ဒေါ်အောင်ဆန်းစုကြည်အိမ် ဝင်ရောက်သူ ဖြစ်ရပ်များ
ဒေါ်အောင်ဆန်းစုကြည် အကြောင်း ပါဝင်သော ဆောင်းပါးများ |
အစိုးရ ခေါင်းဆောင် ဒီမိုကရေစီရေး လှုပ်ရှားမှုများ နေအိမ် အကျယ်ချုပ် ရွေးကောက်ပွဲများ ရေးသားခဲ့သည့် စာအုပ်များ ရုပ်ရှင်များ မိသားစု |
၂၀၀၉ မေလ ၄ ရက်နေ့တွင် အမေရိကန်နိုင်ငံသား ဂျွန်ရက်တော (John Yettaw) သည်မြန်မာ့နိုင်ငံရေးအကျဉ်းသား ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့သည်မှာ နေအိမ်အကျယ်ချုပ်မှ သူမ၏သတ်မှတ်ထားသောလွတ်ရက်ဖြစ်သည့် မေလ ၂၇ ရက်နေ့မတိုင်မီ ရက်သတ္တပတ် နှစ်ပတ်အလိုတွင် ဖြစ်သည်။ ဤတရားမဝင်အလည်သွားမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ မေလ ၁၃ ရက်နေ့တွင် အလျင်အမြန် ဖမ်းဆီးချုပ်နှောင်မှု ဖြစ်စေသည်။ ရက်တောသည်လည်း မြန်မာအာဏာပိုင်များ၏ဖမ်းဆီးမှုကို မေလ ၆ ရက်နေ့တွင် ခံရသည်။ သူသည် မေလ ၁၄ ရက်နေ့တွင် ကန့်သတ်နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်ခြင်း၊ တရားမဝင်ရေကူးခြင်း နှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်ခြင်း တို့ဖြင့် တရားစွဲခံခဲ့ရသည်။ ထိုတရားမဝင် ကျူးကျော်ဝင်ရောက်မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် နောက်ထပ် ၁၈ လမှ အထိန်းသိမ်းခံရန် အမိန့်ကျခဲ့သည်။ ထိုအကျိုးဆက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ရွေးကောတ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုနိုင်ခဲ့ချေ။
အမှုအပေါ်ဆုံးဖြတ်ချက်
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတွင် ဧည့်သည်တစ်ဦးသည် အာဏာပိုင်အဖွဲ့များသို့ ကြိုတင်အသိပေးခြင်းမရှိပဲ တစ်စုံတစ်ဦး ၏အိမ်တွင် ညအိပ်ညနေ နေခြင်းသည် တရားမဝင်ပါ။ ၎င်းတို့၏အမှုကို ၂၀၀၉ မေလ ၁၈ ရက်နေ့တွင် စတင်စစ်ဆေးခဲ့သည်။ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဂျွန်ရက်တောကို အမှုသုံးခုအတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ်လေးနှစ်အပါအဝင် စုစုပေါင်းထောင်ဒဏ် ရ နှစ် စီရင်ချက် ချခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဆယ့်ရှစ်လ ချမှတ်ခဲ့သည်။ ဩဂုတ်လ ၁၄ ရက်နေ့တွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက် သည် မြန်မာနိုင်ငံ သို့ရောက်ရှိ လာပြီး၊ ရက်တောလွှတ်ပေးရေးကို အောင်အောင်မြင်မြင် ဆွေးနွေးညှိနှိုင်းခဲ့သည့်အတွက် ဩဂုတ်လ ၁၆ ရက်နေ့တွင် ရက်တောကို ပြည်နှင်ဒဏ်ပေးခဲ့သည်။
