အယ်လ်ဘေးနီးယားနိုင်ငံ

ဝီကီပီးဒီးယား မှ
အယ်လ်ဘေးနီးယား သမ္မတနိုင်ငံ
Republika e Shqipërisë  (အယ်လ်ဘေးနီးယား)
Red flag with a black double-headed eagle in the center.
အလံတော်
အမှတ်တံဆိပ်
ဆောင်ပုဒ်: Ti Shqipëri, më jep nder,
më jep emrin Shqipëtar

You Albania, give me honour,
you give me the name Albanian
နိုင်ငံတော် သီချင်း: Himni i Flamurit
("Hymn to the Flag")
မြို့တော်
နှင့် အကြီးဆုံးမြို့
တီရာနာမြို့
41°19′N 19°49′E / 41.317°N 19.817°E / 41.317; 19.817
ရုံးသုံး ဘာသာစကားများအယ်လ်ဘေးနီးယား
အသိအမှတ်ပြု လူနည်းစုဘာသာစကားများ
DemonymAlbanian
အစိုးရပြည်ထောင်စု ပါလီမန် ဖွဲ့စည်းပုံ သမ္မတနိုင်ငံ
အီလီယာ မက်တာ
အယ်ဒီ ရာမာ
ဥပဒေပြုလွှတ်တော်ကူဗန်ဒီ
တည်ထောင်ခြင်း
၁၁၉၀
ဖေဖော်ဝါရီ ၁၂၇၂
၁၃၆၈
၂ မတ် ၁၄၄၄
၁၅၁၅
၁၇၅၇/၁၇၈၇
• အော့တမန် အင်ပိုင်ယာမှ လွတ်လပ်ရေးကြေညာခြင်း
၂၈ နိုဝင်ဘာ ၁၉၁၂
၂၉ ဇူလိုင် ၁၉၁၃
၃၁ ဇန်နဝါရီ ၁၉၂၅
၁ စက်တင်ဘာ ၁၉၂၈
၁၁ ဇန်နဝါရီ ၁၉၄၆
၂၈ ဒီဇင်ဘာ ၁၉၇၆
• စတုတ္ထ အယ်လ်ဘေးနီးယားသမ္မတနိုင်ငံ
လက်ရှိ ဖွဲ့စည်းပုံ
၂၉ ဧပြီ ၁၉၉၁

၂၈ နိုဝင်ဘာ ၁၉၉၈
ဧရိယာ
• စုစုပေါင်း
၂၈,၇၄၈ km2 (၁၁,၁၀၀ sq mi) (အဆင့်: ၁၄၀)
• ရေထု (%)
၄.၇
လူဦးရေ
• ဇန်နဝါရီ ၂၀၂၀ ခန့်မှန်း
Neutral increase ၂,၈၄၅,၉၅၅[၁]
• ၂၀၁၁ သန်းခေါင်စာရင်း
၂,၈၂၁,၉၇၇[၂]
• သိပ်သည်းမှု
၉၈/km2 (၂၅၃.၈/sq mi) (အဆင့် - ၆၃)
GDP (PPP)၂၀၂၀ ခန့်မှန်း
• စုစုပေါင်း
$42.594 billion[၃]
• Per capita
$14,866[၃]
GDP (nominal)၂၀၂၀ ခန့်မှန်း
• စုစုပေါင်း
$16.753 billion[၃]
• Per capita
$5,847[၃]
Gini (၂၀၁၇) 33.2[၄]
အလယ်
HDI (၂၀၁၉)Increase ၀.၇၉၅[၅]
မြင့် · ၆၉
ငွေကြေးလာ့ခ် (ALL)
အချိန်ဇုန်CET (UTC+1)
• နွေရာသီ (DST)
CEST (UTC+2)
ရက်စွဲပုံစံdd/mm/yyyy
ယာဉ်ကြောစနစ်right
တယ်လီဖုန်းကုဒ်+၃၅၅
သူတော်စင်Our Lady of Good Counsel
Internet TLD.al

