မာတိကာသို့ ခုန်သွားရန်

ပဒုမဘုရား

ဝီကီပီးဒီးယား မှ

အနောမဿီမြတ်စွာဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးသည့်နောက် လူတို့၏ သက်တမ်း အနှစ် (၁၀၀, ဝဝဝ) တစ်သိန်းတမ်းမှ ဆုတ်ချီ တက်ချီဖြင့် နောက်ဆုပ်ကပ် ကမ္ဘာနှစ်(၁၀၀, ဝဝဝ) တစ်သိန်းတမ်း ပြန်ရောက်သောအခါ

ဖြစ်တော်စဉ်

[ပြင်ဆင်ရန်]

ပဒုမဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်း၍ စမ္ပကမြို့တော်တွင် အသမမင်းကြီး နှင့် အသမဒေဝီ မိဖုရားကြီးတို့မှ ဖွားမြင်ကာ ရုပ်ဆင်းအင်္ဂါ စသည်တို့သည် သူတစ်ပါးတို့နှင့်မတူဘဲ မွေးဖွားစဉ်ကာလ၌ပင် ပဒုမ္မာကြာမိုးကြီးရွာသွန်းသည်ကို အကြောင်းပြုကာ မဟာပဒုမ မင်းသားဟု ဆွေမျိုးများက အမည် သညာ မှည့်ခေါ်ကြသည်။

အလောင်းတော်မင်းသား အရွယ်ရောက် လျှင်-ဥတ္တရာဒေဝီမိဖုရားဖြင့်-နန္ဒုတ္တရ၊ ဝသုတ္တရ၊ ယသုတ္တရ ဟူသောရွှေနန်းသုံးဆောင်၌ နှစ်ပေါင်း(၃၃, ဝဝဝ)သုံးထောင်တိုင်တိုင် သားတော် ရမ္မမင်းသားဖွားမြင်သည်အထိ ရွှေနန်းစည်းစိမ်ကို ခံစားစံစားတော်မူသည်။

ဥယျာဉ်တော်၌ ပျော်ပါးထွက်စဉ် နိမိတ်ကြီးလေးပါး မြင်၍ ထိတ်လန့်မှုသံဝေဂဖြစ်ကာ အာဇာနည်မြင်း ကသော ရထားယာဉ်စီး၍ တောထွက်တော် မူခဲ့သည်။ ဒုက္ကရစရိယာအကျင့်မြတ်ကို(၈) လကြာ ကျင့်ပွား၍-မဟာသောဏဗောဓိ ကြောင်လျာကြီး ဗောဓိပင်ကို အမှီပြု၍ သဗ္ဗညုတ ဉာဏ်တော်ကို ရကာ သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ်ဖြစ်တော်မူသည်။

ဂေါတမဘုရားအလောင်း

[ပြင်ဆင်ရန်]

ဂေါတမဗုဒ္ဓ အလောင်းတော်မြတ်သည် ပဒုမဘုရားပွင့်စဉ်အခါ ခြင်္သေ့မင်းဖြစ်၍၊ ပဒုမဘုရားရှင်ကိုဖူးမြင်ရသောအခါ ဘုရားရှင်လျင် အာရုံရှိသော ဗုဒ္ဓါရမ္မဏပီတိဖြင့် အစာမစားပဲ ကြည်ညို၍နေလေရာ။ ပဒုမမြတ်စွာဘုရားက နောင်အခါ ဤခြင်္သေ့မင်းသည် ဂေါတမမည်သော ဘုရားစင်စစ်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်စကား မိန့်ကြားတော်မူသည်။

တပည့်သာဝကများ

[ပြင်ဆင်ရန်]
  • အဂ္ဂသာဝကကြီး ယာ+ဝဲ (၂)ပါးကား- အရှင်သာလထေရ် ဥပသာလတေရ်တို့တည်း။
  • အနီးကပ် အလုပ် အကျွေး ရဟန်းကား-ဝရုဏထေရ်တည်း။
  • အဂ္ဂသာဝိကာမကြီး ယာ+ဝဲ (၂)ပါးကား- အရှင်မ ရာဇာထေရီ၊ သုရာဇာထေရီတို့တည်း။
  • အဂ္ဂ ဒါယကာ(၂) ဦးကား-ဘိယျသူဌေး၊ အသမသူဌေးတို့တည်း။
  • အဂ္ဂဒါယိကာမကြီး(၂) ဦးကား ရှစိဥပါသိကာမ၊ နန္ဒာရာမ ဥပါသိကာမ တို့တည်း။

ပဒုမမြတ်စွာဘုရား၏ ဉာဏ်တော် (အရပ်) ကား(၅၈)တောင်မြင့်၍ကိုယ်တော်မှထွက်သော ရောင်ခြည်တော်ကား စကြာဝဠာ တိုက်(၁၀, ဝဝဝ) တစ်သောင်းတိုင် ပျံ့နှံ့ ကွန် မြူးနေတော်မူသည်။ ပဒုမမြတ်စွာဘုရားသည် ဝေနေယျသတ္တဝါတို့အား တရားရေအေး အမြိုက်ဆေး-တိုက်ကျွေးခြင်း၊ ဗုဒ္ဓကိစ္စပြုပြီးလတ်သော် သက်တော်(၈၀, ဝဝဝ) ရှစ်သောင်းတွင် ဓမ္မာရာမ ဥယျာဉ်တော်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူပါသတည်း။ . . .

၁၁။ ပဒုမ -ဘုရားရှိခိုး+ဆုတောင်းဂါထာ

[ပြင်ဆင်ရန်]

ကျမ်းကိုး

[ပြင်ဆင်ရန်]
  1. အရှင်ကောဝိဒဓဇ(ပါဠိပါရဂူ၊ ဝိနယပါရဂူ၊ သာ.သီ.ဓ၊ ဂဏဝါစက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (ပကြိမ်၊ ၂၀၁၂)။ မြတ်ဘုရားရှင် နှစ်ကျိပ်ရှစ်ဆူဝင်။ စိန်ပန်းပြာစာပေ။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)