မာတိကာသို့ ခုန်သွားရန်

ဂျမေကာနိုင်ငံ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 18°10′48″N 77°24′00″W / 18.18000°N 77.40000°W / 18.18000; -77.40000

ဂျမေကာနိုင်ငံ
Jumieka (Jamaican Patois)
ဂျမေကာနိုင်ငံ၏ အလံတော်
အလံတော်
ဂျမေကာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: "Out of Many, One People"
နိုင်ငံတော် သီချင်း: "en:Jamaica, Land We Love"
တော်ဝင်သီချင်း: "en:God Save the King"
ဂျမေကာနိုင်ငံ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
ကင်းစတန်မြို့
17°58′17″N 76°47′35″W / 17.97139°N 76.79306°W / 17.97139; -76.79306
ရုံးသုံး ဘာသာစကားများအင်္ဂလိပ်
နိုင်ငံတော်အသိအမှတ်ပြုဘာသာJamaican Patois (ဒီ ဖက်တို)
လူမျိုးစု (2011[])
ကိုးကွယ်မှု
လူမျိုးJamaican
အမျိုးအစားပါလီမန် ဒီမိုကရေစီ နှင့်
စည်းမျဉ်းခံဘုရင်စနစ်
အစိုးရပြည်ထောင်စု ပါလီမန် ဒီမိုကရေစီ စနစ် စည်မျဉ်းခံဘုရင်စနစ်
ချားလ်စ် ဝေလမင်းသား
Patrick Allen
Andrew Holness
Marisa Dalrymple-Philibert
[Tom Tavares-Finson
Bryan Sykes
Mark Golding
တည်ထောင်
 လွတ်လပ်ရေး (ယူကေမှ)
၆ ဩဂုတ်၁၉၆၂
ဧရိယာ
 စုစုပေါင်း
၁၀,၉၉၁ km2² (၄,၂၄၄ sq mi) (အဆင့်: ၁၆၆)
 ရေထု (%)
၁.၅
လူဦးရေ
 ခန့်မှန်း
၂,၈၄၇,၂၃၂ (၂၀၁၀) (အဆင့် - ၁၃၃)
 သိပ်သည်းမှု
၂၅၂/km²(၆၅၆/sq mi) (အဆင့် - ၄၉)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
၂၃.၇၁၆ ဘီလီယံ []
 Per capita
S$၈,၇၂၇
HDIIncrease 0.688[]
အလယ် · ၈၈
ငွေကြေးဂျမေကန် ဒေါ်လာ
တယ်လီဖုန်းကုဒ်+၁-၈၇၆
Internet TLD.jm

ဂျမေကာနိုင်ငံသည် ကာရစ်ဘီယံ ပင်လယ်အတွင်းရှိ ဂရိတ်တားအန်တီလီးစ်ကျွန်းစု (Greater Antilles) တွင် ပါဝင်သော ကျွန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ၂၃၄ ကီလိုမီတာ ရှည်လျားပြီး အကျယ်ဆုံးနေရာတွင် ၈၀ ကီလိုမီတာ (၅၀ မိုင်) မျှ ကျယ်ဝန်းသည်။ ကျူးဘားနိုင်ငံ၏ တောင်ဘက် ၁၄၅ ကီလိုမီတာ (၉၀ မိုင်) ခန့် အကွာတွင် တည်ရှိပြီး ဟေတီနိုင်ငံ နှင့် ဒိုမီနီကန်သမ္မတနိုင်ငံတို့ တည်ရှိရာ ဟစ်စပန်နီအိုလာကျွန်း၏ အနောက်ဘက် ၁၉၁ ကီလိုမီတာ (၁၁၉မိုင်) အကွာတွင် တည်ရှိသည်။

