သုမနဘုရား
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
မင်္ဂလမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက်၌ လူတို့၏ သက်တမ်းသည် အနှစ် (၉၀, ဝဝဝ) ကိုးသောင်းတမ်းမှ တရွေ့ရွေ့ ဆယ်နှစ်တမ်းထိ ဆုတ်ယုတ်ခဲ့ပြီနောက် သက်တမ်း ဆယ်နှစ်မှ အသင်္ချေယျ သက်တမ်းထိ တိုးတက်ခဲ့သည်။ နောက်တဖန် အသင်္ချေယျတမ်းမှ ပြန်ဆုတ်လာရာ လူတို့သက်တမ်း (၉၀, ဝဝဝ) ကိုးသောင်းသက်တမ်းသို့ ရောက်သောအခါ သုမနမြတ်စွာဘုရားအလောင်းတော်သည်
ဖြစ်တော်စဉ်
[ပြင်ဆင်ရန်]ပါရမီတော်ပြည့်တော်မူ၍ တုသိတာနတ်ပြည်မှ ဆင်းသက်ခဲ့၍ လူရွာလောက နေပြည်တော်၌ သုဒဿမင်းကြီး၏ နန်းတော်ဝယ် သိရီမာဒေဝီမိဖုရားကြီးမှ ဖွားမြင်တော်မူသည်။ ဆွေတော်မျိုးတော်များက သုမနမင်းသားဟု အမည်မှည့်ခေါ်ကြသည်။
သုမနမင်းသားအရွယ်ရောက်လျှင် ဝဋံသိကာဒေဝီ မင်းသမီးနှင့်အတူ သိရီဝဍ္ဎန၊ သောမဝဍ္ဎန၊ ဣဒ္ဓိဝဍ္ဎန-ဟူသော နန်းမသုံးဆောင်၌ အနူပမအမည်ရှိသော သားတော်ဖွားသည် အထိ ထီးနန်းစည်းစိမ်ကို ခံစားစံစားတော်မူသည်။ သူအို-သူနာ-သူသေ-ရဟန်း-ဟူသော နိမိတ်ကြီးလေးပါး မြင်သောအခါ တောထွက်တော်မူ၍ ဒုက္ကရစရိယာ အကျင့်မြတ်ကို ဆယ်လကြာကျင့်တော်မူ၍ နာဂဗောဓိကံ့ကော်ပင်ကို အမှီပြုကာ သဗ္ဗညုတဉာဏ်တော်ရပြီး သမ္မာသမ္ဗုဒ္ဓဘုရားစင်စစ် ဖြစ်တော်မူသည်။
ဂေါတမဘုရားလောင်း
[ပြင်ဆင်ရန်]သုမနဘုရားရှင်အထံ၌-ငါတို့၏ ဂေါတမဘုရားအလောင်းသည်။ အတုလနဂါးမင်း အဖြစ်ဖြင့် ဘုရားဖြစ်ရန် ဗျာဒိတ်ခံရသည်။
တပည့်သာဝကများ
[ပြင်ဆင်ရန်]- အဂ္ဂသာဝက လက်ျာ/လက်ဝဲရံ တပည့်ကြီး နှစ်ပါးကား-ရှင်သုရဏထေရ်၊ ဘာဝိတတ္တထေရ်၊
- အနီးကပ်လုပ်ကျွေးပြုစုသော မထေရ်ကား-ရှင်ဥဒေနထေရ်ဖြစ်သည်။
- အဂ္ဂသာဝိက တပည့်မကြီးနှစ်ပါးမှာ ရှင်မ သောဏာထေရီ ရှင်မ ဥပသောဏာထေရီ၊
- အလုပ်အကျွေးဒါယကာ နှစ်ဦးမှာ ဝရုဏသူဌေး၊ သရဏသူဌေးတို့တည်း။
- အလုပ်အကျွေး ဒါယိကာမကြီး နှစ်ဦး စာလာဥပါသိကာမ၊ ဥပစာလာသိကာမတို့တည်း။
သုမနမြတ်စွာဘုရား၏ ဉာဏ်တော်အတောင် (၉၀) ကိုးဆယ်မြင့်၍ ရောင်ခြည်တော်ကား စကြာဝဠာတိုက် (၁၀၀၀၀) တိုင်ပြန့်နှံ့သည်။ သုမနမြတ်စွာဘုရားသည် သက်တော် (၇၂၀၀၀) ခုနှစ်သောင်းနှစ်ထောင်တွင် အင်္ဂမည်သော ဥယျာဉ်ကြီး၌ ပရိနိဗ္ဗာန်ဝင်စံတော်မူပါသတည်း။
၇။ သုမန-ဘုရားရှိခိုး+ဆုတောင်းဂါထာ
[ပြင်ဆင်ရန်]- သုပဟာရံ ဓမ္မဘေရီ၊ သုဒ္ဓရန္တ မဟာဇနံ။
- သုမနံ သန္တဒံ ဝန္ဒေ၊ သော မေ ဒေတု ဇိနော ဇယံ။
- သုမနဗုဒ္ဓဝင်ကို ကြည့်ပါ။
- သုမနဘုရားရှင်ကို ကြည့်ပါ။