ရူပက္ခန္ဓာ
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
ရူပက္ခန္ဓာ ဆိုသည်မှာ ဖောက်ပြန်တတ်သော သဘောရှိသည့် ရုပ်တရား (၂၈) ပါး စုပေါင်းနေမှုကို ဆိုလိုသည်။ ရူပက္ခန္ဓာကို ပိုမိုနားလည်လွယ်စေရန် ၎င်း၏ ဖွဲ့စည်းပုံ၊ သဘောသဘာဝနှင့် ရှုမှတ်ပုံ နည်းစနစ်များအလိုက် အောက်ပါအတိုင်း အမျိုးအစားခွဲခြား တင်ပြအပ်ပါသည် -
အခြေခံအုတ်မြစ်ဖြစ်သော မဟာဘုတ်ရုပ် (၄) ပါး
[ရင်းမြစ်ကို တည်းဖြတ်ရန်]မဟာဘုတ်ရုပ်များသည် ရုပ်အားလုံး၏ အခြေခံ တည်ဆောက်ပုံများ ဖြစ်ကြပြီး တစ်ပါးနှင့်တစ်ပါး အပြန်အလှန် အမှီပြု၍ ဖြစ်ပေါ်ကြသည်။
- ပထဝီဓာတ်: ခက်မာခြင်း သဘောရှိပြီး အတူဖြစ်သော ရုပ်တရားများ၏ တည်ရာအဖြစ် ဆောင်ရွက်သည်။
- အာပေါဓာတ်: ယိုစီးခြင်း သဘောရှိပြီး ရုပ်ကလာပ်အတွင်းရှိ ရုပ်တရားများကို ဖရိုဖရဲမဖြစ်အောင် ပေါင်းစည်းဖွဲ့စည်းပေးသည်။
- တေဇောဓာတ်: ပူခြင်း သို့မဟုတ် အေးခြင်း သဘောရှိပြီး ရုပ်တရားများကို ရင့်ကျက်စေသည်။
- ဝါယောဓာတ်: ထောက်ကန်ခြင်း သဘောရှိပြီး ရုပ်တရားများကို လှုပ်ရှားစေခြင်း၊ တွန်းကန်ခြင်း ကိစ္စကို ဆောင်ရွက်သည်။
မဟာဘုတ်ကို အမှီပြု၍ဖြစ်သော ဥပါဒါရုပ်များ
[ရင်းမြစ်ကို တည်းဖြတ်ရန်]မဟာဘုတ် (၄) ပါးကို အမှီပြု၍ ဖြစ်ပေါ်လာသော ဥပါဒါရုပ် (၂၄) ပါးရှိသည်။ ၎င်းတို့ကို အဓိကအားဖြင့် အောက်ပါအတိုင်း ခွဲခြားနိုင်သည် -
- အကြည်ရုပ်များ: စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ ပသာဒရုပ် (၅) ပါးဖြစ်ပြီး ကြေးမုံပြင်ကဲ့သို့ ကြည်လင်ကာ အာရုံများကို လက်ခံနိုင်သော သဘောရှိသည်။
- အာရုံရုပ်များ: အဆင်း (ရူပါရုံ)၊ အသံ (သဒ္ဒါရုံ)၊ အနံ့ (ဂန္ဓာရုံ)၊ အရသာ (ရသာရုံ) တို့ ဖြစ်ကြသည်။ (ဖောဋ္ဌဗ္ဗာရုံမှာ သီးခြားရုပ်မဟုတ်ဘဲ ပထဝီ၊ တေဇော၊ ဝါယော ဓာတ် ၃ ပါးကို ဆိုလိုခြင်းဖြစ်သည် )။
