သဗ္ဗညုတဉာဏ်
ပုံပန်းသွင်ပြင်
သဗ္ဗညုတဉာဏ် ဗောဓိပင်၏ အရှေ့မျက်နှာလေးတောင်ကွာ အရပ်၌ ပါရမီတော်တို့ကြောင့် ပေါ်ပေါက်လှာသော ပလ္လင်ထက်၌ရသော မြတ်စွာဘုရား၏ ရွှေဉာဏ်တော်ကိုခေါ်သည်။ မြတ်စွာဘုရားသခင်သည် ဗောဓိပင်ရင်း၌ သဗ္ဗညုတရွှေဉာဏ်တော်ကိုရတော်မူပြီး နောက်ဘုရားရှင်တို့ပြုရိုးဖြစ်စဉ် ဓမ္မတာသုံးဆယ်အနက် ဓမ္မတာတစ်ခုဖြစ်သောတစ်ဌာနလျှင်ခုနစ်ရက်တာမျှ ခုနစ်ဌာနတွင်မွေ့လျော်စံပယ်တော်မူခြင်းပြုလေသည်။ ထိုခုနစ်ဌာနကိုပေါင်း၍သတ္တဌာနဟုခေါ်သည်။ သဗ္ဗညုတ ရွှေဉာဏ်တော်ကို မဟာဗောဓိ အောင်မြေ ဗုဒ္ဓဂါယာ တွင်ရရှိတော်မူခဲ့သည်။ ဗုဒ္ဓဂါယာ သည် ဗုဒ္ဓဘာသာ ဝင်အပေါင်းတို့၏ အထွတ်အမြတ်ဆုံး ဖြစ်ရခြင်းမှာ ထိုဒေသ၌ မြတ်စွာဘုရားသခင်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိ၍ မာရ်ငါးပါးကို အောင်မြင်ခဲ့သော အောင်မြေဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရပ်ကို မြန်မာတို့က ဗောဓိမဏ္ဍ သို့မဟုတ် ဗောဓိမဏ္ဍိုင်ဟု ခေါ်ဝေါ်လေသည်။
ကျမ်းကိုး
[ပြင်ဆင်ရန်]
အခြားကြည့်ရန်
[ပြင်ဆင်ရန်]- ထိုင်း၊ မြန်မာ၊ တရုတ်၊ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊လာအို၊ ဗီယက်နမ် စသော အပြည်ပြည် ဆိုင်ရာက ဗုဒ္ဓ ဘာသာ ရဟန်းတော်များ၊ သီလရှင်များ စုပေါင်း ဆန္ဒပြပွဲ လုပ်
- Monks protest For Bomb Attacks Bodh Gaya
- မြို့မ မြင့်ကြွယ်ရေးသားသော အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား Archived 7 August 2013 at the Wayback Machine.
- ဗုဒ္ဓ ဂါယာတွင်အကြမ်းဖက်မှုHla Oo's Blog