ခရိုအေးရှားနိုင်ငံ
| ခရိုအေးရှား သမ္မတနိုင်ငံ | |||||
| Republika Hrvatska Republic of Croatia |
|||||
|
|||||
| ပထဝီ |
|||||
| မြို့တော် | ဇာဂရက်မြို့ | ||||
| အကြီးဆုံးမြို့ | ဇာဂရက်မြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၁ နွေရာသီ - +၂ |
||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | ခရိုအေးရှားဘာသာ | ||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | ပါလီမန် သမ္မတနိုင်ငံ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | US$၇၈.၀၉၀ ဘီလီယံ (အဆင့် - ) | ||||
| GDP(PPP) | US$၁၇,၆၈၃ (အဆင့် - ) | ||||
| HDI | ၀.၇၆၇ [၁] (အဆင့် - ၅၁) | ||||
| ငွေ | ကူနာ | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .hr | ||||
| Calling code | +၃၈၅ | ||||
ခရိုအေးရှားနိုင်ငံ (တရားဝင်အခေါ်အားဖြင့် ခရိုအေးရှား သမ္မတနိုင်ငံ) သည် ဥရောပ အလယ်ပိုင်း နှင့် အရှေ့တောင်ပိုင်း တွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ပင်နိုနီယန်လွင်ပြင် (Pannonian Plain)၊ ဘော်လ်ကန်ဒေသ နှင့် အေဒရီယက်တစ်ပင်လယ် တို့သို့ ဖြတ်လမ်းတွင် တည်ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဇာဂရက်မြို့ ဖြစ်သည်။ မြောက်ဘက်တွင် ဆလိုဗေးနီးယားနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် ဟန်ဂေရီနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ၊ အရှေ့ဘက်တွင် ဆားဘီးယားနိုင်ငံ၊ အရှေ့တောင်ဘက်တွင် မွန်တီနီဂရိုးနိုင်ငံ တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျှက် ရှိသည်။
ခရုတ် (Croats) လူမျိုးများသည် ယခုဒေသတွင်းသို့ (၇)ရာစုနှစ်ကပင် စတင်အခြေချနေထိုင်ခဲ့ကြသည်။ နယ်စားအုပ်ချုပ်သောတိုင်းပြည် (dukedom) ၂ခု အဖြစ်စတင်ခဲ့သည်။ အေဒီ ၉၂၅တွင် ပထမဆုံးဘုရင် တိုမီဆလပ်ဗ် နန်းတက်ခဲ့သည်။ ထို့နောက် ဘုရင့်နိုင်ငံဖြစ်လာခဲ့သည်။ ခရိုအေးရှားဘုရင့်နိုင်ငံ၏ ဩဇာအာဏာသည် ၁၁၀၂ခုနှစ် Peter Krešimir IV လက်ထက်တွင် အထွတ်အထိပ်ရောက်ခဲ့သည်။ ၁၅၂၇တွင် ခရိုအေးရှားပါလီမန်မှ ဖာဒီနန် (Ferdinand) အား မင်းအဖြစ် တင်မြှောက်ခဲ့သည်။ ၁၉၁၈တွင် ခရိုအေးရှားသည် ဩစတြီးယား-ဟန်ဂေရီအင်ပါယာ လက်အောက်မှ လွတ်လပ်ရေးကြေညာခဲ့သည်။ ယူဂိုဆလားဗီးယားဘုရင့်နိုင်ငံ (Kingdom of Yugoslavia) ကို ပူးတွဲတည်ထောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ဖက်ဒရယ်ပြည်ထောင်စုဆိုရှယ်လစ်သမ္မတယူဂိုဆလားဗီးယားနိုင်ငံ (Socialist Federal Republic of Yugoslavia|Second Yugoslavia) ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။ ၁၉၉၁တွင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်ကြေညာခဲ့သည်။
ခရိုအေးရှားသည် ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပကောင်စီ၊ နေတိုး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ နှင့် CEFTA တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ဥရောပသမဂ္ဂသို့ ဝင်ရောက်ခွင့်အတွက် လျှောက်ထားဆဲ ဖြစ်သည်။ မြေထဲပင်လယ်သမဂ္ဂ (Union for the Mediterranean) ၏ စတင်တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) မှ စီးပွားရေးတိုးတက်မှုမြင့်မားသောနိုင်ငံအဖြစ်လည်းကောင်း၊ ကမ္ဘာ့ဘဏ်မှ ဝင်ငွေမြင့်မားသောနိုင်ငံအဖြစ်လည်းကောင်း သတ်မှတ်ထားသည်။
သမိုင်းကြောင်း[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Human Development Report 2010။ United Nations (2010)။ 5 November 2010 တွင် ပြန်စစ်ပြီး။