ပရိနိဗ္ဗာန်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ပရိနိဗ္ဗာန်-ပြု-ဝင်စံ-ခြင်း၊ ကိလေသာ, ခန္ဓာတို့၏ (အကြွင်းမဲ့)-မဖြစ်-ကုန်ဆုံး-ပျက်စီး-ခြင်း[၁]။
ပရိနိဗ္ဗာန် သုံးမျိုး
[ပြင်ဆင်ရန်]ယင်းပရိနိဗ္ဗာန်သည် ကိလေသပရိနိဗ္ဗာန်, ခန္ဓပရိနိဗ္ဗာန်, ဓာတ်တော်တို့၏ အကြွင်းမဲ့ ပျက်စီးခြင်းဟုဆိုအပ်သော ဓာတုပရိနိဗ္ဗာန်အားဖြင့် ၃-မျိုးရှိသည်၊
- ထိုသုံးမျိုးတို့တွင် ကိလေသပရိနိဗ္ဗာန်သည် ဘုရားဖြစ်တော်မူစ ဗောဓိပင်ရင်းကပင် ဖြစ်တော်မူခဲ့သည်။
- ခန္ဓပရိနိဗ္ဗာန်သည် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ် အင်ကြင်းပင်ပျို နှစ်ပင်တို့၏ အကြား၌ ဖြစ်ခဲ့သည်။
- ဓာတုပရိနိဗ္ဗာန်သည် နောင် သာသနာတော် ကွယ်ပျောက်သောအခါ ဗောဓိပင်၌ သာသနာတော် ဆုတ်ယုတ်ပျက်စီးသောအခါ လူ့ပြည်, နတ်ပြည်, နဂါးပြည်တို့မှ ရှိရှိသမျှ အားလုံးသော ဓာတ်တော်တို့သည် ဖြစ်လိမ့်မည်။
ဓာတုပရိနိဗ္ဗာန် ပြုပုံ
[ပြင်ဆင်ရန်]ရှေးဦးစွာ သီဟိုဠ်ကျွန်း မဟာစေတီ၊ ထိုမှ နာဂဒီပကျွန်း ရာဇာယတနစေတီ၊ ထိုမှ မဟာဗောဓိပင်သို့ ကြွသွားတော်မူကြလိမ့်မည်။ မဟာဗောဓိပင်၌ ဓာတ်တော်အားလုံး စုရုံး၍ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်တို့ဖြင့် တင့်တယ်သော တခဲနက်သော ရွှေဆင်းတုတော် ပုံဟန် ဖန်ဆင်းပြီးလျှင် ရောင်ခြည်တော် ၆-သွယ် ကွန့်မြူးလျက် ရေမီးအစုံအစုံသော တန်ခိုးပြာဋိဟာကို ပြတော်မူကာ ဗြဟ္မာ့ပြည် တိုင်အောင် အခိုးအလျှံ တက်စေလျက် တေဇောဓာတ် လောင်ကျွမ်းတော်မူကြလိမ့်မည်။ [၂]
ပရိနိဗ္ဗာန် စံဝင်ကြောင်း
[ပြင်ဆင်ရန်]ရှင်တော်မြတ်ဘုရားသည် ကိုယ်တော် မြတ်၏နောက်မှ မာရ်နတ် တကောက်ကောက် လိုက်၍ တောင်းပန်နှောင့်ယှက်သောကြောင့် ခန္ဓပရိနိဗ္ဗာန် စံဝင်တော်မူသည် မဟုတ်ပေ၊ ကိုယ်တော်တိုင် ဆုံးမချေချွတ်မှ ကျွတ်သင့်သော ဗုဒ္ဓဝေနေယျသတ္တဝါများ မရှိသောကြောင့် ကုဋေနှစ်သန်းလေးသိန်းသော သမာပတ်များကို ဝင်စားပြီးမှ ကိုယ်တော်မြတ်၏ ဆန္ဒတော်ဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူသည်။ [၃]
