ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန

ဝီကီပီးဒီးယား မှ
ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဌာနချုပ်ရုံးအမှတ် (၂၇)၊ နေပြည်တော်
ဝန်ကြီးများဦးဝင်းခိုင်
ဌာနအကြီးအမှူးများ​ဦးဟိန်းထက်၊ ညွှန်ကြား​ရေးမှူးချုပ်
မိခင်အဖွဲ့အစည်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်moee.gov.mm

​ရေအားလျှပ်စစ် အ​ကောင်အထည်​ဖော်​ရေး ဦးစီးဌာန (အင်္ဂလိပ်: Department of Hydropower Implementation) သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ လျှပ်စစ်စွမ်းအားဆိုင်ရာ ဦးစီးဌာနတစ်ခုဖြစ်သည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

  • စီမံခန့်ခွဲရေးဌာနခွဲ(ရုံးချုပ်)
  • စီမံကိန်းနှင့်လုပ်ငန်းဌာနခွဲ(ရုံးချုပ်)
  • ငွေစာရင်းဌာနခွဲ(ရုံးချုပ်)
  • ပစ္စည်းဖြည့်တင်းရေးဌာနခွဲ(ရုံးချုပ်)
  • ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ(ရုံးချုပ်)
  • စူစမ်းလေ့လာရေးဌာနခွဲ(ပျဉ်းမနား)
  • ဘူမိဗေဒဌာနခွဲ(ပျဉ်းမနား)
  • စက်မှုယန္တရားဌာနခွဲ(ပျဉ်းမနား)
  • စက်မှုလျှပ်စစ်တပ်ဆင်ရေးဌာနခွဲ(ပျဉ်းမနား)
  • ထိန်းသိမ်းရေးဌာနခွဲ(မန္တလေး)
  • သဘာ၀ပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံ(ကျောက်ပန်းတောင်း)
  • အမှတ်(၁)တည်ဆောက်ရေး(ပျဉ်းမနား)
  • အမှတ်(၂)တည်ဆောက်ရေး(မန္တလေး)
  • အမှတ်(၃)တည်ဆောက်ရေး(ပြင်ဦးလွင်)
  • အမှတ်(၄)တည်ဆောက်ရေး(မကွေး)
  • အမှတ်(၅)တည်ဆောက်ရေး(အေးသာယာ)

လုပ်ငန်းတာဝန်များ[ပြင်ဆင်ရန်]

  • ရေအားလျှပ်စစ်အရင်းအမြစ်များကို စူးစမ်းလေ့လာရှာဖွေခြင်း၊ တိုင်းတာခြင်း၊ တွက်ချက် စိစစ်ခြင်းနှင့် ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာများကိုပြုစု၍ ဝန်ကြီးဌာနသို့ တင်ပြခြင်း။
  • အထက်အဆင့်နှင့်ဝန်ကြီးဌာနတို့က ရွေးချယ်သတ်မှတ်ပေးသော စီမံကိန်းသစ်များနှင့် စပ်လျဉ်း ၍အသေးစိတ်လေ့လာခြင်း၊ စိစစ်တင်ပြခြင်း၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်
  • မိမိဌာနအတွင်းရှိ သက်ဆိုင်ရာပညာရှင်များ၊ ကျွမ်းကျင်သူများဖြင့် ကာလတို၊ကာလရှည် အသေးစိတ် စူးစမ်းလေ့လာခြင်း၊ အချက်အလက်များစုဆောင်းရယူခြင်း၊
  • မိမိနိုင်ငံအတွင်း ပြည်တွင်းနှင့်ပြည်ပမှ ပညာရှင်များ၊ လက်ရှိပူးပေါင်းဆောင်ရွက် လျက်ရှိသော အတိုင်ပင်ခံအဖွဲ့များနှင့် ဆက်သွယ်ညှိနှိုင်းပေါင်းစပ်လျက်ဖြစ်မြောက် နိုင်စွမ်းအစီရင်ခံစာများ ပြုစုထားရှိခြင်း၊
  • မိမိတို့ကျွမ်းကျင်မှုနယ်ပယ်ထက်ကျော်လွန်သော နည်းပညာရပ်များအတွက် ပြည်ပ အတိုင်ပင်ခံအဖွဲ့များနှင့် ဆက်သွယ်တာဝန်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် အထက် အဖွဲ့အစည်းများသို့ စနစ်တကျတင်ပြခွင့်ပြုချက်ရယူဆောင်ရွက်ခြင်း၊
  • စီမံကိန်းအလိုက် ခန့်မှန်းခြေစာရင်းများ စနစ်တကျပြုစုခြင်း၊ နှစ်အလိုက် ဘဏ္ဍာရေး နှစ်အတွင်း ကုန်ကျမည့်ရန်ပုံငွေများ တွက်ချက်တင်ပြခြင်း၊
  • အပိုဒ်(၂) ပါလုပ်ငန်းနှင့် နောင်တွင် အကျုံးဝင်လာမည့် လုပ်ငန်းတာဝန်များဆောင်ရွက် ခြင်း။
  • စီမံကိန်းလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သုံးသပ်စိစစ် ခြင်း၊ အထက်အဆင့်ရုံးများသို့ တင်ပြအစီရင်ခံခြင်း။
  • မိမိဌာနတွင်းရှိ အဆင့်ဆင့်ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားစေရန် ပြည်တွင်း/ ပြည်ပ လေ့ကျင့်ရေးသင်တန်းများ ပုံမှန်ဖွင့်လှစ်ဆောင်ရွက်ခြင်း။
  • နှစ်စဉ်ရသုံးမှန်းခြေငွေစာရင်းများ ပြုစုခြင်း။
  • တည်ဆောက်ပြီးသော ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးခြင်း။[၁]

ကိုးကား[ပြင်ဆင်ရန်]