ဘူလ်ဂေးရီးယားနိုင်ငံ

ဝီကီပီးဒီးယား မှ
(ဘူဂေးရီးယားနိုင်ငံ မှ ပြန်ညွှန်းထားသည်)
‌ဘူလ်ဂေးရီးယား ပြည်သူ့သမ္မတနိုင်ငံတော်
Република България  (ဘူဂေးရီးယား)
Republika Bǎlgariya
ဘူလ်ဂေးရီးယားနိုင်ငံ၏ အလံတော်
အလံတော်
ဘူလ်ဂေးရီးယားနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: 
နိုင်ငံတော် သီချင်း: Мила Родино  (ဘူဂေးရီးယား)
Mila Rodino  (transliteration)
Dear Motherland
 ဘူလ်ဂေးရီးယားနိုင်ငံ၏ တည်နေရာ  (အစိမ်းရင့်) – ဥရောပတိုက်အတွင်း  (အစိမ်းရောင် နှင့် မီးခိုးရင့်) – ဥရောပသမဂ္ဂတွင်  (အစိမ်းရောင်)  –  [Legend]
 ဘူလ်ဂေးရီးယားနိုင်ငံ၏ တည်နေရာ  (အစိမ်းရင့်)

– ဥရောပတိုက်အတွင်း  (အစိမ်းရောင် နှင့် မီးခိုးရင့်)
– ဥရောပသမဂ္ဂတွင်  (အစိမ်းရောင်)  –  [Legend]

မြို့တော်
နှင့် အကြီးဆုံးမြို့
ဆိုဖီယာမြို့
42°41′N 23°19′E / 42.683°N 23.317°E / 42.683; 23.317ကိုဩဒိနိတ်: 42°41′N 23°19′E / 42.683°N 23.317°E / 42.683; 23.317
ရုံးသုံး ဘာသာစကားများဘူလ်ဂေးရီးယား[၁]
ရုံးသုံးအက္ခရာCyrillic
လူမျိုးစု (၂၀၁၁)
ကိုးကွယ်မှု
Demonym
အစိုးရ ပြည်ထောင်စု ပါလီမန် သမ္မတနိုင်ငံစနစ်
Rumen Radev
Iliana Iotova
Stefan Yanev
ဥပဒေပြုလွှတ်တော်အမျိုးသားလွှတ်တော်
တည်ထောင်ခြင်းသမိုင်း
၆၈၁–၁၀၁၈
၁၁၈၅–၁၃၉၆
၁၈၇၈ ခုနှစ် မတ်လ ၃ ရက်
၁၉၀၈ ခုနှစ် အောက်တိုဘာလ ၅ ရက်
၁၉၉၀ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်
ဧရိယာ
• စုစုပေါင်း
၁၁၀,၉၉၃.၆[၃] km2 (၄၂,၈၅၄.၉ sq mi) (အဆင့်: ၁၀၃)
• ရေထု (%)
2.16[၄]
လူဦးရေ
• ၂၀၂၁ ခုနှစ် ဇွန်လ ခန့်မှန်း
Decrease ၆,၈၇၅,၀၄၀[၅] (အဆင့် - ၁၀၆)
• သိပ်သည်းမှု
၆၃/km2 (၁၆၃.၂/sq mi) (အဆင့် - ၁၂၀)
GDP (PPP)၂၀၂၁ ခန့်မှန်း
• စုစုပေါင်း
Increase $၁၇၄.၉၉၈ ဘီလီယံ[၆] (အဆင့် - ၇၃)
• Per capita
Increase $၂၅,၄၇၁[၆] (အဆင့် - ၅၅)
GDP (nominal)၂၀၂၁ ခန့်မှန်း
• စုစုပေါင်း
Increase $၇၇.၇၈၂ ဘီလီယံ[၆] (အဆင့် - ၆၈)
• Per capita
Increase $၁၁,၃၂၁[၆] (အဆင့် - ၆၁)
Gini (၂၀၂၀) ၄၀[၇]
အလယ်
HDI (၂၀၁၉)Steady ၀.၈၁၆[၈]
အလွန်မြင့် · ၅၆
ငွေကြေးလက်ဖ် (BGN)
အချိန်ဇုန်EET (UTC+2)
• နွေရာသီ (DST)
EEST (UTC+3)
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၃၅၉
Internet TLD.bg
.бг

ဘူလ်ဂေးရီးယားနိုင်ငံသည် ဥရောပတိုက်တောင်ပိုင်းရှိ ဘော်လကန်ကျွန်းဆွယ်တွင် တည်ရှိသည်။

