မာတိကာသို့ ခုန်သွားရန်

နိယတမိစ္ဆာဒိဋ္ဌိ

ဝီကီပီးဒီးယား မှ

[](သေလွန်သည်၏အခြားမဲ့၌ ငရဲ၌ အကျိုးပေးခြင်း) မြဲသော–အယူမှား–အမြင်မှား–မိစ္ဆာ “ဒိဋ္ဌိ”အယူ။ (နတ္ထိကဝါဒ, အကိရိယဝါဒ, အဟေတုကဝါဒ ၃-ပါးသည် နိယတမိစ္ဆာဒိဋ္ဌိမည်၏။ []-စသည်။) [] []

ယင်း၃-ပါးသည် နိယတမိစ္ဆာဒိဋ္ဌိ (စုတိ၏ အခြားမဲ့၌ အပါယ်ပဋိသန္ဓေကို ပေးသောအားဖြင့်မြဲသော မိစ္ဆာအယူ) မည်၏ []

ယင်း-အယူကို ဤကမ္ဘာတွင် ဥက္ကလာဇနပုဒ်နေ ဝဿ, ဘည အမည်ရှိသူတို့က ဦးစွာအစ ပဌမဆုံး စထွင်ဖြစ်စေကြ၏ []

ယင်း-သည် ယုတ်မာသော မိစ္ဆာ အယူ အားလုံးထက် သာလွန် ယုတ်မာ၏ []

ကမ္မပထမြောက်သောကြောင့် နတ်ပြည်, မဂ်ကို တားမြစ်ပိတ်ပင်တတ်၏၊ သဂ္ဂန္တရာယ်, မဂ္ဂန္တရာယ် ဖြစ်၏ []။ ယင်း-အယူ၏ ကိလေသန္တရာယ် ဖြစ်ပုံကိုကား []-ကြည့်။

နိယတမိစ္ဆာဒိဋ္ဌိ (၃)မျိုး

[ပြင်ဆင်ရန်]

ယင်းတွင်—အကိရိယဒိဋ္ဌိ-သည် အကြောင်းကံကို တားမြစ်၏။ နတ္ထိကဒိဋ္ဌိ-သည် အကျိုးဝိပါက်ကို တားမြစ်၏။ အဟေတုကဒိဋ္ဌိ-သည် ၂-မျိုးလုံးကို တားမြစ်၏။ သို့ဖြစ်၍ အကြောင်းကံကို တားမြစ်သောသူသည် အကြောင်းမရှိခဲ့သော် အကျိုးလည်း မရှိနိုင်ခြင်းကြောင့် အကျိုးဝိပါက်ကိုပါ တားမြစ်ရာ ရောက်၏။

အကျိုးဝိပါက်ကို တားမြစ်သော သူသည်လည်း အကျိုးမရှိခဲ့လျှင် အကြောင်း ကံ အကျိုးပေးနိုင်သော သတ္တိ မရှိသောကြောင့် အကြောင်းကံကိုပါ တားမြစ်ရာ ရောက်၏၊ တားမြစ်သည်မည်၏။

သို့အတွက် လိုရင်းအချုပ် သရုပ်သဘောအားဖြင့် ၂-မျိုးလုံးကို တားမြစ်ရာရောက်၍ ယင်း-နိယတမိစ္ဆာ အယူရှိသူသည် အဟေတုက, အကိရိယ, နတ္ထိက အယူရှိသူချည်းသာ ဖြစ်၏။

