ပလိပ်မြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ပလိပ်မြို့သည် "'မြို့ ပုဂံ၊ ရွာ ပလိပ်"'ဟူသော စာဆိုနှင့်အညီ ပလိပ်ရွာသည် မန္တလေးမြို့ အနီး၊ မြစ်ငယ်မြစ်ဘေးတွင် တည်ရှိသည်။ ရှေးယခင် ဘုရင်မင်းများ လက်ထက်တွင် စည်ပင်သာယာခဲ့သော မြစ်ဆိပ်ကမ်း ရွာလေးပင်ဖြစ်သည်။ ပလိပ်သည် အမရပူရခေတ်တွင် အစည်ကားဆုံး ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။ ရှေးခေတ် ရေကြောင်းခရီး အားထားချိန်တွင် မြစ်ငယ်မြစ်ကို ဖြတ်သန်းကာ အင်းဝ၊ အမရပူရ၊ မန္တလေးနှင့် အခြားဒေသများအထိပါ ကုန်စည်ကူးသန်းရောင်းဝယ်ခဲ့သည့် နေရာပင်ဖြစ်သည်ဟု ဆိုထားသည်။

ပလိပ်တွင် ရှမ်းကုန်းပြင်မြင့်မှ ရှမ်းကုန်သည်များ၊ မြေလတ်ပိုင်းမှ ကုန်သည်များ ကုနစည်ဖလှယ် ရောင်းဝယ်ရာ နေရာဖြစ်သည်နှင့်အညီ စေတီပုထိုးများစွာကို တည်ထားကိုးကွယ်ခဲ့သည်။ စေတီများမှာ ဘုရားပရိဝုဏ်တစ်ခုအတွင်း စေတီတစ်ဆူတည်း တည်ထားခြင်းမျိုး မဟုတ်ဘဲ ဘုရားပရိဝုဏ်ထဲတွင် စေတီပုထိုးများစွာကို နေရာလပ်မရှိ တည်ထားခြင်း ဖြစ်သည်။ စေတီပုထိုး လက်ရာများစွာရှိပြီး အထူးသဖြင့် အင်းဝခေတ် လက်ရာများ နှင့် အမရပူရခေတ်လက်ရာများကို တွေ့မြင်နိုင်သည်။

ပလိပ်တွင် ထူးဆန်းသော ဓလေ့များဖြင့် ပူဇော်ဆုတောင်းသည့် စေတီများ၊ အုတ်သိမ်များစွာကို တွေ့နိုင်သည်။ ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် အင်္ဂတေကျင်းဝိုင်း တစ်ခု ထားရှိထားသည်။ ယခင်က ဘုရားဖူးများသည် ထိုကျင်းကို ပါလာသည့် တဘက်တို့ဖြင့် အုပ်ကာ ဗုံတီးပြီး ဆုတောင်းသည်ကို မြင်ဖူးသဖြင့် ဗုံတီးဘုရားဟု လူသိများသည်။ ဗုံတီးဘုရား၊ ကျောက်တုံးကျောက်သားများဖြင့် တည်ဆောက်ပြီး အုတ်တစ်ချပ်မှ မပါသော စေတီ၊ နှစ်ထပ်ဘုရားဟု လူသိများသည့် ဗုဒ္ဓရုပ်ပွားတော် နှစ်ထပ်ထုလုပ်ထားသော ဘုရားနှင့် အခြားထူးခြားသော လက်ရာမျိုးစုံကို တွေ့မြင်နိုင်ပြီး ထူးခြားသော လက်ရာမျိုးစုံနှင့် စေတီပုထိုးများစွာကို ဗန်းမော်ကျောင်းတိုက်အတွင်းတွင် နေရာလပ်မရှိ တည်ထားသည်။

ယခုအခါ ပလိပ်အား ရှေးဟောင်းဇုံ တစ်ခုအဖြစ် သတ်မှတ်ထားသည်။ လှပသော ကနုတ်လက်ရာများ၊ ရှေးဟောင်းအုတ်သိမ်များနှင့် ထူးခြားသော လက်ရာမျိုးစုံ၊ ဗုဒ္ဓရုပ်ပွားတော်မျိုးစုံကို လေ့လာဖူးမြော်နိုင်သော နေရာအဖြစ် ထင်ရှား၍ ကနုတ်ပန်း လက်ရာ အကောင်းဆုံး ဖြစ်သည့် အောင်ဇေယျာသိဒ္ဓိစေတီတော်ကို ဓာတ်ပုံပညာရှင်များ၊ ဓာတ်ပုံသင်တန်းဆင်းများမှ အစ အနယ်နယ်အရပ်ရပ်မှ ရှေးဟောင်းစေတီ ပုထိုးလက်ရာများကို မှတ်တမ်းရိုက်ယူမှု ပိုမိုများပြားလာသည်။ [၁]