အယ်လ်ဘေးနီးယားနိုင်ငံ၏ တရားဝင်အမည်မှာ အယ်လ်ဘေးနီးယား သမ္မတနိုင်ငံဖြစ်သည်။ အယ်လဗေးနီးယားနိုင်ငံသည် ဗော်လကန်ကျွန်းဆွယ်တွင် အေဒြီယက်တစ်ပင်လယ် အရှေ့ဘက်ကမ်းခြေတစ်လျှောက်၌ တည်ရှိသော နိုင်ငံ _တခုဖြစ်၍ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၁ယဝဝဝ ရှိသည်။ ကျဉ်းမြောင်းသော ပင်လယ်ကမ်းမြောင်ဒေသမှလွဲ၍ နိုင်ငံတစ်ခုလုံးသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ဝဝဝ ကျော်မြင့်သော တောင်ကုန်းထူထပ်သည့်ဒေသဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားတို့သည် အသွားအလာခဲယဉ်းသော တောင်တန်းများတွင် မိမိတို့စပ်ဆိုင်ရာ မျိုးတူစုများဖွဲ့၍ တသီးတခြားစီ နေထိုင်ကြသည်။ ထွန်ယက်စိုက်ပျိုးရာ၌ နွားဖြင့်ထွန်ယက် စိုက်ပျိုးလျက်ပင်ရှိ၍ တစ်နေရာမှတစ်နေရာသို့ သွားလာသည့်အခါ၌လည်း နွားလှည်း၊ ဝန်တင်မြင်းနှင့် မြည်း တို့ကိုပင် အသုံးပြုလျက်ရှိကြသည်။ သို့ဖြစ်၍ အယ်လဗေးနီးယားနိုင်ငံသားတို့သည် ခေတ်မှီတိုးတက်မှု၌ နှောင့်နှေးလျက်ရှိသေးသည်ဟု ဆိုနိုင်သည်။

အယ်လဗေးနီးယားနိုင်ငံတွင် လူဦးရေ ၂၃၅ဝဝဝ (၁၉၇၃ ခန့်မှန်းခြေ) ယောက်ရှိရာ ၉ဝ ရာနှုန်းမျှသော လူဦးရေ သည် လယ်ယာစိုက်ပျိုး လုပ်ကိုင်ကြသည်။ ဆေး၊ နှံစားပြောင်း၊ ဂျုံနှင့် ပြောင်းဖူး တို့ကိုစိုက်ပျိုး၍ သိုး၊ ဆိတ်၊ နွား တို့ကို မွေးမြူသည်။ တောင်တန်းဒေသတွင် ရေနံဆီ၊ ကြေးနီ၊ ဆား၊ ကတ္တရာနှင့်သံရိုင်းစသော တွင်းထွက်ပစ္စည်းများကို တူးဖော်ရရှိနိုင်သော်လည်း သယ်ယူပို့ဆောင်ရေး ခက်ခဲခြင်းကြောင့် သတ္တုတူးဖော်သည့်လုပ်ငန်းမှာ မတိုးတက်ခဲ့ချေ။ ၁၉၄ဝ ပြည့်နှစ်သို့ရောက်မှ အယ်လဗားဆန်နှင့် ဆိပ်ကမ်းမြို့ဖြစ်သော ဒူးရပ်ဇိုမြို့တို့ကို ဆက်သွယ်သည့် မီးရထားလမ်းကို စတင် ဖောက်လုပ်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မြို့တော်တေရားနားမှ အနောက်ဘက် ၁၉ မိုင်ခန့်ကွာဝေးသော ဒူးရပ်ဇိုမြို့သို့ မီးရထားလမ်းဖောက်လုပ်ပြန်သည်။ ၁၉၅၅ ခုနှစ်သို့ရောက်သော် အယ်လဗေးနီးယားနိုင်ငံတွင် မီးရထားလမ်းမိုင်ပေါင်း ၆ဝ ခန့် ဖောက်လုပ်ပြီးစီးခဲ့သည်။ ပြည်တွင်းသွားလာရေးအတွက် လေ ကြောင်းခရီးကို တွင်ကျယ်စွာအသုံးပြုကြသည်။ အခြားထင်ရှားသောမြို့များမှာ ကွားချေမြို့နှင့် ရှကိုးဒါးမြို့များ ဖြစ်သည်။

