မာတိကာသို့ ခုန်သွားရန်

မန္တ​​လေး လျှပ်စစ်ဓာတ်အား​ပေး​ရေး ကော်ပိုရေးရှင်း

ဝီကီပီးဒီးယား မှ
မန္တ​​လေး လျှပ်စစ်ဓာတ်အား​ပေး​ရေး ကော်ပိုရေးရှင်း
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁ ဇူလိုင် ၂၀၁၅
ဌာနချုပ်၂၇လမ်း ၊ ၇၇×၇၈ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
ဝန်ကြီးများဦး​သောင်းဟန်
ဌာနအကြီးအမှူးများဦးတိုးအောင်၊ ဒုတိယဥက္ကဋ္ဌ (ခေတ္တဥက္ကဋ္ဌ)
မိခင်အဖွဲ့အစည်းလျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်mescmm.com

မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (အင်္ဂလိပ်: Mandalay Electricity Supply Corporation) သည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီး ဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန(၂)ခုကို ပြန်လည်ပူးပေါင်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် ဦးစီးဌာန(၃)ခု၊ လုပ်ငန်း(၃)ခု၊ အဖွဲ့(၁)ခုတို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ မန္တလေးတိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးမှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၏အောက်တွင် ပါဝင်ခဲ့သည်။ နိုင်ငံတော် သမ္မတရုံး၏ (၂၉-၁-၂၀၁၅) ရက်စွဲပါစာအမှတ်၊ ၅၈(၁)/၇/သမ္မတရုံး ဖြင့် မန္တလေးတိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းအဖြစ် (၁-၄-၂၀၁၅) ရက်နေ့မှစတင်၍ ပြောင်းလဲဖွဲ့စည်းရန် ခွင့်ပြုခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်၊ ၄၄၊ လျှပ်စစ်ဥပဒေ၊ ပုဒ်မ ၈ (ဂ) နှင့် ပုဒ်မ ၇၂ (ခ) တို့ အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံတော်သမ္မတရုံး၏ (၂၉-၁-၂၀၁၅) ရက်စွဲပါစာအမှတ်၊ ၅၈(၁)/၇/သမ္မတရုံး၏ ခွင့်ပြုချက်နှင့် (၁၃-၈-၂၀၁၅)ရက်နေ့ တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၆/၂၀၁၅) တွင် သဘောတူခွင့်ပြုခဲ့သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာ စာအမှတ်(၁၂၇/၂၀၁၅) ဖြင့် ပြည်ထောင်စုရန်ပုံငွေပြင်ပတွင် မိမိဝင်ငွေအပေါ် ရပ်တည်ဆောင်ရွက်နိုင်ရေး အတွက် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းကို (၁-၇-၂၀၁၅)ရက်နေ့ တွင် ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။

မိမိဝင်ငွေပေါ်တွင် ရပ်တည်၍ နိုင်ငံတော်မှ ၁၀၀% ပိုင်ဆိုင်သော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများကို စီးပွားရေးဆန်ဆန် ဆောင်ရွက်ပြီး ကော်ပိုရေးရှင်း၏ အမြတ်ငွေဖြင့် လည်‌ပတ်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။ လျှပ်စစ်ဓာတ်အားများကို မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှဝယ်ယူပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/မြို့ (၃၄) မြို့အား ၆၆ ကေဗွီ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများမှတစ်ဆင့် ၄၀၀ ဗို့ဖြင့် လျှပ်စစ် ဓာတ်အားများကို ဖြန့်ဖြူးပေးလျက်ရှိသည်။[]

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]
  • ဒါရိုက်တာအဖွဲ့
    • အမှုဆောင်အရာရှိချုပ်
    • အထွေထွေမန်နေဂျာ (စီမံခန့်ခွဲရေးဌာန)
    • အထွေထွေမန်နေဂျာ (ဘဏ္ဍာရေးဌာန)
    • အထွေထွေမန်နေဂျာ (ပစ္စည်းစီမံရေးဌာန)
    • အထွေထွေမန်နေဂျာ (စီမံရေးဌာန)
    • အထွေထွေမန်နေဂျာ (ဓာတ်အားဖြန့်ဖြူးရေးဌာန)
      • ခရိုင်/မြို့နယ်/မြို့ရုံးများ

ရည်ရွယ်ချက်နှင့် လုပ်ငန်းများ

[ပြင်ဆင်ရန်]

