ဒိဋ္ဌိအပြား
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဒိဋ္ဌိကို ယူပုံအခြင်းအရာ ယူကြောင်း စိတ် စေတနာ-စသည်ကို စွဲ၍ ၂-ပါးတွဲ ၃-ပါးတွဲ-စသည် တွဲလျက် ခွဲခြမ်းဝေဖန်ကာ ပိဋကတ်တော်(ပါ, ဋ္ဌ, ဋီ)တို့၌ ဟောပြဖွင့်ဆိုထားသည်။
၂-ပါးတွဲဒိဋ္ဌိ
[ပြင်ဆင်ရန်]- (၁) သတ္တဝါတို့၏ သေဆုံးမှုကိုသာ မြင်၍ ပဋိသန္ဓေနေမှုကို မမြင်သဖြင့် သတ္တဝါသည် သေလွန်ပြီးနောက် ပြတ်စဲ သွား၏ ဘာမျှမဖြစ်တော့လတ္တံ့”ဟူ၍ ဖြစ်သောအယူ = ဥစ္ဆေဒဒိဋ္ဌိ,
- (၂) သတ္တဝါတို့၏ ပဋိသန္ဓေနေမှုကိုသာမြင်၍ သေဆုံးမှုကိုမမြင်သဖြင့် “သတ္တဝါအသစ်ထင်ရှားစွာ ဖြစ်ပေါ် လာ၏”ဟူ၍ ဖြစ်သောအယူ = နဝသတ္တပါတုဘာဝဒိဋ္ဌိ-အားဖြင့် ၂-ပါး။
ယင်း ၂-ပါးသည် ဒိဗ္ဗစက္ခုဉာဏ်မရသူတို့အားသာ ဖြစ်၏။ ရလျှင် မဖြစ်၊ စင်ကြယ်သန့်ရှင်း၏ [၁]
- (၁) “အတ္တ လောကသည် မြဲ၏ အမြဲ ဖြစ်၏”ဟူ၍ ဖြစ်သော အယူ = ဘဝဒိဋ္ဌိ = သဿတဒိဋ္ဌိ,
- (၂) “အတ္တ, လောကသည် ပြတ်စဲ၏ မဖြစ်တော့လတ္တံ့”ဟူ၍ ဖြစ်သော အယူ = ဝိဘဝဒိဋ္ဌိ = ဥစ္ဆေဒဒိဋ္ဌိအားဖြင့် = ၂-ပါး([၂]
- (၁) “အတ္တ, လောက-သည် အဆုံး အပိုင်းအခြားရှိ၏”ဟူ၍ဖြစ်သော အယူ = အန္တဝါဒိဋ္ဌိ,
- (၂) “အတ္တ, လောက-သည် အဆုံး အပိုင်းအခြားမရှိ”ဟူ၍ ဖြစ်သော အယူ = အနန္တဝါဒိဋ္ဌိ-အားဖြင့် ၂-ပါး
- (၁) ရှေးအတိတ်ခန္ဓာအဖို့အစုသို့ အစဉ်လိုက်သော အယူ = ပုဗ္ဗန္တာနုဒိဋ္ဌိ,
- (၂) နောက်အနာဂတ် ခန္ဓာအဖို့အစုသို့ အစဉ်လိုက်သော အယူ = အပရန္တာနုဒိဋ္ဌိ-အားဖြင့် ၂-ပါး [၃]
- (၁) ရှေးအခါက ယူခဲ့ဘူးသော အယူ ဟူသော = လဒ္ဓိဒိဋ္ဌိ,
- (၂) အတ္တ, လောက-သည် မြဲ၏-ဟူ၍ ဖြစ်သော အယူဟူသော = သဿတဒိဋ္ဌိအားဖြင့် ၂-ပါး [၄]။
- (၁) အကြောင်းကံ မရှိ-ဟု ဖြစ်သော အယူ = အဟေတုဒိဋ္ဌိ,
- (၂) မညီမညွတ်သော အကြောင်းကံကြောင့် ဖြစ်ရ၏-ဟု ဖြစ်သော အယူ = ဝိသမဟေတုဒိဋ္ဌိ-အားဖြင့် ၂-ပါး [၅]။ ဒိဋ္ဌိ ၆၂-ပါးလည်း ကြည့်။
၃-ပါးတွဲဒိဋ္ဌိ