- အသက်နှင့် အာဟာရရုပ်များ: ကမ္မဇရုပ်များကို စောင့်ရှောက်သော ဇီဝိတိန္ဒြေရုပ် နှင့် ရုပ်တရားတို့ကို ထောက်ပံ့သော အာဟာရရုပ် (ဩဇာ) တို့ ဖြစ်သည်။
- ဘာဝရုပ်နှင့် ဝတ္ထုရုပ်: ဣတ္ထိ/ပုရိသ ဘာဝရုပ် (၂) ပါးနှင့် စိတ်၏ မှီရာ ဟဒယဝတ္ထုရုပ် တို့ ဖြစ်သည်။
ရုပ်အတုဟု ခေါ်ဆိုသော အနိပ္ဖန္နရုပ်များ
[ရင်းမြစ်ကို တည်းဖြတ်ရန်]ဤရုပ်များသည် ရုပ်အစစ်များ၏ အခြင်းအရာ သဘောတရားမျှသာ ဖြစ်သဖြင့် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ဖြင့် တိုက်ရိုက် မပြီးစီးနိုင်ကြပေ။
- အာကာသဓာတ်: ရုပ်ကလာပ်တစ်ခုနှင့် တစ်ခုကို မရောယှက်အောင် ပိုင်းခြားပေးသော အကြားအပေါက် ဖြစ်သည်။
- ဝိညတ်ရုပ် (၂) ပါး: ကိုယ်အမူအရာ (ကာယဝိညတ်) နှင့် နှုတ်အမူအရာ (ဝစီဝိညတ်) တို့ဖြစ်ပြီး အတွင်းသဘော အလိုဆန္ဒကို သိစေတတ်သည်။
- ဝိကာရရုပ် (၃) ပါး: ရုပ်၏ ပေါ့ပါးခြင်း၊ နူးညံ့ခြင်းနှင့် ခံ့ညားခြင်းတို့ ဖြစ်သည်။
- လက္ခဏရုပ် (၄) ပါး: ရုပ်၏ ဖြစ်စ (ဥပစယ)၊ အစဉ်ဖြစ်ခြင်း (သန္တတိ)၊ ရင့်ကျက်ခြင်း (ဇရတာ) နှင့် ပြိုပျက်ခြင်း (အနိစ္စတာ) တို့ ဖြစ်သည်။
ရုပ်တရားတို့၏ အုပ်စုအလိုက် ခွဲခြားခြင်း
[ရင်းမြစ်ကို တည်းဖြတ်ရန်]ရုပ်တရား (၂၈) ပါးကို သဘာဝအလိုက် အမျိုးမျိုး ထပ်မံခွဲခြားနိုင်သည် -
- အဇ္ဈတ္တိက နှင့် ဗာဟိရ: ပသာဒရုပ် (၅) ပါးသည် မိမိသန္တာန်၌ ဖြစ်သောကြောင့် အဇ္ဈတ္တိကရုပ်ဖြစ်ပြီး ကျန် (၂၃) ပါးမှာ ပြင်ပဖြစ်သော ဗာဟိရရုပ်များ ဖြစ်သည်။
- ဩဠာရိက နှင့် သုခုမ: ပသာဒရုပ် ၅ ပါးနှင့် အာရုံရုပ် ၇ ပါး (ပေါင်း ၁၂ ပါး) သည် ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိကရုပ်ဖြစ်ပြီး ကျန် ၁၆ ပါးမှာ သိမ်မွေ့သော သုခုမရုပ်များ ဖြစ်သည်။
- နိပ္ဖန္န နှင့် အနိပ္ဖန္န: ရုပ်အစစ် (၁၈) ပါးသည် နိပ္ဖန္နရုပ်ဖြစ်ပြီး ရုပ်အတု (၁၀) ပါးမှာ အနိပ္ဖန္နရုပ် ဖြစ်သည်။