သမိုင်းဝင် ပလိပ်

              = = = = = =

ပလိပ်အမည်တွင်ခြင်း

            ပလိပ်ဟု အမည်တွင်ခြင်းနှင့် ပါတ်သက်

၍ ပုဂံခေတ်အနော်ရထာမင်း၏ ချစ်မြတ်နိုးတော်

မူရသော မိဖုရားတစ်ပါးဖြစ်သူ စောမွန်လှအား နား

တောင်းအလို့ငှာ ပေရွက်ကိုလိပ်၍ ပေလိပ်နားတောင်း ဆက်သရသောကြောင့် ပေလိပ်ဟု အမည်

တွင် ခေါ်ဆိုခဲ့ပြီး နောက်ပိုင်းတွင် ကာလရွေ့လျော

၍ ပေလိပ်ရွာမှ ပလိပ်ရွာဟု အမည်တွင်ကြောင်း အ

စဉ်တစိုက်လက်ခံယုံကြည်ခဲ့ကြလေသည်။ ပုဂံခေတ် အလောင်းစည်သူမင်းနှင့်လည်း ဆက်နွယ်အမည်တွင် ပေါ်ပေါက်ခဲ့သည်ဟုလည်း အဆိုရှိပြန်၏။

ရှမ်းမိဖုရား စောမွန်လှအား ပေလိပ်နားဋောင်းဆက်

သခြင်းအား စွဲမှတ်လျှက်ပေလိပ်ဟု ခေါ်ဆ်ိုပြီး ပေ

လိပ်မှ ပလိပ်ဖြစ်လာသည်ဟုသာ လက်ခံထားကြ

သူများလေသည်။

             မိဖုရားစောမွန်လှ မင်းပြစ်မင်ဒါဏ်သင့်၍

ရှမ်းပြည်သို့ပြန်ရန် ဧရာဝတီမြစ်ကြောင်းမှတဆင့်

ဒုဌာဝတီမြစ်သို့ ဆန်တက်၍လာစဉ် မြစ်အတွင်း ကြီးမားသော ငါးကြီးများအား မြင်တွေ့သည်ကို ပါနော ပါနော် (ရှမ်းဘာသာ စကားဖြင့် ငါးကြီးတွေ ငါးကြီးတွေ) ဟု ပြောဆိုသည်ကို စွဲမှတ်လျှက် ထိုနေရာအား ဘနော ရွာဟု အမည်တွင်သည်ဟု ဆို၏။

ထိုနည်းတူစွာ မြစ်ကြောင်းအတိုင်းဆန်တက်လာစဉ် ပါလိစ် ပါလိစ် (ငါးလေးတွေ ငါးလေးတွေ) ဟု

ပြောခဲ့သဖြင့် ပါလိစ်  မှ ပလိပ် ဟု ဆင်းသက်ခေါ်

ဝေါ်ကြောင်းလည်း အဆိုရှိပြန်သည်။ ရှေးယခင်က

ပလိပ်ဒေသသို့ ရှမ်းပြည်မှ ငါးဆားနယ်များ လာရောက် ဝယ်ယူကြောင်းနှင့် ထိုသို့ငါးဆားနယ်များ လာရောက်ဝယ်ယူရန်အတွက် ပါလိစ်သွားမည်ဟု

