ဒိန်းမတ်နိုင်ငံ
ကိုဩဒိနိတ်: 56°N 10°E / 56°N 10°E
ဒိန်းမတ် Danmark (ဒိန်းမတ်) | |||||
---|---|---|---|---|---|
| |||||
နိုင်ငံတော် သီချင်း: Der er et yndigt land (အင်္ဂလိပ်: "There is a lovely country") Kong Christian stod ved højen mast[N ၁] (အင်္ဂလိပ်: "King Christian stood by the lofty mast") | |||||
![]() မီသရိုပိုလစ်တန် ဒိန်းမတ်[N ၂]၏ တည်နေရာ (အစိမ်းရင့်) – ဥရောပတိုက်အတွင်း (အစိမ်း နှင့် မီးခိုးရင့်) | |||||
မြို့တော် နှင့် အကြီးဆုံးမြို့ | ကိုပင်ဟေဂင်မြို့ 55°43′N 12°34′E / 55.717°N 12.567°E | ||||
ရုံးသုံး ဘာသာစကားများ | ဒိန်းမတ် | ||||
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများ | ဖာရိုး ဂရင်းလန်း ဂျာမန်[N ၃] | ||||
လူမျိုးစု (၂၀၂၀) |
| ||||
ကိုးကွယ်မှု | ၇၅.၈% ခရစ်ယာန်ဘာသာ —၇၄.၃% ဒိန်းမတ်ဘုရားကျောင်းတော်[N ၅] ၁၉.၁% ဘာသာမဲ့ ၄.၄% အစ္စလာမ် ၀.၇% အခြား | ||||
Demonym | |||||
အစိုးရ | ပြည်ထောင်စု ပါလီမန် စည်းမျဉ်းခံဘုရင်စနစ် | ||||
• ဧကရာဇ် | ဒုတိယ မာဂရေ့သာ | ||||
Mette Frederiksen | |||||
Henrik Dam Kristensen | |||||
ဥပဒေပြုလွှတ်တော် | ဖော့ကဲတင်လွှတ်တော် | ||||
သမိုင်း | |||||
c. ၈ ရာစု[၃] | |||||
၁၈၄၉ ခုနှစ် ဇွန်လ ၅ ရက် | |||||
• ဒိန်းမတ် | ၁၉၄၈ ခုနှစ် မတ်လ ၂၄ ရက်[N ၆] | ||||
၁၉၇၃ ခုနှစ် ဇန်နဝါရီလ ၁ ရက် | |||||
ဧရိယာ | |||||
• metropolitan Denmark | ၄၂,၉၃၃ km2 (၁၆,၅၇၇ sq mi)[၄] (အဆင့်: ၁၃၀) | ||||
• ရေထု (%) | ၁.၇၄ (၂၀၁၅ ခုနှစ်အရ)[၅] | ||||
• Entire kingdom | ၂,၂၂၀,၉၃၀ km2 (၈၅၇,၅၁၀ sq mi) (12th) | ||||
လူဦးရေ | |||||
• Q3 2021 ခန့်မှန်း | ![]() | ||||
• ဖားရိုးကျွန်းစု | ၅၂,၁၁၀[၇] | ||||
• ဂရင်းလန်းကျွန်း | ၅၆,၀၈၁[၈] | ||||
• သိပ်သည်းမှု (ဒိန်းမတ်) | ၁၃၇.၆၅/km2 (၃၅၆.၅/sq mi) | ||||
GDP (PPP) | ၂၀၁၈ ခန့်မှန်း | ||||
• စုစုပေါင်း | $၂၉၉ ဘီလီယံ[၉][N ၈] (အဆင့် - ၅၂) | ||||
• Per capita | $၅၁,၆၄၃[၉] (အဆင့် - ၁၉) | ||||
GDP (nominal) | ၂၀၁၈ ခန့်မှန်း | ||||
• စုစုပေါင်း | $၃၇၀ ဘီလီယံ[၉][N ၈] (အဆင့် - ၃၄) | ||||
• Per capita | $၆၃,၈၂၉[၉] (အဆင့် - ၆) | ||||
Gini (၂၀၂၀) | ![]() နိမ့် | ||||
HDI (၂၀၁၉) | ![]() အလွန်မြင့် · ၁၀ | ||||
ငွေကြေး | ဒိန်းမတ် ကရောင်း[N ၉] (DKK) | ||||
