မြောက်ပြင်သည် (နရသူ)
ပုံပန်းသွင်ပြင်
| မြောက်ပြင်သည် | |
|---|---|
| ပုဂံပြည် မြောက်နန်းမတော်မိဖုရား | |
| နန်းသက် | ၁၁၆၇ – ၁၁၇၁ |
| ရှေ့မင်းဆက် | ရတနာပုံ မိဖုရားခေါင်အဖြစ် |
| နောက်မင်းဆက် | စောလတ် |
| အိမ်ထောင်ဖက် | နရသူ |
| သားသမီးများ | နရသိင်္ခ နရပတိစည်သူ |
| စံအိမ် | ပုဂံ |
| ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
မြောက်ပြင်သည် ("မြောက်နန်းမတော်မိဖုရား" ဟု အဓိပ္ပာယ်ရ) သည် ပုဂံခေတ် နရသူမင်း၏ မိဖုရားတစ်ပါး ဖြစ်သည်။
အဓိက ရာဇဝင်ကျမ်းကြီးများတွင် နရသူမင်း၏ မိဖုရားအမည်များကို မှတ်တမ်းတင်ထားခြင်း မရှိပေ။ ရာဇဝင်သစ်ကျမ်းတွင် နရသူမင်း၏ မိဖုရားများအကြောင်း မှတ်တမ်းမရှိကြောင်း အတိအလင်း ဖော်ပြထားသည်။[၁] ရာဇဝင်သစ်ကျမ်း နှင့် မှန်နန်း ရာဇဝင်[၂] တို့တွင် နရသိင်္ခနှင့် နရပတိစည်သူတို့သည် မိခင်တစ်ဦးတည်းမှ ဖြစ်ကြောင်း ဖော်ပြထားသည်။ ဒေါက်တာသန်းထွန်းအဆိုအရ သူတို့၏ မိခင်မှာ မြောက်နန်းမတော် မိဖုရား ဖြစ်သည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]ကျမ်းပြုစာရင်း
[ပြင်ဆင်ရန်]- တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်။ ၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
မြောက်ပြင်သည် (နရသူ) | ||
| Royal titles | ||
|---|---|---|
| ယခင်က ရတနာပုံ မိဖုရားခေါင် အဖြစ် |
မြောက်နန်းမတော် မိဖုရား ၁၁၆၇ – ၁၁၇၁ |
ဆက်ခံသူ စောလတ် |