မာတိကာသို့ ခုန်သွားရန်

မင်းအောင်မြတ်

ဝီကီပီးဒီးယား မှ
မင်းအောင်မြတ်
တောင်နန်းမတော် မိဖုရား
နန်းသက်1174 – c. 1185
ရှေ့မင်းဆက်သူမကိုယ်တိုင်မိဖုရားခေါင်အဖြစ်
နောက်မင်းဆက်ဝေဠုဝတီ
မိဖုရားခေါင်
နန်းသက်၁၁၇၁ – ၁၁၇၄
ရှေ့မင်းဆက်တောင်ပြင်သည်
နောက်မင်းဆက်ဝေဠုဝတီ
မွေးဖွားc. ၁၁၄၀ ဆယ်စုနှစ်
ပုဂံ
ကွယ်လွန်c. ၁၁၈၅
ပုဂံ
အိမ်ထောင်ဖက်နရသိင်္ခ (c. ၁၁၅၀ ဆယ်စုနှစ်နှောင်းပိုင်း–၁၁၇၄)
နရပတိစည်သူ (၁၁၇၄–c. ၁၁၈၅)
သားသမီးများစောပြည့်ချမ်းသာ
စံအိမ်ပုဂံ
မယ်တော်ကျောင်းတော်သည်[]
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

မင်းအောင်မြတ် (စောအောင်မြတ်[]ဟုလည်း သိကြ) သည် ပုဂံခေတ် နရသိင်္ခမင်း၏ မိဖုရားခေါင်[] နှင့် နရပတိစည်သူမင်း၏ တောင်နန်းမတော် မိဖုရား ဖြစ်သည်။[] အလောင်းစည်သူမင်းနှင့် ခင်ဦးမိဖုရားတို့သည် မင်းအောင်မြတ်၏ မိခင်ဖက်မှ အဘိုးအဘွားတော်စပ်သူ ဖြစ်သည်။[] နရသိင်္ခနှင့် နရပတိစည်သူတို့သည် သူမ၏ ဝမ်းကွဲမောင်နှမများ ဖြစ်ကြသည်။ သူမနှင့် နရသိင်္ခကို သူတို့၏ အဘိုးတော်စပ်သူ ဘုရင်မှ လက်ထပ်ပေးခဲ့ခြင်း ဖြစ်သည်။[] မင်းအောင်မြတ်တွင် နရသိင်္ခနှင့် သမီးတော်တစ်ပါးမွေးဖွားခဲ့သော်လည်း နရသိင်္ခနန်းတက်နေစဉ်ကာလအတွင်း ၁၁၇၀ ဆယ်စုနှစ် အစောပိုင်းတွင် ထိုသမီးတော် ကွယ်လွန်ခဲ့သည်။[]

အေဒီ ၁၁၇၄ ခုနှစ်တွင် နရပတိစည်သူမင်း နန်းတက်ခဲ့ရာ မင်းအောင်မြတ်သည် တောင်ပြင်သည် ("တောင်နန်းမတော် မိဖုရား") အဖြစ် ဆက်လက် မိဖုရား ဖြစ်သော်လည်း မိဖုရားခေါင် ရာထူး မဟုတ်တော့ပေ။[][] (ဝေဠုဝတီသည် နန်းတက်ပွဲတွင် မိဖုရားခေါင်အဖြစ် ပါဝင်ခဲ့သည်။[]) မဟာရာဇဝင်သစ်ကျမ်းအရ နရပတိစည်သူနှင့် မင်းအောင်မြတ်တို့ ရင်သွေးမွေးဖွားခဲ့ခြင်း ရှိမရှိကို မှတ်တမ်းမတွေ့ရပေ။ ထို့အပြင် ၁၁၈၆ ခုနှစ်တွင် ဝေဠုဝတီမိဖုရားကွယ်လွန်ပြီးနောက် မိဖုရားသစ်တစ်ပါးကို တောင်ပြင်သည် အဖြစ် တင်မြှောက်ခဲ့သည်ကို ထောက်၍ မင်းအောင်မြတ်သည် ဝေဠုဝတီထက် အရင်၊ သို့မဟုတ် ကာလတူ ကွယ်လွန်ခဲ့သည်ဟု ယူဆနိုင်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၂
  2. ရာဇဝင်သစ် အတွဲ ၁၊ ၂၀၁၂၊ စာ ၁၂၄
  3. 1 2 3 မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၇
  4. 1 2 ရာဇဝင်သစ် အတွဲ ၁၊ ၂၀၁၂၊ စာ ၁၃၃
  5. မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ၃၁၅

ကျမ်းပြုစာရင်း

[ပြင်ဆင်ရန်]
  • တွင်းသင်းတိုက်ဝန် မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ မဟာရာဇဝင်သစ်၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • ဒေါက်တာသန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ရန်ကုန်: မဟာဒဂုံ။
  • မြန်မာနိုင်ငံ တော်ဝင် သမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
မင်းအောင်မြတ်
မွေးဖွား c. ၁၁၄၀ ဆယ်စုနှစ် ကွယ်လွန် c. ၁၁၈၅
Royal titles
ယခင်က
herself
မိဖုရားခေါင် အဖြစ်
တောင်နန်းမတော် မိဖုရား
၁၁၇၄ – c. ၁၁၈၅
ဆက်ခံသူ
ဝေဠုဝတီ
မိဖုရားခေါင် အဖြစ်
ယခင်က
တောင်ပြင်သည်
မိဖုရားခေါင်
၁၁၇၁ – ၁၁၇၄
ဆက်ခံသူ
ဝေဠုဝတီ