ယင်း-အယူရှိသူမှာ စိတ်၏ ဧကဂ္ဂတာကျရာ ဇောဝါရဝီထိတို့ အကြိမ်များစွာ ဖြစ်ပြီးနောက် မိစ္ဆတ္တနိယတသို့ ရောက်မည့်ဇော ၇-ကြိမ် စောကုန်၏။ ထိုတွင် ဓမ္မသဘောအားဖြင့် ပဌမဇောမှစ၍ ဆဋ္ဌဇောတိုင်အောင် မိစ္ဆာအယူမှ ကင်းလွတ်စေရန် ကုစားနိုင်သေး၏။ သတ္တမဇော၌ကား မိစ္ဆတ္တနိယတသို့ ရောက်လေသောကြောင့် ဘုရားရှင်တို့ သော်မှလည်း ထိုသူ့ကို ယင်း-အယူမှ ကင်းလွတ်အောင် မကုစားနိုင်တော့ပေ။ ထိုသူကလည်း အရိဋ္ဌရဟန်း, ကဏ္ဋကသာမဏ[၁၀]တို့သည် ဘုရားရှင်ကို စွပ်စွဲရာ ရောက်သော အယူမှ နောက်မဆုတ်ကြသကဲ့သို့ နောက်မဆုတ်တော့ပေ။ ယင်း-အယူ၏ အကျိုးပေးမှု အပိုင်းအခြားကား မရှိ။ ကမ္ဘာပျက်ခဲ့သော် ဗြဟ္မာ့ပြည်၌ မဖြစ်ရပဲ လောကန္တရိက်ငရဲခေါ်သော ပိဋ္ဌိစကြဝဠာ၌သာ ကျက်ရ၏ [၁၁]

ယင်း-အယူ ၃-မျိုးတွင် ၁-မျိုးကိုယူသည် ဖြစ်စေ, ၂-မျိုးကို ယူသည်ဖြစ်စေ, ၃-မျိုးလုံးကို ယူသည်ဖြစ်စေ နိယတမိစ္ဆာဒိဋ္ဌိက (မြဲသော မိစ္ဆာအယူရှိသူ) မည်သည်ချည်းသာ ဖြစ်၏။ သဂ္ဂန္တရာယ်, မဂ္ဂန္တရာယ်သို့ ရောက်လေတော့၏။ ယင်း-အယူရှိရာ အတ္တဘော၏ အခြားမဲ့၌ နတ်ပြည်သို့ပင် မရောက်ထိုက် တော့ပေ။ နိဗ္ဗာန်သို့ ရောက်ဖို့ရန်မှာကား ဆိုဖွယ်ရာမရှိ၊ အဝေးကြီး ဝေးကွာလှတော့သည်။ ယင်း-သတ္တဝါသည် ဝဋ္ဋခါဏုက(ဝဋ်၏ သစ်ငုတ်သဖွယ်ဖြစ်သည်)မည်၏။ ပထဝီဂေါပက(မြေစောင့်)မည်လေတော့၏။ ဤကဲ့သို့ သော သတ္တဝါမျိုးမှာ ယေဘုယျအားဖြင့် ဘဝမှ ထမြောက်လွတ်ကင်းခြင်း မရှိနိုင်တော့ပြီ။

ယင်း-အယူရှိသူသည် တစ်ခုသော အတ္တဘော၌သာ မြဲသလော, သို့မဟုတ် တစ်ပါးသော အတ္တဘော၌လည်း မြဲသလော-ဟု မေး လာခဲ့သော် တစ်ခုသောအတ္တဘော၌သာ မြဲ၏ဟု ဖြေရမည်။ သို့မြဲသော်လည်း အာသေဝန (မှီဝဲခြင်း)၏ အစွမ်းအားဖြင့် ဘဝတစ်ပါး၌လည်း ထိုထို နိယတမိစ္ဆာအယူကို နှစ်သက် တတ်သေး၏။ ထို့ကြောင့်— ကောင်းကျိုး အမျိုးမျိုး တိုးပွါးခြင်းကို လိုလားသောပညာရှိ အမျိုးသားသည် လျင်စွာအဆိပ်ရောက်တတ်သော မြွေပွေး, မြွေဟောက်ကို ဝေးဝေးကြီး က ရှောင်ရှားရာသကဲ့သို့ သူယုတ်မာ လူမိုက်ကို ဝေးဝေးကြီးက ရှောင်ရှားရာ၏ [၁၂] [၁၃]

