သတ္တဝါ

ဝီကီပီးဒီးယား မှ

သတ္တဝါဆိုသည် အသက်ရှိသော အရာအားလုံးကို ခေါ်ဆိုသည်

အပင်နှင့် သတ္တဝါ ခွဲခြားပုံ[ပြင်ဆင်ရန်]

လှုပ်ရှားသွားလာနိုင်ပြီး အစာကို ပါးစပ်ဖြင့် စားသောက်တတ်သော သက်ရှိမှန်သမျှကို Animal (ခေါ်) သတ္တဝါ ဟု အပင်တို့နှင့် ကွဲပြားစေရန် ခွဲခြားအဓိပ္ပာယ် သတ်မှတ်ပါသည်။

သတ္တဝါ များကို မျိုးတူရာ အုပ်စုခွဲ လိုက်လျှင် အောက်ပါအတိုင်း ခုနှစ်မျိုး ခွဲခြားနိုင်သည်။

နို့တိုက် သတ္တဝါများ(Mammals)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - နို့တိုက်သတ္တဝါ

သားငယ်ကို မိခင်နို့တိုက်ကျွေးသည့် အလေ့အထရှိသော အဆင့်မြင့် ကျောရိုးရှိ သွေးနွေးသတ္တဝါများ ဖြစ်ကြသည်။ လူအပါအဝင် မျိုးစိတ်ပေါင်း ၄၀၀၀ ခန့်ရှိသည်။ (မျောက်၊ ခွေး၊ ကျွဲ၊ နွား၊ ကျား၊ ဆင်၊ လင်းပိုင်၊ ဝေလငါး၊ ဖျံ စသည်)

ကုန်းနေအကြီးဆုံး နို့တိုက် သတ္တဝါ၊ အာဖရိကဆင်

တွားသွား သတ္တဝါများ(Reptiles)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တွားသွားသတ္တဝါ

အကြေးအခွံပါသော ကျောရိုးရှိ သွေးအေးသတ္တဝါများဖြစ်ကြပြီး အများစုမှာ ကုန်းပေါ်တွင် မွေးဖွားကြသည်။ မျိုးစိတ် ၆၀၀၀ ကျော်ရှိသည်။ (မြွေ၊ လိပ်၊ ဖွတ်၊ ပုတ်သင်ညို စသည်)

ရေနေကုန်းနေ သတ္တဝါများ(Amphibians)[ပြင်ဆင်ရန်]

ကျောရိုးရှိ သွေးအေး သတ္တဝါများဖြစ်ကြပြီး ရေတွင်ပေါက်ဖွားကာ ကုန်းပေါ်တွင် အရွယ်ရောက်ကြသည်။ မျိုးစိတ် ၃၀၀၀ ခန့်ရှိသည်။ (ဖား၊ ဆယ်လ်မင်ဒါ စသည်)

ငှက်များ(Birds)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ငှက်

အခွံမာသော ဥမှပေါက်ဖွားပြီး အရွယ်ရောက်လျှင် အမွှေးအတောင်များရှိသော အများစု ပျံသန်းနိုင်သည့် ကျောရိုးရှိ သွေးနွေးသတ္တဝါများကို ငှက်ဟုခေါ်သည်။ မျိုးစိတ် ၈၀၀၀ ခန့်ရှိသည်။ (ကျီး၊ ဇီးကွက်၊ သိမ်းငှက်၊ ငှက်ကုလားအုပ်၊ ပင်ဂွင်း စသည်)

ငါးများ(Fish)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ငါး (တိရစ္ဆာန်)

ရေတွင် ပါးဟပ်ဖြင့် အသက်ရှုကာ ဆူးတောင်ရေယက်များဖြင့် ကူးခတ်တတ်ပြီး အကြေးခွံရှိသော ကျောရိုးရှိ သွေးအေး သတ္တဝါများဖြစ်သည့် ငါးမျိုးစိတ်ပေါင်း ၂၁၀၀၀ ခန့်ရှိသည်။ (ငါးမန်းရေနဂါးဆယ်လမွန်ထရောက် စသည်)

အကြီးဆုံး ရေနေသတ္တဝါ ၊ ဝေလငါး

ခြေဆစ်များ သတ္တဝါများ(Arthropods)[ပြင်ဆင်ရန်]

အဆစ်အပိုင်းများဖြင့်ဖွဲ့စည်းထားသည့် ခြေထောက်သုံးစုံထက်မနည်းရှိကာ ကျောရိုးမပါပဲ မာကျောသောအခွံကို အရိုးအနေဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် အကြီးမားဆုံးသော အုပ်စုဖြစ်သည်။ မျိုးစိတ်ပေါင်း ၈၀၀၀၀၀ ကျော်ရှိကာ အင်းဆက်များသည်လည်း ထိုအုပ်စုတွင် အပါအဝင်ဖြစ်သည်။ (ပုရွက်နှံကောင်ချေးပိုးထိုးပင့်ကူကဏန်းပုဇွန် စသည်)

ကျိချွဲ သတ္တဝါများ([[Mollusc's)

အရိုးလုံးဝမပါပဲ ကျိချွဲပျော့တွဲသော ကိုယ်ရှိပြီး ပွတ်တိုက်ရွေ့လျားသွားလာတတ်သည့် အုပ်စုဖြစ်သည်။ အချို့မျိုးစိတ်များတွင် ပျော့တွဲသောကိုယ်ကို အခွံမာတစ်ခုဖြင့် ကာကွယ်ထားတတ်ကြသည်။ (ခရု၊ ပက်ကျိ၊ မျှော့၊ ရေဘဝဲ၊ ကင်းမွန်၊ ယောက်သွား၊ ကမာ၊ ကြယ်ငါး စသည်တို့)