[ပြင်ဆင်ရန်]- (၁) အကြောင်းကံမရှိ-ဟူ၍ ဖြစ်သောအယူ = အဟေတုကဒိဋ္ဌိ,
- (၂) ကောင်းမှု, မကောင်းမှုကို ပြုသော်လည်း ပြုသည်မမည်, ပြုရာမရောက်-ဟူ၍ ဖြစ်သော အယူ = အကိရိယဒိဋ္ဌိ,
- (၃) အကျိုးမရှိ-ဟူ၍ ဖြစ်သောအယူ = နတ္ထိကဒိဋ္ဌိ-အားဖြင့် ၃-ပါး [၆]။ ယင်း ၃-ပါးအကျယ် [၇] ကြည့်။
ယင်း၃-ပါးသည် နိယတမိစ္ဆာဒိဋ္ဌိ (စုတိ၏ အခြားမဲ့၌ အပါယ်ပဋိသန္ဓေကို ပေးသောအားဖြင့်မြဲသော မိစ္ဆာအယူ) မည်၏ [၈]။
- (၁) သာယာအပ်သော သုခ သောမနဿ နှင့်ယှဉ်သောအယူ = အဿာဒဒိဋ္ဌိ,
- (၂) အတ္တသို့ အစဉ်လိုက်သောအယူ = အတ္တာနုဒိဋ္ဌိ,
- (၃) ချွတ်ယွင်း ဖောက်ပြန်သော အယူ = မိစ္ဆာဒိဋ္ဌိအားဖြင့် ၃-ပါး [၉]။
ယင်း ၃-ပါးတွင် အဿာဒဒိဋ္ဌိ-ကို ပယ်ဖို့ရန် အနိစ္စသညာ, အတ္တာနုဒိဋ္ဌိ-ကို ပယ်ဖို့ရန် အနတ္တသညာ, မိစ္ဆာဒိဋ္ဌိကို ပယ်ဖို့ရန် မဂ္ဂသမ္မာဒိဋ္ဌိ သို့မဟုတ် ကမ္မဿကတာဉာဏ်ကို ပွါးစေရာ၏ [၁၀]
“ခံစားမှုဝေဒနာ”နှင့်စပ်လျဉ်း၍
[ပြင်ဆင်ရန်]- (၁) “သတ္တဝါဟူသမျှသည် သုခ, ဒုက္ခ, ဥပေက္ခာ ဝေဒနာတို့ကို ရှေးဘဝက ပြုခဲ့ဘူးသော ကံဟူသော အကြောင်းကြောင့်သာ ခံစားရ၏”ဟု ဖြစ်သောအယူ = ပုဗ္ဗေကတဟေတုဒိဋ္ဌိ,
- (၂) “အစိုးရသော ဗြဟ္မာ, ဗိဿဏိုးနတ် ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့် ယင်း-ဝေဒနာတို့ကို ခံစားရ၏”ဟု ဖြစ်သောအယူ = ဣဿရနိမ္မာနဟေတုဒိဋ္ဌိ,
- (၃) “ဖြစ်စေတတ်သော “ဇနက” အကြောင်း ထောက်ပံ့ခိုင်မြဲစေတတ်သော “ဥပထမ္ဘက”အကြောင်း မရှိပဲ ယင်း-ဝေဒနာတို့ကို ခံစားရ၏”ဟု ဖြစ်သော အယူ = အဟေတုအပ္ပစ္စယဒိဋ္ဌိ-ဟူ၍ ၃-ပါး [၁၁]။
အကျင့်အားဖြင့် ၃-ပါး
[ပြင်ဆင်ရန်]- (၁) နွား ခွေး-စသော တိရစ္ဆာန်တို့၏ အလေ့ “သီလ”ကို လေ့လာပြုကျင့်သဖြင့် သံသရာမှ စင်ကြယ်၏-ဟု မှားယွင်းစွာ သုံးသပ် သောအယူ = သီလပရာမာသဒိဋ္ဌိ,
- (၂) ယင်းတို့၏ အကျင့်“ဝတ”ကို ပြုကျင့်သဖြင့် သံသရာမှ စင်ကြယ်၏ဟု မှားယွင်းစွာ သုံးသပ် သောအယူ = ဝတပရာမာသဒိဋ္ဌိ,