အရှေ့ဘက်တွင် ပင်လယ်နက်၊ တောင်ဘက်တွင် ဂရိနိုင်ငံနှင့် တူရကီနိုင်ငံ အနောက်ဘက်တွင် ယူဂိုဆလားဗီးယားနိုင်ငံနှင့် မြောက်ဘက်တွင် ရူမေးနီးယားနိုင်ငံတို့ဖြင့် ဝန်းရံလျက်ရှိသည်။ ရူမေးနီးယားနိုင်ငံနှင့် ဘူလ်ဂေးရီးယားနိုင်ငံကြားတွင် ဒန်ညုမြစ်က နယ်နိမိတ်သဖွယ် စီးဆင်းလျက်ရှိသည်။ ဘူလ်ဂေးရီးယားနိုင်ငံသည် ၄၂၈၁၀ စတုရန်းမိုင်ကျယ်ဝန်း၍ မြန်မာနိုင်ငံအကျယ်အဝန်း၏ ၆ ပုံ ၁ ပုံ နီးနီးသာ ရှိသည်။ ခရစ်နှစ် ၆၀၀ ကျော်ခန့်က ယင်းဒေသတွင် လာရောက်နေထိုင်ကြသော တာတာလူမျိုးအနွယ် ဗူလဂါး လူမျိုးတို့အား အစွဲပြု၍ ဘူလ်ဂေးရီးယားနိုင်ငံဟုတွင်သည်။ ယခုအခါ ယင်းနိုင်ငံကို ဘူလ်ဂေးရီးယား ပြည်သူ့သမ္မတနိုင်ငံတော်ဟုခေါ်ကြသည်။

ရူလတောင်တန်းသည် ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်နိုင်သည့် တစ်နေရာဖြစ်သည်။

ဘူလ်ဂေးရီးယားနိုင်ငံ၏ မြေမျက်နှာပြင်ကို ၄ ပိုင်းခွဲခြားထားနိုင်သည်။ မြောက်ပိုင်းတွင် ဒန်းညုမြစ် စီးဆင်းရာ ဒန်းညုမြစ်ဒေသ၊ အလယ်ပိုင်းတွင် ဘော်လကန်တောင်တန်းဒေသနှင့် တောင်ပိုင်းတွင် လွင်ပြင်ခေါ် မရစ်ဆမြစ်ဝှမ်းဒေသ၊ တောင်ပိုင်းတွင် ရော့ဒိုပဲ တောင်တန်းဒေသတို့ ဖြစ်ကြသည်။ ဗော်လကန်တောင်တန်းနှင့် ရော့ဒိုပဲတောင်တန်းတို့သည် အရှေ့မှ အနောက်သို့တန်းနေကြသည်။ ဘော်လကန်တောင်တန်း၏ အမြင့်ဆုံးတောင်ထွတ်သည် အနောက်နှင့် အနောက်မြောက်ဘက်တွင် တည်ရှိ၍ ပေ ၁၀၀၀ ကျော်မြင့်သည်။ ရော့ဒိုပဲ တောင်တန်း၏ အမြင့်ဆုံးတောင်ထွတ် မူဆာလာသည် ၉၅၉၅ ပေမြင့်သည်။ ပေ ၄၅၀၀ အထက်တောင်ကုန်းဒေသတွင် ထင်းရှူးနှင့် ဝက်သစ်ချပင်များ ပေါက်သော သစ်တောများရှိသည်။ ဘူဂေးရီးယားနိုင်ငံ၏ ထင်းရှားသော မြစ်ကြီးများမှာ ဒန်းညုမြစ်၊ မရစ်ဆမြစ်၊ တွန်ဒစာမြစ်၊ ယန်တြာမြစ်၊ အစ္စတာမြစ်၊ ကမ္မချိယမြစ်နှင့် အော့စမာမြစ်တို့ ဖြစ်ကြသည်။ များစွာသော မြစ်ငယ်များ၊ ချောက်ငယ်များတို့ကား ဒန်းညုမြစ်နှင့် မရဆစ်မြစ်တို့ထဲ့သို့ စီးဝင်ကြသည်။ ဘူလ်ဂေးရီးယားနိုင်ငံတွင် တောင်ကြားရေအိုင်ကလေးများမှ အပ ထင်ရှားသော ရေအိုင်ကြီးများ မရှိချေ။

ရေးစကို-ပရစ်ကလို ရေတံခွန်

ရာသီဥတု[ပြင်ဆင်ရန်]

