မာတိကာသို့ ခုန်သွားရန်

ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေး ဦးစီးဌာန

ဝီကီပီးဒီးယား မှ
ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေး ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဌာနချုပ်နေပြည်တော်
ဝန်ကြီးများဦးဝင်းခိုင်
ဌာနအကြီးအမှူးများ​၊ ညွှန်ကြား​ရေးမှူးချုပ်
မိခင်အဖွဲ့အစည်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်moee.gov.mm

ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေး ဦးစီးဌာန (အင်္ဂလိပ်: Oil and Gas Planning Department) သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ စွမ်းအင်ဆိုင်ရာ ဦးစီးဌာနတစ်ခုဖြစ်သည်။

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]
  • စီမံကိန်းနှင့် စီးပွားရေးရာစီမံခန့်ခွဲရေးဌာနခွဲ
  • ဥပဒေစိစစ်ရေးနှင့်ထုတ်လုပ်မှုစီမံခန့်ခွဲရေးဌာနခွဲ
  • အထွေထွေစီမံခန့်ခွဲရေးဌာနခွဲ

လုပ်ငန်းတာဝန်များ

[ပြင်ဆင်ရန်]

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသော အဓိကလုပ်ငန်းတာဝန်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။

  • ဝန်ကြီးဌာန၏ မူဝါဒလုပ်ငန်းစဉ်၊ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြီးကြပ်ခြင်း၊
  • စွမ်းအင်မူဝါဒကို အကောင်အထည်ဖော်ရေးဆွဲရာတွင်ပါဝင်ဆောင်ရွက်ခြင်း၊
  • ဥပဒေ၊ နည်းဥပဒေများကို ဦးဆောင်၍ ဆွေးနွေးခြင်း၊ ရေးဆွဲပြုစုခြင်း၊
  • စွမ်းအင်ဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊
  • ရေနံစာချုပ်စာတမ်းများ ပြုစုရေးဆွဲချုပ်ဆိုနိုင်ရေး ညှိနှိုင်းကြီးကြပ်ဆောင်ရွက်ခြင်း၊
  • ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊
  • ကုန်းပိုင်းရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းတွင် ဘဏ္ဍာရေးနှစ် အလိုက် တွင်းသစ်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို စိစစ်ခြင်း၊
  • စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုကို စဉ်ဆက်မပြတ် စောင့်ကြည့် တည့်မတ်ပေးခြင်း၊
  • နှစ်စဉ်ဘဏ္ဍာရေး လျာထားချက်များ၊ ရငွေ၊ သုံးငွေစာရင်းဇယားများကို လုပ်ငန်းဌာန များနှင့် ညှိနှိုင်းပူးပေါင်းရေးဆွဲ ဆောင်ရွက်ခြင်း၊
  • စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည်အစီအစဉ်များ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊
  • ပုဂ္ဂလိကကဏ္ဍတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊
  • စွမ်းအင်ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များပြုစုခြင်းနှင့် အနာဂတ်စွမ်းအင် လိုအပ် ချက်နှင့် ဖြန့်ဖြူးပေးနိုင်မှုများကို ခန့်မှန်းတွက်ချက်ခြင်း၊
  • စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊
  • တင်ဒါလုပ်ငန်းများ မှန်ကန်မှုရှိစေရေး ကြီးကြပ်ကွပ်ကဲခြင်း၊
  • လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်နိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊
  • သဘာဝပတ်ဝန်းကျင်နှင့် လူမှု့စီးပွားလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်ခြင်း၊
  • စွမ်းအင်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကိစ္စများကို ဆောင်ရွက်ခြင်း၊
  • စွမ်းအင်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်ခြင်း။[]

ကိုးကား

[ပြင်ဆင်ရန်]