ရိုသေလေးမြတ်စွာ ကိုးကွယ်ဆည်းကပ်မှု မပြုကြသောကြောင့် ဓာတ်တော်များ တေဇောဓာတ်လောင်ကျွမ်းကာ ကွယ်ပျောက်ရသည်။ [၄]
ဓာတ်တော်များ တေဇောဓာတ်လောင်ကျွမ်းပြီးမှ ဘုရားရှင်သာသနာတော် ကွယ်ပျောက်သည်၊ သာသနာတော် မကွယ်ပျောက်မီ တစ်ပါးသောဘုရားရှင်တို့ ပွင့်ရိုးထုံးစံ မရှိချေ၊ တစ်ဆူသော ဘုရားရှင် သာသနာတော် ကွယ်ပျောက်ပြီးမှသာ တစ်ပါးသော ဘုရားရှင်တို့ ပွင့်တော်မူကြရသည်။ [၅]
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူရာ ဌာနသည် နတ်လူအပေါင်း သွားရောက်ဖူး မြော် သံဝေဂယူသင့်သော သံဝေဇနိယ ၄-ဌာနတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ [၆] [၇][၈]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ ပရိနိဗ္ဗာန (န) [ပရိ+နိ+ဝါ+ယု(ပရိနိဝါဏ-သံ)]
- ↑ ဒီ၊ဋ္ဌ၊၃၊၈၃။ မ၊ဋ္ဌ၊၄၊၈၁။ အံ၊ဋ္ဌ၊၁၊၇၀။ အဘိ၊ဋ္ဌ၊၂၊၄၁၃-၄။ ထေရဋ္ဌ၊၁၊၅၅။
- ↑ ဒီ၊ဋ္ဌ၊၂၊၁၄၇။ သံ၊ဋ္ဌ၊၃၊၂၈၅။ အံ၊ဋ္ဌ၊၃၊၂၄၉။ ဥဒါန၊ဋ္ဌ၊၂၉၈။
- ↑ အံ၊ဋ္ဌ၊၁၊၇၀။
- ↑ ဒီ၊ဋ္ဌ၊၂၊၁၄၇။ ဒီ၊ဋ္ဌ၊၃၊၈၂။ မ၊ဋ္ဌ၊၄၊၈၁။ အဘိ၊ဋ္ဌ၊၂၊၄၁၃-၄။ အံ၊ဋ္ဌ၊၁၊၃၅၈။
- ↑ ဒီ၊၂၊၁၁၆။ ဒီ၊ဋ္ဌ၊၂၊၁၇၂-၃။ အံ၊၁၊၁၄၅။)
- ↑ (၁) သမ္ပဇာနဿ ပဝတ္တပရိယာဒါနေ ပညာ ပရိနိဗ္ဗာနေ ဉာဏံ။ ပဋိသံ၊၃။ ပရိနိဗ္ဗာနေ ဉာဏန္တိ အရဟတော ကာမစ္ဆန္ဒာဒီနံ ပရိနိဗ္ဗာနံ အပ္ပဝတ္တံ အနုပါဒိသေသပရိနိဗ္ဗာနဉ္စ ပစ္စဝေက္ခန္တဿ တသ္မိံ ကိလေသ ပရိနိဗ္ဗာနေ ခန္ဓပရိနိဗ္ဗာနေ စ ပဝတ္တံ ဉာဏံ။ ပဋိသံ၊ဋ္ဌ၊၁၊၃၈။ အပ္ပါသုတ္တော တွံ ပါပိမ ဟောဟိ၊ န စိရံ တထာဂတဿ ပရိနိဗ္ဗာနံ ဘဝိဿတိ။ ဒီ၊၂၊၈၉၊ ၉၆။ သံ၊၃၊၂၃၀။ အံ၊၃၊၁၃၁။ ဥဒါန၊၁၅၅။ တံ အပ္ပဋိသန္ဓေကံ ပရိနိဗ္ဗာနသင်္ခါတံ မရဏမ္ပိ မေ ဘဒ္ဒကံ။ ဥဒါန၊ဋ္ဌ၊၂၄၄။ (ဒီ၊၂၊၉၉၊ ၁၀၁၊ ၁၁၅-၈၊ ၁၂၂-၃-၄-၈။ ဒီ၊၃၊၄၅။ မ၊၁၊၅၅၊ ၂၉၈။ မ၊၃၊၁၆၈။ သံ၊၁၊၁၆၀-၁။ အံ၊၂၊၄၄၉၊ ၄၅၂။ အံ၊၃၊၁၃၁၊ ၂၄၆၊ ၃၀၇။ အဘိ၊က၊၄၄၂-၉။ ပဋိသံ၊၉၇-၈။ ဥဒါန၊၁၅၅။ ထေရ၊၃၄၈။ အပါ၁။ ၁၁၃။ အပ၊၂၊၂၀၇၊ ၂၂၀။ စူဠနိ၊၁၀၈။ ဇာ၊၁၊၂၈၃-၄။ မိလိန္ဒ၊၃၀။ ဝိ၊ဋ္ဌ၊၁၊၁၅၅။ ဒီ၊ဋ္ဌ၊၁၊၉၊ ၁၂၀၊ ၃၁၉။ ဒီ၊ဋ္ဌ၊၂၊၃၁၊ ၁၅၉၊ ၁၇၂၊ ၁၈၆-၇၊ ၁၉၀-၁-၅။ ဒီ၊ဋ္ဌ၊၃၊၂၆၊ ၈၃။ မ၊ဋ္ဌ၊၁၊၁၉၈။ မ၊ဋ္ဌ၊၂၊၄၀၊ ၆၂၊ ၁၈၃။ မ၊ဋ္ဌ၊၄၊၈၁၊ ၂၃၃။ သံ၊ဋ္ဌ၊၁၊၁၆၉၊ ၂၀၅-၆။ သံ၊ဋ္ဌ၊၃၊၁၉၊ ၂၅၄။ အံ၊ဋ္ဌ၊၁၊၇၀။ အံ၊ဋ္ဌ၊၂၊၂၂၀၊ ၃၃၂။ အံ၊ဋ္ဌ၊၃၊၃၁၇။ အဘိ၊ဋ္ဌ၊၂၊၄၁၃။ အဘိ၊ဋ္ဌ၊၃၊၉၇၊ ၂၀၁။ ပဋိသံ၊ဋ္ဌ၊၁၊၃၅၊ ၂၉၀။ ပဋိသံ၊ဋ္ဌ၊၂၊၆၅-၇။ ခုဒ္ဒက၊ဋ္ဌ၊၁၄၆။ ဓမ္မ၊ဋ္ဌ၊၁၊၂၇၂၊ ၃၈၁။ ဓမ္မ၊ဋ္ဌ၊၂၊၅၁၊ ၃၄၀၊ ၃၆၄။ ဥဒါန၊ဋ္ဌ၊၈၆၊ ၃၈၈၊ ၃၉၀။ ဣတိဝုတ်၊ဋ္ဌ၊၃၂၄။ သုတ္တနိ၊ဋ္ဌ၊၁၊၂၇၆။ သုတ္တနိ၊ဋ္ဌ၊၂၊၉၉၊ ၃၀၉။ ဝိမာန၊ဋ္ဌ၊၁၄၃၊ ၂၅၅။ ထေရ၊ဋ္ဌ၊၁၊၅၅၊ ၃၆၅။ ထေရ၊ဋ္ဌ၊၂၊၁၈၊ ၂၄၃၊ ၂၅၈၊ ၃၄၈၊ ၃၅၇၊ ၄၂၀-၇၊ ၄၉၀။ ထေရီ၊ဋ္ဌ၊၉၃၊ ၁၄၈၊ ၁၆၁၊ ၂၉၉။ အပ၊ဋ္ဌ၊၁၊၃၃၉။ အပ၊ဋ္ဌ၊၂၊၇၆၊ ၂၉၅။ စရိယာ၊ဋ္ဌ၊၃၁၆၊ ၃၂၀။ မဟာနိ၊ဋ္ဌ၊၆၇၊ ၁၇၃။ စူဠနိ၊ဋ္ဌ၊၂၉။ ဇာ၊ဋ္ဌ၊၂၊၃၀၀။ ဇာ၊ဋ္ဌ၊၃၊၂၁။ ဇာ၊ဋ္ဌ၊၄၊၄၉၊ ၃၀၀။ ဇာ၊ဋ္ဌ၊၅၊၁၃၃။ နေတ္တိ၊ဋ္ဌ၊၄၄၊ ၁၉၂။ ဝဇိရ၊၂၉။ သာရတ္ထ၊၁၊၂၉၊ ၁၇၃၊ ၁၉၃။ သာရတ္ထ၊၃၊၄၄၆။ ဝိမတိ၊၁၊၁၁၊ ၃၈။ ဝိမတိ၊၂၊၁၁၃၊ ၂၆၆၊ ၃၀၀-၁။ ဒီ၊ဋီ၊၁၊၉၇-၉၊ ၃၃၂။ ဒီ၊ဋီ၊၂၊၁၂၀-၂၊ ၁၃၅၊ ၁၄၇၊ ၁၅၀၊ ၁၈၈၊ ၂၂၀။ ဒီ၊ဋီ၊၃၊၈၃၊ ၉၃။ သီ၊ဋီ၊သစ်၊၁၊၄၀၊ ၇၅၊ ၂၉၄-၇။ မ၊ဋီ၊၂၊၁၀၀၊ ၁၁၉၂၇၀။ မ၊ဋီ၊၃၊၉၁-၃၊ ၁၆၅၊ ၁၈၁၊ ၂၉၉။ သံ၊ဋီ၊၁၊၂၁၇။ သံ၊ဋီ၊၂၊၉၅၊ ၅၀၆။ အံ၊ဋီ၊၁၊၁၃၇။ အံ၊ဋီ၊၃၊၄၈၊ ၂၀၈၊ ၂၅၅၊ ၃၅၅။ မူလဋီ၊၃၊၄၇။ အနုဋီ၊၃၊၅၈။ နေတ္တိ၊ဋီ၊၁၀၅
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၄ အပိုင်း-၂