ဘူလ်ဂေးရီးယားနိုင်ငံတောင်ပိုင်တွင် အပူအအေး မျှတသော မိုးအသင့်အတင့် ရွာသည်။ ဘောလ်ကန်တောင်တန်း၏ မြောက်ပိုင်းသည် နွေရာသီတွင် ပူ၍ ဆောင်းရာသီတွင် အလွန်အေးသည်။ တောင်ပိုင်းအစွန်းဆုံးဒေသများမူကား အီတလီနိုင်ငံ ရာသီဥတုနှင့် ခပ်ဆင်ဆင်တူသည်။

ဘူလ်ဂေးရီးယားနိုင်ငံသည် မြေဩဇာကောင်းသဖြင့် စိုက်ပျိုးရေး ဖြစ်ထွန်းသည်။ ထင်ရှားသော လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များမှာ ဂျုံ၊ ရိုင်းဂျုံ၊ မုယော စသည့် ကောက်ပဲသီးနှံများ၊ ဆေးရွက်၊ သစ်သီးများနှင့် ဝါဂွမ်းတို့ဖြစ်သည်။ ကျောက်မီးသွေား၊ ခဲ၊ သွပ်၊ အလျူမီနီယမ်နှင့် ကြေးနီစသော သတ္ထုတွင်းများလည်း ထွက်သည်။ ဘော်လကန်တောင်တန်းဒေသများနှင့် အနောက်တောင်ဘက်ရှိ တောင်တန်းများတွင် ရေပူစမ်းနှင့် ဆေးစမ်းများရှိသည်။ ၁၉၅၆ ခုနှစ် သန်းကောင်စာရင်းအရ ဘူလ်ဂေးရီးယားနိုင်ငံ၏ လူဦးရေသည် ၇, ၆၂၉, ၂၅၄ ယောက်ရှိသည်။ ယင်းတို့အနက် ၉၁ ရာခိုင်နှုန်းသည် ဘူလ်ဂေးရီးယန်း လူမျိုးများဖြစ်၍ ၆ ရာခိုင်နှုန်းခန့်သည် တူရကီလူမျိုးများ ဖြစ်ပြီးလျှင် ကျန် ၂ ရာခိုင်နှုန်းသည် ဂျစ်ပဆီနှင့် အခြားလူမျိုးများ ဖြစ်ကြသည်။ ဘူဂေးရီးယန်း လူမျိုးဟူသည်မှာ ဗူလဂါး လူမျိုးနှင့် ဆလဗ လူမျိုးတို့ သွေးနှော၍ ပေါက်ဖွားလာသော လူမျိုးဖြစ်သည်။

ဆိုဖီယာမြို့လယ် တစ်နေရာ
ဘူဂေးရီယန်း စစ်သားများ ဒုတိယ ကမ္ဘာစစ်ပြီးချိန် ဆိုဖီယာမြို့၌ အခမ်းအနားကျင်းပစဉ်

ကိုးကွယ်ယုံကြည်မှု[ပြင်ဆင်ရန်]