အယ်လဗေးနီးယားနိုင်ငံတွင် အခမဲ့ပညာရေးစံနစ်ဖြင့် အသက် ၆ နှစ်နှင့် ၁၃ နှစ်အရွယ်ကြားရှိကလေးများ မူလတန်း ပညာကို မသင်မနေရဟူ၍ ပြဋ္ဌာန်းထားသည်။ လူဦးရေ ၆၈ ရာခိုင်နှုန်းသည် အစ္စလာမ်ဘာသာဝင်များဖြစ်၍ ကျန်ရှိသူတို့ သည် ဂရိအသင်းတော်နှင့် ဗရင်ဂျီဂိုဏ်းဝင် ခရစ်ယာန်များ ဖြစ်သည်။

အယ်လဗေးနီးယန်းလူမျိုးတို့သည် ဥရောပတိုက်တွင် ရှေးအကျဆုံးလူမျိုးဖြစ်သော အီလီယန်တို့မှ ပေါက်ဖွားလာကြသူများဖြစ်သည်။ သို့ရာတွင် နောင်အခါ၌ ဆလဗလူမျိုးနှင့် တူရကီလူမျိုးတို့ တိုက်ခိုက် သိမ်းပိုက်ခြင်းကို ခံခဲ့ရသဖြင့် ထိုလူမျိုးများနှင့် သွေးစပ်ပေါက်ဖွားလာကြသူများ ဖြစ်လာလေသည်။ ဘီစီ ၂ဝဝ ပြည့်နှစ်ခန့်တွင် အယ်လဗေးနီးယားနိုင်ငံ သည် ရောမအင်ပိုင်ယာအတွင်း ကျရောက်ခဲ့သည်။ ရောမအင်ပိုင်ယာ ပြိုကွဲကျဆုံးပြီးနောက် အိမ်နီးနားခြင်းနိုင်ငံတို့သည် အယ်လဗေးနီးယားကို သိမ်းပိုက်နိုင်ရန်အတွက် ကြိုးစား အားထုတ်ခဲ့ကြသည်။ အလယ်ခေတ်အတွင်း ဆလဗလူမျိုးတို့က ဝင်ရောက် တိုက်ခိုက်ကြသည်။ ၁၄၃၅ ခုနှစ်တွင် တူရကီတို့သည် အယ်လဗေးနီးယားနိုင်ငံကို ကျူးကျော် ထိပါးလာကြရာ စကင်ဒါဗက် (ခရစ် ၁၄ဝ၃-၁၄၇၆) ဆိုသူခေါင်းဆောင်သော အယ်လဗေးနီးယန်း အမျိုးသားတို့က ရန်သူများကို ၂၅ နှစ် နီးပါးမျှ ရဲဝံ့စွာ ခုခံတိုက်ခိုက်ခဲ့လေသည်။ သို့ရာတွင် စကင်ဒါဗက် ကွယ်လွန်ပြီးနောက် အမျိုးသားညီညွတ်မှုလည်း ကျဆုံးသဖြင့် ၁၄၇၈ ခုနှစ်၌ အယ်လဗေးနီးယား နိုင်ငံသည် တူရကီတို့၏ အာဏာစက်အောက်သို့ လုံးလုံးကျရောက်ခဲ့လေသည်။ တူရကီတို့သည် အယ်လဗေးနီးယား နိုင်ငံကို ၁၉၁၂ ခုနှစ်အထိ ၄၃၄ နှစ်မျှ အုပ်စိုးခဲ့လေသည်။