- (၃) ယင်း-တို့၏ အလေ့, အကျင့် “သီလဗ္ဗတ”ကို ပြုကျင့်သဖြင့် သံသရာမှ စင်ကြယ်၏-ဟု မှားယွင်းစွာ သုံးသပ်သောအယူ = သီလဗ္ဗတပရာမာသဒိဋ္ဌိ ဟူ၍ ၃-ပါး [၁၂]။
၄-ပါးတွဲဒိဋ္ဌိ
[ပြင်ဆင်ရန်]- (၁) “သတ္တဝါသည် သေလွန်ပြီးနောက် ဖြစ်ရပြန်၏” ဟူ၍ ယူသော ဒိဋ္ဌိ,
- (၂) “သတ္တဝါသည် သေလွန်ပြီးနောက် မဖြစ်ရတော့လတ္တံ့” ဟူ၍ ယူသောဒိဋ္ဌိ,
- (၃) “သတ္တဝါသည် သေလွန်ပြီးနောက် ဖြစ်လည်း ဖြစ်ရ၏။ မဖြစ်လည်း မဖြစ်ရတော့လတ္တံ့ ဟူ၍ ယူသောဒိဋ္ဌိ,
- (၄) “သတ္တဝါသည် သေလွန်ပြီးနောက် ဖြစ်ရသည်လည်း မဟုတ်, မဖြစ်ရသည်လည်းမဟုတ်”ဟူ၍ ယူသော ဒိဋ္ဌိ အားဖြင့်၄-ပါး [၁၃]။
- (၁) “ချမ်းသာဆင်းရဲကို ကိုယ်တိုင်ပြု အပ်၏”ဟူ၍ ဖြစ်သောဒိဋ္ဌိ,
- (၂) “ချမ်းသာ, ဆင်းရဲကို တစ်ပါးသူသည် ပြုအပ်၏”ဟူ၍ဖြစ်သော ဒိဋ္ဌိ,
- (၃) “ချမ်းသာ ဆင်းရဲကို ကိုယ်တိုင်လည်း ပြုအပ်၏ တစ်ပါးသူလည်း ပြုအပ်၏"ဟူ၍ ဖြစ်သော ဒိဋ္ဌိ,
- (၄) “ချမ်းသာ ဆင်းရဲကို ကိုယ်တိုင်လည်း မပြုအပ် တစ်ပါး သူလည်း မပြုအပ်၊ အကြောင်းကင်းလျက် ဖြစ်၏”ဟူ၍ ဖြစ်သော ဒိဋ္ဌိ-အားဖြင့် ၄-ပါး [၁၄]။ ဒိဋ္ဌိ ၆၂-ပါးလည်း ကြည့်။
၅-ပါးတွဲဒိဋ္ဌိ
[ပြင်ဆင်ရန်]- (၁) ရူပက္ခန္ဓာကို “အတ္တ” ဟု ရှုသောဒိဋ္ဌိ,
- (၂) ဝေဒနာက္ခန္ဓာကို “အတ္တ” ဟု ရှုသော ဒိဋ္ဌိ,
- (၃) သညာက္ခန္ဓာကို “အတ္တ” ဟု ရှုသော ဒိဋ္ဌိ,
- (၄) သင်္ခါရက္ခန္ဓာကို “အတ္တ ဟု ရှုသော ဒိဋ္ဌိ,
- (၅) ဝိညာဏက္ခန္ဓာကို အတ္တ”ဟု ရှုသော ဒိဋ္ဌိအားဖြင့် ၅-ပါး [၁၅]။
- (၁) “သေလွန်ပြီးနောက် အတ္တသည် သညာရှိ၏၊ ရောဂါမစွဲ အမြဲတည်နေ၏”ဟူ၍ ဖြစ်သော ဒိဋ္ဌိ,
- (၂) “သေလွန်ပြီးနောက် အတ္တသည် သညာမရှိ၊ ရောဂါမစွဲ အမြဲတည်နေ၏”ဟူ၍ ဖြစ်သော ဒိဋ္ဌိ,
- (၃) “သေလွန် ပြီးနောက် အတ္တသည် သညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်း မဟုတ်, ရောဂါ မစွဲ အမြဲတည်နေ၏”ဟူ၍ ဖြစ်သော ဒိဋ္ဌိ,