နိုင်ငံအတွင်း လူအများစု သက်ဝင် ယုံကြည်သော အယူဝါဒမှာ ဂရိ အောသိုဒေါ့ဂိုဏ်းဖြစ်သည်။ များသောအားဖြင့် ဘူလ်ဂေးရီးယန်းနှင့် တူရကီဘာသာစကားကို ပြောဆိုကြသည်။ ဘူလ်ဂေးရီးယန်း လူမျိုးတို့သည် အရပ်ပုသော်လည်း ကျန်းမာ သန်စွမ်းသူများဖြစ်ကြသည်။ အသက်ရှည်သော လူမျိုးဟူ၍လည်း ကျော်ကြားသည်။ ဘူဂေးရီးယားနိုင်ငံတွင် မြို့နေလူထုထက် ရွာနေလူထုက ပိုသည်။ များစွာသော ကျေးရွာတို့၌ အိမ်းတိုင်းလိုလို၌ပင် လက်ရက်ကန်းစင်များ ရှိကြသည်။ ဘူဂေးရီးယန်း အမျိုးသမီးများ ရက်လုပ်သော အထည်များသည် အလွန်လှပသဖြင့် ကျော်ကြားသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ဘူလ်ဂေးရီးယားနိုင်ငံသည် လယ်ယာလုပ်ကိုင်သော နိုင်ငံဖြစ်သည့်အလျောက် အဓိက ထွက်ကုန်များမှာ ဆေးရွက်၊ သစ်သီး၊ ဂျုံ၊ ပြောင်း၊ သားရေ၊ ပိုးခြည်နှင့် ရေမွှေးလုပ်သော နှင်းဆီပန်းအဆီတို့ဖြစ်သည်။ ဘူလ်ဂေးရီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် နှင်းဆီပန်းအဆီအများဆုံးထွက်သော နိုင်ငံဖြစ်သည်။ တကမ္ဘာလုံးထွက် နှင်းဆီပန်းအဆီ၏ ၇၅%သည် ဘူဂေးရီးယားနိုင်ငံမှ ထွက်သည်။ မရစ်ဆမြစ်ဝှမ်းဒေသတွင် ဧကပေါင်း ထောင်ကျော်လောက်၌ နှင်းဆီပန်းများ စိုက်ပျိုးကြသည်။ ဘူလ်ဂေးရီးယားနိုင်ငံ ထွက်ကုန် တဝက်ကျော်ကို ဂျာမနီနိုင်ငံက ဝယ်၍ ဘူလ်ဂေးရီးယားနိုင်ငံ သွင်းကုန်တဝက်ကျော်သည် ဂျာမနီနိုင်ငံထွက်ကုန်များ ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဘူလ်ဂေးရီးယားနိုင်ငံသည် တခါက ရောမအင်ပိုင်ယာ၏ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့သည်။ ရောမအင်ပါယာကြီး ပြိုကွဲသောအခါ ဆလဗလူမျိုးများက သိမ်းပိုက်နေထိုင်ကြသည်။ ခရစ်နှစ် ၆၀၀ ကျော်တွင် ဆလဗတို့လက်မှ ဗူလဂါးလူမျိုးများက တဖန် ဘော်လဂါးမြစ်အောက်ပိုင်းဒေသများမှ လာရောက်ကာ သိမ်းယူနေထိုင်ကြသည်။

ဝန်ကြီးချုပ် ဂျော့ဂျီပါဗိုနော့

၈၉၄ ခုနှစ်မှ ၁၂၈၀ပြည့်နှစ်အတွင်း ဘူလ်ဂေးရီးယန်းလူမျိုးတို့သည် ဘော်လကန်ကျွန်းဆွယ် ဒေသများစွာကို ၂ ကြိမ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့သည်။ ၁၃၆၉ ခုနှစ်တွင် အော်တိုမန်တူရကီနိုင်ငံက ဘူလ်ဂေးရီးယားနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ကာ ဘူလ်ဂေးရီးယား အင်ပါယာကြီးကို ဖြိုခွင်းပြီးနောက် နှစ်ပေါင်း ၅၀၀ ကျော် အုပ်ချုပ်ခဲ့သည်။ ၁၈၇၆ ခုနှစ်တွင် ဘူလ်ဂေးရီးယားနိုင်ငံသူ၊ နိုင်ငံသားတို့သည် ‌ေ‌ေ‌ေ‌ေရကီအစိုးရအား တော်လှန်ကြရာ တူရကီတို့က ရက်စက်ကြမ်းကြုတ်စွာ ဖိနိုပ်ချေမှုန်းကြသည်။ ဘော်လကန် ကျွန်းဆွယ်တွင် လက်ဝါးကြီးအုပ်ချင်နေသော ရုရှတို့က တူရကီတို့၏ ရက်စက်မှုကြီးကို အခွင့်ကောင်းယူ၍ ဘူဂေးရီးယန်းတို့ဖက်မှ ဝင်ရောက် တိုက်ခိုက်ပေးသဖြင့် အနိုင်ရကာ ဆန်စတက်ဖန်နို စာချုပ်ချုပ်ဆိုကြသည်။ ယင်းစာချုပ်အရ မက်ဆိုဒိုးနီးယားနှင့် တူရကီပိုင် ဥရောပနယ်မြေအားလုံးလိုလိုအပြင်၊ ယခုလက်ရှိ ဘူလ်ဂေးရီးယားနိုင်ငံတို့ကို ပေါင်း၍ ဘူလ်ဂေးရီးယားနိုင်ငံဟူ၍ တည်ထောင်ခဲ့သည်။ သို့ရာတွင် ဥရောပ တန်ခိုးကြီးနိုင်ငံများက ယင်းအစီအစဉ်ကို သဘောမကျသဖြင့် ၁၈၇၈ ခုနှစ်တွင် ဘာလင်မြို့၌ ကျင်းပသော ညီလာခံကြီးတွင် ဘူလ်ဂေးရီးယားနိုင်ငံ မြောက်ပိုင်းအား တူရကီအစိုးရ၏ အထိန်းအသိမ်းခံ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းပြည်အဖြစ် သတ်မှတ်ပေး၍ ဘူလ်ဂေ:ရီးယား တောင်ပိုင်းနှင့် မက်ဆိုဒိုးနီးယားတို့ကို တူရကီနိုင်ငံသို့ ပြန်ပေးလိုက်သည်။ ၁၉၀၈ ခုနှစ်တွင် ဘူဂေးရီးနိုင်ငံသည် တူရကီနိုင်ငံအောက်မှ ရုန်းထွက်ကာ လုံးဝ လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာသည်။ ၁၈၈၇ ခုနှစ်မှစ၍ ဘူဂေးရီးယားကို အပိုင်စားရသော မင်းသား ဖာဒီနန်သည် ဇာဘုရင်ဘွဲ့ကို ခံယူလိုက်သည်။