ရှမ်းစကားဖြင့် ပြောဆိုကြသည်ဟု လက်ခံယုံကြည်

ထားကြလေသည်။ ထို့ကြောင့် ပလိပ်ဟူသော ရွာ

အမည်သည် ရှမ်းအမည် ပါလိစ်မှ ပလိပ်ဟု ဖြစ်တည်လာခြင်းဖြစ်သည်ဟုလည်း ထင်မြင်ယူဆချက်

များ ရှိလေသည်။

             ပလိပ်ဟူသော အမည်နှင့်ပါတ်သက်၏

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းမှ ပုလိပ်နှင့်

ပလိပ်မှာ မြန်မာစကားဖြစ်၍ ရှမ်းတို့အခေါ် ငါးသေး

သေးလေးတွေ ပေါတဲ့အရပ်ဒေသဟု ခေါ်ဆိုလျှင်

မမှားနိူင်ကြောင်း  ပလိပ်ဒေသ ရပ်မိရပ်ဖများသို့

မှတ်ချက်ပြု ပြန်လည်ပြောပြခဲ့သည်ဟု သိမှတ်ရ

သည်။

            ပလိပ်ဒေသသည် ပုဂံခေတ်ကတည်းက

လူနေရပ်ဝန်းအဖြစ်တည်ရှိခဲ့သော နယ်မြေဖြစ်

သည်ကို အငြင်းပွါးကြမည်မဟုတ်ချေ။ ပုဂံခေတ်

ဘုရားများရှိ ပြိုပျက်ကျသည့် အုတ်ခဲများတွင် အုတ်

ဖုတ်ရာအရပ် အုတ်လုပ်ရောင်းချသူ အုတ်ဝယ်ယူ၍

ဘုရားတည်သူများ စသဖြင့် သုံးမျိုးထဲမှ တမျိုးမျိုး

အား ရေးမှတ်ထားလေ့ရှိကြောင်း ဆရာကြီးဒေါက်တာသန်းထွန်း၏ မြန်မာ့အိုးသမိုင်းတွင် လေ့လာသိ

ရှိရသည်။ပုဂံပြတိုက်တွင် အဆိုပါပြိုကျပျက်စီးနေ

သည့် အုတ်များအား စုစည်းထိမ်းသိမ်းထားရှိပြီး ယင်း အုတ်များအား အက္ခရာစဉ်သည့်အခါတွင် ယင်း

(ပုဂံခေတ်)အုတ်များတွင် ပလိပ်အမည်ပါ အုတ်များ

ပါရှိနေသည်ကိုတွေ့မြင်နိုင်မည်ဖြစ်သည်။ ပုဂံခေတ်

အုတ်များတွင် ပလိပ်အမည်ပါဘအုတ်အား ပလိပ်ကာ  ဟု ရေးသားထားပါသည်။ ဒေါက်တာသန်းထွန်းက ပလိပ်သည် အုတိဖုတ်၍ ပေးပို့ရာဒေသဟု

ကောက်ယူသုံးသပ်ထားသည်။

                  ထို့အပြင် ပလိပ်ဟူသော အသုံးနှုံး

အား မန္တလေးနန်းတွင်း ကျောက်စာရုံ ကျောက်စာ

အမှတ် န ၅၉၅ က နှင့် ခ  ကော်နာဖီးနစ်ကျောက်စာတွင်ပလိပ်ရှိလယ်ပယ် ဆယ်ပယ်ခွဲအား လှူဒါန်း

ကြောင်း ရေးထိုးပါရှိသည်။ အဆိုပါကျောက်စာ

သည် သက္ကရာဇ် ၅၆၄ခုနှစ်ထိုး မြို့သူကြီး ကော်နာ

ဖီးနစ်ကျောက်စာဖြစ်သည်။ ပုဂံသည်၏မြေး "မပြေ

သင် " " အိုကြွက်သင် " တို့၏သား မြို့သူကြီးဖြစ်သူ

" ကော်နာဖီးနစ် " နှင့် နှမ " အိုညယ်ကြီး "တို့က အဘိုးအဘွားမိဘတို့၏ ရှေးဟောင်းကြေးဘုရား

ကြီးနှင့် ဂူဘုရားတို့တွင် ပန်တျာကချေသည် စ

သည်များ လှူဒါန်းခြင်း။ ပလိပ်လယ် ဆယ်ပယ်ခွဲ

အပါအဝင် လယ်ယာများလှူဒါန်းခြင်း အုန်း ထန်း

ညောင်ပင်များစိုကိခြင်း သင်ပုတ် ဆီမီးအလှူမျာပေးခဲ့ကြောင်း အလှူမှတ်တမ်းရေးထိုးထားသည့်