ရူပကမ္မဋ္ဌာန်း ကျင့်စဉ်၏ အနှစ်ချုပ်
[ရင်းမြစ်ကို တည်းဖြတ်ရန်]ယောဂီပုဂ္ဂိုလ်သည် ရုပ်တုံးရုပ်ခဲ (ဃန) များ ပြိုကွဲစေရန်အတွက် ရုပ်ကလာပ်တစ်ခုချင်းစီကို လက္ခဏာ (သဘော)၊ ရသ (ကိစ္စ)၊ ပစ္စုပဋ္ဌာန် (ဉာဏ်တွင်ထင်လာပုံ)၊ ပဒဋ္ဌာန် (နီးစွာသောအကြောင်း) ဟူသော နည်းလမ်း (၄) ပါးဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူရမည်။ အထူးသဖြင့် ဓာတ်ကြီးလေးပါးကို ရှေးဦးစွာ သိမ်းဆည်းပြီးမှ ဥပါဒါရုပ်များကို တစ်လုံးချင်းစီ ဆက်လက်ရှုပွားရမည်ဖြစ်သည်။ ဤသို့ အဇ္ဈတ္တနှင့် ဗဟိဒ္ဓ နှစ်ဌာနလုံးတွင် ရုပ်တရားများကို ကုန်စင်အောင် ရှုနိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ကာ ဝိပဿနာဉာဏ်များ ဖြစ်ပေါ်လာနိုင်မည် ဖြစ်သည်။ [၁]
တိပိဋကအဘိဓာန်မှ
[ရင်းမြစ်ကို တည်းဖြတ်ရန်][၂](က) အတိတ်, အနာဂတ်, ပစ္စုပ္ပန်စသော ရုပ်ဟူသော-အဖွဲ့-အစု-အပုံ-အပေါင်း။
(ခ) အတိတ်, အနာဂတ်, ပစ္စုပ္ပန်စသော ရုပ်တို့၏-အဖို-အစု-အပေါင်း။ [၃] အတိတ် အနာဂတ် ပစ္စုပ္ပန်စသော ရုပ်အစုကို “ရူပက္ခန္ဓာ”ဟု ခေါ်ဆိုသည် [၄]
တစ်နည်း-ကံ, စိတ်, ဥတု, အာဟာရဟု ဆိုအပ်သော အကြောင်းတရား ၄-ပါး ကြောင့်ဖြစ်သည့် ရုပ်အားလုံးကို “ရူပက္ခန္ဓာ”ဟု ခေါ်ဆိုသည်။ [၅]
ရုပ် ၂၈-ပါးတို့မှ လွတ်သော ရူပက္ခန္ဓာမည်သည် မရှိ။ [၆][၇]
ရူပက္ခန္ဓာ၏ ဖြစ်ရာသည်- (၁) ပုဂ္ဂိုလ် (၂)ဘုံဟူ၍ ၂-ပါးအပြား ရှိ၏။
ပုဂ္ဂိုလ်အားဖြင့် ရူပက္ခန္ဓာ
[ရင်းမြစ်ကို တည်းဖြတ်ရန်]ထိုတွင်—ပုဂ္ဂိုလ်သည်လည်း (၁) ရူပက္ခန္ဓာ ဖြစ်ဆဲပုဂ္ဂိုလ်။ (၂) ရူပက္ခန္ဓာဖြစ်ပြီးပုဂ္ဂိုလ် (၃) ရူပက္ခန္ဓာဖြစ်လတ္တံ ပုဂ္ဂိုလ်ဟူ၍ ၃-ပါး အပြားရှိ၏။