မြန်မာအာဏာပိုင်များရှင်းလင်းဖော်ပြသည်မှာ ရက်တော၏အလည်အပတ်ခရီးများသည် မြန်မာအစိုးရကို ဖိအားပေးအကြပ်ကိုင်ရန် ဆန့်ကျင်သည့်အုပ်စုများ၏ ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်ဟု ပြောဆိုသွားသည်။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံသားများသည် သူမ၏ကိစ္စရပ်ကို စာနာသနားကြပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားချက်သည် ၂၀၁၀ တွင် ပြုလုပ်မည့်ရွေးကောက်ပွဲများကို ကျော်လွန်ရန်အတွက် သူမအားထိန်းသိမ်းထားခြင်းကို ရှည်ကြာအောင် နည်းပရိယာယ် သုံးထားခြင်းဖြစ်သည်ဟု ပြောဆို ကြသည်။
၂၀၀၈ အလည်လာမှု
[ပြင်ဆင်ရန်]၂၀၀၈ မေ တွင် ရက်တောနှင့်သူ၏ဆယ်ကျော်သက်အရွယ်သားသည် အာရှသို့ ရက်ရှည်ခရီး ထွက်ခဲ့သည်။ သူ၏ သားသည် စက်တင်ဘာလ ကျောင်းပြန်ဖွင့်သည်အထိ အိမ်ပြန်မလာခဲ့ပါ။ ထိုအချိန်က ရက်တောသည် ထိုင်း နိုင်ငံ မဲဆောက်မြို့သို့ ခရီးသွားခဲ့ပြီး၊ ထိုမြို့ရှိဟော်တယ်တွင် နေထိုင်၍ မော်တော်ဆိုင်ကယ်တစ်စီးဝယ်ကာ ထိုင်းဒေသခံများနှင့် ရင်းနှီးမှုကို တည်ဆောက်ခဲ့သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် စိတ်ဝင်စားမှု တိုးမြှင့်ဖြစ်ပေါ်လာပြီး၊ သူမ၏အခြေအနေကို နိုင်ငံတကာမှ ဂရုစိုက်လာအောင် လုပ်မည်ဟု လူအများအားပြောဆိုခဲ့သည်။ သူသည် ထိုင်း အန်င်ဂျီအိုများ (NGOs) တွင် အလုပ်ရရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။ အောက်တိုဘာလတွင် အဖိနှိပ်ခံများ၏ ကာကွယ်ပေးသူ ဆိုသည့်အမြင်ကို ရရှိခဲ့ပြီးနောက် မဲဆောက်တွင်နေထိုင်ခဲ့သော ပေးရန် ရှိသည့် မည်သည့် အခကြေးငွေကို မှ မပေးခဲ့ပဲ ထွက်ခွာလာခဲ့သည်။ အောက်တိုဘာလ ၂၇ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်တွင် မြန်မာ ပြည်ဝင်ခွင့် ဗီဇာ ရရှိခဲ့ပြီး၊ နိုဝင်ဘာလ ရ ရက်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ထွက်ခွာလာခဲ့သည်။
နိုဝင်ဘာလ၃၀ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ အင်းယားကန်ကိုဖြတ်၍ရေကူးပြီးရောက်ရှိလာသည်။ သူသည်တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားမြိုင်လမ်းရှိ မြေအောက် ရေမြောင်းကြီးအတွင်းမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ဝင်းအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက်သူသည် ကန့်သတ်ဇုန်ဖြစ်ပြီး ဆက်သွယ်ရေးကိရိယာပစ္စည်းများ မရှိသည့်အိမ်ကြီး၏အနောက်ဘက်ခြံစည်းရိုးကို ကျော်၍ ဝင်ရောက်ခဲ့ သည်။ မြန်မာအာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပလူများနှင့် ဆက်သွယ်ခြင်းကို တားမြစ်ထားသည်။ သူမ၏အိမ်သည် ၂၄ နာရီပတ်လုံး တစ်ဒါဇင်ကျော်သည့် လုံခြုံရေး ရဲများ ဝန်းရံထားကြပြီး၊ ရဲလှေများ မကြာခဏဆိုသလို အနီးအနားရေပြင်တွင် ကင်းလှည့်ခြင်းများ ရှိနေ ကြသော်လည်း သူ၏ဝင်ရောက်မှုလမ်းကြောင်းသည် အောင်မြင်ခဲ့သည်။
