မဒေါက်မြို့

ဝီကီပီးဒီးယား မှ
မဒေါက်မြို့
မဒေါက်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မဒေါက်မြို့
မဒေါက်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°54′39″N 96°50′40″E / 17.91083°N 96.84444°E / 17.91083; 96.84444ကိုဩဒိနိတ်: 17°54′39″N 96°50′40″E / 17.91083°N 96.84444°E / 17.91083; 96.84444
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ပဲခူး
ခရိုင်ညောင်လေးပင်ခရိုင်
မြို့နယ်ညောင်လေးပင်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မဒေါက်မြို့ သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးညောင်လေးပင်ခရိုင်ညောင်လေးပင်မြို့နယ်ရှိ မြို့တစ်မြို့ ဖြစ်သည်။[၁]

မဒေါက်သည် ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ပြီး ရှေးမွန်ဘုရင်များ လက်ထက်ကပင် ထင်ရှားသည်။ မဒေါက်သည် မွန်အမည် ကမာဍိုတ်(အသံထွက် ကမာဒေါက်)မှ ဆင်းသက်လာပြီး ကမမှာ ရေကန်၊ ဒေါက်မှာ အုတ်ကို ဆိုလိုရာ အုတ်ရေကန်ဟု အဓိပ္ပာယ်ရသည်။ ကမာဒေါက်ကို မြန်မာတို့က မဒေါက်ဟု ခေါ်ခြင်းဖြစ်သည်။

မဒေါက်နှင့် ရွှေကျင်က တစ်မြို့စီ ဖြစ်သော်လည်း ရွှေကျင်မ‌ဒေါက်ဟု တွဲခေါ်လေ့ရှိသည်။ ရွှေကျင်နှင့် မဒေါက်မှာ ၂ မိုင်ခွဲမျှသာ ကွာဝေးသော်လည်း စစ်တောင်းမြစ် ခြားသည်။ ညောင်လေးပင်နှင့် မဒေါက်သို့ ၁၁.၂၅ မိုင် အရှည်ရှိ မီးရထားလမ်းဖြင့် ဆက်သွယ်ထားသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Google Maps (မြေပုံ)။ Google။ |access-date= က |url= ကို လိုအပ်သည် (အကူအညီ)
  2. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၈၆။