ပဲခူးတိုင်းဒေသကြီး

ဝီကီပီးဒီးယား မှ
ပဲခူးတိုင်းဒေသကြီး
တိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး၏ အလံတော်
အလံတော်
ပဲခူးတိုင်းဒေသကြီး၏ တံဆိပ်တုံး
စည်းတံဆိပ်
မြန်မာနိုင်ငံတွင်း တည်နေရာ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 18°15′N 96°0′E / 18.250°N 96.000°E / 18.250; 96.000ကိုဩဒိနိတ်: 18°15′N 96°0′E / 18.250°N 96.000°E / 18.250; 96.000
နိုင်ငံ မြန်မာ
ဒေသအောက်မြန်မာနိုင်ငံ
မြို့တော်ပဲခူးမြို့ (ဍုင်ဗဂေါ)
အစိုးရ
 • ဝန်ကြီးချုပ်ဦးဝင်းသိန်း (NLD)
 • အစိုးရပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့
 • ဥပဒေပြုရေးပဲခူးတိုင်းဒေသကြီး လွှတ်တော်
 • တရားလွှတ်တော်ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်
ဧရိယာ
 • စုစုပေါင်း၃၉၄၀၂.၃ စတုရန်းကီလိုမီတာ (၁၅၂၁၃.၃ စတုရန်းမိုင်)
ဧရိယာအဆင့်ဆဋ္ဌမ
လူဦးရေ (၂၀၁၄)[၁]
 • စုစုပေါင်း၄,၈၆၇,၃၇၃
 • အဆင့်ဆဋ္ဌမ
 • သိပ်သည်းမှု၁၂၀/km (၃၂၀/sq mi)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+06:30)
HDI (၂၀၁၇)0.547[၂]
နိမ့် · နဝမ
ဝက်ဘ်ဆိုဒ်bagoregion.gov.mm

ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအောက်ပိုင်းတွင်တည်ရှိသည်။အရှေ့ဘက်တွင် ကရင်ပြည်နယ်၊ မြောက်ဘက်တွင် ပြည်ထောင်စုနယ်မြေနှင့် မကွေးတိုင်းဒေသကြီး၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊တောင်ဘက်တွင် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့နှင့် ထိစပ်နေသည်။မြို့တော်မှာ ပဲခူးမြို့ (ဍုင်ဗဂေါ)ဖြစ်သည်။

သမိုင်းကြောင်း

ဒုတိယအကြိမ် ကျူးကျော်စစ်ပွဲအပြီး ၁၈၅၃-ခု၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့၏ ကိုလိုနီအဖြစ် အပြီးအပိုင် သိမ်းပိုက်ခြင်းခံရသည်။ ထိုအချိန်မှစ၍ ကိုလိုနီအုပ်ချုပ်ရေး စနစ်အရ ပဲခူးတိုင်းကို စတင်ဖွဲ့စည်းခဲ့သည်။

ပဲခူးတိုင်းတွင် မြန်မာသမိုင်းကြောင်း၌ ထင်ရှားခဲ့သော မင်းနေပြည်တော်ဟောင်းများ ပါဝင်နေပေသည်။ အရှေ့မြောက်ပိုင်းတွင် ကေတုမတီ အမည်ဖြင့် ကျော်ကြားခဲ့သော မြန်မာပဒေသရာဇ်တို့၏ နေပြည်တော်ဟောင်း တောင်ငူမြို့တည်ရှိပေသည်။ အနောက်မြောက်စွန်းတွင် မြန်မာသမိုင်းဦး၌ ကြီးကျယ်စည်ကားခဲ့သော ပျူလူမျိုးတို့၏ မြို့တော် သရေခေတ္တရာမြို့ဟောင်း ရှိပေသည်။ ပဲခူးတိုင်း၏ မြို့တော်ဖြစ်သော ပဲခူးမြို့သည်လည်း ရှေးအတိတ်ကာလက မွန်ပဒေသရာဇ်တို့ ထီးနန်းစိုက်ခဲ့ရာ ဟံသာဝတီ မင်းနေပြည်တော်အဖြစ် ထင်ရှားခဲ့ပေသည်။