အချိန်ဇုန် | CET (UTC+1) | ||||
• နွေရာသီ (DST) | CEST (UTC+2) | ||||
[N ၁၀] | |||||
ရက်စွဲပုံစံ | DD.MM.YYYY[N ၁၁] YYYY-MM-DD[၁၂] | ||||
ယာဉ်ကြောစနစ် | ညာ | ||||
တယ်လီဖုန်းကုဒ် | 3 calling codes
| ||||
ISO 3166 ကုဒ် | DK | ||||
Internet TLD | |||||
ဝက်ဘ်ဆိုဒ် Denmark.dk | |||||
![]() | |||||
|
ဒိန်းမတ်နိုင်ငံ (ရုံးသုံးဘာသာစကားဖြင့် ကင်းဒမ်းအော့ဖ်ဒိန်းမတ်) တွင် ဂရင်းလန်းနှင့် ဖာရိုးကျွန်းစုများ ပါဝင်ပြီး ဥရောပမြောက်ပိုင်းတွင် ရှိသော စကင်ဒီနေးဗီးယန်းနိုင်ငံ ဖြစ်သည်။ နော်ဒစ်နိုင်ငံများတွင် တောင်ဘက် အကျဆုံးဖြစ်ပြီး ဆွီဒင်နိုင်ငံ၏ အနောက်တောင်ဘက်၊ နော်ဝေနိုင်ငံ၏ တောင်ဘက်နှင့် ဂျာမနီနိုင်ငံ၏ မြောက်ဘက်တွင် တည်ရှိသည်။ ဒိန်းမတ်နိုင်ငံသည် ဘော်လတစ်ပင်လယ်နှင့် မြောက်ဘက်ပင်လယ်တို့နှင့်လည်း ထိစပ်လျက် ရှိသည်။
ပမာဏအားဖြင့် ငယ်ပင်ငယ်သော်လည်း သမဝါယမနည်းစံနစ်အရ ကြီးပွားထွန်းကားလျက်ရှိသော နိုင်ငံကား ဥရောပတိုက်၏
အနောက်မြောက်ပိုင်း ဂျတ်တလန် (Jutland) (ဒိန်းမတ်အမည် Jylland ယုလန်) ကျွန်းဆွယ် တခုလုံးပါဝင်သည့် ဒိန်းမတ်နိုင်ငံပင် ဖြစ်သည်။ ဒိန်းမတ်နိုင်ငံတွင် ဂျတ်တလန် ကျွန်းဆွယ်နှင့်တကွ အနီးပတ်ဝန်းကျင်ရှိ ဖူနင် (Funen) (ဒိန်းမတ်အမည် Fyn ဖျွန်း၊ ဇီးလန် (Zealand) (ဒိန်းမတ်အမည် Sjælland ရှေးလန်) စသော ကျွန်းငယ်ကလေးများ ပါဝင်၍ နိုင်ငံ၏ အစုစုဧရိယာမှာ ၁၆၅၇၅
စတုရန်းမိုင် ကျယ်ဝန်းသည်။ ထိုကျွန်းစုများသည် ဆွီဒင်နှင့် ဂျာမနီနိုင်ငံအကြားတွင် တည်ရှိ၍ အနောက်ဘက်တွင် မြောက်ပင်လယ်၊
အရှေ့ဘက်တွင် ဘောလတစ်ပင်လယ်တို့ ကာစီးဝိုင်းရံလျက်ရှိ၏။ အထူးအားဖြင့် ဂျတ်တလန်ကျွန်းဆွယ်၏ အရှေ့ဘက်ကမ်းခြေသည်
မြေဩဇာကောင်းသောလယ်မြေနှင့် သာယာစိုပြေသော သစ်တောများနှင့် ပြည့်စုံ၍၊ ညီမျှသောရာသီဥတုရှိ၏။ အနောက်ဘက်ကမ်းခြေ၌မူ
သဲသောင်ကုန်းများ၊ နွံအိုင်များ၊ မြက်တောများနှင့် သစ်ပင်မပေါက်သော မြေကွက်များရှိလေသည်။ သတ္တုဟူ၍ မထွက်သလောက်
ဖြစ်သော်လည်း အိုးခွက်ဖုတ်ရန် ရွှံစေးပေါများသည်။ ကျွန်းဆွယ်တခု ဖြစ်သည့်အတိုင်း နံဘေးပတ်လည်တွင် ပင်လယ်များ ဝိုင်းရံလျက်
ရှိရုံမျှမက ဖျော့ (fjord) ခေါ် ရေမြောင်ကြားများကလည်း ကုန်းအတွင်းသို့ အတော်ပင်ရောက်အောင် ထိုးဝင်လျက်ရှိရကား၊ ငါးဖမ်းရန်အတွက်
အလွန်အကွက်ကောင်းသဖြင့် လူတို့သည် ငါးဖမ်းခြင်းလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ကြလေသည်။
