မင်းလှမြို့၊ သာယာဝတီခရိုင်

ဝီကီပီးဒီးယား မှ
မင်းလှမြို့
မင်းလှမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မင်းလှမြို့
မင်းလှမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°58′40″N 95°42′25″E / 17.97778°N 95.70694°E / 17.97778; 95.70694ကိုဩဒိနိတ်: 17°58′40″N 95°42′25″E / 17.97778°N 95.70694°E / 17.97778; 95.70694
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်သာယာဝတီခရိုင်
မြို့နယ်မင်းလှမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မင်းလှမြို့သည် မြန်မာနိုင်ငံအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးတွင် အကျုံးဝင်သော သာယာဝတီခရိုင်၊ သာယာဝတီနယ်တွင် ပါဝင်သည့် မင်းလှမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ သရက်ခရိုင်တွင် ရှိသော မင်းလှကို အထက်မင်းလှ ဟုခေါ်၍ သာယာဝတီခရိုင်ရှိ မင်းလှမြို့ကို အောက်မင်းလှ ဟုခေါ်သည်။

မင်းလှမြို့သည် ရန်ကုန်-ပြည် မီးရထားလမ်းပေါ်တွင် တည်ရှိသည်။ မင်းလှမြို့ ဘူတာရုံကို ခရစ် ၁၈၇၇ ခုနှစ်ကဖွင့်လှစ်ခဲ့၍ ပထမဆုံးဖွင့်သော ဘူတာရုံများအနက် တစ်ခု အပါအဝင်ဖြစ်သည်။ မင်းလှမြို့သည် ရန်ကုန်မြို့၏ မြောက် ဘက် ၉၁ မိုင်နှင့် သာယာဝတီမြို့၏ မြောက်ဘက် ၂၃ မိုင် အကွာတွင် တည်ရှိသည်။ ပြည်မြို့မှ တောင်ဘက် ရထားလမ်း အတိုင်း မိုင် ၇ဝ ကွာဝေးသည်။ ရန်ကုန်-ပြည် မီးရထားလမ်း သာလျှင် မင်းလှမြို့ကို ဖြတ်သန်းသွားသည်။ ရန်ကုန်-ပြည် ကားလမ်းမူကား မြို့နှင့် ၂ မိုင်ကွာရှိ ရှမ်းတောကို ဖြတ်သန်း သွားသည်။ ရှမ်းတောသို့ မော်တော်ကားလမ်းတို့ဖြင့် ဆက်ထားသည်။ မင်းလှမှ လက်ပံတန်းသို့ မော်တော်ကားလမ်းတစ်လမ်း ရှိသည်။ မီးရထားလမ်း၏ လက်ဝဲဘက်ကဖြစ်သည်။ ရန်ကုန်- ပြည်ကားလမ်းသည် မီးရထားလမ်း၏ လက်ယာဘက်က ဖြစ် သည်။ မင်းလှမြို့မှ မိုးညိုသို့ မော်တော်ကားလမ်း ပေါက်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မင်းလှမြို့နယ်ဖြစ်တည်ပုံရာဇဝင်နှင့်ပတ်သက်၍ အဆို (၂)ရပ်ရှိပါသည်။ ပထမအဆိုမှာ ပုဂံမင်းဆက် နရသီဟပတေ့မင်းလက်ထက် တရုတ်တို့ရန်ကြောင့် အောက်ပြည်သို့ တိမ်းရှောင်ရာတွင်တူတော်သုံးပါး ဖြစ်သည့် မောင်မောင်ကြီး (သတိုးနော်ရထာဘွဲ့ခံသာယာဝတီမြို့ဟောင်း အားတည်ထောင်ခဲ့သူ)မောင်မောင်လတ်နှင့်မောင်မောင်ငယ် တို့ပါဝင်ခဲ့ရာမင်းလှမြို့ကို မောင်မောင်လတ်(ခ) မင်းလတ်မှ တည်ထောင်ခဲ့သဖြင့် မင်းလတ်၏ အမည်ကိုစွဲမှတ်၍မင်းလတ် မြို့ နောင်အခါမင်းလှမြို့ဟု ခေါ်တွင်ခဲ့ကြောင်း သိရှိရပါသည်။

ဒုတိယအဆိုမှာ မင်းလှမြို့ခေါ်အကြေဒေသမင်းလှမြို့မှာ ပုဂံခေတ်နှောင်းပိုင်းတွင်ထွန်းပေါ်ခဲ့သော ကျစွာမင်း၏အနွယ်တော် နောင်တော် သတိုးအနော်ရထာမင်း၏စစ်သေနာပတိချုပ် သတိုးမင်းလတ်စံမြန်းရာဒေသ။(ယခု ခေတ်ချိုကွင်းရွာ၊ မင်းလှကြီးရွာရှိ)ပဲခူးရိုးမတောင်ခြေမင်းလတ်ရွာ၊မင်းလတ်ချောင်းကိုအစွဲပြု၍ မင်းလှမြို့ဟုခေါ်တွင်ခဲ့ပါသည်။မူကွဲအားဖြင့် မင်းစသောအကြီးအကဲများကပင် ငေး၍ကြည့်ရလောက်အောင်လှသော မမင်းလှ၊သမိုင်းတွင်ထင်ရှားလှသော ကြေးနီရောင် ဆင်တော်လော်ရှိန်း(လောဟိတဟတ္ထိ)ကိုဖမ်းမိနိုင်ရေး အခါပေးဟောကြားသော လွန်စွာချောမော လှပသည့် အကြားအမြင်ရ မမင်းလှ(နတ်ဝင်သည်) နေထိုင်ရာအရပ်ကိုအစွဲပြု၍မင်းလှမြို့ခေါ်ကြောင်းသမိုင်းဟောင်းတို့တွင်လေ့လာတွေ့ရှိရသည်။

လူမှုစီးပွားရေး[ပြင်ဆင်ရန်]

မင်းလှမြို့သည် ဆန်စပါးရောင်းဝယ်ရာတွင် ကြီးကျယ် ထင်ရှား၍ မြို့တွင် ဆန်စက်များရှိသည်။ ကြီးကျယ်သော အခြားလုပ်ငန်းမရှိသော်လည်း ကုန်စည်ရောင်းဝယ်ဖောက်ကားမှု မှာ မြို့နှင့်လိုက်အောင် အသင့်အတင့်ဖွံ့ဖြိုးလေသည်။ လူဦးရေ မှာ ၁၉၆၂ ခုနှစ်သန်းခေါင်စာရင်းအရ ၇၁၉၆ ယောက် ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)