ဝဋံသိကာ

ဝီကီပီးဒီးယား မှ
ဝဋံသိကာ
အလယ်နန်းမတော် မိဖုရား
နန်းသက်c. ၁၁၉၀ ဆယ်စုနှစ် – ၁၁၉၀ ဆယ်စုနှစ်
ရှေ့မင်းဆက်စောအလွှမ်း
နောက်မင်းဆက်စောမြကန်
မွေးဖွားပုဂံ
ကွယ်လွန်c. ၁၁၉၀ ဆယ်စုနှစ်
ပုဂံ
အိမ်ထောင်ဖက်နရပတိစည်သူ
သားသမီးများရာဇသူ
ပျံချီ
ဂင်္ဂါသူ
စံအိမ်ပုဂံ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ဝဋံသိကာ သည် ပုဂံခေတ် နရပတိစည်သူမင်း၏ ဒုတိယမြောက် အလယ်နန်းမတော် မိဖုရား ဖြစ်သည်။ သူမသည် နရပတိစည်သူမင်း၏ မိဖုရားခေါင်အဖြစ်လည်း ကာလတစ်ခုအကြာ ဖြစ်ခဲ့နိုင်သည်။

ရာဇဝင်ကျမ်းများက သူမ၏ ငယ်မည်ကို ဖော်ပြထားခြင်း မရှိခဲ့ဘဲ သူမသည် သုဘရစ်၏ ညီမဖြစ်ပြီး ရာဇသူ၊ ပျံချီနှင့် ဂင်္ဂါသူတို့၏ မယ်တော်ဖြစ်ကြောင်းသာ ဖော်ပြထားသည်။[note ၁] သို့သော်လည်း ခေတ်ပြိုင်ကျောက်စာမှတ်တမ်းများအရ နရပတိစည်သူမင်း၏ မိဖုရားနှင့် ရာဇသူ၊ ပျံချီနှင့် ဂင်္ဂါသူတို့၏ မယ်တော်အမည်ကို ဝဋံသိကာဟု မှတ်တမ်းတင်ထားသည်။[၁] ရာဇဝင်သစ်ကျမ်းအရ သူမသည် အလယ်ပြင်သည် သို့မဟုတ် အလယ်နန်းမတော် မိဖုရားဖြစ်ပြီး ပထမ ရတနာပုံ မိဖုရား၏ မြေးတူမ တော်စပ်သူဖြစ်သည်။[၂] ကျောက်စာမှတ်တမ်းများနှင့် မဟာရာဇဝင်ကြီး နှင့် မှန်နန်း ရာဇဝင်ကျမ်းများက သူမ၏ ဘွဲ့အမည်သည် ဦးဆောက်ပန်း ဖြစ်သည်ဟု ဖော်ပြကြပြီး[၁][၃][၄] ဒေါက်တာသန်းထွန်းအဆိုအရ ယင်းသည် မိဖုရားခေါင် ဖြစ်သည်။[note ၂] ယင်းသို့ဆိုပါက နရပတိစည်သူမင်းသည် မိဖုရားခေါင်နှင့် တောင်နန်းမတော် မိဖုရားတို့ကို သီးခြားစီ ထားရှိခဲ့ဟန်တူသည်။ (နရပတိစည်သူမင်း၏ ပထမဆုံး မိဖုရားခေါင်မှာ ဝေဠုဝတီဖြစ်ပြီး ပထမဆုံး တောင်နန်းမတော် မိဖုရားမှာ မင်းအောင်မြတ် ဖြစ်သည်။)

ဝဋံသိကာသည် တတိယမြောက် ရင်သွေးမွေးဖွားခဲ့ပြီး မကြာမီ ကွယ်လွန်ခဲ့သည်။[၃][၅]

မှတ်စု[ပြင်ဆင်ရန်]

  1. See (Maha Yazawin Vol. 1 2006: 212) and (Hmannan Vol. 1 2003: 317–318). (Yazawin Thit Vol. 1 2012: 133) gives only Yazathura and Pyanchi (not Gingathu) as her children.
  2. (သန်းထွန်း ၁၉၆၄၊ စာ ၁၂၉) က "ဦးဆောက်ပန်း"ကို "ထိပ်ခေါင်တင် မိဖုရား" သို့မဟုတ် မိဖုရားခေါင် ဟု ဘာသာပြန်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ သန်းထွန်း ၁၉၆၄၊ စာ ၁၂၉
  2. ရာဇဝင်သစ် အတွဲ ၁၊ စာ ၁၃၃
  3. ၃.၀ ၃.၁ မဟာရာဇဝင် အတွဲ ၁၊ ၂၀၀၆၊ စာ ၂၁၂
  4. မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၇
  5. မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၈

ကျမ်းပြုစာရင်း[ပြင်ဆင်ရန်]

  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တွင်းသင်းတိုက်ဝန် မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ ရာဇဝင်သစ်ကျမ်း၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
  • ဒေါက်တာသန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ရန်ကုန်: မဟာဒဂုံ။
ဝဋံသိကာ
Royal titles
ယခင်က
စောအလွှမ်း
အလယ်နန်းမတော် မိဖုရား
c. ၁၁၉၀ ဆယ်စုနှစ် – ၁၁၉၀ ဆယ်စုနှစ်
ဆက်ခံသူ
စောမြကန်