ကိုးကား

[ပြင်ဆင်ရန်]
  1. နိယတမိစ္ဆာဒိဋ္ဌိ (ထီ) [နိယတ + မိစ္ဆာဒိဋ္ဌိ။ (နိယတမိတျာဒူဋိ–သံ)]
  2. ဒီ၊ဋ္ဌ၊၁၊၁၄၄
  3. မနောကမ္မံ မဟာသာဝဇ္ဇံ ဝဒမာနော နိယတမိစ္ဆာဒိဋ္ဌိံ သန္ဓာယ ဝဒတိ။ မ၊ဋ္ဌ၊၃၊၃၈။ “ယေပိ တေ ဩက္ကလာဝယဘိညာ နတ္ထိကဝါဒါ, အကိရိယဝါဒါ, အဟေတုကဝါဒါ”တိ ဝစနတော တိသောပိ နိယတမိစ္ဆာဒိဋ္ဌိယော ဧကဿ ဥပ္ပဇ္ဇန္တိ။ အဘိ၊ဋ္ဌ၊၃၊၂၇၀။ နိယတမိစ္ဆာဒိဋ္ဌိ (ပ၊ ဧ)–မ၊ဋီ၊၂၊၂၅။ အံ၊ဋီ၊၃၊၃၁၉။ နိယတမိစ္ဆာဒိဋ္ဌိယာ (တ၊ ဧ)— အဘိ၊ဋ္ဌ၊၂၊၄၄၂။ ပဋိသံ၊ဋ္ဌ၊၂၊၁၁။ ဝဇိရ၊၉၁။ ဒီ၊ဋီ၊၂၊၆၅။ မ၊ဋီ၊၂၊၁၃၇။ သံ၊ဋီ၊၁၊၂၃၇။ (၈၊ ဧ)—အနုဋီ၊၁၊၁၈၁။ နိယတမိစ္ဆာဒိဋ္ဌိကာနံ (စ၊ ဗ)—နေတ္တိ၊ဋ္ဌ၊၁၁၃။
  4. တိပိဋကအဘိဓာန် အတွဲ-၁၂
  5. (အဘိ၊ဋ္ဌ၊၃၊၁၀၁။ သာရတ္ထ၊၃၊၈၇။ ဝိမတိ၊၂၊၄၈။ မ၊ဋီ၊၂၊၈၃)
  6. (မ၊၃၊၁၂၁၊ သံ၊၂၊၆၀။ အံ၊၁၊၃၄၀။ မ၊ဋ္ဌ၊၄၊၉၆။ သံ၊ဋ္ဌ၊၂၊၂၅၇။ အံ၊ဋ္ဌ၊၂၊၂၈၉။ သံ၊ဋီ၊၂၊၂၂၈)။
  7. (ဣတိဝုတ်၊ဋ္ဌ၊၉၉)
  8. (အံ၊ဋ္ဌ၊၁၊၃၆၉။ အံ၊ဋီ၊၁၊၂၂၅)
  9. (အဘိ၊ဝိ၊၃၅၅။ ပဋိသံ၊၁၁၉။ ဝိ၊ဋ္ဌ၊၃၊၁၃၈။ မ၊ဋ္ဌ၊၂၊၈၆။ မ၊ဋီ၊၂၊၁၃၇)
  10. ေ(ဝိ၊၂၊၁၇၅၊ ၁၇၉)
  11. (အံ၊ဋ္ဌ၊၁၊၃၇၂။ အံ၊ဋီ၊၁၊၂၂၇-၈)
  12. (ဒီ၊ဋ္ဌ၊၁၊၁၅၀။ မ၊ဋ္ဌ၊၃၊၈၅။ မ၊ဋ္ဌ၊၄၊၉၆။ အံ၊ဋ္ဌ၊၂၊၂၈၉။ ဒီ၊ဋီ၊၁၊၂၂၇-၈။ သီ၊ဋီ၊သစ်၊၂၊၄၈-၅၀။ မ၊ဋီ၊၃၊၅၆-၇။ အံ၊ဋီ၊၁၊၂၂၈)။
  13. တိပိဋကအဘိဓာန် အတွဲ-၁၀