ဇေယျဝတီမြို့

ဝီကီပီးဒီးယား မှ
ဇေယျဝတီမြို့
ဇေယျဝတီမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဇေယျဝတီမြို့
ဇေယျဝတီမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 18°32′22″N 96°25′47″E / 18.53944°N 96.42972°E / 18.53944; 96.42972ကိုဩဒိနိတ်: 18°32′22″N 96°25′47″E / 18.53944°N 96.42972°E / 18.53944; 96.42972
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်တောင်ငူခရိုင်
မြို့နယ်ဖြူးမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဇေယျဝတီမြို့ သည် ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်ဖြူးမြို့နယ်ရှိ မြို့ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဇေယျဝတီကို တောင်ငူဘုရင် မင်းကြီးညိုက တည်သည်။ တောင်ငူအရံ ၅၂ မြို့အနက် တောင်ဘက် မြို့ရံ ၉ မြို့စာရင်းတွင် ပါဝင်သည်။ ဇေယျဝတီ မြို့ဟောင်းသည် ဇေယျဝတီဘူတာမှ ၄ မိုင်ခန့် ကွာဝေးသည်။ မြန်မာမင်းများလက်ထက်တွင် ဇေယျဝတီမြို့၌ မြို့သူကြီး ရာထူး ခန့်အပ်ခဲ့သည်။

အင်းဝခေတ်နှောင်း မဟာဓမ္မရာဇာဓိပတိမင်း လက်ထက်တွင် ဇေယျဝတီ၌ မြို့သူကြီး နန္ဒသူရ စီရင်အုပ်ချုပ်သည်။ သူ့ညီ သိင်္ဃအောင်၊ ညီ ရဲလှကျော်ခေါင်တင်တို့ ဆက်ခံသည်။ ဘိုးတော်ဘုရားလက်ထက် ၂၃ မေ ၁၇၈၄ တွင်ဇေယျဝတီမြို့ စစ်တမ်းကို မြို့သူကြီး ရဲလှကျော်ခေါင်က ဆက်သွင်းသည်။

စက်ရုံများ[ပြင်ဆင်ရန်]

ဇေယျဝတီတွင် ဇေယျဝတီသကြားစက်ရုံ (ဇေယျဝတီ) နှင့် အရက်ချက်စက်ရုံ ရှိသည်။

ဇေယျဝတီဂါတ်တဲများ ကြည့်ရှုမှုသတင်း[ပြင်ဆင်ရန်]

၂၇-၆-၁၈၇၄ ရက်စွဲပါ မြန်မာသံတော်ဆင့် သတင်းစာ၌ အောက်ပါသတင်း ပါ၏။

"ကျွန်တော်တို့ တောင်ငူမြို့နယ်များကို အုပ်စိုးကြည့်ရှုတော်မူသော ရာဇဝတ်ဝန်မင်း အင်ဒါစင် သခင်ဘုရားသည် ဝတ္တရားရှိသည့်အတိုင်း တောင်လက်ဇေယျဝတီမြို့နယ်ရှိ ဂတ်များကို ကြည့်ရှုတော်မူရန် ၁၈၇၄ ခု၊ ဖေဖော်ဝါရီလ၊ ၁၈ ရက် (၁၂၃၅ ခု တပေါင်းလဆန်း ၇ ရက်)နေ့ ထွက်သွား၍ ၎င်းလ ၂၂ ရက်၊ ၎င်းလဆန်း ၇ ရက်နေ့တွင် ပြန်ရောက်ကြောင်းများကို ကြားသိရသည်" ဟူ၍ ဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Google Maps (မြေပုံ)။ Google။ |access-date= က |url= ကို လိုအပ်သည် (အကူအညီ)
  2. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named :0