ထိုတွင်—(၁) ရူပက္ခန္ဓာဖြစ်ဆဲ ပုဂ္ဂိုလ်ဟူသည်-အသညသတ် ဥပပဇ္ဇန္တ ဖြစ်သော သုဂတိ အဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်နှင့် ပဉ္စဝေါကာရဥပပဇ္ဇန္တဖြစ်သော ပုဇဉ်ပုဂ္ဂိုလ် ၄-ယောက်, အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ် ၃-ယောက်တို့ဖြစ်သည်။
(၂) ရူပက္ခန္ဓာဖြစ်ပြီး ပုဂ္ဂိုလ်ဟူသည်-ခပ်သိမ်းသောဥပပဇ္ဇန္တစဝန္တ ဖြစ်သော ပုထုဇဉ်ပုဂ္ဂိုလ် ၄-ယောက်, ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်တို့ဖြစ်သည်။
(၃) ရူပက္ခန္ဓာ ဖြစ်လတ္တံ့ ပုဂ္ဂိုလ်ဟူသည်-ပဉ္စဝေါကာရဘုံ၌ နောင်ဖြစ်ပြန်ကောင်းသော ပဉ္စဝေါကာရ ဥပပဇ္ဇန္တစဝန္တဖြစ်သော ပုထုဇဉ် ပုဂ္ဂိုလ် ၄-ယောက်, အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ် ၃-ယောက်, အသညသတ် ဥပပဇ္ဇန္တစဝန္တ ဖြစ်သော သုဂတိအဟိတ် ပုထုဇဉ်ပုဂ္ဂိုလ်, အရူပဥပပဇ္ဇန္တစဝန္တဖြစ်သော တိဟိတံပုထု ဇဉ်ပုဂ္ဂိုလ်တို့ဖြစ်သည်။
ရူပက္ခန္ဓာ၏ ဖြစ်ရာဘုံ
[ရင်းမြစ်ကို တည်းဖြတ်ရန်]ရူပက္ခန္ဓာ၏ ဖြစ်ရာဘုံသည်—ကာမ (၁၁)ဘုံ, ရူပ (၁၆)ဘုံအားဖြင့် (၂၇)ဘုံတို့ဖြစ်သည်။
ထို့အတူ ရူပက္ခန္ဓာ၏ ချုပ်ရာသည်လည်း (၁) ပုဂ္ဂိုလ် (၂)ဘုံဟူ၍ ၂-ပါး အပြားရှိ၏။
ပုဂ္ဂိုလ်အားဖြင့် ရူပက္ခန္ဓာ၏ ချုပ်ရာ
[ရင်းမြစ်ကို တည်းဖြတ်ရန်]ထိုတွင် ပုဂ္ဂိုလ်သည်လည်း- (၁) ရူပက္ခန္ဓာ ချုပ်ဆဲပုဂ္ဂိုလ်။ (၂) ရူပက္ခန္ဓာ ချုပ်ပြီးပုဂ္ဂိုလ်။ (၃) ရူပက္ခန္ဓာ ချုပ်လတ္တံ့ ပုဂ္ဂိုလ်ဟူ၍ ၃-ပါး အပြားရှိ၏။
ထိုတွင် (၁) ရူပက္ခန္ဓာ ချုပ်ဆဲ ပုဂ္ဂိုလ်ဟူသည် အသညသတ်စဝန္တဖြစ်သော သုဂတိအဟိတ် ပုထုဇဉ်ပုဂ္ဂိုလ်နှင့် ပဉ္စဝေါကာရစဝန္တဖြစ်သော ပုထုဇဉ်ပုဂ္ဂိုလ် ၄-ယောက်, ဖလဋ္ဌာန် ပုဂ္ဂိုလ်၄-ယောက်တို့ဖြစ်သည်။
(၂) ရူပက္ခန္ဓာ ချုပ်ပြီးပုဂ္ဂိုလ်ဟူသည်-ခပ်သိမ်းသော ဥပပဇ္ဇန္တစဝန္တဖြစ်သော ပုထုဇဉ်ပုဂ္ဂိုလ် ၄-ယောက်, ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်တို့ ဖြစ်သည်။
