ဒိဗ္ဗစက္ခုအဘိညာ
ဒိဗ္ဗစက္ခုအဘိညာဉ် သည် နတ်မျက်စိကဲ့သို့ ကွယ်ခြားရာ, ဝေးရာအရပ်တို့ရှိ အဆင်းဝတ္ထုတို့ကို မြင်နိုင်သည့်ဉာဏ် ဖြစ်သည်။[၁]
ဒိဗ္ဗစက္ခုအဘိညာဉ်
[ပြင်ဆင်ရန်]ဣဒ္ဓိမာပုဂ္ဂိုလ်သည် နတ်မျက်စိကဲ့သို့ ကွယ်ခြားရာ, ဝေးရာအရပ်တို့၌ရှိသော အဆင်းဝတ္ထုတို့ကို မြင်လိုသောအခါ အကယ်၍ နတ်ပြည်ကို မြင်လိုအံ့ အလင်းကသိုဏ်း သုံးခုတွင် တစ်ခုခုကို ထိုမိမိမြင်လိုသော အရပ်သို့ ဖြန့်ခင်း၍, နှိုးဈာန်ကို စိတ်ဝင်စား၍, ထ၍ ပကတိမျက်စိတ်ဖြင့် ဤအနီးရှိအဆင်းဝတ္ထုကို မြင်ရသကဲ့သို့ ဤနတ်ပြည်ကို ငါမြင်အံ့ဟု ရည်မှန်းဆင်ခြင်ခြင်း ပရိကံကိုပြုပြီးလျှင် အဘိညာပါဒကဈာန်ကို ဝင်စား၍ ထပြီးလျှင် ဤနတ်ပြည်ကို ငါမြင်စေသတည်း-ဟု အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ မြင်နိုင်သော အဓိဋ္ဌာန်အဘိညာဇော ကျလာ၏၊ မြင်ရ၏။ အကယ်၍ ပထမအကြိမ်ဖြင့် မမြင်ရသေးလျှင် ပါဒကဈာန်ကို ဝင်စား၍ အဖန်ဖန် အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏၊ မြင်ရတော့၏၊ ငရဲကို မြင်လိုလျှင်လည်း ဤနည်းတူ ကြည့်ရှုအပ်၏၊ မြင်ရ၏။ မည်သည့် ဝတ္ထုကိုမဆို မြင်လိုလျှင် ဤနည်းတူ ကြည့်ရှုရ၏၊ မြင်ရ၏။[၁]
၁။ ထိုသတ္တဝါတို့ကို ကြည့်ရှု၍ မြင်၍ ဤသတ္တဝါတို့သည် ဘယ်လိုကံကိုပြု၍ ဤကဲ့သို့ စည်းစိမ်ချမ်းသာကို ရပါလိမ့်နည်း၊ ဒုက္ခကို ခံရပါလိမ့်နည်း-ဟု ကံကို ဆင်ခြင်ကြည့်ရှုလျှင် ကံကိုလည်း သိမြင်နိုင်တော့၏။ ထိုကံကို သိမြင်နိုင်သည့်ဉာဏ်ကို “ယထာကမ္မုပဂအဘိညာ” ဟု ခေါ်၏။[၁]
၂။ ထိုသတ္တဝါတို့ကို နောင်ဖြစ်လတ္တံ့သည်ကိုလည်း ဆင်ခြင်ကြည့်ရှုလျှင် သိမြင်နိုင်၏၊ ထိုသို့ သိမြင်နိုင်သော ဉာဏ်ကို အနာဂတံသအဘိညာဟု ခေါ်၏၊ ဤအဘိညာ နှစ်ပါးတို့ကိုလည်း ဒိဗ္ဗစက္ခုအဘိညာသို့သွင်း၏။[၁]