နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဌာနချုပ်နေပြည်တော်
ဆောင်ပုဒ်နယ်စပ်​ဒေသနှင့် တိုင်းရင်းသားလူမျိုးများ အမြန်ဖွံ့ဖြိုးတိုးတက်ရမည်
ဝန်ကြီးများဒုတိယဗိုလ်ချုပ်ကြီးရဲ​အောင်
မိခင်အဖွဲ့အစည်းနယ်စပ်ရေးရာ ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်mba.gov.mm

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (အင်္ဂလိပ်: Progress of Border Areas and National Races Development) သည် နယ်စပ်ရေးရာ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ရုံးလုပ်ငန်းများအား တာဝန်ယူ ဆောင်ရွက်နိုင်ရန် အတွက် အရာထမ်း (၄၉)ဦး၊ အမှုထမ်း (၁၅၈) ဦး၊ ဝန်ထမ်း စုစုပေါင်း (၂၀၇)ဦးဖြင့် ဖွဲ့စည်းထားသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံး အား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ လက်အောက်တွင် သီးခြားရုံး တစ်ရုံးအဖြစ် စတင် ဖွဲ့စည်းခဲ့သည်။ ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄၀/၉၅) အရ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံးကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အဖြစ် ပြင်ဆင် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဖွဲ့စည်းပုံကို နယ်ဘက် အရာထမ်း (၁၉၄) ဦး၊ အမှုထမ်း (၁၉၆၄) ဦး၊ စစ်ဘက် အင်ဂျင်နီယာ တပ်ရင်းအရာရှိ (၁၀၅) ဦး၊ အခြားအဆင့် (၃၄၂၀) ဦး၊ စုစုပေါင်း (၅၆၈၃) ဦး ဖြင့်ဖွဲ့စည်းခဲ့သည်။[၁]

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာစေရေး နှင့် နယ်စပ်ဒေသတွင် နေထိုင်သော ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဟူသော ဦးစီးဌာန၏ မူဝါဒ သုံးချက်အရ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ပြည်နယ်(၇) ခု၊ တိုင်း (၂) ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆) ခုတို့၏ အကျယ်အဝန်းမှာ ခန့်မှန်းစတုရန်းမိုင် (၈၄၆၉၆.၄၉) ရှိ၍ အကျုံးဝင်သည့်မြို့နယ်(၇၀) မြို့နယ်ရှိပြီး ယင်းဒေသများတွင် နေထိုင်လျက်ရှိသော လူဦးရေမှာ (၈.၃၉) သန်းကျော်ခန့်ရှိသည်။

ဦးစီးဌာန၏ ရည်ရွယ်ချက်များ[ပြင်ဆင်ရန်]

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ

  • ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဦးတည်ချက် များနှင့်အညီ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွား၊ အထောက်အကူပြု အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန်၊
  • ပြည်ထောင်စုအတွင်းရှိ နယ်မြေများ အကြားအလပ်မရှိ မျှတအချိုးညီစွာ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ရန်၊
  • တိုင်းရင်းသားလူမျိုး အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်၊
  • အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် မူးယစ်ဆေးဝါးစိုက်ပျိုးမှု လုံးဝ ပပျောက်စေရန်၊
  • နယ်စပ်ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး တို့ကို ထိန်းသိမ်းရန် တို့ဖြစ်သည်။[၂]

ဦးစီးဌာန၏ ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်အောက်တွင် ဖွင့်လှစ် ဆောင်ရွက်လျက် ရှိသည့် ရုံးဌာနများမှာ

ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး နယ်လှည့် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးအဖွဲ့ (နလဖဖရ) နယ်လှည့် ဖွံ့ဖြိုးရေးအဖွဲ့ (ပွိုင့်) ဖွံ့ဖြိုးမှု ကြီးကြပ်ရေး အဖွဲ့ခွဲရုံး (မြို့နယ်ခွဲရုံး)
မြစ်ကြီးနား
ဗန်းမော်
လားရှိုး ၁၁ ၁၀
တောင်ကြီး ၁၀
ကျိုင်းတုံ
လွိုင်ကော်
ဘားအံ
မော်လမြိုင်
ထားဝယ်
စစ်တွေ
မုံရွာ
ဟားခါး
ခန္တီး
ဦးစီးဌာန(ကွပ်ကဲမှု)
မြို့နယ်အဆင့်တိုး(ဖဖရခွဲ)
မဖွင့်လှစ်ရသေးသောမြို့နယ်ခွဲရုံး ၁၀
စုစုပေါင်း ၂၂ ၆၁ ၈၄

[၃]

ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများ[ပြင်ဆင်ရန်]

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောက်ပါနိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

  • အိန္ဒိယနိုင်ငံ
  • Japan International Cooperation Agency (JICA)
  • Swiss Agency for Development and Cooperation (SDC)
  • United Nations Development Programme (UNDP)
  • United Nations High Commissioner for Refugees (UNHCR)
  • World Food Programme (WFP)
  • Bridge Asia Japan (Nippon Foundation)
  • Groupe de Recherches et d'Echanges Technologiques (GRET)
  • Malteser International
  • SWISSAID
  • Welthungerhilfe (Whh)
  • World Vision
  • Terra People Association (TPA)
  • Association of Medical Doctors of Asia (AMDA)


ကိုးကား[ပြင်ဆင်ရန်]