တိုင်းပြည်၏ ၈၀ ရာခိုင်နှုန်းမျှသောမြေကို ထွန်ယက်စိုက်ပျိုးနိုင်၍ အစိုးရက မြေပိုင်ရှင်စံနစ်ကို အားမပေးသဖြင့် လယ်မြေအားလုံးမှာ
လယ်ပိုင်ရှင်ကလေးများ လက်ထဲတွင် တည်ရှိသည်။ ထိုကြောင့် တိုင်းပြည်အတွင်း ဆင်းရဲလွန်းသူ၊ ချမ်းသာလွန်းသူ ဟူ၍ မရှိဘဲ
ညီညီမျှမျှရှိလေသည်။ ဒိန်းမတ်နိုင်ငံတွင် ငါးလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် အခြားအရေးကြီးသော လုပ်ငန်း
တခုမှာ နွား၊ ကြက်၊ဝက် မွေးမြူသောလုပ်ငန်းဖြစ်ရာ နွားနို့၊ မလိုင်၊ ဒိန်ခဲ၊ ဝက်သားနှင့် ကြက်ဥအမြောက်အမြားကို ဂရိတ်ဗြိတိန်နှင့်
ဂျာမနီနိုင်ငံများသို့ အမြဲမပြတ် တင်ပို့ရသည်။ တိုင်းပြည်၏ အသက်သွေးခဲလုပ်ငန်းများတွင် လောကဓာတ် နည်းစံနစ်များ အသုံးပြုရန်
အစိုးရက အားပေးလေသည်။
ဤလုပ်ငန်းများကို သမဝါယမစံနစ်ဖြင့် လုပ်ကိုင်ကြရာ၊ သမဝါယမအသင်းများကို အနှံ့အပြား ဖွဲ့စည်းထား၍
တောင်သူလယ်သမားတိုင်း အသင်းသားများဖြစ်ကြသည်။ သားသတ်ရုံကို သမဝါယမစံနစ်ဖြင့် အုပ်ချုပ်၏။ လယ်လုပ်
ရာတွင် လိုသောပစ္စည်းများ၊ ကရိယာတန်ဆာပလာများကိုဝယ်ရန် သမဝါယမအသင်းများရှိ၏။ သမဝါယမဘဏ်လည်း
ရှိ၏။ လယ်သမားများကို လေဘေးရေဘေးမှ ကာကွယ်ရန်အလို့ငှာ သမဝါယမအာမခံအသင်းများ ဖွဲ့စည်းထား၏။
ဗဟိုဓာတ်အားပေးရုံများအပြင် သမဝါယမလျှပ်စစ်ဓာတ်မီးရုံများလည်း ရှိသည်။ သမဝါယမလုပ်ငန်းများ၌ မည်သည့်
နေရာကမျှ လိုလေသေးသည် ဟူ၍မရှိသောကြောင့် ဒိန်းမတ်နိုင်ငံသည် သမဝါယမစံနစ်၌ ကမ္ဘာကျော်ဖြစ်လေသည်။
ဤကဲ့သို့ များလှစွာသော သမဝါယမအသင်းများကို ဒိန်းမတ်နိုင်ငံဗဟို သမဝါယမကော်မတီက ကြီးမှူးအုပ်ချုပ်ထားလေသည်။
ဤသို့ သမဝါယမနည်းဖြင့် စံနစ်တကျလုပ်ကိုင်သဖြင့် ဒိန်းမတ်တောင်သူလယ်သမားတို့၏ နေမှုထိုင်မှုမှာ အတော်
အဆင့်အတန်းမြင့်၍ လာခဲ့လေသည်။ အဆင့်အတန်း အလွန်ကွာသော လူအတန်းအစားမရှိ။ အခြားနိုင်ငံများ ရင်ဆိုင်ရသော
သီးစားပြဿနာဟူ၍မရှိဘဲ လယ်လုပ်ခများကို ကောင်းစွာရကြလေသည်။
ဒိန်းမတ်နိုင်ငံသားများကို ဒိန်းလူမျိုးခေါ်ကြရာ ဒိန်းတို့မှာ သန်မာတောင့်တင်းသောလူမျိုးဖြစ်၍ ကစားခုန်စား ဝါသနာပါပြီးလျှင်
ကမ္ဘာကျော်ရေကူးသမားများလည်း ဖြစ်ကြလေသည်။ လုံ့လဝီရိယရှိ၍ အလုပ်ကို ကြိုးပမ်းလုပ်သူများဖြစ်သည့်အတိုင်း
အစားအသောက်ကောင်းကောင်းကို နှစ်သက်ကြ၏။ ပေါင်းသင်းဆက်ဆံရာ၌ လူအတန်းအစားမရွေးဘဲ ယဉ်ကျေးဖော်ရွေစွာ
ဆက်ဆံတတ်ကြ၏။
