စောအလွှမ်း

ဝီကီပီးဒီးယား မှ
စောအလွှမ်း
ပုဂံပြည် အလယ်နန်းမတော်မိဖုရား
နန်းသက်၁၁၇၄ – c. ၁၁၉၀ ဆယ်စုနှစ်
ရှေ့မင်းဆက်တိလောက စန္ဒာဒေဝီ
နောက်မင်းဆက်ဝေဠုဝတီ
မွေးဖွားc. ၁၁၄၀ ဆယ်စုနှစ်
ပုဂံ
ကွယ်လွန်c. ၁၁၉၀ ဆယ်စုနှစ်
ပုဂံ
အိမ်ထောင်ဖက်နရသိင်္ခ (c. ၁၁၆၀ ဆယ်စုနှစ်–၁၁၇၄)
နရပတိစည်သူ (၁၁၇၄–၉၀ဆယ်စုနှစ်?)
သားသမီးများသတ္တိ-ခမိ
စံအိမ်ပုဂံ
ခမည်းတော်ရာဇသူ
မယ်တော်အိမ်တော်သည်
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

စောအလွှမ်း (အလယ်ပြင်သည် ("အလယ်နန်းမတော် မိဖုရား") ဟုလည်း သိကြ) သည် ပုဂံခေတ် နရသိင်္ခနှင့် နရပတိစည်သူမင်းများ၏ မိဖုရားတစ်ပါး ဖြစ်သည်။[၁]

စောအလွှမ်းသည် ဖခင် ရာဇသူ၊ နှင့် တောင်ပြင်သည်နှင့် ခင်အုံးတို့၏ တူမ မိခင် အိမ်တော်သည်တို့၏ သမီးတော်နှစ်ဦးအနက် သမီးတော်ကြီး ဖြစ်သည်။[၂][၃][၄] ရာဇဝင်ကျမ်းများက သူမကို အလယ်ပြင်သည် ("အလယ်နန်းမတော် မိဖုရား") ဟု ဖော်ပြကြသော်လည်း[၂][၄] နရပတိစည်သူမင်းလက်ထက်တွင် ရေးထိုးခဲ့သော ကျောက်စာတစ်ခုအရ သူမ၏ ဘွဲ့အမည် သို့မဟုတ် ငယ်မည်မှာ စောအလွှမ်း (သို့မဟုတ် ယခုခေတ် မြန်မာဘာသာအရ စောထိပ်ထား) ဖြစ်သည်။[၅] သူမတွင် နရပတိစည်သူမင်းနှင့် မွေးဖွားခဲ့သော သတ္တိ-ခမိ အမည်ရှိ သမီးတော်တစ်ဦး ရှိခဲ့သည်။[၅] စောအလွှမ်းသည် နရပတိစည်သူမင်းလက်ထက် (အေဒီ ၁၁၈၆ တွင် ဝေဠုဝတီမိဖုရား ကွယ်လွန်ပြီးနောက်) တွင် ကွယ်လွန်ခဲ့ပြီး အလယ်နန်းမတော် မိဖုရားနေရာကို အခြားမိဖုရားတစ်ဦးက ဆက်ခံခဲ့သည်။[၆]

ကိုးကား[ပြင်ဆင်ရန်]

  1. မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၂၊ ၃၁၇
  2. ၂.၀ ၂.၁ မဟာရာဇဝင် အတွဲ ၁၊ ၂၀၀၆၊ စာ ၂၀၇
  3. ရာဇဝင်သစ် အတွဲ ၁၊ ၂၀၁၂၊ စာ ၁၂၄
  4. ၄.၀ ၄.၁ မှန်နန်း အတွဲ ၁ ၊ ၂၀၀၃၊ စာ ၃၁၂
  5. ၅.၀ ၅.၁ သန်းထွန်း ၁၉၆၄၊ စာ ၁၂၉
  6. ရာဇဝင်သစ် အတွဲ ၁၊ ၂၀၁၂၊ စာ ၁၃၃

ကျမ်းပြုစာရင်း[ပြင်ဆင်ရန်]

  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တွင်းသင်းတိုက်ဝန် မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ ရာဇဝင်သစ်ကျမ်း၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
  • ဒေါက်တာသန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ရန်ကုန်: မဟာဒဂုံ။
စောအလွှမ်း
Royal titles
ယခင်က
တိလောက စန္ဒာဒေဝီ
ပုဂံပြည် အလယ်နန်းမတော်မိဖုရား
၁၁၇၁ – c. ၁၁၉၀ ဆယ်စုနှစ်
ဆက်ခံသူ
ဝဋံသိကာ