ကျောက်စာဖြစ်သည်။ယင်းကျောက်စာအား ၁၉၅၆

ခုနှစ်တွင် အိုးထိန်းတောင်ရွာ ဦးထွန်းဝင်း၏ ခြံမြေ

အတွင်းမှ တူးဖေါ်ရ ရှိခဲ့ခြင်းဖြစ်သည်။ ယင်

ကျောက်စာအရ ပလိပ်ဒေသသည် ပုဂံခေတ်ကတည်းက စည်ကားနေပြီးဖြစ်ကြောင်း မှတ်ချက်ပြုနိုင်

မည်ဖြစ်သည်။ သက္ကရာဇ် ၅၆၉ "ပေါက်ကနားဒေါင်းပြားမင်း" သည် မြို့ပေါင်း၁၉မြို့ တည်သည့်အချိန်တွင်လည်း ပလိပ်မြို့ တစ်မြို့လညိးအပါဖြစ်သည်ဟု

အဆိုရှိပြန်ပါသည်။

                  သက္ကရာဇ် ၁၁၂၅ခုနှစ်တွင်နန်းတက်

တော်မူသော ဆင်ဖြူရှင်မင်းလက်ထက်တွင် မင်းရဲ

ရာဇာဘွဲ့ခံ ရွှေနားတော်သွင်းဧချင်း(ခ) ပလိပ်စားဧချင်းအား သီကုံးဆက်သွင်းသည့် ဦးဖျော်အား ပလိပ်ရွာကို အပိုင်ပေးသနားတော်မူ၍ ချီးမြှောက်ခဲ့

ကြောင်း သမိုင်းမှတ်တမ်းများ ရှိသည်။

                  မြန်မာသက္ကရာဇ် ၁၁၂၅ကတည်းက

စတင်၍ အစဉ်တစိုက်ကထိန်ခင်းလာသည့် ပလိပ်

ဒေသခံတို့၏ " ပိတောက်ချောင်ကထိန် " သည်လဲ

ထင်ရှားကျော်ကြားခဲ့လေသည်။သက္ကရာဇ် ၁၁၅၀

ခုနှစ်တွင် ပလိပ်ဒေသခံတို့၏ အစဉ်အလာ ခင်ကျင်းလာသည့် ကထိန်အလှူတော်အား ခွင့်မပြုကြောင်း ဘိုးတော်ဘုရား၏ မိဖုရား အမိန့်ထုတ်ပြန်သည်

မှစတင်၍  *ပိတောက်ချောင်ကထိန်* သည်လည်

ထင်ရှားကျော်ကြားလာလေသည်။ မြို့ပုဂံ ရွာပလိပ်

ဟူသော ဆိုရိုးနှင့်အညီ ဘာသာ သာသနာအပေါ်

ချီးမြှောက်ယုံကြည်မှု ထူးကဲသည့် ပလိပ်နယ်မြေ

သည် ပိတောက်ချောင် ကထိန် ခင်းခွင့်ရ /မရ ပြနာပေါ်ပေါက်ပြီး ဘုရင်၏ မိဖုရားကိုပင် ဘာသာရေးကိစ္စနှင့် ပါတ်သက်၍ အရှုံးမပေး အနိုင်ယူခဲ့ကြ

