နေအိမ် အကျယ်ချုပ်

ဝီကီပီးဒီးယား မှ

နေအိမ် အကျယ်ချုပ် ဆိုသည်မှာ အိမ်တွင် ထိန်းသိမ်းထားခြင်း၊ ထောင်ဒဏ်ချမှတ်ထားခြင်း၊ နည်းပညာများဖြင့် ကြည့်ရှုကာ ထိုအိမ်မှ အဝေးသို့ မသွားရောက်နိုင်အောင် အာဏာပိုင်များက နည်းလမ်းတစ်ခုခုဖြင့် အကန့်အသတ် ပြုလုပ်ထားခြင်းကို ဆိုလိုသည်။ အာဏာပိုင်များ၏ သတ်မှတ်ချက်များအပေါ်မူတည်၍ ပြင်ပနှင့် ဆက်သွယ်ခွင့်၊ အကျဉ်းကျနေသူဆီသို့ ပြင်ပမှ လာရောက်လည်ပတ်ခွင့်မျိုးလည်း မရှိတတ်ပေ။ သို့သော် နေအိမ်အကျယ်ချုပ်သည် ပုံမှန်ထောင်များတွင် ထောင်ဒဏ်ကျခံရသည်ထက် သက်သာသော ထောင်ဒဏ်အပြစ်ပေးခြင်းမျိုးဖြစ်သည်။