သခင်ထွေး ဧချင်း

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံ၌ တွေ့ရှိရသော ဧချင်းများတွင် ရှင်သူရဲဖွဲ့ဆိုသော သခင်ထွေး ဧချင်းသည် အဟောင်းဆုံးဖြစ်သည်။ ဧချင်းအဖွဲ့ခံသူသည် စလင်းသတိုးကျော် သမီး သခင်ထွေးဖြစ်၍ မြန်မာသက္ကရာဇ် ၈၃၈-ခုနှစ်တွင် ဖွားသန့်စင်သည်။ ထိုနှစ်၌ပင် ရှင်သူရဲက ဧချင်းကို ဖွဲ့ဆိုသည်။ ရှင်သူရဲသည် ရှင်အမည်ခံသော်လည်း ရဟန်းပုဂ္ဂိုလ်မဟုတ် လူပုဂ္ဂိုလ်သာပင် ဖြစ်သည်။ ဇာတိအားဖြင့် အင်းဝမြို့သားဖြစ်၍ ဘုရင်နရပတိလက်ထက်မှ ဒုတိယ မင်းခေါင် လက်ထက်တိုင် စစ်အမှုထမ်းအဖြစ် ခစားထမ်းရွက်ရသည်။ စစ်အမှုထမ်းအဖြစ်လည်း စစ်ချီ မယ်ဘွဲ့၊ မောင်ဘွဲ့ ရတုများကို အမြောက်အမြား စပ်ဆိုခဲ့သည်။ ထို စစ်ချီရတုများကိုလည်း ရှင်သူရဲက အစထွင်ခဲ့သည်ဟု ယူဆရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးဖေမောင်တင် ရေး ရှေးဟောင်း မြန်မာစာပေ သမိုင်း