ယူဂန်းဒါးနိုင်ငံ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ကိုဩဒိနိတ်: 1°N 32°E / 1°N 32°E / 1; 32

Republic of Uganda
Jamhuri ya Uganda
Flag of Uganda Coat of arms of Uganda
ဆောင်ပုဒ်: "For God and My Country"
သီချင်း"Oh Uganda, Land of Beauty"

Uganda
တည်နေရာ
Location of  ယူဂန်းဒါးနိုင်ငံ  (dark blue)

– in Africa  (light blue & dark grey)
– in the African Union  (light blue)

မြို့တော်
(and largest city)
Kampala
ရုံးသုံး ဘာသာစကားs Swahili, English
Vernacular
languages
တိုင်းရင်းသားများ (2002)
Demonym Ugandan[၂]
အစိုးရ Dominant-party semi-presidential republic[၂]
 -  President Yoweri Museveni
 -  Prime Minister Ruhakana Rugunda
Legislature Parliament
Independence
 -  from the United Kingdom 9 October 1962 
 -  Current constitution 8 October 1995 
ဧရိယာ
 -  Total ၂၄၁,၀၃၈ km2 (81st)
၉၃,၀၆၅ sq mi 
 -  Water (%) 15.39
Population
 -   estimate 37,873,253[၂] (35th)
 -  2013 census 36,824,000 
 -  သိပ်သည်းဆ 137.1/km2 (80th)
၃၅၅.၂/sq mi
GDP (PPP) 2016 estimate
 -  Total $85.104 billion[၃] 
 -  Per capita $2,071[၃] 
GDP (nominal) 2016 estimate
 -  Total $26.631 billion[၃] 
 -  Per capita $648[၃] 
Gini (2009) 44.11 
HDI (2013) 0.484 (164th)
ငွေကြေး Ugandan shilling (UGX)
အချိန်ဇုန် EAT
Drives on the left
Internet TLD .ug
Calling code +256a

အာဖရိကတိုက် အရှေ့ပိုင်းတွင် တည်ရှိ၍ ဗြိတိသျှ ဓနသဟာယအဖွဲ့ဝင် သမ္မတနိုင်ငံလည်း ဖြစ်သည်။ ကုန်းတွင်းပိုင်းကျသော နိုင်ငံလည်း ဖြစ်၏။ အရှေ့ဘက်၌ ကင်းနယားနိုင်ငံရှိ၍ အနောက်ဘက်၌ ကွန်ဂိုနိုင်ငံ ရှိသည်။ ကာဗာကာခေါ် တိုင်းရင်းသား စော်ဘွားက အုပ်ချုပ်သည်။ ယူဂန်းဒါးနိုင်ငံသည် အပူပိုူင်းဒေသ၌ ကျရောက်၍ ဝိတိုရိယအိုင်အဲလဗတ်အိုင်အက်ဒွပ်အိုင် စသော အိုင်ကြီးများရှိသည်။ အကျယ်အဝန်းအားဖြင့် ၉၃၉၈၁ စတုရန်းမိုင်ရှိသည့် အနက် စတုရန်းမိုင် ၁၃၆၈ဝ သည် ရေပြင်ဖြစ်၏။ ဖော်ပြပါအိုင်များအနက် နိုင်းမြစ် မြစ်ဖျားခံရာဖြစ်သော ဝိတိုရိယအိုင်မှာ အကြီးဆုံး ဖြစ်သည်။

ယူဂန်းဒါးနိုင်ငံ၏ မြို့တော်ဖြစ်သော ကမ်ပါလာမြို့သည် ယူဂန်းဒါးနိုင်ငံတွင် ကူးသန်းရောင်းဝယ်ရေးအတွက် အချက် အခြာမြို့ ဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း ဆက်သွယ်ရေး ကောင်းမွန်သည်။ ကင်းနယားနိုင်ငံနှင့် မီးရထားလမ်း အဆက်အသွယ်ရှိသည်။ ယူဂန်းဒါးနိုင်ငံမှထွက်ကုန်များမှာ ကာဖီလက်ဖက်ခြောက်ဆေးမြေပဲကော်ဖတ်သားရေနှင့် ဆင်စွယ်တို့ဖြစ်သည်။

၁၉၅၉ ခုနှစ် ခန့်မှန်းခြေအရ ယူဂန်းဒါးနိုင်ငံတွင် လူဦးရေ ၆၅၂၃၆၂၈ ယောက်ရှိ၍၊ ဥရောပတိုက်သားဦးရေ ၁ဝ၈၆၆ နှင့် အာရှတိုက်သား ဦးရေ ၇၁၉၃၃ တို့ ပါဝင်လေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှအစိုးရသည် ဗြိတိသျှ နန်းရင်းဝန် မစ္စတာ ချာချီနှင့် မြန်မာနိုင်ငံကိစ္စ လာရောက် ဆွေးနွေးခဲ့သော မြန်မာနိုင်ငံ နန်းးရင်းဝန် ဦးစောကို ဗြိတိန်နိုင်ငံမှအပြန်တွင် ဂျပန်နှင့် အဆက်အသွယ်ရှိသည်ဆိုကာ ဖမ်းဆီးပြီးနောက် ယူဂန်းဒါးတွင် အကျယ်ချုပ် ချထားခဲ့ဘူးလေသည်။

ယူဂန်းဒါးနိုင်ငံသည် ယခင် ဗြိတိသျှ အစောင့်ရှောက်ခံနယ် ဖြစ်ခဲ့၍ ၁၉၆၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ စတင် ကာ ဗြိတိသျှ ဓနသယာအဖွဲ့ဝင် လွတ်လပ်သောနိုင်ငံ ဖြစ်လာခဲ့လေသည်။[၄]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://www.ubos.org/onlinefiles/uploads/ubos/pdf%20documents/2002%20Census%20Final%20Reportdoc.pdf
  2. ၂.၀ ၂.၁ ၂.၂ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named cia
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ Uganda။ International Monetary Fund။ 18 April 2013 တွင် ပြန်စစ်ပြီး။
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)