မင်းအောင်မြတ်

ဝီကီပီးဒီးယား မှ
မင်းအောင်မြတ်
တောင်နန်းမတော် မိဖုရား
နန်းသက်1174 – c. 1185
ရှေ့မင်းဆက်သူမကိုယ်တိုင်မိဖုရားခေါင်အဖြစ်
နောက်မင်းဆက်ဝေဠုဝတီ
မိဖုရားခေါင်
နန်းသက်၁၁၇၁ – ၁၁၇၄
ရှေ့မင်းဆက်တောင်ပြင်သည်
နောက်မင်းဆက်ဝေဠုဝတီ
မွေးဖွားc. ၁၁၄၀ ဆယ်စုနှစ်
ပုဂံ
ကွယ်လွန်c. ၁၁၈၅
ပုဂံ
အိမ်ထောင်ဖက်နရသိင်္ခ (c. ၁၁၅၀ ဆယ်စုနှစ်နှောင်းပိုင်း–၁၁၇၄)
နရပတိစည်သူ (၁၁၇၄–c. ၁၁၈၅)
သားသမီးများစောပြည့်ချမ်းသာ
စံအိမ်ပုဂံ
မယ်တော်ကျောင်းတော်သည်[၁]
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

မင်းအောင်မြတ် (စောအောင်မြတ်[၂]ဟုလည်း သိကြ) သည် ပုဂံခေတ် နရသိင်္ခမင်း၏ မိဖုရားခေါင်[၁] နှင့် နရပတိစည်သူမင်း၏ တောင်နန်းမတော် မိဖုရား ဖြစ်သည်။[၃] အလောင်းစည်သူမင်းနှင့် ခင်ဦးမိဖုရားတို့သည် မင်းအောင်မြတ်၏ မိခင်ဖက်မှ အဘိုးအဘွားတော်စပ်သူ ဖြစ်သည်။[၁] နရသိင်္ခနှင့် နရပတိစည်သူတို့သည် သူမ၏ ဝမ်းကွဲမောင်နှမများ ဖြစ်ကြသည်။ သူမနှင့် နရသိင်္ခကို သူတို့၏ အဘိုးတော်စပ်သူ ဘုရင်မှ လက်ထပ်ပေးခဲ့ခြင်း ဖြစ်သည်။[၁] မင်းအောင်မြတ်တွင် နရသိင်္ခနှင့် သမီးတော်တစ်ပါးမွေးဖွားခဲ့သော်လည်း နရသိင်္ခနန်းတက်နေစဉ်ကာလအတွင်း ၁၁၇၀ ဆယ်စုနှစ် အစောပိုင်းတွင် ထိုသမီးတော် ကွယ်လွန်ခဲ့သည်။[၃]

အေဒီ ၁၁၇၄ ခုနှစ်တွင် နရပတိစည်သူမင်း နန်းတက်ခဲ့ရာ မင်းအောင်မြတ်သည် တောင်ပြင်သည် ("တောင်နန်းမတော် မိဖုရား") အဖြစ် ဆက်လက် မိဖုရား ဖြစ်သော်လည်း မိဖုရားခေါင် ရာထူး မဟုတ်တော့ပေ။[၃][၄] (ဝေဠုဝတီသည် နန်းတက်ပွဲတွင် မိဖုရားခေါင်အဖြစ် ပါဝင်ခဲ့သည်။[၅]) မဟာရာဇဝင်သစ်ကျမ်းအရ နရပတိစည်သူနှင့် မင်းအောင်မြတ်တို့ ရင်သွေးမွေးဖွားခဲ့ခြင်း ရှိမရှိကို မှတ်တမ်းမတွေ့ရပေ။ ထို့အပြင် ၁၁၈၆ ခုနှစ်တွင် ဝေဠုဝတီမိဖုရားကွယ်လွန်ပြီးနောက် မိဖုရားသစ်တစ်ပါးကို တောင်ပြင်သည် အဖြစ် တင်မြှောက်ခဲ့သည်ကို ထောက်၍ မင်းအောင်မြတ်သည် ဝေဠုဝတီထက် အရင်၊ သို့မဟုတ် ကာလတူ ကွယ်လွန်ခဲ့သည်ဟု ယူဆနိုင်သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၂
  2. ရာဇဝင်သစ် အတွဲ ၁၊ ၂၀၁၂၊ စာ ၁၂၄
  3. ၃.၀ ၃.၁ ၃.၂ မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၇
  4. ၄.၀ ၄.၁ ရာဇဝင်သစ် အတွဲ ၁၊ ၂၀၁၂၊ စာ ၁၃၃
  5. မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ၃၁၅

ကျမ်းပြုစာရင်း[ပြင်ဆင်ရန်]

  • တွင်းသင်းတိုက်ဝန် မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ မဟာရာဇဝင်သစ်၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • ဒေါက်တာသန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ရန်ကုန်: မဟာဒဂုံ။
  • မြန်မာနိုင်ငံ တော်ဝင် သမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
မင်းအောင်မြတ်
မွေးဖွား c. ၁၁၄၀ ဆယ်စုနှစ် ကွယ်လွန် c. ၁၁၈၅
Royal titles
ယခင်က
herself
မိဖုရားခေါင် အဖြစ်
တောင်နန်းမတော် မိဖုရား
၁၁၇၄ – c. ၁၁၈၅
ဆက်ခံသူ
ဝေဠုဝတီ
မိဖုရားခေါင် အဖြစ်
ယခင်က
တောင်ပြင်သည်
မိဖုရားခေါင်
၁၁၇၁ – ၁၁၇၄
ဆက်ခံသူ
ဝေဠုဝတီ