- (၄) ထင်ရှားရှိသော သတ္တဝါ ဘဝမှ ကင်း ပြတ်ရ၏-ဟူ၍ဖြစ်သောဒိဋ္ဌိ,
- (၅) မျက်မှောက် အတ္တဘော၌ ဒုက္ခ၏ငြိမ်းအေးခြင်းကို ပြောဆိုကြောင်းဖြစ်သော ဒိဋ္ဌိအားဖြင့် ၅-ပါး [၁၆]။ ဒိဋ္ဌိ ၆၂-ပါးလည်း ကြည့်။ ၂-ပါးတွဲ ဒိဋ္ဌိ-လည်း ပြန်ကြည့်။
၆-ပါးတွဲဒိဋ္ဌိ
[ပြင်ဆင်ရန်]- (၁) “ငါ့မှာ အတ္တရှိ၏”ဟု ယူသောဒိဋ္ဌိ,
- (၂) “ငါ့မှာ အတ္တမရှိ”ဟု ယူ သော ဒိဋ္ဌိ,
- (၃) “သညာက္ခန္ဓာအတ္တဖြင့်သာ ကြွင်း ခန္ဓာ ၄-ပါး အတ္တကို သိ၏”ဟု ယူ သော ဒိဋ္ဌိ,
- (၄) “သညာက္ခန္ဓာအတ္တဖြင့်သာ ကြွင်းခန္ဓာ ၄-ပါး အနတ္တကို သိ၏”ဟု ယူသော ဒိဋ္ဌိ,
- (၅) “သညာက္ခန္ဓာ အနတ္တဖြင့်သာ ကြွင်း ခန္ဓာ ၄-ပါး အတ္တကို သိ၏”ဟု ယူသောဒိဋ္ဌိ,
- (၆) “ပြောဆိုတတ်, သိမြင်ခံ စားတတ် ထိုထိုအာရုံ၌ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးကိုသိမြင် ခံစားတတ်သော ငါ၏ အတ္တသည် မြဲမြံတည်တံ့ အရှည်ခံ့၏၊ပုတ်သင်အလား ဖောက်ပြား ပြောင်းလဲခြင်းမရှိ၊ လ, နေ, သမုဒ္ဒရာ, မြေကြီး, တောင်တို့နှင့်တူစွာ အခါခပ်သိမ်းတည်လတ္တံ့ ”ဟု ယူသော ဒိဋ္ဌိ-အားဖြင့် ၆-ပါး[၁၇]။
၇-ပါးတွဲဒိဋ္ဌိ
[ပြင်ဆင်ရန်]- (၁) သာယာအပ်သော သုခသောမနဿ၌ ဖြစ်သော အယူဟူသော အဿာဒဒိဋ္ဌိ,
- (၂) အတ္ထသို့ အစဉ်လိုက်သော အယူဟူသော အတ္တာနုဒိဋ္ဌိ,
- (၃) ချွတ်ယွင်းဖောက်ပြန်စွာ ယူသော အယူ ဟူသော မိစ္ဆာဒိဋ္ဌိ,
- (၄) ထင်ရှားရှိသော ခန္ဓာ ၅-ပါး အပေါင်း၌ဖြစ်သော အယူဟူသော သက္ကာယဒိဋ္ဌိ,
- (၅) ၂-ပါးသော သဿတ, ဥစ္ဆေဒ-ဟူသော အဖွဲ့ကိုယူသော အယူ ဟူသော အန္တဂ္ဂါဟိကဒိဋ္ဌိ,
- (၆) အကျိုးမဲ့၌ ယှဉ်စေတတ်သော အယူဟူသော သညောဇနိကဒိဋ္ဌိ,
- (၇) အတ္တကို ပြောဆိုခြင်းနှင့် စပ်ယှဉ်သော အယူဟူသော အတ္တဝါဒပဋိသံယုတ္တဒိဋ္ဌိ-အားဖြင့် ၇-ပါး[၁၈]။ ဒိဋ္ဌိ ၆၂-ပါးလည်း ကြည့်။
၈-ပါးတွဲဒိဋ္ဌိ
[ပြင်ဆင်ရန်]အတ္တ, လောကကို အကြောင်းပြု၍—
- (၁) “ယင်း-အတ္တ, လောကသည် မြဲ၏ဟု ယူသောဒိဋ္ဌိ,
- (၂) “မမြဲ”ဟု ယူသော ဒိဋ္ဌိ,
