ဂေးလီ ၏ အတွင်းရေးမှူး ဖြစ်ခဲ့ပြီး ဂျပန်ဘုရင်ခံချုပ်က အုပ်ချုပ်ရေးအရာရှိချုပ် အဖြစ် ခန့်အပ်ခဲ့သည်။ ဂျပန်တို့သည် ပန်ဂေးလီ အား ၎င်းတို့၏ အုပ်ချုပ်ရေးတွင် ရာထူးကို ဆက်လက် ရယူရန် ကမ်းလှမ်းသော်လည်း သူက ငြင်းဆိုခဲ့သည်။​ သူနှင့် အခြားသော ဗြိတိသျှနိုင်ငံသားတို့က ဂျပန်တို့က ဆာရာဝပ်ရှိ ဘာတူး လင်တန် အကျဉ်းစခန်းတွင် ချုပ်နှောင် ထားခဲ့သည်။​ ဗြိတိသျှ အရာရှိတို့အား ဂျပန်တို့၏ စောင့်ကြပ်ကြည့်ရှုခြင်း ခံနေရသော်လည်း အီဘရာဟင်မှ တစ်ဦးချင်းကို လက်ဆွဲနှုတ်ဆက်၍ သာစေမာစေကြောင်း ဆုတောင်းခဲ့သည်။[၄၄]

စူလတန်မှ ဂျပန်တို့လက်အောက်တွင် ထီးနန်းကို ဆက်လက် ဆက်ခံနေခဲ့ပြီး ဂျပန်တို့က ပင်စင်လစာပေး၍ လေးစားသမှု ပြခဲ့သည်။ ဂျပန်တို့ အုပ်ချုပ်ရေး နှောင်းပိုင်းတွင် သူသည် လင်ဘန်းရှိ တန်တူယာတွင် နေထိုင်ခဲ့ပြီး ဂျပန်တို့နှင့် အနည်းငယ်သာ အဆက်အဆံ ရှိခဲ့သည်။​မလေး အစိုးရ အရာရှိ အများစုအား ဂျပန်တို့က ဖမ်းဆီးခဲ့သည်။ ဘရူနိုင်း၏ အုပ်ချုပ်ရေးအား ဗြိတိသျှ ဘော်နီယို အပါအဝင် ဒေသ ၅ ခု အဖြစ် ပြန်လည်ဖွဲ့စည်းခဲသည်။ ထိုဒေသ ၅ ခုတွင် ဘာရမ်၊​လာဘွမ်၊​လာဝပ်စ် နှင့် လင်ဘန်းတို့ ပါဝင်သည်။ ဂျပန်တို့ သိမ်းပိုက်စဉ်ကာလ အတွင် အီဘရာဟင်သည် အရေးကြီးသော အစိုး စာရွက်စာတမ်းအမျိုးမျိုးကို ဖွက်ထားခဲ့သည်။ ပန်ဂီယမ် ယူစွတ် (နောက်တွင် ဝိုင်အေအမ် ဆယ်တီယာ နီဂါရာ ပန်ဂီယမ်) အား အခြားသော ဘရူနိုင်း လူမျိုးတို့နှင့် အတူ ဂျပန်သို့ သင်တန်းတက်ရန် စေလွှတ်ခဲ့သည်။ ဟီရိုရှီးမား ဗုံးကြဲခံရစဉ် အချိန်က ယူစွပ်သည် ထိုဒေသတွင် ရှိခဲ့သော်လည်း အသက်မသေဘဲ​ရှင်ကျန်ရစ်သည်။

ဒုတိယကမ္ဘာစစ်ပြီး ကာလ[ပြင်ဆင်ရန်]

အခြေခံဥပဒေ ရေးဆွဲခြင်း[ပြင်ဆင်ရန်]

နိုင်ငံတော် ဖွံဖြိုးရေး အစီအစဉ်များ[ပြင်ဆင်ရန်]

လွတ်လပ်ရေး ရခြင်း[ပြင်ဆင်ရန်]

၂၁ရာစုနှစ်[ပြင်ဆင်ရန်]