၁၉၁၂ ခုနှစ်သို့ရောက်သော် အယ်လဗေးနီးယန်းတို့သည် တူရကီတို့ကိုတော်လှန်တိုက်ခိုက်၍ နိုင်ငံလွတ်လပ်ရေးကို အရယူခဲ့ကြသည်။ ထို့နောက် ဂျာမန်မင်းသား ဝီလျံဆိုသူကို နိုင်ငံသို့ဖိတ်ခေါ်၍ အုပ်ချုပ်စေသည်။ ပထမကမ္ဘာစစ်ကြီးဖြစ်ပွားသောအခါ မင်းသားသည် ဂျာမနီနိုင်ငံသို့ပြန်သွားသဖြင့် အယ်လဗေးနီးယားသည်လည်း မင်းမဲ့တိုင်းပြည်အဖြစ်သို့ ရောက်ရှိလေသည်။ ထို့နောက် အီတာလျံလူမျိုး၊ ဂရိလူမျိုး၊ ဆဗ်လူမျိုး၊ ဗူလဂေးရီးယန်းလူမျိုးစသော လူမျိုးအသီးသီးတို့က နိုင်ငံကိုသိမ်းပိုက်ခဲ့ကြပြီး နောက်၊ နောက်ဆုံး၌ အီတလီနိုင်ငံ၏ အအုပ်အချုပ်အောက်သို့ ရောက်ရှိလေသည်။ ၁၉၂ဝ ပြည့်နှစ်တွင် အီတလီအစိုးရက အယ်လဗေးနီးယားနိုင်ငံ၏ လွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့ရာ ၁၉၂၅ ခုနှစ်၌ သမ္မတနိုင်ငံအဖြစ် ကြေညာလေသည်။ ၁၉၂၈ ခုတွင် သမ္မတ အာမက်ဇိုးဂုသည် ပထမဇိုးဂု ဘုရင်ဘွဲ့ကို ခံယူ၍ အယ်လဗေးနီးယားနိုင်ငံ၌ ဘုရင်စံနစ်ဖြင့် အုပ်ချုပ်လေသည်။


၁၉၃၉ ခုနှစ်ဧပြီလ ၇ ရက်နေ့တွင် အီတာလျံတပ်များသည် အယ်လဗေးနီးယားနိုင်ငံကို တိုက်ခိုက် သိမ်းပိုက်ကြသဖြင့် ဇိုးဂုဘုရင်သည် အီဂျစ်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်ရသည်။ ၁၉၄၃ ခုနှစ်တွင် အီတာလျံတပ်များသည် မဟာမိတ် တို့ထံ၌ လက်နက်ချအညံ့ခံကြသည်။ ထိုအခါ ဂျာမန်တပ်များက အယ်လဗေးနီးယားနိုင်ငံကို သိမ်းပိုက်လေသည်။ သို့ရာတွင် ၁၉၄၅ ခုနှစ်၌ လွတ်လပ်သောနိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိ၍၊ ၁၉၄၆ ခုနှစ်တွင် ဗိုလ်ချုပ်အင်ဗာဟိုဇာ ခေါင်းဆောင်သော သမ္မတနိုင်ငံ အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့လေသည်။

ထို ၁၉၄၆ ခုနှစ်တွင် အယ်လဗေးနီးယားနိုင်ငံသည် ကမ္ဘာ့ကုသမဂ္ဂအဖွဲ့ကြီးသို့ ဝင်ရောက်ခွင့် လျှောက်ထားသည်ကို အမေရိကန်ပြည်ထောင်စုနှင့် ဂရိတ်ဗြိတိန်နိုင်ငံတို့က ကန့်ကွက် ခဲ့သည်။ သို့သော် ၁၉၅၅ ခုနှစ်တွင် ဝင်ရောက်ခွင့်ရခဲ့၏။ ထိုနှစ်တွင်ပင် ဝါစောစာချုပ်အဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့သည်။ အယ်လဗေးနီးယားနိုင်ငံ၏ဝါဒမှာ စတာလင်ကိုလိုလား၍ ကရူးရှက်ကို ဆန့်ကျင်ခဲ့သည်။ ကွန်မြူနစ် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီး၍ တီးတိုး၏ ယူဂိုစလားဗီးယားနိုင်ငံနှင့် ရန်သူပမာ ဖြစ်ခဲ့ရလေသည်။ ဆိုဗီယက်ရုရှနိုင်ငံသည် အယ်လဗေးနီးယားနိုင်ငံနှင့် ၁၉၆၁ ခုနှစ် ဒီဇင်ဘာလတွင် အဆက်အသွယ် ဖြတ်ခဲ့၍ အယ်လဗေးနီးယားနိုင်ငံအားလည်း ဝါဆောစာချုပ်အဖွဲ့အစည်းအဝေးများတက်ရောက်ခြင်း မပြုနိုင်အောင် ဟန့်တားပိတ်ပင်ခဲ့၏။ သို့ဖြစ်၍ ၁၉၆၈ ခုနှစ်တွင် အယ်လဗေးနီးယားနိုင်ငံသည် ထိုစာချုပ်အဖွဲ့မှ နုတ်ထွက်ခဲ့လေသည်။