သော စိတ်ဓါတ်များသည် ပိုမိုထင်ရှားစေခဲ့လေ၏။

သမိုင်းအစဉ်အလာကြီးမားခဲ့သည့် ပလိပ်နယ်မြေ

ဒေသပင်ဖြစ်ပါသည်။

            ပဒုံမင်းလက်ထက် ၁၁၄၅ခုနှစ် အမရပူရ

ဓါတ်ကြငှန်းစိုက်စာရင်း အမိန့်တော် ပြန်တမ်းတစ်

ခုတွင် တောင်ဘက်နယ်သတ်အရပ်ကို " ပလိပ်ရွာ

ကုန် ဗောဓိသတ်ဘုရား ငါးရံ့ချောင်း တိန်ညင်တော

အပိုင်းအခြား " ဟု ဖေါ်ပြထားသည်။

           သက္ကရာဇ် ၁၁၆၄ ခုနှစ် ပြာသိုလဆန်း

၁၅ရက် နေ့စွဲပါ မက္ခရာ တံဆိပ်တော်ရ ကြေတိုင်သူ

ကြီး ငခွေး နှင့် မြို့စာရေးငပု တို့  ထွက်ဆိုချက်ပါ စစ်

တမ်းသည် ရှေးအကျဆုံးနှင့် တိကျ ခိုင်မာသည့် စစ်

တမ်းတစ်ရပ်ဖြစ်သည်။ ထိုစစ်တမ်းမှာ ဗဒုံမင်းလက်

ထက်က မက္ခရာနယ်မြေဖြစ်လေသည်။

         ပလိပ်သည် လယ်တွင်းကိုးခရိုင် နယ်သတ်

အရပ်လည်းဖြစ်သည်။

          မက္ခရာပုံတော်ပါ နယ်မြေ ့့့့့့့့့့့့့့

့့့့့့ အနောက် မြောက်ထောင့် ဒုဌာဝတီမြစ် ကောက်ကောင်စင်းစင်းထိ ပလိပ်ရွာမြေအစပ်  ့့့့့့့ဟု

ဖေါ်ပြပါရှိသည်။

            မန္တလေးရတနာပုံခေတ် မင်းတုန်းမင်း

လက်ထက်က ဒုဌာဝတီမြစ်၏ အနောက်ဘက်ကမ်း

စပ်တွင် ကျောက်တိုင်များစိုက်ထူ၍ မက္ခရာ နှင့်

မန္တလေးရတနာပုံရွှေမြို့တော်နယ်မှတ်ရပ်အဖြစ် အခိုင်အမာ ခွဲခြားထားခဲ့လေသည်။       

             ပလိပ်သည် ဘာသာရေး သာသနာရေး

တို့၏ အောင်မြေအရပ်ဖြစ်သည်ဟု တင်စားခေါ်

ဝေါ်နိုင်သည့် အရပ်ဒေသပင်ဖြစ်သည်။ စေတီပုထိုး

တို့၏ ဆည်းလည်သံတချွင်ချွင် ဘုန်းတော်ကြီး

ကျောင်းများမှ အုန်းမောင်းခေါက်သံတလွင်လွင်

နှင့် ဗုဒ္ဓသားတော်များ၏ စာအံသံတညံညံဖြင့် ထုံး

ဖြူဖွေးသည့် စေတီသာများနှင့် သာယာလှပလျှက်

ရှိနေပေသည်။

             ပလိပ်နယ်မြေသည်ဗုဒ္ဓဘာသာ စေတီ

ဘုရားများ၏ အရိပ်အာဝါသအောက်တွင် တည်ရှိ

သောကြောင့် အစဉ်သဖြင့် ရာသီဥတု သာယာ၏။

မိုးလေဝသမှန်ကန်ခဲ့ပြီး စိုက်ပျိုးရေးအောင်မြင်ဖြစ်

ထွန်းကာ သူတော်ကောင်းတရားများ ပွါးများလျှက်

ဘာသာရေးအလေးအထား အားပေးချီးမြှောက်ခဲ့

သည့် နယ်မြေတစ်ရပ်ဖြစ်ပါသည်။ထို့ကြောင့်

ပုဂံခေတ် * လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရား

ပေါင်း * ဟူသောစကားနှင့်အညီ ပေါများသည့်

စေတီပုထိုးများနည်းတူ ပလိပ်ဒေသတွင်လည်း

စေတီပုထိုတော်များစွာအား တည်ထားကိုးကွယ်ခဲ့

ခြင်းဖြစ်သည်။ ထို့ကြောင့်  * မြို့ပုဂံရွာပလိပ် * ဟူ

သော စကားပေါ်ပေါက်လာခြင်းဖြစ်သည်။ ပလိပ်

ယဉ်ကျေးမှူဒေသသည် ပုဂံခေတ်ကာလမှ ရတနာ

ပုံခေတ်နှောင်းကာလများအထိ သမိုင်းကွင်းဆက်

ရှည်လျားခဲ့ပြီး စည်ပင်သာယာခဲ့သော ယဉ်ကျေးမှု

နယ်ဆဖြေဖြစ်သည်။ ဗိသုကာဆိုင်ရာ တန်ဘိုးများ

အနေဖြင့် အင်းဝခေတ်ဦးပိုင်းနှင့် ကုန်းဘောင်ခေတ်

နှောင်းပိုင်းကာလအထိ ဗိသုကာဆိုင်ရာ ပန်းရန်

အတက်။ ပန်းတော့အတက် ။ ပန်းချီ ပန်းပုအ

တက်များကို တွေ့မြင်လေ့လာအကဲဖြတ်နိုင်မည်

ဖြစ်သည်။

              သုခုမဆိုင်ရာ အမွေအနှစ်များကို လေ့

လာရာ ရှေးဟောင်းမုခ်တံကဲများ။ ရွဲလုံးတန်း ကြာဖတ် နံရံဆေးရေးပန်းချီများမှ မြန်မာ့အနုသုခမဆိုင်