ပထဝီဝင်[ပြင်ဆင်ရန်]

ဘရူနိုင်းသည် ဘော်နီယိုကျွန်း အရှေ့မြောက်ကမ်းခြေတွင် တောင်တရုတ် ပင်လယ်ကို မျက်နှာမူလျက် တည်ရှိသည်။ နိုင်ငံသည် တစ်ပြေးတစ်ဆက်တည်းမရှိ။ ကျဉ်းမြောင်း ရှည်လျားသည့်နယ်မြေနှစ်ခု ကွဲနေ၍ ၎င်းတို့ကြားတွင် မလေးရှားနိုင်ငံ၏ ဆရာဝက်ပြည်နယ်က ခြားထားသည်။ မြောက်လတ္တီတွဒ် ၄ ဒီဂရီနှင့် ၅ ဒီဂရီကြားတွင် ရှိ၍အီကွေတာရာသီဥတုရရှိသည်။ ဆောင်းဥတုဟူ၍မရှိ၊ တစ်နှစ်ပတ်လုံးပူနွေး စိုစွတ်သည်။ နိုင်ငံအတွင်းပိုင်းများသည် တောင်ထူထပ်သည်။ အထူးသဖြင့် အရှေ့ဘက်ပိုင်းတွင် အမြဲစိမ်း မိုးသစ်တောများ ပေါက်ရောက်သည်။ ကမ်းရိုးတန်း တစ်လျှောက် အချို့နေရာများနှင့် မြစ်ချောင်းများတစ်လျှောက်တွင် ဒီရောက်တောများ ပေါက်ရောက်သည်။ လူဦးရေနည်းသော နိုင်ငံဖြစ်၍ သဘာဝသစ်တောများစွာ ကျန်သေးသည်။ နိုင်ငံဧရိယာ၏ ၇၈ ရာခိုင်နှုန်းကို သစ်တောများ ဖုံးအုပ်ထားဆဲဟုခန့်မှန်းကြသည်။ တိုင်းပြည်၏ဧရိယာမှာ စတုရန်းမိုင်ပေါင်း ၂၂၂၆(၅၇၆၅စတုရန်းကီလိုမီတာ) ကျယ်ဝန်းသည်။ အနောက်ပိုင်းနယ်မှာ ပိုကျယ်ဝန်၍ ပိုဖွံ့ဖြိုးသည်။

ရာသီဥတု[ပြင်ဆင်ရန်]

နိုင်ငံရေးနှင့် အစိုးရ[ပြင်ဆင်ရန်]

နိုင်ငံရေးအနေဖြင့် ဘုရင်ဦးဆောင်သော အစ္စလာမ်ဘာသာရေးအခြေခံ အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ အစိုးရအနေဖြင့်လည်း ဘုရင့်မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်းများမှ အာဏာကိုအဓိကချုပ်ကိုင်ထားသည်။ ဗြိတိသျှ ဥပေဒများရှိသောလည်း အစ္စလာမ်ဘာသာရေး ဥပဒေကပိုမို လွှမ်းမိုးသည်။ လွှတ်တော် ရှိသော်လည်း ရွေးကောက်ပွဲ ကျင်းပခြင်း မရှိပေ။ ဘရူနိုင်းနိုင်ငံ၏ နောက်ဆုံး ရွေးကောက်ပွဲကို ၁၉၆၂ ခုနှစ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

၁၉၅၉ ခုနှစ် ဘရူနိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒအရ ဘုရင်မှာ နိုင်ငံခါင်းဆောင်ဖြစ်ပြီး အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားရှိသည်။ ဘုရင်သည် နိုင်ငံတော် ဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး နှင့် ကာကွယ်ရေးဝန်ကြီး နေရများကိုပါ ရယူထားရှိသည်။

နိုင်ငံခြားဆက်ဆံရေး[ပြင်ဆင်ရန်]