၁၉၂၁ ခုနှစ်တွင် မက်ဆီဒိုးနီးယားနယ်၌ တူရကီတို့က ရက်စက်စွာ သတ်ဖြတ်ဖိနှိပ်မှုကြောင့် ဘူလ်ဂေးရီးယားနိုင်ငံနှင့် တကွ အခြား ဘော်လကန်နိုင်ငံတို့သည် တူရကီနိုင်ငံအား စစ်ကြေညာသည်။ ယင်းစစ်ပွဲတွင် တူရကီတို့ ရှုံး၍ နယ်ပယ်ပေါင်းများစွာ လက်လွှတ်ခဲ့ရလေရာ ဘူလ်ဂေးရီးယားနိုင်ငံက နယ်ပယ်အများဆုံး ရရှိလိုက်သည်။ သို့ရာတွင် ဘော်လကန် နိုင်ငံအချင်းချင်း အဝေမတည့်သဖြင့် ဘူလ်ဂေးရီးယားနိုင်ငံသည် သူ၏ မဟာမိတ်နိုင်ငံများနှင့် စစ်ဖြစ်ရပြန်သည်။ ဤအကြိမ်တွင် ဘူလ်ဂေးရီးယားနိုင်ငံက စစ်ရှုံးခဲ့ရာ ဒိုးဗရူး နယ်ကို ရုမေနီးယားနိုင်ငံသို့ ပေးအပ်လိုက်ရသည်။ မက်ဆီဒိုးနီးယားနယ်ကိုလည်း ဂရိနှင့် ဆာဗီးယားတို့က ခွဲဝေယူကြသည်။ ပထမ ကမ္ဘာစစ်ဖြစ်သောအခါ ဘူလ်ဂေးရီးယားနိုင်ငံသည် ယခင်က နယ်ပယ်များ ဆုံးရှုံးခဲ့ရသည်ကို အခဲမကြေဖြစ်ကာ၊ ဘောလကန်နိုင်ငံများနှင့် မပူးပေါင်းဘဲ ဂျာမနီနိုင်ငံနှင့် ပူးပေါင်းလိုက်သည်။

ဘူလ်ဂေးရီးယားနိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် လျှပ်စစ် ၁၆ ရာခိုင်နှုန်းကို လေအားမှ ထုတ်ယူရန် စီစဉ်လျက် ရှိ

သို့ရာတွင် ဂျာမနီတို့ စစ်ရှုံးပြန်သဖြင့် ဘူလ်ဂေးရီးယားနိုင်ငံလည်း အဖိနှိပ် ခံရပြန်သည်။ စစ်လျော်ကြေးများ ပေးရရုံသာမက ဘူဂေးရီးယားနိုင်ငံပိုင် နယ်မြေ အများအပြားကိုလည်း လက်လွှတ်လိုက်ရသည်။

ပထမကမ္ဘာစစ် ပြီးသည်မှစ၍ ဘူလ်ဂေးရီးယားနိုင်ငံတွင် နိုင်ငံရေး လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။ မက်ဆီဒိုးနီးယားနှင့် ဒိုးဗရူးနယ်များကို ပြန်ရရန် လုံးပမ်းကြပြန်သည်။ ၁၉၁၄ ခုနှစ်တွင် အာဏာရှင်စနစ် ထွန်းကားလာပြန်သည်။ ၁၉၃၅ ခုနှစ် ဧပြီလတွင် တတိယ ဗောရစ်ဘုရင်သည် အစိုးရကို ကိုယ်တိုင်ဦးစီး၍ အာဏာရှင်အဖြစ် အုပ်ချုပ်သည်။