ပဲခူးတိုင်းတွင်ယခင်က ပဲခူးခရိုင်၊ ဟံသာဝတီခရိုင်၊ သာယာဝတီ ခရိုင်၊ အင်းစိန်ခရိုင်၊ ပြည် ခရိုင်နှင့် တောင်ငူခရိုင်ဟူ၍ ခရိုင်(၆)ခု ပါဝင်ခဲ့ပါသည်။ ၁၉၆၂ခုနှစ်၊ နိုင်ငံတော်လုံခြုံရေးနှင့် အုပ်ချုပ်မှုစီမံကိန်းအရ ပြည်နယ်/တိုင်းနှင့်ခရိုင်များ သတ်မှတ်ဖွဲ့စည်းရာတွင်လည်း ပဲခူးတိုင်းသည် အဆိုပါ ခရိုင်(၆)ခရိုင်ဖြင့်ပင် ဆက်လက်တည်ရှိခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏(၂၉.၉.၁၉၆၅) ရက်စွဲဖြင့် အင်းစိန်ခရိုင်မှ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီးနှင့် ထန်းတပင်မြို့နယ်(၄)မြို့နယ်ကို ထုတ်နှုတ်၍ မှော်ဘီခရိုင်အဖြစ် ပဲခူးတိုင်းတွင်ထည့်သွင်းဖွဲ့စည်းခဲ့ပြီး မှော်ဘီမြို့ တွင် ခရိုင်ရုံးစိုက်ခဲ့ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၆.၁၀.၁၉၆၅)ရက်စွဲဖြင့် မှော်ဘီခရိုင်ကို မြို့နယ်(၄)မြို့နယ်ဖြင့်လည်းကောင်း၊ (၄.၁၁.၁၉၆၅) ရက်စွဲဖြင့် တောင်ငူခရိုင်ကို မြို့နယ်(၆)မြို့နယ်ဖြင့်လည်းကောင်း၊ ပြည်ခရိုင်ကို မြို့နယ်(၆)မြို့နယ်ဖြင့်လည်းကောင်း၊ ပဲခူးခရိုင်ကို မြို့နယ်(၈) မြို့နယ်ဖြင့်လည်းကောင်း၊ ဟံသာဝတီခရိုင်ကို မြို့နယ်(၇)မြို့နယ်ဖြင့်လည်းကောင်း၊ သာယာဝတီခရိုင်ကို မြို့နယ်(၈)မြို့နယ်ဖြင့်လည်းကောင်း ဖွဲ့စည်း၍ ပဲခူးတိုင်းဟု သတ်မှတ်ခဲ့ရာ ပဲခူးတိုင်းတွင် ခရိုင်(၆)ခရိုင်၊ မြို့နယ်(၃၉)မြို့နယ်ပါဝင်ခဲ့ပါသည်။

(၂၀.၆.၁၉၇၂)ရက်စွဲဖြင့် ပဲခူးတိုင်းအတွင်းမှ မှော်ဘီခရိုင်နှင့် ဟံသာဝတီခရိုင်တို့ကို ရန်ကုန် တိုင်းအတွင်း ထည့်သွင်းဖွဲ့စည်းခဲ့သဖြင့် ပဲခူးတိုင်းတွင် ခရိုင်(၄)ခရိုင်နှင့်မြို့နယ်(၂၈)မြို့နယ် ကျန်ရှိ ခဲ့ပါသည်။ ထို့နောက် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ (၃.၈.၁၉၇၂) ရက်စွဲဖြင့် ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်ခွဲများကို ပယ်ဖျက်ခဲ့ပါသည်။ နိုင်ငံတော်ကောင်စီကာလတွင် ၁၉၇၄ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၃၁အရ ပဲခူးတိုင်းသည် နိုင်ငံတော်၏ တိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိခဲ့ပါသည်။


နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက် (၁၈.၁၀.၁၉၈၉) ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းများအလိုက် မြို့နယ်စုများ သတ်မှတ်ဖွဲ့စည်းရာ၌ ပဲခူးတိုင်းအတွင်း ပဲခူးမြို့နယ်စု၊ ပြည်မြို့နယ်စုနှင့် တောင်ငူမြို့နယ်စု၊ သာယာဝတီမြို့နယ်စုဟူ၍ မြို့နယ်စု(၄)စု ပါဝင်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ (၇.၁၀.၁၉၉၂) ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် မြို့နယ်စုများ၏အမည်ကို ခရိုင်ဟု ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ လက်ရှိ ပဲခူးတိုင်းဒေသကြီးတွင်ခရိုင်(၄) ခရိုင်၊ မြို့နယ်(၂၈) မြို့နယ်၊ မြို့(၅၂)မြို့၊ ရပ်ကွက်(၃၂၈) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄၁၄)အုပ်စု၊ ကျေးရွာ (၆၂၈၇)ရွာဖြင့် ဖွဲ့စည်းထားရှိပါသည်။

တည်နေရာနှင့် အကျယ်အဝန်း

ပဲခူးတိုင်း​ဒေသကြီးသည် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၇ မိနစ်မှ ၁၉ ဒီဂရီ ၂၀ မိနစ်၊ အရှေ့လောင်ဂျီကျု ၉၄ ဒီဂရီ ၃၅ မိနစ်မှ ၉၇ ဒီဂရီ ၁၀ မိနစ် အတွင်းကျရောက်ပြီး ဧရိယာအားဖြင့် ၉၇၃၇၀၄၃ဧက၊ စတုရန်းမိုင်အားဖြင့် ၁၅၂၁၄.၁၀ စတုရန်းမိုင် ကျယ်ဝန်းသည်။

ရာသီဥတု

ပဲခူးတိုင်းဒေသကြီး တောင်ပိုင်းဒေသများသည် အကြမ်းအားဖြင့် စိုစွတ်သော မုတ်သုံရာသီဥတုရရှိကာ မြောက်ပိုင်းဒေသများမှာမူ ခြောက်သွေ့သည့် ရာသီဥတုရှိပါသည်။ ပဲခူးတောင်ငူနှင့် ပြည်မြို့များတွင် နွေဥတု အပူဆုံးကာလများတွင် အပူချိန် ၈၈ ဒီဂရီ မှ ၉၀ ဒီဂရီ ဖာရင်ဟိုက် ထိရှိတတ်သည်။ ပျှမ်းမျှအားဖြင့် တိုင်းဒေသကြီးတစ်ခုလုံး၏ အပူချိန်မှာ ၇၅ ဒီဂရီ ဖာရင်ဟိုက်ဖြစ်သည်။ မိုးရေချိန်မှာ အမြင့်ဆုံးအားဖြင့် မြစ်သားမြို့တွင် ၁၃၂.၃၆ လက်မထိ စံချိန်တင်ရောက်ရှိခဲ့ဖူးသကဲ့သို့ အနိမ့်ဆုံးအားဖြင့် ပြည်မြို့တွင် ၄၅.၄၉ လက်မသာရရှိခဲ့ဖူးသည်။

အုပ်ချုပ်ရေး

မြို့တော်

ပဲခူးတိုင်းဒေသကြီး၏ မြို့တော်မှာ ပဲခူးမြို့ဖြစ်သည်။

ဖိုင်:Bago-div.jpg
ပဲခူးတိုင်းဒေသကြီး မြေပုံ

အုပ်ချုပ်ရေး

ပဲခူးတိုင်းဒေသကြီးအား တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော အစိုးရအဖွဲ့မှ အုပ်ချုပ်သည်။တိုင်းအစိုးရအဖွဲ့ရုံးသည် ပဲခူးမြို့တွင် အခြေစိုက်သည်။ပဲခူးတိုင်း၏ နယ်မြေအခြေအနေအရ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ၏ အုပ်ချုပ်ရေးရုံးများသည် ပိုမိုအချက်အချာကျသည့် တောင်ငူမြို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ၏ အုပ်ချုပ်ရေးရုံးများသည် ပြည်မြို့၌ လည်းကောင်း အသီးသီး ရုံးစိုက်သည်။