၁၉၇၉ ခုနှစ် မတိုင်ခင်အချိန်အထိ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးကို ယူနိုက်တက်ကင်းဒန်း အစိုးရက စီမံခန့်ခွဲသည်။ ၁၉၇၉ ခုနှစ်မှသာ ဘရူနိုင်း သံတမန်ဆက်ဆံရေး ဌာနက စီမံခန့်ခွဲခြင်း ဖြစ်သည်။ ၁၉၈၄ ခုနှစ်တွင် ဌာန မှ ဝန်ကြီးဌာန အဖြစ် ပြောင်းလဲခဲ့ပြီး ယခုအခါ ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အဖြစ် လူသိများသည်။

ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒမှာ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏ၊ သမာဓိ နှင့် လွတ်လပ်ရေး တို့ကို အပြန်အလည်လေးစားမှု ရှိသည်။ နိုင်ငံများအကြား ရင်းနှီးချစ်ကြည်မှုကို ထိန်သိမ်းသွားမည်။ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွတ်ဖက်ခြင်း မပြု။ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် တည်ငြိမ်ရေး တို့ကို ထိန်းသိမ်းသွားမည်။

ဘရူနိုင်းနိုင်ငံသည် ၁၉၈၄ ခုနှစ် ၁၉၈၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း သို့ ဝင်ရောက်ခဲ့သည်။ ထို့ပြင် ၁၉၈၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ နှင့် လွတ်လပ်ရေးတို့ကို အသိအမှတ်ပိုပြုစေရန်အတွက် ကမ္ဘာ့ကုလသမ္မဂအဖွဲ့ကြီး သို့ ဝင်ရောက်ခဲ့သည်။

အစ္စလာမ်ဘာသာကို ကိုးကွယ်သောနိုင်ငံဖြစ်သဖြင့် ဘရူနိုင်းနိုင်ငံသည် အစ္စလာမ်မစ် အဖွဲ့အစည်း၏ တင်းပြည့်အဖွဲ့ဝင် အဖြစ် ၁၉၈၄ ခုနှစ် ဇန်နဝါရီလတွင် ဖြစ်လာခဲ့သည်။ ၂၀၀၀ ခုနှစ် နိုဝင်ဘာလတွင် အာရှ ပစိဖိတ်ဒေသ စီးပွားရေး ကော်ပိုရေးရှင် ဖိုရမ် ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အာဆီယံဒေသတွင်း ဖိုရမ် ကို ၂၀၀၂ ခုနှစ် ဇူလိုင်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။ ဘရူနိုင်းသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် စင်ကာပူနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့် ဆက်ဆံရေးပိုမိုမြှင့်တင်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီလတွင် ဘရူနိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား စိုက်ပျိုးရေးကဏ္ဍ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ရင်းနှီးမြုပ်နှံရေး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

ဘရူနိုင်းနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး အာဆီယံထိပ်သီးအစည်းအဝေးပွဲများကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။

စစ်ရေး[ပြင်ဆင်ရန်]

ပြည်နယ်များ[ပြင်ဆင်ရန်]

ဥပဒေစနစ်[ပြင်ဆင်ရန်]

အမျိုးသမီးနှင့် ကလေးသူငယ်များ[ပြင်ဆင်ရန်]

လိင်တူချစ်သူ အခွင့်အရေး[ပြင်ဆင်ရန်]

ဘာသာရေးဆိုင်ရာ အခွင့်အရေး[ပြင်ဆင်ရန်]

တိရစ္ဆာန် အခွင့်အရေး[ပြင်ဆင်ရန်]

စီးပွားရေး[ပြင်ဆင်ရန်]

