စောမင်းဝိုင်း

ဝီကီပီးဒီးယား မှ
စောမင်းဝိုင်း
မြောက်နန်းမတော် မိဖုရား
နန်းသက်၁၂၃၁ – ၁၂၃၅
ရှေ့မင်းဆက်မြောက်ပြင်သည် (ထီးလိုမင်းလို)
ဆက်ခံသူဖွားစော
မွေးဖွားc. ၁၁၉၃
ပုဂံ
ကွယ်လွန်၉ ဖေဖော်ဝါရီ ၁၂၇၃ ပြီးနောက်
ပုဂံ
အိမ်ထောင်ဖက်နရသိင်္ဃ ဥဇနာ
သားသမီးများဥဇနာ
စံအိမ်ပုဂံ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

စောမင်းဝိုင်း (ဖွားစော ဟုလည်း သိကြ) သည် ပုဂံခေတ် နရသိင်္ဃ ဥဇနာမင်းသား၏ မိဖုရားနှစ်ပါးအနက် တစ်ပါး ဖြစ်သည်။[၁] နရသိင်္ဃကို မည်သည့်ရာဇဝင်ကျမ်းကမှ ပုဂံဘုရင်အဖြစ် ဖော်ပြခြင်း မပြုသော်လည်း အိပ်ဂျီလုစ် နှင့် ဒေါက်တာသန်းထွန်းကဲ့သို့သော သမိုင်းပညာရှင်အချို့က နရသိင်္ဃကို ဘုရင်တစ်ပါးအဖြစ် အသိအမှတ်ပြုကြသည်။[၂][၃] ဒေါက်တာထင်အောင်နှင့် မိုက်ကယ်အောင်သွင်ကဲ့သို့သော အချို့သော သမိုင်းပညာရှင်များကမူ နရသိင်္ဃအား ဘုရင်အဖြစ် အသိအမှတ် မပြုကြပေ။[၂][၄]

ကျောက်စာအထောက်အထားများအရ သူမသည် နရသိင်္ဃနှင့် အေဒီ ၁၂၁၂ တွင် လက်ထပ်ပြီး ဖြစ်နိုင်ပြီး အသက် ၁၈ မှ ၂၀ နှစ်အတွင်း ရှိနိုင်သည်။[၅] သူမသည် နရသိင်္ဃ၏ ပထမဆုံးဇနီး (သို့မဟုတ် မိဖုရားခေါင်) မဟုတ်သော်လည်း မိဖုရားခေါင်၏ သားတော်နှစ်ပါးထက် သူမ၏ သားတော် ဥဇနာက ထီးနန်းဆက်ခံသည်ကို ထောက်ရှု၍ သူမသည် ဩဇာအာဏာကြီးမားသူ ဖြစ်နိုင်ကြောင်း သိရသည်။[၃] မိဖုရားစောမင်းဝိုင်း၏ နောင်တော်နှစ်ပါးမှာ အထက်တန်း အုပ်ချုပ်ရေး အရာရှိများ ဖြစ်ကြသည်။ ဒုတိယနောင်တော်မှာ မနောရာဇာ (မဟာသမန်ကြီး ဟုလည်း သိကြ) ဖြစ်ပြီး ကျစွာနှင့် ဥဇနာမင်းများလက်ထက်တွင် အမတ်ကြီးအဖြစ် အမှုထမ်းခဲ့သူ ဖြစ်သည်။[၆][၇]

သူမလှူဒါန်းခဲ့သော မင်းဝိုင်းဘုန်းကြီးကျောင်းရှိ ကျောက်စာအရ သူမသည် အေဒီ ၁၂၇၃ ဖေဖော်ဝါရီ ၉ ရက်နေ့အထိ သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်သည်။[၈] အခြားကျောက်စာတစ်ခုအရ သူမသည် ၁၂၇၇ အောက်တိုဘာတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်နိုင်သည်။[၅]

သူမသည် ပုဂံခေတ် မိဖုရား ဖွားစော သုံးဦးတွင် ပထမဆုံး ဖွားစော ဖြစ်သည်။ အခြားနှစ်ဦးမှာ ဥဇနာမင်းနှင့် နရသီဟပတေ့တို့၏ မိဖုရားခေါင် စောလှဝန်းနှင့် ကျော်စွာဘုရင်၏ မိဖုရား စောသစ်မထီးတို့ ဖြစ်ကြသည်။[၉]

မှတ်စု[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းထွန်း ၁၉၆၄၊ စာ ၁၃၄
  2. ၂.၀ ၂.၁ ထင်အောင် ၁၉၇၀၊ စာ ၄၃
  3. ၃.၀ ၃.၁ သန်းထွန်း ၁၉၆၄၊ စာ ၁၃၂
  4. အောင်-သွင် နှင့် အောင်-သွင် ၂၀၁၂၊ စာ ၉၉
  5. ၅.၀ ၅.၁ ဘရှင် ၁၉၈၂၊ စာ ၃၆
  6. ဘရှင် ၁၉၈၂၊ စာ ၃၃
  7. သန်းထွန်း ၁၉၆၄၊ စာ ၁၄၂
  8. Taw, Forchhammer 1899: 127
  9. Maha Yazawin Vol. 1 2006: 234

ကျမ်းပြုစာရင်း[ပြင်ဆင်ရန်]

  • Aung-Thwin၊ Michael A.; Maitrii Aung-Thwin (2012)။ A History of Myanmar Since Ancient Times (illustrated ed.)။ Honolulu: University of Hawai'i Press။ ISBN 978-1-86189-901-9
  • ဘရှင်, ဗိုလ်မှူး (၁၉၆၆). "ပုဂံခေတ် ဖွားစောများ" (in မြန်မာဘာသာ). ရန်ကုန်: မြန်မာနိုင်ငံ သမိုင်းသုတေသန ဦးစီးဌာန. 
  • ထင်အောင်၊ မောင် (1967)။ A History of Burma။ New York and London: Cambridge University Press။
  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • ဒေါက်တာသန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ရန်ကုန်: မဟာဒဂုံ။


စောမင်းဝိုင်း
မွေးဖွား c. ၁၁၉၃ ကွယ်လွန် ၁၂၇၀ ဆယ်စုနှစ်
Royal titles
ယခင်က
မြောက်ပြင်သည် (ထီးလိုမင်းလို)
မြောက်နန်းမတော် မိဖုရား
၁၂၃၁-၁၂၃၅
ဆက်ခံသူ
ဖွားစော