ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဝီကီပီးဒီးယား မှ
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အင်္ဂလိပ် အမည်Chin National League for Democracy
အလှည့်ကျ ဥက္ကဋ္ဌ ပူးဇိုဇမ်
တည်ထောင်ခြင်း၂၀၁၉ ခုနှစ် ဇူလိုင် ၁၁
ဌာနချုပ်၁၀၉၇၊ ပြည်ထောင်စုလမ်းမ၊ ၄၅ ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရန်ကုန်
နိုင်ငံရေး သဘောတရားချင်းလူမျိုး အခွင့်အရေး
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်္ဂလိပ်: Chin National League for Democracy Party; အတိုကောက် CNLD) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်ဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချင်းပြည်နယ်တွင် နှစ်နေရာအနိုင်ရရှိခဲ့သည်။ သို့သော် တပ်မတော်အစိုးရမှ အာဏာမလွှဲပဲ အမျိုးသားညီလာခံကျင်းပရန် စီစဉ်မှုအပေါ် ကန့်ကွက်ခဲ့သည့် ပါတီများအား ဖျက်သိမ်းရာတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖျက်သိမ်းခံခဲ့ရသည်။[၁]

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းတိုးတက်ရေးပါတီ (CPP)နှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ပါတီသုံးခု ပူးပေါင်း၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမည်ဖြင့် ပြန်လည်မှတ်ပုံတင်ခဲ့သည်။[၁][၂][၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Salai Gei (၈ ဧပြီ ၂၀၁၈)။ ချင်းပါတီ (၃) ခုပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)အမည်ဖြင့် ပါတီမှတ်ပုံတင်မည်ချင်းဝေါလ်။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  2. လဲ့လဲ့ (၁၈ အောက်တိုဘာ ၂၀၁၈)။ ချင်း ၃ ပါတီ ပေါင်းထားသည့် CNLD ပါတီ မှတ်ပုံတင်။ ဧရာဝတီသတင်းဌာန။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  3. ချင်းပါတီ ၃ ခု ပေါင်းစည်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD တည်ထောင်။ လွတ်လပ်တဲ့ အာရှအသံ (၂၉ စက်တင်ဘာ ၂၀၁၈)။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။