- (၃) “မြဲလည်း မြဲ၏, မမြဲလည်း မမြဲ”ဟု ယူသော ဒိဋ္ဌိ,
- (၄) “မြဲသည်လည်း မဟုတ်, မမြဲသည်လည်း မဟုတ်” ယူသော ဟု ယူသော ဒိဋ္ဌိ,
- (၅) “အဆုံး အပိုင်း အခြားရှိ၏”ဟု ယူသော ဒိဋ္ဌိ,
- (၆) “အဆုံး အပိုင်းအခြားမရှိ”ဟု ယူသော ဒိဋ္ဌိ,
- (၇) အဆုံးအပိုင်းအခြားလည်း ရှိ၏, အဆုံး အပိုင်းအခြားလည်း မရှိ”ဟု ယူသော ဒိဋ္ဌိ,
- (၈) “အဆုံး, အပိုင်းအခြား ရှိသည်လည်း မဟုတ် အဆုံးအပိုင်းအခြား မရှိသည်လည်း မဟုတ်”ဟု ယူသော ဒိဋ္ဌိအားဖြင့် ၈-ပါး (မ၊ဋ္ဌ၊၁၊၁၈၆)။ ဒိဋ္ဌိ ၆၂-ပါးလည်း ကြည့်။
ယင်း ၈-ပါးသည်ပင် အတ္တကို “လောက” ဟု စွဲလမ်းပြောဆိုခြင်းနှင့် စပ်ယှဉ်သောကြောင့် “လောကဝါဒပဋိသံယုတ္တဒိဋ္ဌိ”လည်း မည်၏ [၁၉]။
၉-ပါးတွဲဒိဋ္ဌိ—၁၆-ပါးတွဲဒိဋ္ဌိတွင် ၇-ပါးတွဲ ဒိဋ္ဌိမှတစ်ပါး ကျန်ဒိဋ္ဌိများပင်ဖြစ်၏ [၂၀]။
၁၀-ပါးတွဲဒိဋ္ဌိ
[ပြင်ဆင်ရန်]- (၁) “လောကသည် မြဲ၏ဟု ယူသော ဒိဋ္ဌိ,
- (၂) “လောကသည် မမြဲဟု ယူသော ဒိဋ္ဌိ,
- (၃) “လောကသည် အပိုင်းအခြားရှိ၏”ဟုယူသောဒိဋ္ဌိ,
- (၄) “လောကသည် အဆုံး အပိုင်းအခြားမရှိ”ဟု ယူသော ဒိဋ္ဌိ,
- (၅) ဇီဝနှင့် သရီရကို အတူပြု၍ ယူသော ဒိဋ္ဌိ,
- (၆) ယင်း ၂-ပါးကိုတခြား စီပြု၍ ယူသော ဒိဋ္ဌိ,
- (၇) “သတ္တဝါသေလွန် ပြီးနောက် ဖြစ်ရသေး၏ဟု ယူသော ဒိဋ္ဌိ,
- (၈) “သတ္တဝါသေလွန်ပြီးနောက် မဖြစ်တော့လတ္တံ့”ဟု ယူသော ဒိဋ္ဌိ,
- (၉) “သတ္တဝါသေ လွန်ပြီးနောက် ဖြစ်လည်း ဖြစ်ရ၏ မဖြစ်လည်း မဖြစ်ရတော့လတ္တံ့”ဟု ယူသော ဒိဋ္ဌိ,
- (၁၀) “သတ္တဝါသေလွန်ပြီးနောက်ဖြစ်ရသည်လည်း မဟုတ် မဖြစ်ရသည်လည်း မဟုတ် ဟု ယူသော ဒိဋ္ဌိအားဖြင့် ၁၀-ပါး [၂၁]။
- (၁) “ပေးလှူခြင်း၏အကျိုး မရှိ”ဟု ယူ သော ဒိဋ္ဌိ,
- (၂) “ယဇ်ကြီး ပူဇော်ခြင်း၏ အကျိုး မရှိဟု ယူသော ဒိဋ္ဌိ,
- (၃) “ယဇ် ငယ်ပူဇော်ခြင်း၏ အကျိုးမရှိ”ဟု ယူသော ဒိဋ္ဌိ,
- (၄) “ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုး မရှိ”ဟု ယူသော ဒိဋ္ဌိ,