ဂျမေးကားဟူသော အမည်မှာ ရေတံခွန်ရှိသောကျွန်းဟု အဓိပ္ပာယ်ရလေရာ ထိုကျွန်း၌ စိမ့်စမ်း ရေတံခွန်တို့သည် အပျော်ခရီးထွက်သူတို့၏ စိတ်နှလုံးကို ချမ်းမြေ့အောင် ဖန်တီး ပေသည်။ ထိုမှတစ်ပါးလည်း သစ်ခွပန်း၊ ဂမုန်းပန်း၊ ပေါ်ပီပန်း စသော ရောင်စုံပန်းအမျိုးမျိုးတို့ကြောင့် ၁၄၉၄ ခုနှစ်တွင် ဂျမေးကားကျွန်းသို့ အနောက် နိုင်ငံသားထဲမှ ရှေးဦးစွာ ရောက် ခဲ့သော ကိုလံဘတ်ကနတ်ဥယျာဉ်နှင့်တူသော ကျွန်းဟု အမှတ် တရ ပြောခဲ့ဖူးသည်။

ဂျမေးကားကျွန်းသည် ဗြိတိသျှပိုင် အနောက်အိန္ဒိယကျွန်းစု တွင် အကြီးဆုံးနှင့် အထင်ရှားဆုံးကျွန်းဖြစ်၍ အလျား ၁၄၄ မိုင်၊ အနံမိုင် ၄ဝ ခန့် ရှိသည်။ ကျူဘားကျွန်း၏ တောင်ဘက် မိုင် ၉ဝ ခန့်အကွာတွင် တည်ရှိသည်။

ရှေးအခါကမူ ဤကျွန်းမှာ ရက်စက်ကြမ်းကြုတ်သော ပင်လယ်ဓားပြများ၏ စခန်းချရာဌာန ဖြစ်ခဲ့ဖူး၏။ ကိုလံဘတ် တွေ့ရှိပြီးနောက် ၁၅ နှစ်ခန့်အကြာတွင် စပိန်လူမျိုးတို့ သွား ရောက်ခဲ့ဖူးသည်။ ၁၆၆၅ ခုနှစ်တွင် အင်္ဂလိပ်ပိုင် ကိုလိုနီ တစ်ခု အဖြစ်ဖြင့် ဗြိတိသျှတို့က သိမ်းယူလေသည်။ လူဦးရေ ၁၂ဝဝဝဝဝ ကျော်ရှိသည့်အနက် ၁ဝဝ လျှင် ၂ ယောက်သာ မျက်နှာဖြူတို့ ဖြစ်၍ ၇၇ ယောက်တို့မှာ ကပ္ပလီလူမျိုးများ၊ ၂ဝ ယောက်မှာ ကပြားများနှင့် ကျန်လူတို့မှာ ကူလီများ အိန္ဒိယလူမျိုးနှင့် တရုတ်များ ဖြစ်ကြသည်။ အုပ်ချုပ်ရေးတွင် ဂျမေးကားကျွန်းနှင့်အတူ တွဲဖက်ထားသော ကျွန်းငယ်များမှာ တာ့ကျွန်း၊ ကေးကပ်ကျွန်းနှင့် ကေးမန်ကျွန်းစုများ ဖြစ်ကြ၏။

၁၉၃၈ ခုနှစ်တွင် သကြားဈေးကျဆင်းသဖြင့် အလုပ်သမား များသည် မိမိတို့ဝမ်းရေးအတွက် မကျေမနပ်ဖြစ်ကာ ဆူပူမှု များ ဖြစ်ပွားခဲ့ရာ ထိုနှစ် ဇူလိုင်လ၌ စုံစမ်းရေးအဖွဲ့တစ်ခုကို စေလွှတ်၍ စုံစမ်းစေခဲ့၏။ သို့ဖြင့် ၁၉၄၄ ခုနှစ်တွင် အုပ်ချုပ် ရေး ဥပဒေအရ ဘုရင်ခံက ဥပဒေပြုကောင်စီ ဖွဲ့စည်းကာ အုပ်ချုပ်လေသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄ဝ ပြည့် နှစ်တွင် ဗြိတိသျှအစိုးရသည် ရေတပ်စခန်းပြုလုပ်ရန် နေရာ တစ်ခုကို အမေရိကန်သို့ ငှားရမ်းလိုက်ရ၏။