အယ်လဗေးနီးယားနိုင်ငံသည် အဓိကအားဖြင့် စိုက်ပျိုးရေးနိုင်ငံတစ်ခု ဖြစ်နေခဲ့သေးသည်။ သို့သော် ၁၉၆ဝ ပြည့်နှစ်လွန်နှစ်များနှင့် ၁၉၇ဝ ပြည့်နှစ်လွန်နှစ်များအတွက် ကွန်မြူနစ် တရုတ်နိုင်ငံ၏ အကူအညီဖြင့် စက်လက်မှုလုပ်ငန်းများ ထူထောင်ရေးနှင့် စိုက်ပျိုးရေးတွင် ခေတ်မီအောင်ပြုပြင်ရေးအတွက် အပူတပြင်းဆောင်ရွက်ခဲ့ရာ ၁၉၆ဝ ပြည့်နှစ်မှ အစပြု၍ အမျိုးသားဝင်ငွေ ခုနှစ်ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ဆိုလေသည်။

အသစ်တည်ထောင်ခဲ့သော စက်မှုလက်မှုလုပ်ငန်းများမှာ ဓာတ်မြေဩဇာလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ လျှပ်စစ်ဓာတ်ကြိုးလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ထုတ်လုပ်ရေးလုပ်ငန်းများ ဖြစ်သည်။

အဓိကထုတ်ကုန်များမှာ ရေနံ၊ ဗစ်တျူမင်၊ ခရုမ်း၊ သံနှင့်ကြေးနီ၊ ချည်ထည်များ၊ သစ်သားထည်များနှင့် ဆေးရွက်စသည်တို့ဖြစ်သည်။ အယ်လဗေးနီးယားနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု ထက်ဝက်ကျော်မှာ ကွန်မြူနစ် တရုတ်နိုင်ငံနှင့် ပြုလုပ်ခဲ့လေသည်။

၁၉၇ဝ ပြည့်နှစ်တွင် အယ်လဗေးနီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နှစ်ပြည်ထောင်ကုန်သွယ်မှုကို တိုးချဲ့ရန် အတွက်လည်းကောင်း၊ အယ်လဗေးနီးယားနိုင်ငံသို့ ငွေကြေး တိုးတက်ချေးငှားရန် အတွက်လည်းကောင်း၊ စာချုပ်အသစ်တစ်ရပ် ချုပ်ဆိုခဲ့၏။ ၁၉၇၁ ခုနှစ်တွင် အယ်လဗေးနီးယားနိုင်ငံသည် ယူဂိုဆလားဗီးယားနိုင်ငံ၊ ဂရိနိုင်ငံတို့နှင့် သံတမန် အဆက်အသွယ် ပြန်လည်ပြုလုပ်ခဲ့၏။[၆]

ဥရောပအရှေ့တောင်ပိုင်း ဘော်လ်ကန်ဒေသတွင် တည်ရှိသည်။ အနောက်မြောက်ဘက်တွင် မွန်တီနီဂရိုးနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် ကိုဆိုဗိုနိုင်ငံ၊ အရှေ့ဘက်တွင် မြောက်မက်စီဒိုးနီးယားနိုင်ငံ၊ တောင်ဘက်နှင့်အရှေ့တောင်ဘက်တွင် ဂရိနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ အနောက်ဘက်တွင် အေဒရီယက်တက်ပင်လယ် (Adriatic Sea)၊ အနောက်တောင်ဘက်တွင် အိုင်ယွန်းနီးယန်းပင်လယ် (Ionian Sea) တို့ရှိသည်။ အီတလီနိုင်ငံသို့ အေဒရီယက်တက်ပင်လယ်နှင့် အိုင်ယွန်းနီးယန်း ပင်လယ်တို့ကြားရှိ အိုထရန်တိုရေလက်ကြား (Strait of Otranto) ဖြင့် (၇၂)ကီလိုမီတာ (၄၅မိုင်) သာကွာခြားသည်။