ရာ တန်ဘိုးများကို တွေ့မြင်လေ့လာနိုင်မည်ဖြစ်သည်။

                နိုင်ငံတော်အတွင်း မြို့ရွာများအနက် ၁၁၈၉ခုနှစ်။ ၁၂၁၂ခုနှစ်အတွင်း သင်းဘွဲ့မြို့ရွှာများ

က ဆက်သွင်းသည့် သင်းထမ်းမြို့သင်းဘွဲ့ရာပါ

သွောံကြီး အကြပ်အမှုထမ်းရွှေတိုက်စာရင်းတွင်

တောင်ဘက်ကိုးခရိုင် ပလိပ်ရွာနှင့် တဘက်ဆွဲရွာ

တို့သည်လည်း အပါအဝင်ဖြစ်ခဲ့သည်။

               လယ်တွင်း၉ ခရိုင် ထင်ရှားကြော်ကြား

သည့် စျေးများတွင်လည်း ပလိပ်စျေးသည် အပါအဝင်ဖြစ်ပါသည်။

              လယ်တွင်း၉ ခရိုင်စျေးများမှာ -


 ၁။ လှည်းကူးစျေး

၂။     မြို့ကြီးဒေါင်းမီးစျေး

၃။     လွန်ကျော်စျေး

၄။      သံရွာစျေး

၅။      ဂူမည်းစျေး

၆။      ရေဝန်းစျေး

၇။      မြစ်သားစျေး

၈။      ဟန်းမြင်းဘိုစျေး( ဟံမြင့်မိုရ်စျေး)

၉။       သံမံတလင်းစျေး

၁၀။     ကျောက်ဆည်စျေး

၁၁။      ပွတ်တိုင်စျေး

၁၂။       ဒွေးလှစျေး

၁၃။       ရနန်းစျေး

၁၄။       သစ်ခေါက်စျေး

၁၅။       ဘယ်လင်းစျေး(နောက်မှ ဖြစ်သည်။)

၁၆။       စဉ့်ကိုင်စျေး

၁၇။        ပလိပ်စျေး

၁၈။        မင်းစုစျေး ( နောက်မှ ဖြစ်သည်။)

၁၉။        ပင်တလဲ

၂၀။         ရမုန်စျေး

၂၁။         ရွာပုလဲစျေး

၂၂။        မြင်းခုံတိုင်စျေး တို့ဖြစ်ကြသည်။

             ယခုအခါ ပလိပ်ရှေးဟောင်းယဉ်ကျေးမှု

ဒေသတွင် ရတနာပုံခေတ် အဆောက်အဦးများကို

အများဆုံးတွေ့မြင်လေ့လာနိုင်မည်ဖြစ်သည်။ ယဉ်

ကျေးမှု အမွေအနှစ်များတည်ရှိနေသည့် ပလိပ်နယ်

မြေအား နိုင်ငံတော်အစိုးရမှ ရှေးဟောင်းယဉ်ကျေးမှု ဇုန်အဖြစ် ထိမ်းသိမ်းထားလျှက် ရှိပါသည်။

ယဉ်ကျေးမှု ထိမ်းသိမ်းရေးဇုန်

             ယဉ်ကျေးမှု ဝန်ကြီးဌာန ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိမ်းသိန်းရေး ဥပဒေ

ပုဒ်မ ၄ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်

သုံး၍ အစိုးရအဖွဲ့၏ သဘောတူညီချက်အရ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့

နယ် ပလိပ်ဒေသရှိ ရှေးဟောင်းအထိမ်းအမှတ်

အဆောက်အအုံတည်ရှိရာ ဇုန်။ ရှေးဟောင်းနေရာ

တည်ရှိရာဇုန် ။ ကာကွယ်ထိမ်းသိမ်းထားသောဇုန်

များကို ၂၀၀၈ ခု။ သြဂုတ်လ ၂၅ရက်နေ့တွင် အမိန့်ကြေငြာစာအမှတ် ၁၁/ ၂၀၀၈ ဖြင့် အောက်ဖေါ်ပြ