ရက်တောကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစကားပြောခြင်းအား အိမ်ဖော် မှ တားဆီးကာကွယ်ခဲ့သည်။ သို့သော် သူသည် ထိုအိမ်တွင် နှစ်ရက်ကျော်ကြာသည်အထိ နေထိုင်ခဲ့သည်။ဤအစပိုင်း အလည်အပတ်တွင် ရက်တောသည် ဒေါ်အောင်ဆန်းစုကြည်ကို သူ့သမီး၏လက်ရေးစာ နှင့် မော်မွန်း ([၁]) ၏စာအုပ် အပါအဝင် အနည်းဆုံး စာအုပ် ခြောက်အုပ် ပေးခဲ့ သည်။ ဤစာကို နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်မှ စုတ်ဖြဲပစ်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရက်တော ရောက်လာမှုကို သူမ၏ဆရာဝန်အား ပြောကြားခဲ့ပြီး၊ ဆရာဝန်မှ အာဏာပိုင် များသို့ အသိပေးခဲ့သည်။ အာဏာပိုင်များသည် အရေးယူမှု မပြုလုပ်ခဲ့ပါ။ သူသည် လာခဲ့သည့်လမ်းအတိုင်း နေအိမ်ဝင်းမှပြန်လည် ထွက်ခွာခဲ့သည်။ ရက်တော၏အဆိုအရ သူမ၏အိမ်မှ ပြန်အထွက်တွင် ရဲအရာရှိများ ၎င်းကို တွေ့မြင်သွားပြီး သေနတ်များဖြင့်ချိန်၍ “မင်းဒီမှာ ဘာလုပ်နေသလဲ” ဟုမေးပြီးနောက် သူ့ကို လွှတ်ပေးလိုက်သည်။
သုဝဏ္ကဘုမ္မိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို နိုင်ငံရေးဆန္ဒပြသူများ သိမ်းပိုက်ထားသောကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မှ မထွက်နိုင်သဖြင့် ရက်တောသည် မဲဆောက်ရှိ ကုန်းမြင့်ဟော်တယ် တွင် တစ်လကျော်ကြာ နေထိုင်ခဲ့သည်။ ထိုနေရာတွင် ၎င်းသည် စုကြည်အားတွေ့ဆုံရန် ကြိုးစားရာ မအောင်မြင်ခဲ့သည့်အကြောင်း နှင့် ထပ်မံကြိုးစားမည်ဆိုသည့် အစီအစဉ်များကို လူများသို့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။ ဤအချိန်များအတွင်း ဒုက္ခသည်ကျောင်းများသို့မကြာခဏသွားရောက်လည်ပတ်ပြီး၊ ကလေးများနှင့်တွေ့ဆုံခဲ့သည်။ ၎င်းကိုရံဖန်ရံခါထိုင်းအမျိုးသမီးတစ်ဦး နှင့် တွေ့ရတတ်သည်။ သူသည် မယ်တော်ဆေးခန်း သို့လည်း အကြိမ်တစ်ဒါဇင်နီးပါးခန့် သွားရောက်လည်ပတ်ခဲ့ပြီး၊ ထိုဆေးခန်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအဖွဲ့မှ အကူ ဘိုကြည် နှင့် အဆက်အသွယ်ရခဲ့သည်။ ၂၀၀၉ မေလအထိ ရက်တောသည် သူ၏ ၂၀၀၈ အလည်အပတ်ခရီးစရိတ်များကို ပေးဆပ်နေရဆဲ ဖြစ်သည်။
၂၀၀၉ အလည်ခရီး နှင့် အဖမ်းခံရခြင်း