- (၅) “ပစ္စုပ္ပန် လောက ယခုဘဝ မရှိ”ဟု ယူသော ဒိဋ္ဌိ,
- (၆) တမလွန်လောက နောက်ဘဝ မရှိ”ဟု ယူ သော ဒိဋ္ဌိ,
- (၇) “အမိ၌ ပြုကျင့်အပ်သော ကောင်းမှု မကောင်းမှု၏ အကျိုးမရှိ”ဟု ယူ သော ဒိဋ္ဌိ,
- (၈) “အဘ၌ ပြုကျင့်အပ်သော ကောင်းမှု မကောင်းမှု၏ အကျိုးမရှိ”ဟု ယူ သော ဒိဋ္ဌိ,
- (၉) “ဥပပတ်ပဋိသန္ဓေနေသော သတ္တဝါတို့ မရှိ”ဟု ယူသော ဒိဋ္ဌိ,
- (၁၀) “ပစ္စုပ္ပန်လောက, တမလွန်လောကကို သိသည့်အတိုင်း ဟောပြောနိုင်သော ရဟန်း ပုဏ္ဏားတို့ မရှိ”ဟု ယူသော ဒိဋ္ဌိ-အားဖြင့် ၁၀-ပါး [၂၂]
၁၅-ပါးတွဲဒိဋ္ဌိ
[ပြင်ဆင်ရန်]- (၁) အတ္တကို ရုပ်ရှိ၏ ဟူ၍ ရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
- (၂) အတ္တ၌ ရုပ်ကိုရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
- (၃) ရုပ်၌ အတ္တကို ရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
- (၄) အတ္တကို ဝေဒနာရှိ၏ဟူ၍ ရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
- (၅) အတ္တ၌ အတ္တ၌ ဝေဒနာကို ရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
- (၆) ဝေဒနာ၌ အတ္တကို ရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
- (၇) အတ္တကို သညာရှိ၏ဟူ၍ ရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
- (၈) အတ္တ၌ သညာကို ရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
- (၉) သညာ၌ အတ္တကို ရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
- (၁၀) အတ္တကို သင်္ခါရရှိ၏ဟူ၍ ရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
- (၁၁) အတ္တ၌ သင်္ခါရတို့ကို ရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
- (၁၂) သင်္ခါရတို့၌ အတ္တကို ရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
- (၁၃) အတ္တကို ဝိညာဉ်ရှိ၏ ဟူ၍ ရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