ပါ အတိုင်း သတ်မှတ်ထားရှိခဲ့သည်။

ရှေးဟောင်းအထိမ်းအမှတ် တည်ရှိရာဇုန်

              ရှေးဟောင်းအထိမ်းအမှတ် တည်ရှိရာ

ဇုန်အဖြစ် ရတနာလာဘမုနိ ဆုတော်းပြည့် မြွေ

ဘုရာကုန်းမြေပေါ်ရှိ ရှေးဟောင်းအမှတ် ၁မှ ၂၇

အထိ အစုလိုက်ရှိသောဘုရားများ၏ အုတ်တံတိုင်း

အပြင်ဘက် ၂၅ပေအကွာအထိ ။ ဗန်မော်ကျောင်း

တိုက်ဘုရား အုတ်တံတိုင်းမှ အပြင်ဘက် ၂၅ပေ

အကွာအထိ ကြိတ်ကုန်းကျောင်း၏ ဧရိယာအတွင်း

ရှိ  ရှေးဟောင်းဘုရားအမှတ် ၁၃၃မှ ရှေးဟောင်း

ဘုရားအမှတ် ၁၅၈ အထိ အစုလိုက်ရှိသော ဘုရား

များ၏ အုတ်တံတိုင်းအပြင်ဘက်မှ ၂၅ပေအကွာ

အထိ ပါဋလိကျောင်း၏ ဧရိယာအတွင်းရှိ ရှေးဟောင်းဘုရားအမှတ် ၁၅၉ မှ ၁၆၅အထိ ဗောဓိကျောင်း

၏ ဧရိယာအတွင်းရှိ ရှေးဟောင်းဘုရားအမှတ်၁၆၆

မှ ၂၁၀အထိ အစုလိုက်ရှိသော ဘုရားများ၏ အုတ်

တံတိုင်းပြင်ဘက်မှ ၂၅ပေအကွာအထိ။ လေးထပ်

ကျောင်း၏ ဧရိယာအတွင်းရှိ  ရှေးဟောင်းဘုရား

အမှတ် ၂၁၁ မှ ရှေးဟောင်းဘုရားအမှတ်၂၃၉

အထိ အစုလိုက်ရှိသောဘုရားများ၏ အုတ်တံတိုင်း

မှ အပြင်ဘက် ၂၅ပေအကွာအထိ ။ နောက်တော်ပါ ကျောင်း၏ ဧရိယာအတွင်းရှိ ဘုရားအမှတ် ၂၄၀

မှ ၂၆၁ အုတ်တံတိုင်းအပြသ်ဘက်မှ ၂၅ပေအကွာ

ုဖြစ်ပါသည်။

ရှေးဟောင်းတည်ရှိရာဇုန်

                 ရှေးဟောင်းတည်ရှိရာဇုန်အဖြစ် အရှေ့လားသော် ရတနာလာဘမုနိ ဆုတောင်းပြည့်

မြွေဘုရားကုန်းမြေမှ ကြိတ်ကုန်းကျောင်းရှိ အတန်း

လိုက်ဖြစ်သော ဘုရားစုများမှ ပေ၃၀အကွာအထိ။

အနောက်လားသော် မြောက်မြေရပ် ချမ်းသာကြီး

ဘုရားစုများမှ နောက်တော်ပါရပ် ရတနာမဉ္ဇူစေတီ

ဘုရားစေတီစုအထိ အစုလိုက်ရှိသော ဘုရားများမှ

ပေ၃၀ အကွာ။ တောင်ဘက်သို့လားသော် ဗောဓိ

ကျောင်းနှင့် လေးထပ်ကျောင်းအထိ အတန်းလိုက်

ရှိသော ဘုရားစုများ အုတ်တံတိုင်းမှ ပေ၃၀အကွာ

အထိ မြောက်လားသော် မြွေဘုရားကုန်းမြေနှင့်

မြောက်မြေရပ်ရှိ ချမ်းသာကြီးဘုရားအထိ အစု

လိုက်ရှိသော ဘုရားများမှ ပေ၃၀အကွာထိ ဧရိယာ

မြေကို သတ်မှတ်ထားရှိထားပါသည်။

ကာကွယ်ထိမ်းသိမ်းရေးဇုန်

             ကာကွယ်ထိမ်းသိန်းရေးဇုန်အဖြစ် အရှေ့

ဘက်လားသော် ဒုဌာဝတီမြစ်တံတားကွေ့မှ အင်းလျားကန်သာအေးကျေးရွာနှင့် ဒုဌာဝတီ အနေယက်ဘက်ကမ်းတလျောက် ။ ယင်းမှ ရွာဟောင်းကုန်းကျေးရွာအထိ တောင်ဘက်သို့လားသော် ရန်ကူန် မန္တလေးကားလမ်းဝဲယာနှင့် အပြည်ပြည်ဆိုင်ရာ

