ဆန်မာရီနိုနိုင်ငံ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 43°56′30″N 12°27′30″E / 43.94167°N 12.45833°E / 43.94167; 12.45833

ဆန်မာရီနို သမ္မတနိုင်ငံ
ဆန်မာရီနိုနိုင်ငံ၏ အလံတော်
အလံတော်
ဆန်မာရီနိုနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: "Libertas" (လက်တင်)
"Freedom"
နိုင်ငံတော် သီချင်း: Inno Nazionale della Repubblica
"National Anthem of the Republic"
 ဆန်မာရီနိုနိုင်ငံ၏ တည်နေရာ  (green) ဥရောပတိုက်အတွင်း  (agate grey)  –  [Legend]
 ဆန်မာရီနိုနိုင်ငံ၏ တည်နေရာ  (green)

ဥရောပတိုက်အတွင်း  (agate grey)  –  [Legend]

မြို့တော်ဆန်မာရီနိုမြို့
43°56′N 12°26′E / 43.933°N 12.433°E / 43.933; 12.433
အကြီးဆုံးမြို့ဒိုဂါနာမြို့
43°58′53″N 12°29′22″E / 43.98139°N 12.48944°E / 43.98139; 12.48944
ရုံးသုံး ဘာသာစကားများအီတလီ[၁]
အခြားဘာသာစကားများRomagnol dialect
ကိုးကွယ်မှု၉၇% ရိုမန်ကက်သလစ်
၃% အခြား
DemonymSammarinese
အစိုးရပြည်ထောင်စု assembly-independent diarchic directorial republic
ဖရန်စစ္စကို မူဆိုနီ
ဂျာကိုမို ဆီမွန်ချီနီ
ဥပဒေပြုလွှတ်တော်Grand and General Council
လွတ်လပ်ရေးရ
၃၀၁ (ရိုးရာအရ)
၁၂၉၁ (de jure)[၂]
  • 8 October 1600
    (statutes)
  • 12 July 1978
    (Declaration of Citizen Rights)
ဧရိယာ
• စုစုပေါင်း
၆၁.၂ km2 (၂၃.၆ sq mi)[၂] (အဆင့်: ၁၉၀)
• ရေထု (%)
လူဦးရေ
• ၂၀၂၁ ခန့်မှန်း
၃၃,၆၀၀[၃] (အဆင့် - ၂၂၁)
• သိပ်သည်းမှု
၅၂၀/km2 (၁,၃၄၆.၈/sq mi) (အဆင့် - ၂၃)
GDP (PPP)၂၀၁၇ ခန့်မှန်း
• စုစုပေါင်း
$၂.၀၉ ဘီလီယံ[၄] (အဆင့် - ၁၇၅)
• Per capita
$၆၀,၆၅၁[၄] (အဆင့် - ၁၁)
GDP (nominal)၂၀၁၇ ခန့်မှန်း
• စုစုပေါင်း
$၁.၅၅ ဘီလီယံ[၄] (အဆင့် - ၁၇၄)
• Per capita
$၄၄,၉၄၇[၄] (အဆင့် - ၁၃)
HDI (၂၀၁၃)၀.၈၇၅[၅]
အလွန်မြင့် · ၂၆
ငွေကြေးယူရို (€) (EUR)
အချိန်ဇုန်CET (UTC+01)
• နွေရာသီ (DST)
CEST (UTC+02)
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၃၇၈ (+39 0549 calling via Italy)
သူတော်စင်စိန့် မာရီနက်စ်]
စိန့် အာဂါသာ
Internet TLD.sm
Sources: [၂][၆]


ဆန်မာရီနိုနိုင်ငံသည် အီတလီကျွန်းဆွယ်၌ ဒေဒြီယက် တစ် ပင်လယ်ကမ်းခြေအနီး အီတလီပိုင် ရီမီနီမြို့နှင့် မဝေး ကွာလှပေ။ စတုရန်းမိုင် ၃၈ မိုင်မျှသာ ကျယ်ဝန်းလျက်၊ ကမ္ဘာ ပေါ်တွင် အသေးငယ်ဆုံးသော သမ္မတနိုင်ငံ တစ်နိုင်ငံဖြစ်၏။ ထိုသို့အရွယ်အားဖြင့် သေးငယ်သော်လည်း၊ ဥရောပတိုက်၌ ရှေးအကျဆုံး နိုင်ငံတစ်ခုဖြစ်သည်ဟု ဆို၏။ ၁၈၉၇ ခုနှစ်တွင် အီတလီနိုင်ငံနှင့် ချစ်ကြည်ရေး စာချုပ်ချုပ်ခဲ့၍၊ ၁၉၅၃ ခုနှစ် တွင် တစ်ကြိမ်ထပ်မံ ချုပ်ဆိုခဲ့သည်။ ယင်းနိုင်ငံ၏ လူဦးရေမှာ ၁၉၅၃ ခုနှစ်တွင် ၁၃၅ဝဝ ယောက်ဖြစ်သည်။

ထိုနိုင်ငံကို ၄ ရာစုနှစ်တွင် တည်ထောင်ခဲ့သည်ဟု အဆို ရှိ၏။ ၁၆၃၁ ခုနှစ်တွင် ရောမရဟန်းမင်း အဋ္ဌမအာဗန်က လွတ်လပ်သော တိုင်းပြည်အဖြစ်ဖြင့် အသိအမှတ်ပြုခဲ့၏။ ထို နိုင်ငံ၏ မြို့တော်မှာ ဆန်မာရီ နိုမြို့ဖြစ်သည်။ တောင်တန်း တစ်ခု၏ တောင်စောင်းတွင် မြို့တည်ထားသည်။ ဆန်မာရီနိုမြို့ရှိ ကောက်ကွေ့၍ မညီမညာရှိသော ရှေးလမ်းငယ်ကလေး များမှာ အလွန်ပင်ကျဉ်းမြောင်းလှသဖြင့် အများအားဖြင့် ယာဉ်များ၊ ရထားများပင် သွား၍မဖြစ်နိုင်ချေ။ လမ်းဘေးရှိ ကျောက်ဖြင့် ဆောက်လုပ်ထားသော လူနေအိမ်များမှာလည်း ယိုင်နေသဖြင့် လမ်းပေါ်သို့ပြို၍ ကျမည်ကိုပင် အထူးစိုးရိမ်ရ တော့၏။ ဆန်မာရီနိုမြို့၏ လူဦးရေမှာ ၄ဝဝဝ ခန့်ရှိသည်။ ဘဏ္ဍာရေးအတွက် အစိုးရက စာပို့တိုက်တံဆိပ်တော်အခွန်များ စည်းကြပ်ကောက်ခံ၏။ တိုင်းသူပြည်သားမှာ အီတလီတို့နှင့် သွေးနီးစပ်သူများဖြစ်ကြသည်။ [၇]

ကိုးကား[ပြင်ဆင်ရန်]

  1. San Marino è။ Repubblica di San Marino။ 7 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 October 2021 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ San Marino. The World Factbook. Central Intelligence Agency.
  3. San Marino – Population – Upeceds။ 26 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 April 2020 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ San Marino. Imf.org.
  5. Filling Gaps in the Human Development Index Archived 5 October 2011 at the Wayback Machine., United Nations ESCAP, February 2009
  6. San MarinoUNECE Statistics Programme။ UNECE (2009)။ 13 March 2010 တွင် ပြန်စစ်ပြီး။
  7. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)