အယ်လ်ဘေးနီးယားသည် ကမ္ဘာ့ကုလသမဂ္ဂနေတိုး (NATO)၊ ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (Organization for Security and Co-operation in Europe)၊ ဥရောပကောင်စီ (Council of Europe)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organisation)ၾ၊ အစ္စလမ္မစ်ကွန်ဖရင့်အဖွဲ့ (Organisation of the Islamic Conference) နှင့် မြေထဲပင်လယ်သမဂ္ဂ (Union for the Mediterranean) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ဥရောပသမဂ္ဂ (European Union) သို့ ဝင်ရောက်နိုင်ရေးအတွက် ၂၀၀၃ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ လေ့လာသူအဖြစ် တက်ရောက်ကာ ကြိုးစားခဲ့သည်။ ၂၀၀၉ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့တွင် တရားဝင်လျှောက်ထားခဲ့သည်။ [၇]

အယ်လ်ဘေးနီးယားသည် ပါလီမန်ဒီမိုကရေစီစနစ်နှင့်transition economy စီးပွားရေးစနစ်တို့ကို ကျင့်သုံးသည်။ မြို့တော်မှာ တီရာနာ ဖြစ်ပြီး လူဦးရေ ၃.၂သန်းရှိသော အယ်လ်ဘေးနီးယားနိုင်ငံ၏ လူဦးရေ (၆)သိန်းကျော်နေထိုင်သော စီးပွားရေးနိုင်ငံရေး မြို့တော်ကြီးဖြစ်သည်။ [၈] အထူးသဖြင့် စွမ်းအင်နှင့် ပို့ဆောင်ရေးကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နိုင်ရေးအတွက် လွတ်လပ်သောဈေးကွက် စီးပွားရေးစနစ်ကို ဖော်ဆောင်သည်။ [၉][၁၀][၁၁]

ဝေါဟာရရင်းမြစ်[ပြင်ဆင်ရန်]

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

ရာသီဥတု[ပြင်ဆင်ရန်]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပြည်နယ်များ[ပြင်ဆင်ရန်]

အစိုးရအဖွဲ့[ပြင်ဆင်ရန်]

နိုင်ငံရေး[ပြင်ဆင်ရန်]

နိုင်ငံခြားဆက်ဆံရေး[ပြင်ဆင်ရန်]

စစ်တပ်[ပြင်ဆင်ရန်]

စီးပွားရေး[ပြင်ဆင်ရန်]

== ကျန်းမာရေး == 0.99

ပညာရေး[ပြင်ဆင်ရန်]

လူဦးရေနှင့်လူမျိုးများ[ပြင်ဆင်ရန်]

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Popullsia e Shqipërisë (in sq)။ Instituti i Statistikës (INSTAT) (26 March 2020)။ 30 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 June 2021 တွင် ပြန်စစ်ပြီး။
  2. Population and Housing Census 2011Instituti i Statistikës (INSTAT)။ 26 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 June 2021 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ World Economic Outlook Database, October 2019International Monetary Fund။ ၂၃ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  4. GINI index (World Bank estimate)–Albaniaကမ္ဘာ့ဘဏ်။ ၂၃ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  5. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)။ United Nations Development Programme။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-5။ ၂၃ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
  7. "Albania applies for EU membership"၊ BBC News၊ 28 April 2009။ 29 April 2009 တွင် ပြန်စစ်ပြီး 
  8. The World Factbook — Central Intelligence Agency။ 24 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 December 2010 တွင် ပြန်စစ်ပြီး။
  9. Reports: Poverty Decreases In Albania After Years Of Growth.Dow Jones Newswires, 201-938-5500. Nasdaq.com
  10. Albania plans to build three hydropower plants.People's Daily
  11. Strong GDP growth reduces poverty in Albania-study. Reuters. Forbes.com