အလယ်ပြင်သည် (ညောင်ဦးစောရဟန်း)

ဝီကီပီးဒီးယား မှ
အလယ်ပြင်သည်
ပုဂံ အလယ်နန်းမတော် မိဖုရား
နန်းသက်? – ၁၀၁၄?
ရှေ့မင်းဆက်?
နောက်မင်းဆက်လစ်လပ်
မွေးဖွားပုဂံ
အိမ်ထောင်ဖက်ညောင်ဦး စောရဟန်း (?–၁၀၀၁)
ကွမ်းဆော်ကြောင်းဖြူ (၁၀၀၁–၁၄?)
သားသမီးများစုက္ကတေး
စံအိမ်ပုဂံ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

အလယ်ပြင်သည် ("အလယ်နန်းမတော် မိဖုရား") သည် ပုဂံခေတ် ညောင်ဦး စောရဟန်းနှင့် ကွမ်းဆော်ကြောင်းဖြူမင်းများ၏ မိဖုရားတစ်ပါး ဖြစ်သည်။ သူမသည် စုက္ကတေးမင်း၏ မယ်တော်လည်း ဖြစ်သည်။[၁]

နန်းတွင်းရာဇဝင်ကျမ်းများအရ သူမသည် မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသူဖြစ်ပြီး အစ်မတစ်ဦးနှင့် ညီမ တစ်ဦး ရှိသည်။ သူမအပါအဝင် ညီအစ်မ သုံးဦးသည် ညောင်ဦး စောရဟန်းမင်းနှင့် လက်ထပ်ခဲ့ကာ မိဖုရားများ ဖြစ်လာခဲ့သည်။ သူမ၏ ညီအစ်မနှစ်ဦးမှာ တောင်ပြင်သည် ("တောင်နန်းမတော် မိဖုရား") နှင့် မြောက်ပြင်သည် ("မြောက်နန်းမတော် မိဖုရား") တို့ဖြစ်ကြသည်။[၁][၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ရာဇဝင်သစ် အတွဲ ၁၊ ၂၀၁၂၊ စာ ၉၃
  2. မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၂၂၇

ကျမ်းပြုစာရင်း[ပြင်ဆင်ရန်]

  • တွင်းသင်းတိုက်ဝန် မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ ရာဇဝင်သစ်ကျမ်း၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
အလယ်ပြင်သည် (ညောင်ဦးစောရဟန်း)
Royal titles
ယခင်က
ပုဂံ အလယ်နန်းမတော် မိဖုရား
? – ၁၀၁၄
လစ်လပ်