နယ်သာလန်နိုင်ငံ
| နယ်သာလန် နိုင်ငံ နယ်သာလန်
|
||||||
|---|---|---|---|---|---|---|
|
||||||
| မြို့တော် | အမ်စတာဒမ်မြို့ | |||||
| အကြီးဆုံး မြို့ | မြို့တော် | |||||
| ရုံးသုံးဘာသာများ | ဒတ်ခ်ျ | |||||
| အစိုးရ | စည်းမျဉ်းခံ ဘုရင်စနစ်အောက်မှ ပါလီမန် စနစ် | |||||
| • | ဘုရင်မ | Beatrix | ||||
| • | ဝန်ကြီးချုပ် | Mark Rutte | ||||
| ထူထောင်ရေး | ||||||
| • | လွတ်လပ်ရေး ကြေငြာခြင်း | ဇူလိုင်လ ၂၆ ရက် ၊ ၁၅၈၁ | ||||
| • | လွတ်လပ်သော နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်း | ဇန်နဝါရီလ ၃၀ရက် ၁၆၄၈ | ||||
| ဧရိယာ | ||||||
| • | စုစုပေါင်း | ၄၁,၈၄၈ စတုရန်း ကီလိုမီတာ (၁၆,၁၅၈ စတုရန်းမိုင်) (အဆင့်: ၁၃၅) | ||||
| • | ရေဖုံးလွှမ်းမှု (%) | ၁၈.၄၁ | ||||
| လူဦးရေ | ||||||
| • | ခန့်မှန်း | ၁၆,၆၂၅,၈၀၀ (အဆင့် - ၆၁) | ||||
| • | လူဦးရေသိပ်သည်းမှု | ၄၀၀.၄/km² (၁,၀၃၇/sq mi)/km2 (အဆင့် - ၂၈) | ||||
| GDP(PPP) | ခန့်မှန်း | |||||
| • | စုစုပေါင်း | ၆၅၈.၂၂၈ ဘီလီယံ | ||||
| • | Per capita | US $ ၃၉,၉၃၈ | ||||
| HDI | ၀.၈၉၀ (အမြင့်) (အဆင့် - ၇) |
|||||
| ငွေ | ယူရို (€) | |||||
| Calling code | +၃၁ , +၅၉၉ | |||||
| Internet TLD | .nl | |||||
နယ်သာလန်နိုင်ငံသည် ဥရောပတိုက်ရှိ၊ စည်းမျဉ်းခံဘုရင်စံနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံငယ်လေးတခု ဖြစ်၏။ ယင်းနယ်သာလန်နိုင်ငံကို ဟော်လန်နိုင်ငံ၊ နိုင်ငံသားတို့ကို ဒတ်ချ်လူမျိုးဟု ခေါ်သည်။ နယ်သာလန်နိုင်ငံသည် ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်းနှင့် ဘယ်လ်ဂျီယမ်နိုင်ငံမြောက်ပိုင်းအကြား၊ မြောက်ပင်လယ်ကမ်းခြေပေါ်တွင် တည်ရှိ၍ နိုင်ငံ၏အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၅၇၆၅ ရှိသည်။
မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]
ထူးဆန်းအံ့ဩဖွယ်ကောင်းလောက်အောင်ပင် နယ်သာလန်နိုင်ငံ၏ များစွာသော မြေမျက်နှာပြင် အစိတ်အပိုင်းတို့သည် ဆက်စပ်လျက် ရှိသော မြောက်ပင်လယ်ပြင်အောက် ပေ ၂၀ ခန့်နိမ့်ကျလျက်ရှိသည်။ ယင်းသို့ ပင်လယ်ရေမျက်နှာပြင်အောက် နိမ့်ကျနေသောကြောင့် နယ်သာလန်နိုင်ငံသားတို့သည် အမြဲတစေ ပင်လယ်ပြင်နှင့် ခုခံစစ်ပွဲ ဆင်နွှဲနေရသော တပ်သားများ ဖြစ်လာရလေသည်။ ထာဝစဉ်တိုက်ပွဲဝင်နေရသော တပ်သားများ ဖြစ်သည့်အလျောက် နယ်သာလန်နိုင်ငံသားတို့သည် ထကြွလုံ့လဥဿဟနှင့် ပြည့်စုံကုံလုံသော အမျိုးသားများဖြစ်လေသည်။ နိုင်ငံသားတို့၏ လုံ့လစွမ်းပကားကြောင့် နယ်သာလန်နိုင်ငံသည် သေးငယ်သော နိုင်ငံဖြစ်လင့်ကစား ကမ္ဘာ့အလယ်တွင် ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပေသည်။
နယ်သာလန်နိုင်ငံသူ နိုင်ငံသားတို့သည် မိမိတို့ မှီတင်းနေထိုင်ရာ မြေနိမ့်ပိုင်းသို့ ပင်လယ်မှရေများ စီးဝင်မလာစေရန်၊ နည်းအသွယ်သွယ် ဖြင့် ကြိုးပမ်းတကုတ် အားထုတ်ကြရသည်။ ဒိုက်ခေါ် ပေ ၂၀၀၊ ၃၀၀ မျှ ထုထည်ရှိ၍ မြင့်မားလှသော ပင်လယ်ရေကာတာကြီးများကို ခိုင်မာစွာ ဆောက်လုပ်ရ၏။ မြေနိမ့်မှရေများကို လေရဟတ်များဖြင့် အဆင့်ဆင့်သယ်ဆောင်ကာ ပင်လယ်တွင်းသို့ ထုတ်ယူသွင်းပစ်ရ၏။ သို့ဖြစ်ရကား နယ်သာလန်နိုင်ငံကမ်းခြေတလျှောက်ရှိ မြို့ရွာများတွင် လေရဟတ်ကြီးငယ်များဖြင့် ပြည့်နှက်လျက် ရှိပေသည်။ ထိုလေရဟတ်များသည်ပင် နယ်သာလန်နိုင်ငံ၏ ကိုယ်ပိုင်အမှတ်အသားတခု ဖြစ်လာခဲ့သည်။
လေရဟတ်ငယ်ကလေးများသည် နေ့ရောညဉ့်ပါ လည်ပတ်၍ မြေနိမ့်ပိုင်းမှ ရေကိုတူးမြောင်းငယ်များသို့ ပို့ဆောင်ပေး၏။ တူးမြောင်းငယ်များမှ ရေကို တူးမြောင်းကျယ်ကြီးများသို့ လေရဟတ်ကြီးများ၊ လျှပ်စစ်မိုတာများ၊ ဒီဇယ်အင်ဂျင်စက်များဖြင့် ပို့ဆောင်ကာ ပင်လယ်ထဲသို့ ရေကို ထုတ်ပစ်ရလေသည်။ တခါတရံ မုန်တိုင်းထန်သောအခါ လှိုင်းလုံးကြီးများသည် ကြီးမားသောအရှိန်ဖြင့် တူးမြောင်းကြီးများမှ ရေကို လာလမ်းသို့ တွန်းပစ်တတ်၏။ ယင်းသို့သောဝီရိယလုံ့လဖြင့် ပင်လယ်ရေနှင့် အစဉ်စစ်ခင်းနေသည့် အခိုက်မှာပင် ပင်လယ်ရေလွှမ်း မိုးသော အဖြစ်မျိုးကိုလည်း ကြုံတွေ့ရသေး၏။ ၁၉၅၃ ခုနှစ်တွင် ရေလွှမ်းမိုး၍ အကြီးအကျယ်ပျက်စီးခဲ့ရသည်။