မာတိကာသို့ ခုန်သွားရန်

သက္ကလမြို့

ဝီကီပီးဒီးယား မှ
သက္ကလမြို့
သက္ကလမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သက္ကလမြို့
သက္ကလမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°01′45″N 96°35′38″E / 17.02917°N 96.59389°E / 17.02917; 96.59389ကိုဩဒိနိတ်: 17°01′45″N 96°35′38″E / 17.02917°N 96.59389°E / 17.02917; 96.59389
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်ပဲခူးခရိုင်
မြို့နယ်ကဝမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

သက္ကလမြို့ သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးပဲခူးခရိုင်ကဝမြို့နယ်ရှိ မြို့တစ်မြို့ ဖြစ်သည်။[]

ပထဝီဝင်

[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၅၅ မိနစ် ၈၄ စက္ကန့်နှင့် အရှေ့လောဂျီတွဒ် ၉၄ ဒီဂရီ ၃၅ မိနစ် ၃၂ စက္ကန့်တွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ (၁.၅) မိုင်နှင့် တောင်မှ မြောက်သို့ တစ်မိုင် ရှည်လျားသည်။ ဧရိယာစတုရန်းမိုင် ၆.၇၂ ဧရိယာ ကျယ်ဝန်းသည်။ သက္ကလမြို့၏ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်မှာ (၁၃.၃၈)ပေ ဖြစ်သည်။

နယ်နမိတ်

[ပြင်ဆင်ရန်]

သက္ကလမြို့၏ အရှေ့ဘက်တွင် ကသစ်ပင်ကျေးရွာနှင့် တကောကနုတ်ကျေးရွာ၊ တောင်ဘက်တွင် မက္ကဘင်းကျေးရွာထိစပ်လျက်ရှိသည်။ အနောက်ဘက်တွင် ခမွန်ကံကြီးကျေးရွာ နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မုဒုကျေးရွာတို့နှင့် နယ်နမိတ်ထိစပ်လျက်ရှိသည်။

မြေမျက်နှာသွင်ပြင်

[ပြင်ဆင်ရန်]

သက္ကလမြို့သည် မြေပြန့်လွင်ပြင်နှင့် မြစ်ချောင်းများရှိသည်။

ရေဆင်း

[ပြင်ဆင်ရန်]

ကဝမြို့နယ်၊ သက္ကလမြို့သည် စစ်တောင်းမြစ် ရေငံနှင့် ဆက်စပ်လျက်ရှိပြီး ကံအောင်ချောင်းနှင့် သံဒင်းချောင်းတို့သည် သရက်ကုန်းကျေးရွာတွင်ပေါင်းစံပြီး သက္ကလမြို့သို့ စီးဝင်လျက် ဆည်မချောင်းမှတဆင့် ပဲခူးမြစ်အတွင်းသို့ လည်းကောင်း၊ သက္ကမြို့မှတစ်ဆင့် ခရမ်းမြို့သို့ မိုင်(၃၀) စိမ်းလမ်းမြောင်းသို့ စီးဝင်သည်။ ထို့အပြင် မြစ်ချောင်းများသည် အထူးသဖြင့် မိုးရာသီဖြစ်သော ဒီဇင်ဘာလဆန်းပိုင်းအထိသာ ရေစီးဝင်မှုရရှိပြီး နွေရာသီတွင် ရေခန်းခြောက်ကာ ကားလမ်းများအဖြစ် အသုံးပြုလျက်ရှိသည်။ မိုးရာသီတွင် ရေချိုရရှိနိုင်ပြီး နွေရာသီတွင် မိုင်(၃၀) စိန်းလမ်းမြောင်းမှ ရေချိုရရှိနိုင်သည့် အခြေအနေများရှိသည်။

ရာသီဥတု

[ပြင်ဆင်ရန်]

သက္ကမြို့သည် ပူအိုက် စွတ်စိုသောရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် (၄၀ C)နှင့် အနိမ်ဆုံးအပူချိန်မှာ (၁၄ C) ဖြစ်သည်။

သဘာဝပေါက်ပင်များ

[ပြင်ဆင်ရန်]

သက္ကမြို့အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာ ကုက္ကိုပင်၊ ညောင်ပင်၊ သပြေပင်၊ အုန်းပင်၊ ထန်းပင်၊ သရက်ပင်၊ စိန်ပန်းပင်၊ မဲဇလီပင်၊ သမန်းပင်၊ မကျည်းပင် စသည့်အပင်များ ပေါက်ရောက်သည်။

အထင်ကရပုဂ္ဂိုလ်များ

[ပြင်ဆင်ရန်]

သွဲ့ထားညို (စာရေးဆရာမ)

ကိုးကား

[ပြင်ဆင်ရန်]
  1. Google Maps (မြေပုံ)။ Google။ |access-date= က |url= ကို လိုအပ်သည် (အကူအညီ)