ဝိပဿီဘုရား
ပုံပန်းသွင်ပြင်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
- ဝိပဿီမြတ်စွာဘုရားသည် ဤကမ္ဘာမှ ပြန်၍ရေသည်ရှိသော် ၉၁-ခုမြောက်ကမ္ဘာ၌ ပွင့်တော်မူသည်။ [၁]
- ဒီပင်္ကရာစသော ဘုရား ၂၄-ဆူတို့တွင် ၁၉-ဆူမြောက်ဖြစ်၏။ [၂]
- ဝိပဿီမြတ်စွာဘုရားသည် မင်းမျိုး-ကောဏ္ဍညအနွယ်ဖြစ်၏။ [၃]
- ဝိပဿီမြတ်စွာဘုရား၏ ဖွားတော်မူရာမြို့တော်မှာ ဗန္ဓုမတီနေပြည်တော်ဖြစ်၍ ခမည်းတော်မှာ ဗန္ဓုမမင်းကြီး, မယ်တော်မှာ ဗန္ဓုမတီမိဖုရားကြီးတို့ ဖြစ်ကုန်၏။ [၄]
- ထီးနန်းအုပ်ချုပ် မင်းလုပ်သောနှစ်ပေါင်းမှာ (၈၀၀၀) ရှစ်ထောင်ဖြစ်၍ ရွှေနန်းတော်တို့မှာ နန္ဒရွှေနန်းဆောင်, သုနန္ဒရွှေန်းဆောင်, သိရီမာရွှေနန်းဆောင်တို့ ဖြစ်ကြကုန်၏။ [၅]
- အဂ္ဂဒေဝီ မဟေသီမိဖုရားမှာ မောင်းမ ပေါင်း(၁၂၀၀၀၀) တစ်သိန်း နှစ်သောင်းအခြံအရံရှိသည့် သုဒဿနာဒေဝီ (သုတနုဒေဝီ) မိဖုရားကြီးဖြစ်၍ သားတော်မှာ သမဝဋ္ဋက္ခန္ဓ မင်းသားဖြစ်၏။ [၆]
- နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ တောထွက်မူသောယာဉ်မှာ အာဇာနည်းမြင်း ကသောရထားယာဉ်ဖြစ်၍၊ [၇]
- နှစ်လကြာ ဒုက္ကရ စရိယာ ကျင့်တော်မူရ၏။ [၈]
- အဂ္ဂသာဝကအစုံမှာ ခဏ္ဍမထေရ်နှင့် တိဿမထေရ်တို့ဖြစ်ကြ၏။ [၉]
- အလုပ်အကျွေးထေရ်မှာ အသောကထေရ်ဖြစ်၏။ [၁၀]
- အဂ္ဂသာဝိကာအစုံမှာ စန္ဒာထေရီမနှင့် စန္ဒမိတ္တာထေရီမတို့ဖြစ်ကြ၍၊ ပွင့်တော်မူရာ ဗောဓိမှာ သခွတ်ပင်ဗောဓိ ဖြစ်လေသည်။ [၁၁]
- မြတ်သောအလုပ်အကျွေး ဒါယကာတို့မှာ ပုနဗ္ဗသုမိတ္တသူဌေးနှင့် နာဂ သူဌေးတို့ဖြစ်ကြ၍၊ မြတ်သောအလုပ် အကျွေးဒါယိကာမတို့မှာ သိရီမာဥပါသိကာမ နှင့်ဥတ္တရာဥပါသိကာမတို့ဖြစ်ကြ၏။ [၁၂]
- ဝိပဿီမြတ်စွာဘုရား၏ အရပ်တော်မှာ အတောင် (၈၀) နှစ်ဆယ်မြင့်၍ ကိုယ်၏-အရောင်-ရောင်ခြည်တော် (ပကတိကိုယ် တောင်ရောင်)သည် ထက်ဝန်းကျင် အခါခပ်သိမ်း (၇) ယူဇနာပြန့်နှံ့၍ တည်လေ၏။ [၁၃]
- ဝိပဿီ မြတ်စွာဘုရားပွင့်တော်မူရာ အသက်တန်းမှာ အနှစ် (၈၀၀၀၀) ရှစ်သောင်းတန်းဖြစ်၏။ [၁၄]
- သိမှတ်ဖွယ်အကျယ်ကို [၁၅]တို့ကြည့်။)[၁၆]
၂၂။ ဝိပဿီ -ဘုရားရှိခိုး+ဆုတောင်းဂါထာ
[ပြင်ဆင်ရန်]- ဝိရုဒ္ဓနာသကံ နာထံ၊ ဝိဝဍ္ဎတ္တံ ဝရံ ဒဒံ။
- ဝိပဿိံ မာရဇိံ ဝန္ဒေ၊ သော မေ ဒေတု ဇိနော ဇယံ။ [၁၇]
- ဝိပဿီဗုဒ္ဓဝင်ကို ကြည့်ပါ။
- ဝိပဿီဘုရားရှင်ကို ကြည့်ပါ။
ကျမ်းကိုး
[ပြင်ဆင်ရန်]- ↑ အဘိ၊ဋ္ဌ၊၁၊၆၉။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၇။
- ↑ (ဓမ္မ၊ဋ္ဌ၊၁၊၅၃။)
- ↑ (ဒီ၊၂၊၂၊၃၊၉၊ ၄၄။)။
- ↑ (ဒီ၊၂၊၆၊ ၁၀၊ ၄၅။ ဗုဒ္ဓဝံ၊၃၆၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၃)။
- ↑ (ဗုဒ္ဓဝံ၊၃၆၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၃။)။
- ↑ (ဗုဒ္ဓဝံ၊၃၆၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၃)
- ↑ (ဗုဒ္ဓဝံ၊၃၆၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၇-၈၃။)
- ↑ (ဗုဒ္ဓဝံ၊၃၆၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၇။)။
- ↑ (ဒီ၊၂၊၄၊ ၁၀၊ ၄၄။ ဗုဒ္ဓဝံ၊၃၆၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၃။)။
- ↑ (ဒီ၊၂၊၅၊ ၁၀၊ ၄၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၃။)။
- ↑ (ဒီ၊၂၊၁၀၊ ၄၄။ ဗုဒ္ဓဝံ၊၃၆၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၇-၈၊ ၂၈၃။)။
- ↑ (ဗုဒ္ဓဝံ၊၃၆၅။)။
- ↑ (ဗုဒ္ဓဝံ၊၃၆၆။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၈၃။)။
- ↑ ဒီ၊၂၊၉၊ ၄၄။ ဗုဒ္ဓဝံ၊၃၆၆။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၇၊ ၂၈၃။
- ↑ ဒီ၊၂၊၄၊ ၁၀၊ ၁၇၊ ၂၆-၇၊ ၄၄။ ဗုဒ္ဓဝံ၊၃၆၃-၆။ ဒီ၊ဋ္ဌ၊၂၊၄၃-၅။ သံ၊ဋ္ဌ၊၂၊၁၉။ အဘိ၊၁၊၆၉။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၇၇-၈၄-
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၉
- ↑ အရှင်ကောဝိဒဓဇ(ပါဠိပါရဂူ၊ ဝိနယပါရဂူ၊ သာ.သီ.ဓ၊ ဂဏဝါစက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (ပကြိမ်၊ ၂၀၁၂)။ မြတ်ဘုရားရှင် နှစ်ကျိပ်ရှစ်ဆူဝင်။ စိန်ပန်းပြာစာပေ။
|date=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)