မာတိကာသို့ ခုန်သွားရန်

ပေါင်းတည်မြို့

ဝီကီပီးဒီးယား မှ

ပေါင်းတည်မြို့သည် ရန်ကုန်-ပြည် အဝေးပြေးကားလမ်းနှင့်ရထားလမ်းပေါ်တွင်တည်ရှိသည်။ မြောက်လဒ်တီကျု ၁၈ ဒီဂရီ ၂၈ မိနစ် မှ ၇၂ မိနစ်အကြား အေ့ရှလောင်ဂျီကျု ၉၅ ဒီဂရီ ၂၃ မိနစ်မှ ၁၂မိနစ် ကြားတွင်တည်ရှိသည်။

ပေါင်းတည်မြို့သည် နတ်တလင်းခရိုင်အတွင်းတွင် တည်ရှိသော ပေါင်းတည်မြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ယခင်က ပြည်ခရိုင်တွင် ပါဝင်သည်။ ရန်ကုန်-ပြည် မီးရထားလမ်းပေါ်တွင် တည်ရှိ၍ ရန်ကုန်မြို့ မှ ၁၄၃မိုင်ကွာဝေးပြီးလျှင် ပြည်မြို့နှင့် ၃၆ မိုင် ကွာဝေးသည်။ ရန်ကုန်-ပြည် ကားလမ်းလည်း ပေါင်းတည်မြို့ကို ဖြတ်၍ ဖောက်လုပ်ထားသည်။

ပေါင်းတည်မြို့နယ်တွင် ကျေးရွာပေါင်း ၂၅၈ ရွာပါဝင်သည်။ ပေါင်းတည်မြို့နယ်သည် ၃၇၉ စတုရန်းမိုင် ကျယ်ဝန်းသည်။ ပြည်ခရိုင်အတွင်းတွင် ပြည်မြို့နောက် အစည်ကားဆုံးမြို့ ဖြစ်သည်။ လူဦးရေ ၂၀၂၃/၁၀/ အရ ၂၆၃၇၈ ယောက် ရှိသည်။

စစ်မဖြစ်မီက လူကြီးထောင် အဖြစ် အသုံးပြုခဲ့သော ပေါင်တည်ထောင်ကို စစ်ပြီးကာလနောက်၌ လည်း လူကြီးထောင်အဖြစ် ဆက်လက် အသုံးပြလျက်ရှိသည်

ပေါင်းတည်မြို့သည် ကားလမ်း၊ ရထားလမ်းတို့ ဖြတ်သန်းရာ မြို့ ဖြစ်သဖြင့် အရောင်းအဝယ်ကောင်းသည်။ ပေါင်းတည်မြို့နယ်၏ အဓိကလုပ်ငန်းမှာ ဆန်စပါးလုပ်ငန်း နှင့် ရာသီချိန် အသီးအနှံစိုက်ပျိုးခြင်း လုပ်ငန်း တို့ ဖြစ်သည်။

ပေါင်းတည်မြို့အထွက် ရန်ကုန်-ပြည် လမ်းမကြီးပေါ်ရှိ မင်းလက်ျာသီရိ နှင့် မင်းလက်ဝဲသီရိ ဘုရားကြီး နှစ်ဆူသည် မြို့၏ ကျက်သရေဆောင် တန်ခိုးကြီးဘုရားများ ဖြစ်သည်။

မင်းလက်ျာသီရိဘုရားအတွင်း သီးသန့် ဂန္ဓကုဋိမြတ်စွာဘုရား၏ စွယ်တော်ပွားတစ်ဆူ သီတင်းသုံးတော်မူသည်။ စွယ်တော်ရောက်သည့် ၁၂၅၉ ခုနှစ် တော်သလင်း လဆန်း ၁၃ ရက်နေ့မှ အစပြု၍ နှစ်စဉ် တော်သလင်းလတိုင်း မြတ်စွယ်တော် ကန်တော့ခံ လှည့်လည်ပွဲ ကျင်းပရာ၊ အလွန်စည်ကား သိုက်မြိုက်သဖြင့် အထူး မီးရထားများပင် စီစဉ်ပေးရလေသည်။ ပေါင်းတည်မြို့နယ်တွင် မြန်မာတစ်နိုင်ငံလုံးတွင် ဘယ်ဒေသမှ မရှိသော ရွာအမည်ရှိသည်။ ရွာအမည်ကား မြေနံ့သာရွာ ဖြစ်သည် ရနံ့သင်းသောမြေဟု အဓိပ္ပာယ် ရလေသည်။ []

ကျော်ကြားထင်ရှား

[ပြင်ဆင်ရန်]
  • ပေါင်းတည်မြို့နယ်တွင် နာမည်ကြီးသော ဒေသထွက်လက်ဆောင်မှာ ယောက်ကျားကြီးငါးပိရည် (နတ္တလင်းနှင့်အတူ) ဖြစ်သည်။
  • မိုးညအိမ်မက်မြူဇာတ်ကားသည်တက္ကသိုလ်ဘုန်းနိုင်၏ဝတ္ထုကိုအ​ခြေခံ၍ရိုက်ကူးထား​သောဇာတ်ကားဖြစ်ပြီး​ပေါင်းတည်မြို့ကိုအ​ခြေခံ၍ရိုက်ကူးထား​သောဇာတ်ကားနှင့်​​ရေသားထား​သောဝတ္ထုဖြစ်သည်။

အထင်ကရ ပေါင်းတည်မြို့ ဇာတိများ

[ပြင်ဆင်ရန်]
  • ဂီတပညာရှင် ကိုရဲလွင် (မဇ္ဈိမလှိုင်း) သည် ပေါင်းတည်မြို့တွင် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ၌ မွေးဖွားခဲ့သည်။
  • ဆရာကြီး​သော်တာ​ဆွေသည်​​ပေါင်းတည်မြို့နယ်၊ကြို့ပင်ရွာတွင်​မွေးဖွားခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၆)၊ စာမျက်နှာ (၄၆၀)