၁၉၄၀ ပြည့်နှစ် စက်တင်ဘာလတွင် ဟစ်တလာ၏ အဓမ္မတောင်းဆိုချက်ကြောင့် ရူမေးနီးယန်းတို့က ဘူလ်ဂေးရီးယန်းတို့အား ဒိုးဗရူးဂျ တောင်ပိုင်းကို ပေးအပ်လိုက်ရသည်။ ၁၉၄၁ ခုနှစ်တွင် ဂျာမနီက ယူဂိုဆလားဗီးယားနိုင်ငံအား စစ်ကြေညာသောအခါ၊ ဘူလ်ဂေ:ရီးယားနိုင်ငံသည် ဂျာမနီနိုင်ငံဖက်မှ ဝင်ရောက်တိုက်ခိုက်သည်။ ဂျာမန်တို့ စစ်နိုင်လာသည့်အခါ ဘူလ်ဂေ:ရီးယားနိုင်ငံသည် မက်ဆီဒိုးနီးယားနှင့် အရှေ့နယ်များကို ဆုအဖြစ် ရရှိသည်။ ၁၉၄၃ ခုနှစ်တွင် ဘောရစ်ဘုရင် နတ်ရွာစံ၍ သားတော် ဆီမီယွန် နန်းတက်သည်။ ၁၉၄၄ ခုနှစ် စက်တင်ဘာလတွင် ရုရှတို့က ဘူလ်ဂေ:ရီးယားနိုင်ငံအား စစ်ကြေညာခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ပြီးသောအခါ ဘူလ်ဂေးရီးယားနိုင်ငံကို ရုရှတို့က ချုပ်ကိုင်ထားရာမှ နောင်အခါ ဘူလ်ဂေးရီးယားနိုင်ငံသည် ကွန်မြူနစ်နိုင်ငံဖြစ်လာသည်။ ၁၉၄၆ ခုနှစ်တွင် ဆီမီယွန်ဘုရင်ကို နန်းချ၍၊ ဘူလ်ဂေးရီးယား ပြည်သူ့သမ္မတနိုင်ငံ အဖြစ် ထူထောင်လိုက်သည်။

ဘူဂေးရီးယန်း လေထီးစစ်သားများ စစ်ရေးလေ့ကျင့်နေစဉ်

ထင်ရှားသော နေရာများ[ပြင်ဆင်ရန်]

ဘူလ်ဂေးရီးယားနိုင်ငံ၏ မြို့တော်သည် ဆိုဖီယာမြို့ ဖြစ်သည်။ အခြားထင်ရှားသော မြို့ကြီးများမှာ ပလော့ဒစ်၊ ဗာနာ၊ ရုစ၊ ဗားဂတ် စသည့်မြို့များ ဖြစ်သည်။ ဗားဂတ်နှင့် ဗာနာမြို့ကြီး ၂ မြို့သည် ပင်လယ်နက်ပေါ်ရှိ ထင်ရှားသော သင်္ဘောဆိပ်မြို့ကြီးများ ဖြစ်သည်။

Notes[ပြင်ဆင်ရန်]

  1. The official number of Romani citizens may be lower than the actual number.

ကိုးကား[ပြင်ဆင်ရန်]

  1. Constitution of the Republic of Bulgaria။ 19 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 August 2020 တွင် ပြန်စစ်ပြီး။
  2. Население по местоживеене, възраст и вероизповедание။ 3 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-03-27 တွင် ပြန်စစ်ပြီး။
  3. Penin၊ Rumen (2007)။ Природна география на България [Natural Geography of Bulgaria] (ဘူလ်ဂေးရီးယားဘာသာစကားဖြင့်)။ Bulvest 2000။ p. 18။ ISBN 978-954-18-0546-6
  4. Field listing: AreaCentral Intelligence Agency။ 31 January 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 October 2021 တွင် ပြန်စစ်ပြီး။
  5. Population and Demographic Processes in 2019 | National statistical institute။ 18 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 October 2021 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ World Economic Outlook Database, April 2021အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့။ 6 April 2021 တွင် ပြန်စစ်ပြီး။
  7. Gini coefficient of equivalised disposable income – EU-SILC survey။ Eurostat။ 9 August 2021 တွင် ပြန်စစ်ပြီး။
  8. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-516 December 2020 တွင် ပြန်စစ်ပြီး

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

အစိုးရ
အထွေထွေ
ခရီးသွား
အနုပညာ