ဥပဒေပြုရေး

၂၀၁၁ခုနှစ်မှစတင်ကာ တိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။

တရားစီရင်ရေး

ပဲခူးတိုင်း တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၃)ဦးဖြင့် ဖွဲ့စည်းထားသည်။တိုင်းတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၂၈)ရုံးရှိသည်။


ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ

ခရိုင်၄ခုမြေပုံ

ခရိုင်များ

  1. ပဲခူးခရိုင်
  2. တောင်ငူခရိုင်
  3. ပြည်ခရိုင်
  4. သာယာဝတီခရိုင်

ခရိုင် (၄)ခုအား မြို့နယ် ၂၈မြို့နယ်ဖြင့် ဖွဲ့စည်းထားသည်။

ခရိုင်ရှိ မြို့နယ်

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း
ပဲခူးခရိုင် ပဲခူးမြို့နယ် • ကဝမြို့နယ် • သနပ်ပင်မြို့နယ် • ဝေါမြို့နယ် • ဒိုက်ဦးမြို့နယ် • ညောင်လေးပင်မြို့နယ် • ရွှေကျင်မြို့နယ်
တောင်ငူခရိုင် တောင်ငူမြို့နယ် • အုတ်တွင်းမြို့နယ် • ထန်းတပင်မြို့နယ် • ရေတာရှည်မြို့နယ် • ဖြူးမြို့နယ် • ကျောက်တံခါးမြို့နယ် • ကျောက်ကြီးမြို့နယ်
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း
ပြည်ခရိုင် ပြည်မြို့နယ် • ပေါက်ခေါင်းမြို့နယ် • သဲကုန်းမြို့နယ် • ရွှေတောင်မြို့နယ် • ပန်းတောင်းမြို့နယ် • ပေါင်းတည်မြို့နယ်
သာယာဝတီခရိုင် သာယာဝတီမြို့နယ် • လက်ပံတန်းမြို့နယ် • မင်းလှမြို့နယ် • မိုးညိုမြို့နယ် • အုတ်ဖိုမြို့နယ် • ကြို့ပင်ကောက်မြို့နယ်  • ဇီးကုန်းမြို့နယ် • နတ်တလင်းမြို့နယ်

မြို့နယ်များ

2

လူဦး​ရေ

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၁၉၇၃ ၃၁၇၉၆၀၄—    
၁၉၈၃ ၃၇၉၉၇၉၁+19.5%
၂၀၁၄ ၄၈၆၇၃၇၃+28.1%
Source: ၂၀၁၄ သန်းခေါင်စာရင်း[၁]

၂၀၁၄ သန်းခေါင်စာရင်းအရ ပဲခူးတိုင်းဒေသကြီးတွင် လူဦးရေ ၄.၈သန်းရှိသည်။တစ်နိုင်ငံလုံးတွင် လူဦးရေ ဆဌမမြောက် အများဆုံးနေရာတွင်ရှိသည်။အမျိုးသား ၂.၃သန်းနှင့် အမျိုးသမီး ၂.၅သန်းရှိသည်။လူဦးရေသိပ်သည်းဆမှာ စတုရန်းတစ်ကီလိုမီတာလျှင် (၁၂၃.၅)ဦးရှိသည်။ပဲခူးတိုင်းဒေသကြီးတွင် လူ(၁၀၀)လျှင် ၇၈ဦး ကျေးလက်တွင် နေထိုင်ကြသည်။

ပညာ​ရေး

ထင်ရှားသည့်နေရာများ

ရည်ညွှန်းကိုးကား

  1. ၁.၀ ၁.၁ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
  2. Sub-national HDI - Area Database - Global Data Lab (in en)။ 2018-09-13 တွင် ပြန်စစ်ပြီး။
  3. မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ ခုနစ်ထုတ်