ထိန်လင်း၊ မောင်
ဒေါ်အောင်ဆန်းစုကြည် အကြောင်း ပါဝင်သော ဆောင်းပါးများ |
အစိုးရ ခေါင်းဆောင် ဒီမိုကရေစီရေး လှုပ်ရှားမှုများ နေအိမ် အကျယ်ချုပ် ရွေးကောက်ပွဲများ ရေးသားခဲ့သည့် စာအုပ်များ ရုပ်ရှင်များ မိသားစု |
မောင်ထိန်လင်း(Dannian Kim Arundel Aris)သည် ဗိုလ်ချုပ်အောင်ဆန်း၏ မြေး၊ ဒေါ်အောင်ဆန်းစုကြည် နှင့် မိုက်ကယ် အဲရစ် တို့၏ သား နှစ်ယောက်ရှိရာတွင် အငယ်ဆုံးသားဖြစ်သည်။ သူ၏ အကိုဖြစ်သူမှာ မောင်မြင့်ဆန်းအောင် ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျပြီးနောက်ပိုင်းတွင် မိခင်ဖြစ်သူနှင့် ဝေးကွာ၍ အင်္ဂလန်တွင် ကြီးပြင်းခဲ့ကြသူများဖြစ်သည်။ ၁၉၇၇ခုနှစ်၊
စက်တင်ဘာလ၊ ၂၄ရက်နေ့တွင်မွေးဖွားခဲ့သညအင်္ဂလန်တွင် အိမ်ထောင်ကျ၍ သား-၁ဦး၊ သမီး-၁ဦး ထွန်းကားခဲ့သည်။
မိခင်နှင့် ပြန်လည်တွေ့ဆုံ
[ပြင်ဆင်ရန်]ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်ချထားသည့် သက်တမ်း ကုန်ဆုံးမည့်၁၃ နိုဝင်ဘာ ၂၀၁၀ကို မျှော်လင့်ရင်း၊ သားဖြစ်သူ မောင်ထိန်လင်းသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ပြည်ဝင်ခွင့်ဗီစာကို လျှောက်ထားခဲ့သည်။ ကင်မ်သည် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်နှင့် ၂၀၀၀ ခုနှစ်၊[၁] ၂၀၁၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့များတွင် တွေ့ဆုံခဲ့သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဒေါ်စု ရဲ့သားငယ် မိခင်ကို တွေ့လို
- ↑ ငြိမ်းငြိမ်းပြည့် (၁၂ စက်တင်ဘာ ၂၀၁၆)။ ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ခရီးစဉ်တွင် ဗိုလ်ချုပ်အောင်ဆန်း တည်းခိုခဲ့သည့် ဟိုတယ်၌ တည်းခို။ ၇ ရက် နေ့စဉ်သတင်းစာ။ 15 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၂ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။