ဟိုလိပ်ရွာ၊ ပြင်ဦးလွင်မြို့နယ်

ဝီကီပီးဒီးယား မှ
ဟိုလိပ်
ရွာ
ဟိုလိပ်ရွာ
ဟိုလိပ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဟိုလိပ်
ဟိုလိပ်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 21°57′17″N 96°35′13″E / 21.9546508789063°N 96.5868530273438°E / 21.9546508789063; 96.5868530273438ကိုဩဒိနိတ်: 21°57′17″N 96°35′13″E / 21.9546508789063°N 96.5868530273438°E / 21.9546508789063; 96.5868530273438
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်ပြင်ဦးလွင်ခရိုင်
မြို့နယ်ပြင်ဦးလွင်မြို့နယ်
ကျေးရွာအုပ်စုဟိုလိပ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဟိုလိပ်‌ကျေးရွာ (အင်္ဂလိပ်: Holeik)သည် မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင်ပြင်ဦးလွင်မြို့နယ်ဟိုလိပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၈၆၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဟိုလိပ်ကျေးရွာအုပ်စုတွင် ကျား ၁၆၁၁ ဦး၊ မ ၁၅၈၉ ဦး၊ လူဦးရေ စုစုပေါင်း ၃၂၀၀ ဦးနေထိုင်သည်။ [၁]

စီးပွား​ရေး[ပြင်ဆင်ရန်]

အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်သည်။ စပါး၊ပြောင်းဖူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အသီးအရွက်စိုက်ပျိုးကြသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

ပြင်ဦးလွင်မြို့မှ ဟိုလိပ်ရွာသို့ အချိန်မရွေး သွားလာနိုင်သည်။ ကျေးရွာချင်းဆက်လမ်းများမှာ ကတ္တရာလမ်းတဝက်၊ ကျောက်သားလမ်းတဝက်ဖြစ်သည်။ နယ်မြေလုံခြုံအေးချမ်းပြီး၊ ပြင်ဦးလွင်မှ မိနစ်ငါးဆယ်ခန့် မောင်းနှင်ရသည်။

၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော်မဟာဓာတ်အားလိုင်းမှ ကျေးရွာအတွက် လျှပ်စစ်မီးရရှိသည်။

ကျန်းမာရေးဝန်ဆောင်မှုများ[ပြင်ဆင်ရန်]

‌ဟိုလိပ်ရွာသည် ကျေးရွာအုပ်စုဖြစ်သောကြောင့် ကျေးလက်ကျန်းမာရေးဌာနတစ်ခုရှိသည်။ ကျေးရွာအုပ်စုအဆင့်ဖြစ်သောကြောင့် ကျန်းမာဆေးမှူးအဆင့်၊ လက်ထောက်သူနာပြုများ ခန့်အပ်ထားသော ကျန်းမာရေးဌာနဖြစ်သည်။

ပါဝင်သော ကျေးရွာ ငယ်များ[ပြင်ဆင်ရန်]

ဟိုလိပ်သည် ကျေးရွာအုပ်စုဖြစ်ပြီး ကျိုင်းတောင်းရွာ၊ ဟိုလိပ်ရွာ၊ နားကူရွာ၊ ဘန်းသာရွာ၊ သရက်ချောင်ရွာ၊ ပြင်ကြီးရွာ တို့ ပါဝင်သည်။

ဒေသ သဘာဝ[ပြင်ဆင်ရန်]

တောင်ဘက်နယ်မြေအဆုံးတွင် ဒုဋ္ဌဝတီမြစ်ရှိပြီး၊နယ်မြေ ၂ နှင့် ထိစပ်နေသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။