တိုက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တိုက်ကြီးများ

ကမ္ဘာ့မြေမျက်နှာသွင်ပြင်အနေအထားအရ သာမက လူသားမျိုးနွယ် တို့၏စရိုက်ကိုပါလိုက်၍ အပိုင်းပိုင်းခွဲကာ သတ်မှတ်ထားသည့် အကြီးဆုံးသော နယ်နမိတ်များကို တိုက် ဟုခေါ်ကြပါသည်။ထိုသို့အားဖြင့် ကမ္ဘာကြီးတွင် တိုက်ကြီး ခုနှစ်တိုက် အဖြစ် ခွဲခြားရှုမြင်လေ့လာနိုင်ပါသည်။ ပထဝီဝင်ဘာသာရပ်အရ အဓိကသတ်မှတ်ချက်မှာ ကြီးမားကျယ်ပြန့်သည့် ကုန်းမြေရှိရမည်ဖြစ်ပြီး တစ်ခုနှင့်တစ်ခုမှာ ရေပြင် (ပင်လယ်သမုဒ္ဒရာ) များဖြင့် ပိုင်းခြားထားရမည်ဟု ဖြစ်ပါသည်။ ၄င်းတို့မှာ..

အာရှတိုက်(Asia)[ပြင်​ဆင်​ရန်​]

အကြီးမားဆုံး တိုက်မှာ အာရှတိုက်ဖြစ်ပါသည်။ ဧရိယာစုစုပေါင်းမှာ ၄၃,၈၁၀,၅၈၂ စတုရန်းကီလိုမီတာ (၁၅,၉၁၅,၃၆၀.၃ စတုရန်းမိုင်) ရှိပြီး ကမ္ဘာ့ ကုန်းမြေအကျယ်အဝန်း၏ ၃၀ ရာခိုင်နှုံးမျှ ရှိကာ ကမ္ဘာ့မြေ၏ ၈.၆ ရာခိုင်နှုံး ရှိသည်ဟုသိရပါသည်။ နိုင်ငံ ၄၂နိုင်ငံက အာရှတိုက်ဟူသည့် နယ်ပယ်အတွင်းတွင် တည်ရှိနေပြီး ဒေသကို အလယ်အာရှ(၅နိုင်ငံ)၊အရှေ့အာရှ(၆နိုင်ငံ)၊ အနောက်အာရှ(၁၂နိုင်ငံ)၊ တောင်အာရှ(၈နိုင်ငံ)၊ အရှေ့တောင်အာရှ(၁၁နိုင်ငံ) ဟူ၍ခွဲခြားထားသည်။


အလယ်အာရှ[ပြင်​ဆင်​ရန်​]

အလယ်အာရှ ၅ နိုင်ငံမှာ ၁။ကာဇတ်စတန် ၂။ကာဂျစ္စတန် ၃။တာဂျစ္စတန် ၄။တာမင်နစ္စတန် နှင့် ၅။ဥဇ္ဇဘကစ္စတန် တို့ဖြစ်ကြသည်။

အရှေ့အာရှ[ပြင်​ဆင်​ရန်​]

အရှေ့အာရှတွင် ၆ နိုင်ငံရှိလေရာ ၄င်းတို့မှာ ၁။တရုတ် (ဟောင်ကောင်နှင့် မကာအိုအပါအဝင်) ၂။ဂျပန် ၃။တောင်ကိုးရီးယား ၄။မြောက်ကိုးရီးယား ၅။မွန်ဂိုးလီးယား ၆။ထိုင်ဝမ် (တရုတ်ထိုင်ပေအဖြစ်သာတရုတ်ကခေါ်ပြီး ခွဲထွက်ရန်ကြိုးစားနေသည့်ဒေသအဖြစ်သတ်မှတ်သည်။သို့သော် သီးခြားသံတမန်ဆက်ဆံမှုများ၊စစ်တပ်၊အစိုးရ၊ပြည်သူ၊နယ်နမိတ်အကျယ်အဝန်း စသည်တို့ရှိသည့်အတွက်၄င်းအားနိုင်ငံစာရင်းတွင်ထည့်သွင်းထားရသည်။)

အနောက်အာရှ[ပြင်​ဆင်​ရန်​]

အနောက်အာရှ ၁၁ နိုင်ငံမှာ ၁။ဘာရိန်း ၂။ကာတာ ၃။အီရတ် ၄။အီရန် ၅။ဆော်ဒီအာရေးဗီးယား ၆။အိုမန် ၇။အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) ၈။ဂျော်ဒန် ၉။ယီမင် ၁၀။ကူဝိတ် ၁၁။လက်ဘနွန် ၁၂။ဆီးရီးယား တို့ဖြစ်သည်။အစ္စရေးမှာ အစက အာရှတိုက်တွင်ပါဝင်သော်လည်း နောင်တွင် ဥရောပတိုက် သို့ပြောင်းရွေ့စာရင်းသတ်မှတ်သည်။

တောင်အာရှ[ပြင်​ဆင်​ရန်​]

တောင်အာရှ ၈ နိုင်ငံမှာ ၁။အိန္ဒိယ ၂။သီရိလင်္ကာ ၃။ဘင်္ဂလားဒေ့ရှ် ၄။နီပေါလ် ၅။ဘူတန် ၆။ပါကစ္စတန် ၇။အာဖဂန်နစ္စတန် ၈။မာတီဗီးစ် တို့ဖြစ်ပါသည်။ မူလက အရှေ့ နှင့်အနောက် ပါကစ္စတန်နိုင်ငံအဖြစ် အိန္ဒယနှင့်အတူ အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရခဲ့သော်လည်း နောင်တွင် အရှေ့ပါကစ္စတန်ကအနောက်ပါကစ္စတန်မှ ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ် အဖြစ်တည်ထောင်ခဲ့သည်။

အရှေ့တောင်အာရှ[ပြင်​ဆင်​ရန်​]

အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ

  1. မြန်မာ
  2. ထိုင်း
  3. မလေးရှား
  4. စင်္ကာပူ
  5. ဗီယက်နမ်
  6. အင်ဒိုနီးရှား
  7. ကမ္ဘာဒီးယား
  8. လာအို
  9. ဖိလစ်ပိုင်
  10. ဘရူနိုင်း
  11. အရှေ့တီမော (တီမောလက်စတစ်) တို့ဖြစ်ပါသည်။