မြစ်များ အတော်များများ ရှိသော်လည်း ဘလက်မြစ်တစ်ခု သာ သွားလာဆန်တက်နိုင်၏။ ဘလူးမောင်းတိန်းခေါ် တောင်တန်းများမှာ ပေ ၇ဝဝဝ ကျော်မြင့်၍ တောင်စောင်းများတွင် မဟော်ဂနီ၊ ထင်ရှူးပင်တို့ဖြင့် ဖုံးအုပ်လျက် ရှိ၏။ သင်္ဘော ဆိပ်ကောင်းများနှင့် ကားလမ်းများ ရှိ၏။ ထွက်ကုန်များမှာ သကြား၊ ငှက်ပျော၊ ကော်ဖီ၊ ချင်း(ဂျင်း)နှင့် အခြားသီးနှံများ ဖြစ်လေသည်။ 'ဂျမေးကားရမ်'ခေါ် ရမ်အရက်မှာ ထင်ရှား သော ထွက်ကုန်တစ်ခု ဖြစ်သည်။

သားရဲတိရစ္ဆာန်များနှင့် အဆိပ်ရှိသော မြွေများ မရှိချေ။ ကျွန်းတွင် မကြာခဏမြေငလျင်လှုပ်၍ လေဆင်နှာမောင်းများ တိုက်ခတ်ကျရောက်တတ်၏။ ၁၉ဝ၇ ခုနှစ်က မြေငလျင် ပြင်းထန်စွာ လှုပ်ခဲ့ဖူးရာ ကျွန်း၏မြို့တော်ဖြစ်သော ကင်းစတောင်းမြို့တွင် လူပေါင်းများစွာ သေကြေခဲ့၏။ ၁၉၁၂ ခုနှစ် တွင် တိုက်ခတ်သော လေနီကြမ်းကလည်း ကျွန်းအနောက် ဘက်ကမ်းရှိ သင်္ဘောဆိပ်တစ်ခုကို အတော်ပင် ပျက်စီးစေခဲ့၏။ []

ဂျမေးကား ကျွန်းသည် ဗြိတိသျှပိုင်အနောက်အိန္ဒိယ ကျွန်းစုတွင် အကြီးဆုံးနှင့် အထင်ရှားဆုံးဖြစ်၍နိုင်ငံ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၄,၂၃၂ မိုင်ရှိသည်။ ၁၉၆၂ ခုနှစ် ဩဂုတ်လ ၆ရက်နေ့ တွင် ဂျမေးကားကျွန်း လွတ်လပ်ရေး ရခဲ့သည်။ ၁၉၇၇ ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၂,ဝ၉ဝ,ဝဝဝခန့်ရှိသည်။ ခရစ်ယန်ဘာသာ ကိုးကွယ်ကြသူမှာ လူများစုဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားမှာ အများသုံးဘာသာစကား ဖြစ်သည်။

ဂျမေးကားကျွန်းသည် ဗြိတိသျှ ဓနသဟာယ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာ၍ နိုင်ငံဝန်ကြီးချုပ်မှာ မစ္စတာ မိုက်ကယ်မင်လီဖြစ်သည်။ မိုက်ကယ်မင်လီမှာ ပြည်သူ့အမျိုးသား ပါတီခေါင်းဆောင်ဖြစ်၍ အထွေထွေ ရွေးကောက်ပွဲတွင်သူ၏ ပါတီကအနိုင်ရရှိသဖြင့် အစိုးရဖွဲ့သောအခါသူသည် အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဖြစ်လာခဲ့ လေသည်။

ဂျမေးကား နိုင်ငံတွင် ဥပဒေပြုလွတ်တော် နှစ်ရပ်ရှိရာအောက်လွှတ်တော်ကို ပြည်သူအများကရွေး ချယ်တင်မြှောက်သော အမတ်ဦးရေ ၅၃ ဦးဖြင့် ပါဝင်ဖွဲ့စည်း၍ အထက်လွှတ်တော်တွင် အမတ် ၂၁ ဦးဖြင့် ပါဝင်ဖွဲ့စည်း ထားလေသည်။ ဂျမေးကားနိုင်ငံသုံး ငွေကြေးမှာ ဂျမေးကား ဒေါ်လာဖြစ်သည်။ ယင်းဒေါ်လာငွေကို ၁၉၇၇ ခုနှစ် ဧပြီလတွင် တစ်ကြိမ်၊ ၁၉၇၇ခုနှစ် အောက်တိုဘာလတွင် တစ်ကြိမ်နှင့် ၁၉၇၈ ခုနှစ် ဇန်နဝါရီလတွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ် မျှ တန်ဖိုးချခဲ့သည်။