- (၁၄) အတ္တ၌ ဝိညာဉ်ကို ရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
- (၁၅) ဝိညာဉ်၌ အတ္တကို ရှုသောအားဖြင့် ယူသော ဒိဋ္ဌိအားဖြင့် ၁၅-ပါး [၂၃]။ ၂-ပါးတွဲဒိဋ္ဌိ-လည်း ပြန်ကြည့်။
၁၆-ပါးတွဲဒိဋ္ဌိ
[ပြင်ဆင်ရန်]- (၁) သာယာအပ်သော သုခ, သောမနဿ၌ ဖြစ်သော အယူဟူသော အဿာဒဒိဋ္ဌိ,
- (၂) အတ္တသို့ အစဉ်လိုက်သော အယူဟူသော အတ္တာနုဒိဋ္ဌိ,
- (၃) ချွတ်ယွင်း ဖောက်ပြန်သော အယူဟူသော မိစ္ဆာဒိဋ္ဌိ,
- (၄) ထင်ရှားရှိသော ခန္ဓာ ၅-ပါး အပေါင်း၌ ဖြစ်သော အယူဟူသော သက္ကာယဒိဋ္ဌိ,
- (၅) သက္ကာယလျှင် တည်ရာရှိ၍ “မြဲ၏”ဟူ၍ ဖြစ်သော အယူဟူသော သက္ကာယဝတ္ထုကသဿတဒိဋ္ဌိ,
- (၆) ယင်းလျှင် တည်ရာရှိ၍ “ပြတ်၏” ဟူ၍ ဖြစ်သော အယူဟူ သက္ကာယဝတ္ထုကဥစ္ဆေဒဒိဋ္ဌိ,
- (၇) “အဆုံး, အပိုင်းအခြား ရှိ၏”ဟု ယူခြင်းရှိသော အယူဟူသော အန္တဂ္ဂါဟိကဒိဋ္ဌိ,
- (၈) ရှေး အတိတ် ခန္ဓာ အဖို့ အစုသို့ အစဉ်လိုက်သော အယူဟူသော ပုဗ္ဗန္တာနုဒိဋ္ဌိ,
- (၉) နောက်အနာဂတ်ခန္ဓာအဖို့အစုသို့ အစဉ်လိုက်သော အယူဟူသော အပရန္တာနုဒိဋ္ဌိ,
- (၁၀) အကျိုးမဲ့၌ ယှဉ်စေတတ်သော အယူဟူသော သညောဇနိကဒိဋ္ဌိ,
- (၁၁) “ငါ” ဟူသော မာန်မူခြင်းဖြင့် နှောင်ဖွဲ့အပ်သော အယူဟူသော “အဟ”န္တိ မာနဝိနိဗန္ဓဒိဋ္ဌိ,
- (၁၂) “ငါ့ဥစ္စာ”ဟု ယူလျက် မာန်မူခြင်းဖြင့် နှောင်ဖွဲ့အပ်သော အယူဟူသော “မမ” န္တိမာနဝိနိဗန္ဓဒိဋ္ဌိ,
- (၁၃) အတ္တကို စွဲလမ်းပြောဆိုခြင်းနှင့် စပ်ယှဉ်သော အယူဟူသော အတ္တဝါဒပဋိသံယုတ္တဒိဋ္ဌိ,
- (၁၄) အတ္တကို လောက ဟု စွဲလမ်းပြောဆိုခြင်းနှင့် စပ်ယှဉ်သော အယူဟူသော လောကဝါဒပဋိသံယုတ္တ ဒိဋ္ဌိ,
- (၁၅) “မြဲ၏”ဟူ၍ ဖြစ်သော ဘဝဒိဋ္ဌိ,
- (၁၆) “ပြတ်၏”ဟူ၍ ဖြစ်သော အယူဟူသော ဝိဘဝဒိဋ္ဌိ-အားဖြင့် ၁၆-ပါး [၂၄]။ ဒိဋ္ဌိ ၆၂-ပါးလည်း ကြည့်။ [၂၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ (ဝိ၊ဋ္ဌ၊၁၊၁၃၂။ ဝိသုဒ္ဓိ၊၂၊၅၄။ ဣတိဝုတ်၊ဋ္ဌ၊၃၀၀။ မဟာနိ၊ဋ္ဌ၊၃၃၂)။