[ပြင်ဆင်ရန်]၂၀၀၉ ဧပြီလအလယ်တွင် ရက်တောသည် မစ်ဇိုရီပြည်နယ်မှ ကာလီဖိုးနီးယားပြည်နယ်သို့ သူ၏ဇနီးဟောင်း နှင့် တွေ့ဆုံရန် ခရီးထွက်ခဲ့သည်။ သူသည် သူ၏ဇနီးဟောင်းအားပြောကြားခဲ့သည်မှာ ခွင့်လွှတ် ်း ရန်အကြောင်းနှင့် သူရေးနေသည့်စာတမ်းအတွက် အသေးစိတ်အချက်အလက်များ ရရှိရန်အတွက် အာရှသို့ သွားရန် လိုအပ်သည့် အကြောင်းဖြစ်သည်။ ဧပြီလ ၂၀ ရက်နေ့တွင် သူ၏ကလေးများကို မိတ်ဆွေသူငယ်ချင်းများနှင့် ထားရစ်ခဲ့ပြီး၊ ဘန်ကောက်သို့ ထွက်ခွာခဲ့သည်။ သူသည် စာအုပ်တစ်အုပ်ရေးနေပြီး၊ ဗီယက်နမ်စစ်ပွဲ အတွင်း၌ ပျောက်ဆုံးနေသည့် စစ်သားများကို ရှာဖွေနေသည်ဟု ၎င်း၏ မိသားစုအား ပြောကြားခဲ့သည်။ ရက်တော၏ဇနီးအဆိုအရ သူသည် ခွင့်လွှတ်ခြင်း နှင့် ကျဆုံးပြီးပြန်လည်အောင်မြင်လာခြင်းအကြောင်းကို အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းလိုခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် မကြာခင် ရက်တောသည် ထိုင်းနိုင်ငံရှိ ပြည်ပြေးမြန်မာအုပ်စုများဆီသို့ သွားရောက်ခဲ့ပြီး၊ ၎င်းရေးသားနေသည့် သူရဲကောင်းအရည်အသွေးများဆိုသော ကံကြမ္မာအခြေခံစာအုပ် အကြောင်း ထိုသူတို့အားပြောပြခဲ့သည်။ ရက်တောသည် မြန်မာဗီဇာရရန် စောင့်ဆိုင်းရင်း ဘန်ကောက်တွင် တစ်ပတ်အချိန်ဖြုန်းခဲ့သည်။
၂၀၀၉ မေလ ၃ ရက်နေ့ ညနေတွင် ရက်တောသည် မြန်မာအာဏာပိုင်များမှ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည့် အောင်ဆန်းစုကြည်အိမ်သို့ ရန်ကုန်မြို ့ရှိ အင်းယားကန်ကိုဖြတ်၍ ၂ ကီလိုမီတာ ( ၁.၂၅ မိုင် ) အကွာအဝေးကို ရေကူးသွားခဲ့သည်။ ဂူဂယ်ကမ္ဘာ့မြေပုံ (Google Earth) အသုံးပြုပြီး သူ၏အင်းယားကန်ဖြတ်လမ်းကြောင်းကို ကြိုတင်စီစဉ်ခဲ့သည်။ ရဲအချို ့သည် သူရေကူးနေစဉ်တွေ့ရှိပြီး သူ့ကိုခဲများဖြင့် ပစ်ပေါက်၍ မောင်းထုတ်ခဲ့သည်။ ၂၀၀၈ ခုနှစ် လာခဲ့စဉ်အချိန် သွားရောက်ခဲ့သည့်လမ်းကြောင်းအတိုင်း မြေအောက်ရေမြောင်းမှတစ်ဆင့် ခြံစည်းရိုးလေးကို ကျော်၍ လုံခြုံရေးအစောင့်အရှောက်များကို အောင်မြင်စွာရှောင်ကွင်းပြီး ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်အတွင်းသို့ မေလ ၄ ရက်နေ့ နံနက် ၅ နာရီတွင် ဝင်ရောက်သွားခဲ့သည်။
၎င်းသည် အိမ်တွင်းသို့ ရေဆင်းပိုက်ကို တွယ်တက်ပြီး ဝင်ရောက်ခဲ့သည်။ အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အကူနှစ်ယောက်ဖြစ်သည့် ဒေါ်ခင်ခင်ဝင်း နှင့် မဝင်းမမ၊ အမေနှင့်သမီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲစီရင်ချက်ချခံထားရသူများ တို့နှင့် ရုတ်တရက်တွေ့ဆုံခဲ့ ကြသည်။ ၎င်းသည် ထိုသူတို့အား သူပင်ပန်းနွမ်းနယ်၍ ဆာလောင်နေပြီး ဆီးချိုဝေဒနာခံစားနေရကြောင်း ပြောပြခဲ့သည်။ အမျိုးသမီးများသည် သူ့ကို ကျွေးမွေးခဲ့သည်။ သူသည် ရက်အနည်းငယ်ကြာ အိမ်တွင်နေလို့ရနိုင်သ လားဟု ဒေါ်စုကြည်အားမေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ငြင်းပယ်ခဲ့ပြီး၊ သူမ၏အိမ်အကူများမှ သူ့အား အာဏာပိုင်များလက်သို့ အပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့သော် သူခြေထောက်ကြွက်တက်နေသည့်အကြောင်း တင်ပြပြောဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် အိမ်၏ အောက်ထပ်တွင်နေထိုင်ရန် သဘောတူခွင့်ပြုခဲ့သည်။ သူနေထိုင်စဉ်အတွင်း သူ့အား ဓာတ်ဆားထုပ် နှင့် အစားအသောက်များ ပေးကမ်းခဲ့သည်။ ထိုနေရာတွင်ရှိနေစဉ် သူ၏အချိန်အချို့ကို ဆုတောင်း ဝတ်ပြုနေခဲ့သည်။
မြန်မာအစိုးရသည် ညဉ့်နက်မှလာရောက်သည့် မိသားစုဝင်မဟုတ်သောဧည့်သည်များသည် ကြိုတင်စာရင်းပေး တိုင်ကြားထားရန် လိုအပ်ပြီး၊ နိုင်ငံခြားသားများ ညအိပ်ညနေ တည်းခိုခြင်းကို တားမြစ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏အကူများအဆိုအရ သူသည် ထိုနေရာတွင် မဖိတ်ခေါ်မကြိုဆိုပဲရောက်လာသော ဧည့်သည် အဖြစ် နေထိုင်သွားခဲ့သည်။ ရက်တော၏မိသားစု နောက်ပိုင်းတွင် ပြောဆိုသည်မှာ သူသည် “သေချာသည့်ရည်ရွယ်ချက်ရှိခဲ့ပြီး၊” “ဖြစ်နိုင်သည့်အကျိုးဆက်များ” ကို သတိမထားခဲ့ဟုပြောဆို ကြသည်။ တစ်ချို ့က သူသည် မေလ ၅ ရက်နေ့ မှပြန်ထွက်ခွာသွားသည် ဟုပြောကြသော်လည်း ရက်တောသည် ၎င်းရောက်ရှိခဲ့သည့် မေလ ၄ရက်နေ့ သန်းခေါင်မတိုင်မီ ည ၁၁း၄၅ မိနစ်တွင် ထိုအိမ်မှပြန်လည်ထွက်ခွာခဲ့သည်။
သူသည် ကန်သာယာဆေးရုံနှင် ခြံစည်းရိုးချင်း တစ်ဆက်တည်းဖြစ်နေသော အမေရိကန် ကောင်စစ်ဝန် ၏အိမ်သို့ဦးတည် ပြီးရေကူးသွားခဲ့သည်။ မြန်မာအာဏာပိုင်များအဆိုအရ ရက်တောသည် “ ခေါင်းမြီးခြုံပဝါ အနက်ရောင် နှစ်ထည်၊ လည်ပင်းစည်း အနက်ရောင် နှစ်ထည် ၊ စကပ်အရှည် နှစ်ထည်၊ အနီရောင် ဓာတ်မီး တစ်ခု၊ ပလတ်စတစ်အိတ်တွင်းမှ ရောင်စုံခဲတံ ၆ ချောင်း၊ နေကာမျက်မှန် သုံးစုံ၊ နှစ်ပင်ပလပ်တစ်ခု၊ ဆားကစ်ဝါယာ အပိုင်းအစ နှစ်ခု ၊ အားဖြည့်ကိရိယာတစ်ခု၊ ကိရိယာများကိုထည့်ရန် အသုံးပြုသော အနက်ရောင်ဇစ်တပ်ထားသောအိတ်တစ်လုံး ၊ မီးခိုးရောင်ခြေအိတ်နှစ်စုံ၊ အင်္ဂလိပ်စာအုပ်မှအပိုင်းငါးပိုင်း၊ စာရွက်အပိုင်းအစများထည့်ထားသော အိတ်တစ်လုံး စသည်တို့ကို ထည့်ထားသော ဇစ်တပ်ထားသောပလတ်စတစ်အိတ်တစ်လုံး ကို ထားခဲ့သည်ဟုသိရသည်။”မေလ ၅ ရက်နေ့နံနက်တွင် ရက်တောကို အပြည်အပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းဌာန နှင့် ကန်၏ အနောက်ဘက်ကမ်းရှိ အမေရိကန် ကောင်စစ်ဝန် ၏ အိမ်နှင့် ပေ ၁၀၀ အောက်နီးသော အကွာအဝေးရှိ အမေရိကန် သံရုံး အနီးမှ ရဲများက ဖမ်းဆီးခဲ့သည်။