ရေနံကို ၁၉၂၉ ခုနှစ်တွင် စတင်တွေ့ရှိ၍ ထုတ်လုပ်ခဲ့သည်။ ၁၉၆၀ ပြည့်လွန် နှစ်များတွင် ကမ်းလွန်ပင်လယ်ပြင်မှလည်းရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ တွေ့ရှိ၍ ထုတ်လုပ်လာသည်။ နိုင်ငံ၏ ဝင်ငွေကိုရေနံမှပင်ရရှိသည်။ အခြားစီးပွားရေးလုပ်ငန်းဟူ၍ ပြောပလောက်အောင် မရှိ။ ကြွယ်ဝပြီးလူဦးရေးနည်းသော နိုင်ငံဖြစ်၍ လူနေမှု အဆင့်အတန်းမြင့်မားသည်။ တိုင်းသူပြည်သားမျာသည် ဝင်ငွေခွန် ဆောင်စရာမလို။ အခမဲ့ ပညာသင်ကြားရေးနှင့် အခမဲ့ ဆေးကုသခွင့်လည်းရရှိသည်။ ဘရူနိုင်ငံဘုရင်သည်လည်း ကမ္ဘာ့အကြွယ်ဝဆုံးသူများတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်းဘရူနိုင်း၏ စီးပွားရေးသည် ရေနံတစ်ခုတည်း အပေါ်တွင်သာမှီခိုအားထားလျက်ရှိသည်။ ရေနံသည် ကုန်ခန်းတတ်သောပစ္စည်းဖြစ်သည်။ ယခုလက်ရှိရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များသည် လာမည့်နှစ်ပေါင်း ၃၀ - ၄၀ ခန့်တွင် ကုန်ခန်းသွားဖွယ်ရာရှိသည်ဟုခန့်မှန်းကြသည်။ လာမည့် မျိုးဆက်သစ်များအတွက် ကြိုတင် ပြင်ဆင်ရန်လိုအပ်လာသည်။ ယခု လောလောဆယ်တွင်မူခရီးသွားလုပ်ငန်းနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းကိုတိုးချဲ့ ရန်စီစဉ်လျက် ရှိသည်ဟုသိရသည်။ အရှေ့တီမောနိုင်ငံ၏ ရေနံရှာဖွေရေးလုပ်ငန်းတွင်လည်းရင်းနှီးမြှပ်နှံရန် စီစဉ်လျက်ရှိသည်။ နိုင်ငံမှ ထွက်ရှိသောရေနံကို ပြည်တွင်းသုံးရန်အတွက် အနည်းငယ် ချက်လုပ်ပြီး ပြည်ပသို့ ရေနံစိမ်းတင်ပို့သည်။ သဘာဝဓာတ်ငွေ့လည်းထွက်ရှိရာသဘာဝဓာတ်ငွေ့ရည် စက်ရုံတည်ထောင်ထား၍ ထွက်ရှိလာသောသဘာဝဓာတ်ငွေ့ရည်ကိုဂျပန်နိုင်ငံသို့ တင်ပို့သည်။

အခြေခံအဆောက်အအုံ[ပြင်ဆင်ရန်]

နိုင်ငံအတွင်း ကီလိုမီတာ ၂၈၀၀ (မိုင် ၁ ၇၀၀) ရှည်လျားသော လမ်းမကြီးများဖြင့် ချိတ်ဆက်ထားရှိသည်။ ကီလိုမီတာ ၁၃၅ (၈၄ မိုင်) ရှိသော မူအာရာမြို့မှ ခူအာလာ ဘယ်အစ်မြို့အထိ ဆက်သွယ်ထားသော အဝေးပြေးလမ်းမကို အသွားအပြန် နှစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခဲ့သည်။

ဘရူနိုင်းနိုင်ငံသို့ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်းများဖြင့် ရောက်ရှိနိုင်သည်။ ဘရူနိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် နိုင်ငံသို့ ဝင်ထွက်ရာအဓိက အပေါက်ဖြစ်သည်။ ဘရူနိုင်းတော်ဝင် လေကြောင်းလိုင်း သည် နိုင်ငံတော် အလံတင် လေကြောင်းလိုင်း ဖြစ်သည်။ ရေကြောင်းမှ ဆိုလျှင်လည်း မလေရှား လဘူအန် မှ လာရောက်နိုင်သည်။ မူအာရာဒေသတွင် ဘရူနိုင်းနိုင်ငံ၏ အဓိက ဆိပ်ကမ်း တည်ရှိသည်။

ဘရူနိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယခုအခါ အဆင့်မြှင့်တင်လျက်ရှိသည်။ ချန်ဂီလေဆိပ် အပြည်ပြည်ဆိုင်ရာ သည် အဆိုပါ အဆင့်မြှင့်တင်မှု စီမံကိန်းအတွက် အကြံပေးအဖြစ် လုပ်ကိုင်နေသည်။ အဆင့်မြှင့်တင်မှု စီမံကိန်းသည် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ အဆိုပါ စီမံကိန်းသည် လေဆိပ် အဆောက်အဦး အသစ် တည်ဆောက်ခြင်း၊ လေဆိပ် ရပ်နားရန် နေရာ တိုးချဲ့ခြင်း နှင့် ဆိုက်ရောက်ခန်းမ အသစ် တည်ဆောက်ခြင်း တို့ပါတင်သည်။ စီမံကိန်း ပြီးဆုံးပါက တစ်နှစ်လျှင် ခရီးသည် ၁.၅ သန်း ဝန်ဆောင်မှု ပေးနေရာမှ ၃ သန်း အထိ ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်သည်။

လူဦးရေ ၂.၀၉ ယောက်တွင် ကိုယ်ပိုင်ကား ၁ စီး ပိုင်ဆိုင်ကြသည်။ ဘရူနိုင်းနိုင်ငံသည် အခြားသယ်ယူပို့ဆောင်ရေး စနစ် မရှိခြင်း၊ ဝင်ငွေခွန်ဆောင်ရမှု နည်းပါးခြင်းနှင့် ဆီဈေး နည်းခြင်းတို့ကြောင့် ကမ္ဘာတွင် ကားပိုင်ဆိုင်မှု ရာခိုင်နှုန်း အများဆုံးနိုင်ငံ ဖြစ်သည်။

ဘဏ်လုပ်ငန်း[ပြင်ဆင်ရန်]

လူဦးရေပျံနှံ့ နေထိုင်မှု[ပြင်ဆင်ရန်]

မလေး (၆၆.၃%)၊ တရုတ် (၁၁.၂%), တိုင်းရင်းသား (၃.၄%), အခြားလူမျိုးများ (၁၉.၁%)၊ လူဦးရေ စုစုပေါင်း ၃၈၁,၃၇၁ ရှိသည်။

ကိုးကွယ်ရာ ဘာသာများ[ပြင်ဆင်ရန်]

အစ္စလာမ် ၆၇ ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာ ၁၃%၊ ခရစ်ယာန် ၁၀ ရာခိုင်နှုန်းနှင့်အခြားဘာသာ ၁၀ ရာခိုင်နှုန်းရှိသည်။

ဘာသာစကားများ[ပြင်ဆင်ရန်]

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

မီဒီယာ[ပြင်ဆင်ရန်]

အားကစား[ပြင်ဆင်ရန်]

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ရည်ညှန်းချက်များ[ပြင်ဆင်ရန်]