(၃) ရူပက္ခန္ဓာ ချုပ်လတ္တံ ပုဂ္ဂိုလ် ဟူသည်-ပဉ္စဝေါကာရဘုံ၌ နောင်ချုပ် ပြန်ကောင်းသော ပဉ္စဝေါကာရဥပပဇ္ဇန္တ-စဝန္တဖြစ်သော ပုထုဇဉ်ပုဂ္ဂိုလ် ၄-ယောက်, အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ် ၃-ယောက်, အသညသတ်ဥပပဇ္ဇန္တစဝန္တဖြစ်သော သုဂတိအဟိတ် ပုထုဇဉ်ပုဂ္ဂိုလ်၊ အရူပဥပပဇ္ဇန္တစဝန္တဖြစ်သော တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်တို့ဖြစ်သည်။
ရူပက္ခန္ဓာ၏ ချုပ်ရာဘုံ
[ရင်းမြစ်ကို တည်းဖြတ်ရန်]ရူပက္ခန္ဓာ၏ ချုပ်ရာဘုံသည် ကာမ(၁၁)ဘုံ, ရူပ (၁၆)ဘုံအားဖြင့် (၂၇)ဘုံတို့ဖြစ်သည်။
ရူပက္ခန္ဓာကို ပိုင်းခြား၍သိသော ပုဂ္ဂိုလ်သည်လည်း-(၁) ရူပက္ခန္ဓာကို ပိုင်းခြား၍ သိဆဲပုဂ္ဂိုလ်၊ (၂) ရူပက္ခန္ဓာကို ပိုင်းခြား၍ သိပြီးပုဂ္ဂိုလ်၊ (၃) ရူပက္ခန္ဓာကို ပိုင်းခြား၍ သိလတ္တံ့ပုဂ္ဂိုလ်ဟူ၍ (၃)ပါး အပြားရှိ၏။
ရူပက္ခန္ဓာကို ပိုင်းခြား၍သိသော ပုဂ္ဂိုလ်
[ရင်းမြစ်ကို တည်းဖြတ်ရန်]ထိုတွင် (၁) ရူပက္ခန္ဓာကို ပိုင်းခြား၍ သိဆဲ ပုဂ္ဂိုလ်ဟူသည်-အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်တည်း။
(၂) ရူပက္ခန္ဓာကို ပိုင်းခြား၌ သိပြီး ပုဂ္ဂိုလ်ဟူသည် အရဟတ္တဖလဋ္ဌာန် ပုဂ္ဂိုလ်တည်း။
(၃) ရူပက္ခန္ဓာကို ပိုင်းခြား သိလတ္တံ့ ပုဂ္ဂိုလ်ဟူသည် ကျွတ်ထိုက်သော ပုထုဇဉ်ပုဂ္ဂိုလ်, အောက်မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၃-ယောက် အောက်ဖလဋ္ဌာန် ပုဂ္ဂိုလ် ၃-ယောက်တို့တည်း။ [၈] [၇]
ဆက်စပ်ဖတ်ရှုရန်
[ရင်းမြစ်ကို တည်းဖြတ်ရန်]ကိုးကား
[ရင်းမြစ်ကို တည်းဖြတ်ရန်]- ↑ နိဗ္ဗာနဂါမိနိပဋိပဒါ - စတုတ္ထတွဲ - ဖားအောက်တောရဆရာတော်
- ↑ ရူပက္ခန္ဓ (ပု) [ရူပ+ခန္ဓ။ ရူပကာယနှင့် တွဲကြည့်။ ရူပက္တန္ဓ-သက္ကတပိဋက။] ရူပက္ခန္ဓာ-