ရည်ရွယ်ချက်

[ပြင်ဆင်ရန်]
  • လျှပ်စစ်ဓာတ်အားနှင့်သက်ဆိုင်သော လုပ်ငန်းအရပ်ရပ်တို့ကို နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီအညွတ်ဖြစ်စေရေး စီမံဆောင်ရွက်ရန်။
  • အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားကို ပြည်သူများသို့ ဖြန့်ဖြူးပေး နိုင်ရေး၊ ဓာတ်အားလုံလောက်စွာရရှိရေးနှင့် ရာနှုန်းပြည့်ဓာတ်အားသုံးစွဲခွင့်ရရှိရေး တို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အား စီမံရန်။
  • လျှပ်စစ်ဆိုင်ရာလုပ်ငန်းများတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံနိုင်ရေးကို စီမံရန်။
  • ကော်ပိုရေးရှင်းအား အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဖြစ်ထွန်း ပေါ်ပေါက်လာရေးကို စီမံရန်။
  • ကော်ပိုရေးရှင်းအား နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းအဖြစ်မှ အများနှင့် သက်ဆိုင်သော ကော်ပိုရေးရှင်းအဖြစ်သို့ (၅)နှစ်အတွင်း ဖြစ်ပေါ်လာစေရေး စီမံရန်။
  • မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ လုပ်ငန်းများကို ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ စီးပွားရေးဆန်ဆန် အောင်မြင်စွာဆောင်ရွက်နိုင်ရန်။

လုပ်ငန်းများ

[ပြင်ဆင်ရန်]
  • မြန်မာနိုင်ငံမြောက်ပိုင်းရှိစက်ရုံများမှ ထုတ်လုပ်ပေးသော ဓာတ်အားများကို ၂၃၀ ကေဗွီ ဗို့အားမြင့်ဓာတ်အားလိုင်းများမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအတွင်း အများပြည်သူနှင့် စက်မှုသုံးလုပ်ငန်းများ အသုံးပြုနိုင်ရန် ဗို့အားနိမ့် ဓာတ်အားလိုင်း (၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ၊ ၆.၆ ကေဗွီနှင့် ၀.၄ ကေဗွီ)များဖြင့် ဓာတ်အား ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိသည်။
  • မန္တလေးတိုင်းဒေသကြီးအတွင်း နှစ်စဉ်တိုးတက်သုံးစွဲလာသည့် ဝန်အားများကို ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရန်ဖြစ်သည်။
  • မန္တလေးတိုင်းဒေသကြီးအတွင်း တိုးတက်သုံးစွဲလာသည့် ဝန်အားကို အချိန်ကိုက် ဖြည့်ဆည်းပေးနိုင်ရန်အတွက် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ရသည်
    • System Development Plan (ဓာတ်အားစနစ်အတွင်း ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ၊ ၆.၆ ကေဗွီနှင့် ၀.၄ ကေဗွီ အစရှိသော ဗို့အားနိမ့် လိုင်း/ခွဲရုံများတိုးတက်ဖြန့်ဖြူးနိုင်ရေးအတွက် အစီအမံများ ရေးဆွဲခြင်း)
    • System Improvement Plan (ဓာတ်အားစနစ်အတွင်း ဗို့အားနိမ့်ဓာတ်အား လိုင်းများတွင် တိုးတက်သုံးစွဲလာသည့် ဓာတ်အားများကို တည်ငြိမ်စွာ ဖြန့်ဖြူးနိုင်ရေးအတွက် လိုအပ်သောနေရာများတွင် ကြိုး၊ ကြွေသီး၊ ဝန်အားနိမ့် ထရန်စဖော်မာများအား ဝန်အားမြင့်ပစ္စည်းများဖြင့် အစားထိုးလဲလှယ်ပေးခြင်း)
    • Operation and Maintenance (ဓာတ်အားစနစ်အတွင်းရှိ ဗို့အားနိမ့် လိုင်း/ခွဲရုံများအား ထိန်းသိမ်းခြင်းနှင့်ပြုပြင်ခြင်း)
    • မန္တလေးတိုင်းဒေသကြီးအတွင်း အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားကို ပြည်သူများသို့ ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားလုံလောက်စွာ ရရှိရေးနှင့် ရာနှုန်းပြည့် ဓာတ်အားသုံးစွဲခွင့်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း။
    • ရေတို၊ ရေရှည်လုပ်ငန်းစီမံချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
    • လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး စီမံဆောင်ရွက်ခြင်း။
    • လျှပ်စစ်ဓာတ်အားခ အပြည့်အဝရရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခြင်း။
    • လျှပ်စစ်ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် စေရေး။
    • လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ရင်းနှီးမြှုပ်နှံမှုများတွင် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ရန်နှင့် လက်ရှိတွင် Franchise ကုမ္ပဏီ (၇)ခုဖြင့် မြို့နယ်(၂၃)မြို့နယ်အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်။ မြို့နယ်(၃၄) ခုအား ဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသည်။[]

ကိုးကား

[ပြင်ဆင်ရန်]