ဒိန်းမတ်နိုင်ငံတွင် ပညာကို အလွန်မြတ်နိုး၍ ပညာသင်ကြားရေးကို အထူးအားပေးကြ၏။ ၁၈၁၄ ခုမှစ၍ မူလတန်းပညာကို မသင်မနေရ ပြုလုပ်ထား၏။ အထက်တန်းကျောင်းများအပြင် စက်မှုပညာသင်ကျောင်း၊ ကူးသန်းရောင်းဝယ်ရေး ပညာသင်ကျောင်း၊ ဆရာဖြစ်သင် ကျောင်း၊ လူကြီးများအတွက် စိုက်ပျိုးရေးကျောင်း စသည်ဖြင့် သက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားသည့်ကျောင်း မြောက်မြား စွာရှိသည်။ ကိုပင်ဟေဂင်မြို့တော်နှင့် အောဟု(စ်) မြို့များတွင် တက္ကသိုလ်ကျောင်းများရှိ၏။ အမျိုးသမီးများ မဲဆန္ဒပေးခွင့်နှင့် လွှတ်တော်အမတ်အဖြစ် အရွေးခံနိုင်ခွင့်ရှိသည်။ အမျိုးသမီးတို့သည် ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်သော အရည်အချင်းလည်းရှိ၍ ကိုယ်ပိုင်အလုပ်များ ကိုယ်စီရှိကြလေရာ အလုပ်ချိန်တွင် ယင်းတို့၏ကလေးများကို စောင့်ထိန်းရန် အလို့ငှာ ကလေးများ ဂေဟာတို့ကို နိုင်ငံနှင့် အဝှန်းတည်ထောင်ထားကြသည်။ ဒိန်းလူမျိုးတို့ကား တခါက ဥရောပမြောက်ပိုင်း၌ အတော်ပင်တန်ခိုးအာဏာကြီးခဲ့သော လူမျိုးတမျိုးဖြစ်ပြီးလျှင် ထိုအခါက သူတို့သည် မြောက်ဥရောပကမ်းခြေနှင့် အင်္ဂလန်ကျွန်းရှိ ဆိပ်ကမ်းမြို့ရွာများကို တိုက်ခိုက်လုယက်လေ့ရှိကြ၏။ ဒိန်းဘုရင်များတွင် တန်ခိုးအကြီးဆုံးမှာ ကနွတ်ဘုရင်ဖြစ်၍ တခါက အင်္ဂလန်၊ ဒိန်းမတ်နှင့် နော်ဝေးပြည်များကို အုပ်စိုးခဲ့ဘူးလေသည်။ ကနွတ်ဘုရင်သည် နှစ်အနည်းငယ်သာ နန်းစံ ရသော်လည်း ဒိန်းတို့သည် ၁၃ ရာစုအထိ ဥရောပမြောက်ပိုင်းတွင် အတော်တန်ခိုးကြီးခဲ့ကြ၏။ ဘောလတစ်ပင်လယ်တဝိုက်တွင် ဟန်ဆီ အက်တစ်အဖွဲ့၏ အာဏာပျံ့နှံ့လာသောအခါမှ အနည်းငယ် တန်ခိုးမှေးမှိန်သွားလေသည်။ ၁၃၉၇ ခုနှစ်တွင် ဒိန်းမတ်ဘုရင်မ မာဂရက် လက်ထက်၌ ဒိန်းမတ်၊ ဆွီဒင်နှင့် နော်ဝေး ၃ နိုင်ငံပူးပေါင်း၍ ခုခံတိုက်ခိုက်သောအခါမှာမှ ဟန်ဆီအက်တစ်အဖွဲ့၏ရန်အေးသွားလေသည်။ ၁၈၁၅ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံက နပိုလီယန်ကို ကူညီသည်ဆိုကာ ဗီယင်နာအစည်းအဝေးကြီး၌ နော်ဝေးက ဆွီဒင်နှင့်ပူးပေါင်းလိုက်ရာ ဒိန်းမတ်နိုင်ငံမှာ ထီးတည်းကျန်ရစ်တော့၏။ ၁၈၆၄ ခုနှစ်တွင် ပရပ်ရှားနှင့် ဩစတြီးယားတို့က တိုက်ခိုက်သဖြင့် ဒိန်းမတ်နိုင်ငံမှာ ရှလဇွပ် - ဟိုင်စတိုင် (Schleswig - Holstein) နယ်များ ဆုံးရှုံးသွားရ၏။ သို့သော် ပထမကမ္ဘာစစ်ပြီးသောအခါ ရှလဲဇွစ်နယ်မြောက်ပိုင်းကိုပြန်ရခဲ့၏။ ဒုတိယကမ္ဘာစစ်အတွင်း၌ ဒိန်းမတ်နိုင်ငံကို ဂျာမန်တို့သိမ်းပိုက်ထား၍ ၁၉၄၅ ခုမေလ ၅ ရက်နေ့ကျမှ လွတ်မြောက်သွားလေသည်။ ယခုအုပ်စိုးလျက်ရှိသော ဘုရင်မှာ ၁၉၄၇ ခုတွင် နတ်ရွာစံခဲ့သည့် ဒဿမခရစ်စတီယန်ဘုရင်၏ အရိပ်အရာကို ဆက်ခံခဲ့သည့် နဝမဖရက်ဒရစ်ဘုရင် ဖြစ်သည်။ ဒိန်းမတ်နိုင်ငံ လူဦးရေမှာ ၂၀၀၉ သန်းခေါင်စာရင်းအရ ငါးသန်းငါးသိန်းကျော်ရှိသည်။။
မှတ်စုများ[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Royal House။ Royal House of Denmark။ 23 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 October 2021 တွင် ပြန်စစ်ပြီး။
- ↑ Not one but two national anthems။ Ministry of Foreign Affairs of Denmark။ 15 May 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 October 2021 တွင် ပြန်စစ်ပြီး။
- ↑ Stone et al. 2008, p. 31.
- ↑ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedarea
- ↑ Surface water and surface water change။ Organisation for Economic Co-operation and Development (OECD)။ 2020-10-11 တွင် ပြန်စစ်ပြီး။
- ↑ Population and population projections။ Statistics Denmark။ 30 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 August 2021 တွင် ပြန်စစ်ပြီး။
- ↑ Faroe Islands Population။ Hagstova Føroya။ 1 April 2020 တွင် ပြန်စစ်ပြီး။
- ↑ 2020 Population။ 1 April 2020 တွင် ပြန်စစ်ပြီး။
- ↑ ၉.၀ ၉.၁ ၉.၂ ၉.၃ Denmark။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့။ 18 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 October 2018 တွင် ပြန်စစ်ပြီး။
- ↑ Gini coefficient of equivalised disposable income – EU-SILC survey။ Eurostat။ 20 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 August 2021 တွင် ပြန်စစ်ပြီး။
- ↑ Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-5။ 16 December 2020 တွင် ပြန်စစ်ပြီး။
- ↑ Danish language locale for Denmark, Narrative Cultural Specification။ dkuug.dk။ 26 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
မြန်မာ့စွယ်စုံကျမ်း - အတွဲ (၅) အပိုင်း (ဂ)
ကိုးကား အမှား - <ref>
tags exist for a group named "N", but no corresponding <references group="N"/>
tag was found