ရှင်စော (ပုဂံ)

ဝီကီပီးဒီးယား မှ
ရှင်စော
မိဖုရားခေါင်
နန်းသက်၁၂၃၁? – ၁၂၃၅
ရှေ့မင်းဆက်ဖွားတော်ကြီး
ဆက်ခံသူရာဇဒေဝီ
မွေးဖွား၁၁၉၀ ဆယ်စုနှစ်
ပုဂံ
ကွယ်လွန်၂၄ ဧပြီ ၁၂၄၁ နောက်ပိုင်း
ပုဂံ
အိမ်ထောင်ဖက်နရသိင်္ဃ ဥဇနာ
သားသမီးများသိင်္ခပတိ
တရဖျား
စံအိမ်ပုဂံ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ရှင်စော (အစော ဟုလည်း သိကြ) သည် ပုဂံခေတ် နရသိင်္ဃ ဥဇနာမင်းသား၏ ဇနီးဖြစ်သည်။[၁] ဂျီအိပ်လုစ် နှင့် ဒေါက်တာသန်းထွန်း ကဲ့သို့သော သမိုင်းပညာရှင်များကနရသိင်္ဃ ကို ပုဂံမင်းဆက်မှ မင်းတစ်ပါး အဖြစ် သတ်မှတ်ကြသော်လည်း မည်သည့် မြန်မာရာဇဝင်ကျမ်းကမှ မင်းအဖြစ် ဖော်ပြထားခြင်း မရှိပေ။[၂][၃] ဒေါက်တာထင်အောင်နှင့် မိုက်ကယ်အောင်သွင် အစရှိသော သမိုင်းပညာရှင်တို့က နရသိင်္ဃကို မင်းတစ်ပါးအဖြစ် အသိအမှတ်မပြုကြပေ။[၂][၄]

အေဒီ ၁၂၃၅ ဇူလိုင် ၁၉ တွင် ရှင်စော၏ မတ်တော်စပ်သူ ကျစွာမင်း နန်းတက်ချိန်တွင် ရှင်စော၏ ခင်ပွန်း ကွယ်လွန်ခဲ့သည်ဟု ခန့်မှန်းရသည်။ ရှင်စော လှူဒါန်းခဲ့သော စေတီမှ တွေ့ရှိရသော ကျောက်စာအရ သူမသည် အေဒီ ၁၂၄၁ ဧပြီ ၂၄ အထိ သက်ရှိထင်ရှားရှိနေခဲ့သည်။[note ၁]

မှတ်စု[ပြင်ဆင်ရန်]

  1. See the inscription at (Taw, Forchhammer 1899: 71). Taw နှင့် Forchhammer တို့က ရှင်စောအား ဥဇနာနှင့် နရသီဟပတေ့တို့၏ မိဖုရားဖွားစောဟု မှားယွင်းစွာ သတ်မှတ်ခဲ့သည်။ (၁) ကျောက်စာတွင် ရှင်စောအား သိင်္ခပတေ့နှင့် တရဖျား (တာမွန်) တို့၏ မိခင်အဖြစ် အတိအလင်း ဖော်ပြထားသည်။ (၂) (မဟာရာဇဝင်ကြီး အတွဲ ၁၊ ၂၀၀၆၊ စာ ၂၃၄၊ အောက်ခြေမှတ်စု #၁) အရ ဖွားစောကို ခန့်မှန်း အေဒီ ၁၂၄၀ တွင် မွေးဖွားခဲ့ပြီး နရသိင်္ခဥဇနာတွင် ဖွားစောအမည်ရှိ အခြားမိဖုရားတစ်ပါးရှိခဲ့ပြီး သူမမှာ ဒုတိယဇနီး စောမင်းဝိုင်း ဖြစ်သဖြင့် Taw နှင့် Forchhammer တို့၏ ကောက်ချက် မှားယွင်းသည်ဟု ဆိုနိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းထွန်း ၁၉၆၄၊ စာ ၁၃၄
  2. ၂.၀ ၂.၁ ထင်အောင် ၁၉၇၀၊ စာ ၄၃
  3. သန်းထွန်း ၁၉၆၄၊ စာ ၁၃၂
  4. အောင်သွင် နှင့် အောင်သွင် ၂၀၁၂၊ စာ ၉၉

ကျမ်းပြုစာရင်း[ပြင်ဆင်ရန်]

  • အောင်-သွင်၊ မိုက်ကယ် အေ; Maitrii Aung-Thwin (2012)။ A History of Myanmar Since Ancient Times (illustrated ed.)။ Honolulu: University of Hawai'i Press။ ISBN 978-1-86189-901-9
  • ထင်အောင်၊ မောင် (1970)။ Burmese History before 1287: A Defence of the Chronicles။ Oxford: The Asoka Society။
  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • ဒေါက်တာသန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ရန်ကုန်: မဟာဒဂုံ။
ရှင်စော (ပုဂံ)
မွေးဖွား ၁၁၉၀ ဆယ်စုနှစ် ကွယ်လွန် ၂၄ ဧပြီ ၁၂၄၁ နောက်ပိုင်း
Royal titles
ယခင်က
ဖွားတော်ကြီး
မိဖုရားခေါင်
၁၂၃၁?–၁၂၃၅
ဆက်ခံသူ
ရာဇဒေဝီ