မာတိကာသို့ ခုန်သွားရန်

ကျောက်တံခါးမြို့

ဝီကီပီးဒီးယား မှ
ကျောက်တံခါး
ကျောက်တံခါး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျောက်တံခါး
ကျောက်တံခါး
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 18°09′22″N 96°36′47″E / 18.15611°N 96.61306°E / 18.15611; 96.61306ကိုဩဒိနိတ်: 18°09′22″N 96°36′47″E / 18.15611°N 96.61306°E / 18.15611; 96.61306
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ပဲခူး
ခရိုင်ညောင်လေးပင်ခရိုင်
မြို့နယ်ကျောက်တံခါးမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကျောက်တံခါးမြို့ သည် ပဲခူးတိုင်းဒေသကြီးညောင်လေးပင်ခရိုင်ကျောက်တံခါးမြို့နယ် [] [] ၏ ရုံးစိုက်ရာမြို့ဖြစ်သည်။

ကျောက်တံခါးသည် ကိုလိုနီခေတ်ဦးကာလတွင်မှ စည်ပင်လာသည့် မြို့ ဖြစ်သည်။ သီပေါမင်း ပါတော်မူချိန်ထိ တောဖုံးနေသေးသည်။ မြို့အရှေ့ဘက် စစ်တောင်းမြစ်ကမ်းတွင် လှေသမ္ဗန်များ ရပ်တန့်ကာ ကုန်တင်ကုန်ချ လုပ်သည်။ ၁၈၈၅ တွင် အိန္ဒိယအစိုးရက အိန္ဒိယမြေပိုင်ရှင် သူဌေး အိတ်ချ်အေ မီး‌လင်း ပိုင်ဆိုင်သော မြေကွက် ယူ၍ ကျောက်တံခါးအနောက်ဘက် တောဖုံလွှမ်းရာ မြေဧက ၂၈၇၀၀ ကျော်ကို နှစ် ၆၀ ဂရန်ဖြင့် ပေးသည်။

မစ္စတာ မီးလင်းသည် ထိုစဉ် အိန္ဒိယမှ ဟိန္ဒူများကို လယ်လုပ်ခွင့် ပေးမည်၊ လယ်ပိုင်ဆိုင်ခွင့် ရမည်ဆိုကာ စရိတ် ထုတ်ပေးပြီး ၁၈၈၅ မှ စတင် ခေါ်ယူသည်။ ထိုစဉ် ရန်ကုန်ပြွန်တန်ဆာ- တောင်ငူ မီးရထားလမ်း ဖောက်လုပ်နေရာ၊ ၃ နှစ် ဆက်တိုက် ခေါ်ယူ နေရာချထားပေးသည်။ မူလဂရန်မြေအတွင်းတွင် ကရင်ရှမ်းနှင့် ဗမာရွာ အနည်းငယ် ရှိနေရာ ရှမ်းကုန်းတွင် တောင်ယာလုပ်ကိုင် စားသောက်သူများ နေထိုင်သည်။

ရှမ်းတိုင်းရင်းသားများသည် ကျန်းမာရေးအတွက် ရှမ်းအုတ်သျှစ်ကုန်းနေ မြန်မာဆေးဆရာကို အားကိုးပြုသည်။ ယင်းဆေးဆရာကို ကျောင်းတကာဟု ခေါ်ရာ ရှမ်းတိုင်းရင်းသားများက ကျောက်တကားဟု မပီမသ ခေါ်ဆိုသည်။ မီးရထားလမ်း ဖောက်ပြီးသောအခါ ရန်ကုန်ကျောက်တံတားနှင့် ဆင်တူယိုးမှား ဖြစ်၍ ကျောက်တံခါးဟု ပြောင်းသည်။ နောက် ပဲနွယ်ကုန်း၊ တောကျွဲအင်း၊ ဖဒိုကျောက်တံခါး ၄ နယ်ကို ပေါင်း၍ ကျောက်တံခါးမြို့နယ် ဖြစ်လာသည်။

ကျောက်တံခါးမြို့သည် တော်လှန်ရေးကောင်စီလက်ထက် ၂၈ ဩဂုတ် ၁၉၆၄ တွင် ညောင်လေးပင် အနောက်ပိုင်း မြို့နယ်အဖြစ်မှ သီးခြား ခွဲထုတ်ကာ မြို့နယ် ဖြစ်လာသည်။[]

အထင်ကရပုဂ္ဂိုလ်

[ပြင်ဆင်ရန်]

တပင်ရွှေထီး စစ်ချီလမ်း

[ပြင်ဆင်ရန်]

ကျောက်တံခါးအနောက် ၅ မိုင်အကွာတွင် တပင်ရွှေထီးမင်း စစ်ချီတက် တိုက်ခိုက်ရာ စစ်ချီလမ်းကို တွေ့ရသည်။ ယင်း‌လမ်းကြောင်းမှာ ကျွန်းချောင်းရွာအနီးမှ ပဲနွယ်ကုန်းရွာမကို ဖြတ်သန်းသွားသည်။

ရှေးမြို့ဟောင်း

[ပြင်ဆင်ရန်]

ကျောက်တံခါးအရှေ့ဘက် ၃ မိုင်ခန့်အကွာ၌ ရှေးမြို့တော်ဟောင်း တမြို့ ရှိခဲ့ရာ ကျောက်စရစ်ကျေးရွာအနီး ရှိ၍‌ ကျောက်စရစ်မြို့ဟောင်းဟု သစ်တောမင်းကြီးဟောင်း ဦးအောင်မြင့်က အမည်ပေးခဲ့သည်။

ကျောက်တံခါးမြို့တွင် ပျော်ပွဲရွှင်ပွဲများထက်ဘာသာရေးကိုအထူးပြု၍ တရားပွဲများအမြဲကျင်းပလေ့ရှိသည်

ကျောက်တံခါးသင်္ကြန်သည် တစ်ခြားမြို့များနှင့်မတူ ကျောက်တံခါး ပဲနွယ်ကုန်း တောကျွဲအင်း

ဖဒို မြို့ချောင်း စသည့်မြို့များနှင့် သင်္ကြန်ယိမ်းအကများယှဉ်ပြိုင်လေ့ရှိသည် ကျောက်တံခါး တန်ဆောင်တိုင်သည် မြို့လုံးကျွတ်ပျော်သော စည်ကားသောတန်ဆောင်တိုင်ဖြစ်သည် တစ်နိုင်ငံလုံးရှိမြို့များနှင့်မတူ တော်သလင်းလပြည့်နေ့တွင်ဆီဆွမ်းလောင်းပွဲကျင်းပသည် ယက္ကန်းလုပ်ငန်းကိုလည်းအထူးပြုလုပ်ကြသည်

  1. Kyauktaga Township Map
  2. Township 31, "Myanmar States/Divisions & Townships Overview Map" Archived 2010-12-03 at the Wayback Machine. Myanmar Information Management Unit (MIMU)
  3. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၈၀။
  4. https://www.facebook.com/page/1406194469633150/search/?q=%E1%80%A1%E1%80%82%E1%81%A2%E1%80%82%E1%80%85%E1%80%B9%E1%80%90%E1%80%AC
  5. https://www.facebook.com/profile/100066772126943/search/?q=%E1%80%A1%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%90%E1%80%9B%E1%80%9C%E1%80%80%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%20