လေဆိပ်သွားလမ်းဆုံ။ယင်းမှ အနောက်ဘက်သို့

ပန်းလောင်မြစ်အရှေ့ဘက်ကမ်းနှင့် မြစ်ကူးတံတား

အဆုံးအထိ မြောက်ဘက်လားသော မြောက်ကိုင်း

ကျေးရွာနှင့် ယင်းမှ ဒုဌာဝတီ မြစ်တောင်ဘက်ကမ်း

တလျှောက်ထောင့်ချိုးကွေးအရှေ့ဘက်ကမ်းတလျှောက် အစနှင့်အဆုံးအထိ။  အနောက်ဘက်သို့

လားသော် ဒုဌာဝတီမြစ် ထောင့်ချိူးကွေ့ အရှေ့ဘ

က်ကမ်းတလျှောက်  စိတ္တရရွာမှ ဒုဌာဝတီမြစ်အရှေ့

ဘက်ကမ်းတလျှောက် ရှိပလိပ်ကျေးရွာ တဘက်ဆွဲ

ကျေးရွာယင်းမှ ပန်းလောင်မြစ်အနောက်ဘက်ကမ်း

တလျှောက်နှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်သွားလမ်းဆုံအထိဟူ၍ ဇုန်သုံးမျိုးဖြင့် ပိုင်းခြားသတ်မှတ်ကာ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိမ်း

သိမ်းစောင့်ရှောက်ထားရှိသည်။

                 သမိုင်းရနံ့များ သင်းထုံလျှက် ဒုတိယ

ပုဂံဟူပင် တင်စားခေါ်ဝေါ်လျှက်ရှိသည့် လယ်တွင်း

နယ်ရှိ စေတီပုထိုးများ တစ်စုတစ်စည်းတည်းထား

ကိုးကွယ်ထားသည့် ပလိပ်ရှေးဟောင်းယဉ်ကျေးမှု

နယ်မြေသို့ လာရောက်လေ့လာနိုင်ကြောင်း ရေး

သားတင်ပြလိုက်ပါသည်။

                   တိုက်ကြည်(စဉ့်ကိုင်)

ကိုးကား

၁။     ဦးထွန်းရီ ။ ရှေးဟောင်းသုတေသီတစ်ဦး

ပြည်သူ့ကြေးမုံ နန်းမူရိပ်မြုံ စစ်တမ်းစာရင်း နှင့်

မင်းခမ်းစာတမ်း ( နိဒါန်းကျမ်း)

၂။       အောင်ငြိမ်းချမ်း(မန်း) အမရပူရကြငှန်း

စာပေဗိမာန်စာမူဆု

၃။        ဒေါ်ခင်ဆွေဦး( ဦးစီးအရာရှိ ) ရှေး/သု

၏ ကွင်းဆင်းမှတ်တမ်းများ

၄။      မကြည်ကြည်နိုင်၏ ဘွဲ့ယူကျမ်းငယ်

၅။     ကိုယ်ပိုင်မှတ်စုများ

အတွဲ ၁၈ အမှတ် ၁၁

၂၀၁၈ခုနှစ် နိဝင်္ဘာလထုတ် သူရဇ္ဇမဂ္ဂဇင်း စာ၁၀၇

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Crd//  တိုက်ကြည်  (စဉ့်ကိုင်)

Photo- me

ထင်ရှားသော စေတီပုထိုးများ[ပြင်ဆင်ရန်]

  1. ရတနာလာဘမုနိ ဆုတောင်းပြည့် ပလိပ်မြွေဘုရား
  2. ဗန်းမော်ကျောင်းတိုက်(ပလိပ်)
  3. ဗုံတီးဘုရား

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေးနေ့စဉ်သတင်းစာ၊ (၂၉.၁၂.၂၀၁၇) စာ-၁၈