၁၉၇၇ခု မေလ၌ အမေရိကန် သမ္မတကတော် ရိုစလင်ကာတာသည် ဂျမေးကားကျွန်းသို့ အလည်အပတ် သွားရောက် ခဲ့သည်။ ထို့နောက် ဂျမေးကားနိုင်ငံသို့ အမေရိကန် အစိုးရအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု အေဂျင်စီမှ အမေရိကန်ဒေါ်လာငွေ ၆,၃၄,ဝဝ,ဝဝဝ ကို ထောက်ပံ့ ချေးငှားခဲ့သည်။ များမကြာမီက ပင် ဂျမေးကားဝန်ကြီးချုပ် မိုက်ကယ်မင်လီသည် အမေရိကန်သမ္မတ ဂျင်မီကာတာနှင့် တွေ့ဆုံဆွေးနွေးရန် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့သို့ ၁၉၇၇ ခုနှစ်ဒီဇင်ဘာလ ၁၆ရက်နေ့တွင် သွားရောက်ခဲ့သည်။

မိုက်ကယ်မင်လီသည် အောက်တိုဘာလကုန် ရက်များနှင့် နိုဝင်ဘာလဆန်း ရက်များတွင် အနောက် ဥရောပနော်ဝေးနှင့် ဆွီဒင်နိုင်ငံများသို့ သွားရောက်ကာ စီးပွားရေးနှင့် ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် သဘောတူညီချက် ရခဲ့လေသည်။

ဂျမေးကားနိုင်ငံသည် ဆိုဗီယက် ပြည်ထောင်စု အစိုးရနှင့် စီးပွားရေးကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင်လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်အရ ဂျမေးကားနိုင်ငံအနောက်ပိုင်း၌ ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် သယံဇာတ ဓာတ်သတ္တုများ တူးဖော်ရန်နှင့် ရေအားလျှပ်စစ် အခြေအမြစ်များလေ့လာရှာဖွေရန် ကိစ္စများအတွက် ဆိုဗီယက်အစိုးရက ဂျမေးကားနိုင်ငံသို့ အမေရိကန်ဒေါ်လာငွေ သန်းပေါင်း ၇ဝ ကူညီထောက်ပံ့ ရမည်ဖြစ်ပေသည်။ ယင်းစာချုပ်အရ ဂျမေးကားကျောင်းသားများသည် ဆိုဗီယက် ပြည်ထောင်စုရှိ စက်မှုအသက်မွေးဝမ်းကျောင်း ပညာသင် ကျောင်းများတွင် တက်ရောက်သင်ကြားခွင့်ရှိပြီး ဆိုဗီယက် ကျောင်းဆရာများကိုလည်း ဂျမေးကားနိုင်ငံသို့ စေလွှတ်ခဲ့လေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. The CIA World Factbook – Jamaica 24 January 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . . Retrieved 2015-09-16.
  2. Collins၊ Olive။ Welcome to Sligoville: The story of the Irish in Jamaica 25 October 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 April 2020 တွင် ပြန်စစ်ပြီး။
  3. CIA World Factbook (Jamaica) United States Government။ 11 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 May 2007 တွင် ပြန်စစ်ပြီး။
  4. The World Factbook – Central Intelligence Agency Cia.gov။ 24 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-09-25 တွင် ပြန်စစ်ပြီး။
  5. Jamaica International Monetary Fund။ 2011-04-21 တွင် ပြန်စစ်ပြီး။
  6. Human Development Report 2010 United Nations (2010)။ 21 November 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 November 2010 တွင် ပြန်စစ်ပြီး။
  7. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  8. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၇၉)