- ↑ (က) (ခ) ကော နု ခေါ ဘန္တေ ဟေတု ကော ပစ္စယော ရူပက္ခန္ဓဿ ပညာပနာယ။ မ၊၃၊၆၇။ ပဉ္စက္ခန္ဓာ ရူပက္ခန္နော, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓော, ဝိညာဏက္ခန္ဓော။ အဘိ၊ဝိ၊၁။ ဝိသုဒ္ဓိ၊၂၊၇၃။ (အဘိ၊ဝိ၊၁၃၊ ၄၄၁)။ ရူပက္ခန္ဓော ကတီဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတီဟိ ဓာတုဟိ သင်္ဂဟိတော။ အဘိ၊ပု၊၃၊ ၁၀၁။ (အဘိ၊က၊၂၅၁၊ ၃၀၇၊ ၄၁၉။ ယမက၊၁၊၁၇-၈၊ ၂၁၊ ၇၀။ ပဋိသံ၊၅၃။ ဒီ၊ဋ္ဌ၊၁၊၁၇၅။ ဒီ၊ဋ္ဌ၊၂၊၅၃၊ ၆၄၊ ၃၁၅။ မ၊ဋ္ဌ၊၁၊၃၂။ သံ၊ဋ္ဌ၊၁၊၂၀၊ ၄၃။ သံ၊ဋ္ဌ၊၃၊၂၆၊ ၆၁၊ ၆၃။ အံ၊ဋ္ဌ၊၁၊၁၆။ အဘိ၊ဋ္ဌ၊၁၊၄၁၂။ အဘိ၊ဋ္ဌ၊၂၊၁-၃။ အဘိ၊ဋ္ဌ၊၃၊၄။ ပဋိသံ၊ဋ္ဌ၊၁၊၂၁၇။ ပဋိသံ၊ဋ္ဌ၊၂၊၁၇၂။ ဝိသုဒ္ဓိ၊၁၊၂၉၉။ ဝိသုဒ္ဓိ၊၂၊၇၃၊ ၃၂၉။ မူလဋီ၊၁၊၁၃၊ ၁၄၃။ မူလဋီ၊၂၊၃။ မူလဋီ၊၃၊၈၊ ၁၀။ အနုဋီ၊၁၊၇၁။ အနုဋီ၊၂၊၄။ အနုဋီ၊၃၊၁၀၊ ၁၃၊ ၁၈)။ ရူပက္ခန္ဓောတိ ရူပရာသီ ရူပကေဋ္ဌာသော၊ အဘိ၊ဋ္ဌ၊၂၊၂။ သဗ္ဗမ္ပေတံ ဝုတ္တပ္ပကာရံ ရူပံ ရုပ္ပနလက္ခဏသင်္ခါတေ ဧကေဝိဘာဝေ ပညာယ ရာသိံ ကတွာ ရူပက္ခန္ဓော နာမာတိ ဝုစ္စတိတိ၊ ဧတေန သဗ္ဗမ္ပိ ရူပံ ရုပ္ပန လက္ခဏေ၊ ရာသိဘာဝူပဂမနေန ရူပက္ခန္ဓောတိ ဒဿိတံ ဟောတိ။ န ဟိ ရူပတော အညော ရူပက္ခန္ဓော နာမ နတ္ထိ။ အဘိ၊ဋ္ဌ၊၂၊၆။ ဧတေန သဗ္ဗေ ရူပံ။ ပ။ ဒဿိတံ ဟောတီတိ ဧတေန ရူပက္ခန္ဓ-သဒ္ဒဿ သမာနာဓိကရဏသမာသဘာဝံ ဒဿေတိ။ မူလဋီ၊၂၊၆။ တသ္မာ အတီတာဒိဝိဘာဝဘိန္နံ သဗ္ဗံ ရူပံ ရာသိဝသေန ဗုဒ္ဓိယာ ဧကဇ္ဈံ ဂဟေတွာ “ရူပမေဝ ခန္ဓော ရူပက္ခန္ဓော”တိ သမာနာဓိကရဏသမာသော ဒဋ္ဌဗ္ဗော။ ဝိသုဒ္ဓိ၊ဋီ၊၂၊၈၅။ အတီတာဒိဘေဒဘိန္နာနံ ရူပါနံ ခန္ဓော ရာသီတိ ရူပက္ခန္ဓော။ ပရမတ္ထဒီပနီ၊ဋီ၊၃၁၈။
- ↑ (အဘိ၊ဝိ၊၁၊မ၊၃၊၆၇။ သံ၊၂၊၃၉၊ ၈၃။ အဘိ၊ဋ္ဌ၊၂၊၂၊ ၆)။
- ↑ အဘိ၊ဋ္ဌ၊၂၊၃။
- ↑ အဘိ၊ဋ္ဌ၊၂၊၆။
- 1 2 တိပိဋကအဘိဓာန် အတွဲ-၁၇
- ↑ ယမက၊၁၊၃၁-၅၊ ၄၄-၈၊ ၆၈-၉။ ယမိုက် အရကောက်။ ရူပက္ခန္ဓာနှင့် စပ်၍ မှုတ်သားဖွယ်အကျယ်ကို အဘိ၊ဝိ၊၂၊၃၊၁၃-၅။ ဝိသုဒ္ဓိ၊၂၊၇၂-၈၂။တို့ကိုကြည့်။ ရူပကို လည်း—ကြည့်။