  1. Peter Haggett (ed). Encyclopedia of World Geography, Volume 1, Marshall Cavendish, 2001, p. 2913.
  2. World Population Prospects: The 2017 Revision။ United Nations Department of Economic and Social Affairs, Population Division။
  3. Pocock, Tom (1973). Fighting General – The Public &Private Campaigns of General Sir Walter Walker, First, London: Collins. ISBN 0-00-211295-7 
  4. Human Development Reports။ United Nations။ 5 October 2009 တွင် ပြန်စစ်ပြီး။
  5. Forbes ranks Brunei fifth richest nation (25 February 2012)။ 26 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  6. History for Brunei Darussalam 2009, p. 26.
  7. Marie-Sybille de Vienne (2015). Brunei: From the Age of Commerce to the 21st Century. NUS Press, 27–. ISBN 978-9971-69-818-8 
  8. Treasuring Brunei's past။ Southeast Asian Archaeology (8 March 2007)။ 19 September 2011 တွင် ပြန်စစ်ပြီး။
  9. Robert Nicholl (1980). Notes on Some Controversial Issues in Brunei History, 32–37။ 
  10. James B. Minahan (2012). Ethnic Groups of South Asia and the Pacific: An Encyclopedia: An Encyclopedia. ABC-CLIO, 75. ISBN 978-1-59884-660-7 
  11. Bilcher Bala (2005). Thalassocracy: a history of the medieval Sultanate of Brunei Darussalam. School of Social Sciences, Universiti Malaysia Sabah. ISBN 978-983-2643-74-6 
  12. Wendy Hutton (2000). Adventure Guides: East Malaysia. Tuttle Publishing, 31–57. ISBN 978-962-593-180-7။ 26 May 2013 တွင် ပြန်စစ်ပြီး 
  13. Wendy Hutton (2000). Adventure Guides: East Malaysia. Tuttle Publishing, 30. ISBN 978-962-593-180-7 
  14. History for Brunei Darussalam 2009, p. 43.
  15. Naskah Nagarakretagama (in Indonesian)။ Perpustakaan Nasional Republik Indonesia။ 13 October 2014 တွင် ပြန်စစ်ပြီး။
  16. History for Brunei Darussalam 2009, p. 44.
  17. History for Brunei Darussalam 2009, p. 45.
  18. "Brunei" (2011). CIA World Factbook. Retrieved on 13 January 2011. 
  19. Cf. William Henry Scott (1903). "Barangay: Sixteenth Century Philippine Culture and Society". (1 January 1994) pp. 109-110.
  20. Nicholl 2002, pp. 47–51
  21. Kayadibi, Saim. “Ottoman Connections to the Malay World: Islam, Law and Society,” (Kuala Lumpur: The Other Press, 2011)
  22. Melo Alip 1964, pp. 201, 317
  23. United States War Dept 1903, p. 379
  24. McAmis 2002, p. 33
  25. Letter from Francisco de Sande to Felipe II, 1578filipiniana.net။ 27 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 October 2009 တွင် ပြန်စစ်ပြီး။
  26. Letter from Fajardo to Felipe III From Manila, August 15 1620. (From the Spanish Archives of the Indies)("The infantry does not amount to two hundred men, in three companies. If these men were that number, and Spaniards, it would not be so bad; but, although I have not seen them, because they have not yet arrived here, I am told that they are, as at other times, for the most part boys, mestizos, and mulattoes, with some Indians (Native Americans). There is no little cause for regret in the great sums that reënforcements of such men waste for, and cost, your Majesty. I cannot see what betterment there will be until your Majesty shall provide it, since I do not think, that more can be done in Nueva Spaña, although the viceroy must be endeavoring to do so, as he is ordered.")
  27. The Cambridge History of Southeast Asia by Nicholas Tarling p. 39
  28. Cambridge illustrated atlas, warfare: Renaissance to revolution, 1492–1792 by Jeremy Black p. 16 [၁]
  29. Frankham 2008, p. 278
  30. Atiyah 2002, p. 71
  31. Saunders 2002, pp. 54–60
  32. Saunders 2002, p. 57
  33. Saunders 2002, pp. 57–58
  34. History for Brunei Darussalam 2009, p. 52.
  35. History for Brunei Darussalam 2009, p. 3.
  36. History for Brunei Darussalam 2009, p. 58.
  37. History for Brunei Darussalam 2009, p. 59.
  38. History for Brunei Darussalam 2009, p. 67.
  39. History for Brunei Darussalam 2009, p. 12.
  40. History for Brunei Darussalam 2009, p. 13.
  41. ၄၁.၀ ၄၁.၁ History for Brunei Darussalam 2009, p. 14.
  42. (2008) Macmillan Atlas, 15. ISBN 978-1-4202-0995-2 
  43. "Brunei under the Japanese occupation", Rozan Yunos, Brunei Times, Bandar Seri Begawan, 29 June 2008
  44. "The Japanese Interregnum...," Graham Saunders, A history of Brunei, Edition 2, illustrated, reprint, Routledge, 2002, p. 129, ISBN 070071698X

ပြင်ပ လင့်ခ်များ[ပြင်ဆင်ရန်]