- ↑ ဒီ၊၃၊၁၇၈။ မ၊၁၊၉၄။ သံ၊၂၊၇၇။ အံ၊၁၊၈၂။ အဘိ၊ဓ၊၁၄၊ ၂၅၇။ အဘိ၊ဝိ၊၃၆၀၊ ၃၇၃။ မ၊ဋ္ဌ၊၁၊၃၁၇။ သံ၊ဋ္ဌ၊၂၊၂၇၉။ အဘိ၊ဋ္ဌ၊၂၊၄၈၅။ ပဋိသံ၊ဋ္ဌ၊၂၊၂၁)။
- ↑ (အဘိ၊ဓ၊၁၄၊ ၂၅၇။ အဘိ၊ဝိ၊၃၆၀၊ ၃၇၃။ အဘိ၊ဋ္ဌ၊၁၊၉၄)။
- ↑ (သံ၊ဋ္ဌ၊၁၊၁၉၅)
- ↑ (သံ၊ဋ္ဌ၊၂၊၂၃၃။ အဘိ၊ဋ္ဌ၊၁၊၃၈၆။ သံ၊ဋီ၊၂၊၂၀၅)
- ↑ (သံ၊၂၊၆၀။ သံ၊ဋ္ဌ၊၂၊၂၅၇။ အံ၊ဋ္ဌ၊၁၊၃၆၉)
- ↑ (မ၊၂၊၆၂၇၆။ သံ၊၂၊၅၉-၆၀။ မ၊ဋ္ဌ၊၃၊၈၁-၇။ သံ၊ဋ္ဌ၊၂၊၂၅၇-၈)
- ↑ (အဘိ၊ဋ္ဌ၊၃၊၁၀၁။ သာရတ္ထ၊၃၊၈၇။ ဝိမတိ၊၂၊၄၈။ မ၊ဋီ၊၂၊၈၃)
- ↑ (အံ၊၂၊၃၈၉။ အဘိ၊ဝိ၊၃၆၀၊ ၃၈၃။ အံ၊ဋ္ဌ၊၃၊၁၄၂။ အဘိ၊ဋ္ဌ၊၂၊၄၈၀)
- ↑ (အံ၊၂၊၃၈၉။ အံ၊ဋ္ဌ၊၃၊၁၄၂)။
- ↑ (အံ၊၁၊၁၇၄-၅။ အံ၊ဋ္ဌ၊၂၊၁၅၆-၇)
- ↑ (အဘိ၊ဓ၊၂၀၈၊ ၂၂၆၊ ၂၃၀၊ ၂၅၁-၁)
- ↑ (ဒီ၊၁၊၂၆။ အံ၊၂၊၄၄၈)
- ↑ (သံ၊၁၊၂၆၁။ အဘိ၊ဝိ၊၃၆၁၊ ၃၉၁။ အဘိ၊ဋ္ဌ၊၂၊၄၈၄-၅)
- ↑ (ပဋိသံ၊၁၅၇။ ပေဋကော၊၂၁၁၊ ၂၅၅။ အဘိ၊ဋ္ဌ၊၁၊၃၈၈။ ပဋိသံ၊ဋ္ဌ၊၂၊၆၁)
- ↑ (အဘိ၊ဝိ၊၃၉၂။ အဘိ၊ဋ္ဌ၊၂၊၄၈၆-၇)
- ↑ (မ၊၁၊၁၀။ အဘိ၊ဝိ၊၃၉၆-၇။ မ၊ဋ္ဌ၊၁၊၇၃-၄။ အဘိ၊ဋ္ဌ၊၂၊၄၉၀-၁)
- ↑ (ပဋိသံ၊၁၅၈။ ပဋိသံ၊ဋ္ဌ၊၂၊၆၂)
- ↑ (ပဋိသံ၊၁၅၇)
- ↑ (ပဋိသံ၊၁၃၃။ ပဋိသံ၊ဋ္ဌ၊၂၊၄၆၊ ၆၃)
- ↑ (သံ၊၂၊၂၁၈-၂၂၀။ အံ၊၃၊၄၀၇၊ ၄၁၃၊ ၄၁၅။ အဘိ၊ဓ၊၂၂၂၊ ၂၂၅၊ ၂၃၀၊ ၂၃၆။ အဘိ၊ဝိ၊၄၀၆။ မဟာနိ၊၃၇။ အဘိ၊ဋ္ဌ၊၁၊၄၀၂-၃။ မဟာနိ၊ဋ္ဌ၊၁၃၉။ အံ၊ဋီ၊၂၊၂၉၄-၅)
- ↑ (ဒီ၊၁၊၅၁။ ဒီ၊၃၊၂၂၀၊ ၂၄၉။ မ၊၁၊၃၅၆၊ ၃၆၂။ မ၊၂၊၆၃-၄။ မ၊၃၊၇၂၊ ၉၉၊ ၁၁၆၊ အံ၊၁၊၂၇၂-၄။ အံ၊၃၊၄၇၄၊ ၄၉၁၊ ၄၉၃၊ ၄၉၉။ အဘိ၊ဓ၊၂၄၁၊ ၂၆၃။ အဘိ၊ဝိ၊၃၈၉။ အဘိ၊ပု၊၁၂၄။ ပဋိသံ၊၁၄၆-၇။ မဟာနိ၊၃၇။ ဒီ၊ဋ္ဌ၊၁၊၁၄၉။ မ၊ဋ္ဌ၊၂၊၂၃၂-၃။ မ၊ဋ္ဌ၊၃၊၈၂။ အဘိ၊ဋ္ဌ၊၁၊၄၁၅-၆။ ပဋိသံ၊ဋ္ဌ၊၂၊၃၃-၄၈ မဟာနိ၊ဋ္ဌ၊၁၃၉။ ဒီ၊ဋီ၊၁၊၂၂၅-၆။ သီ.ဋီ၊ သစ်၊၂၊၄၅-၆။ မူလဋီ၊၁၊၁၇၆)။
- ↑ (ပဋိသံ၊၁၅၇။ အဘိ၊ဋ္ဌ၊၁၊၃၈။ ပဋိသံ၊ဋ္ဌ၊၂၊၆၁)
- ↑ (ပဋိသံ၊၁၃၃။ ပဋိသံ၊ဋ္ဌ၊၂၊၄၆)
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၀