ရွာရှည်ရွာ၊ ဝမ်းတွင်းမြို့နယ်

ဝီကီပီးဒီးယား မှ
ရွာရှည်
ကျေးရွာ
ရွာရှည် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရွာရှည်
ရွာရှည်
ကိုဩဒိနိတ်: 21°14′24″N 96°01′23″E / 21.240°N 96.023°E / 21.240; 96.023ကိုဩဒိနိတ်: 21°14′24″N 96°01′23″E / 21.240°N 96.023°E / 21.240; 96.023
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး
ခရိုင်မိတ္ထီလာခရိုင်
မြို့နယ်ဝမ်းတွင်းမြို့နယ်
လူဦးရေ
 • ကိုးကွယ်မှုဗုဒ္ဓဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ရွာရှည်ရွာသည် မန္တလေးတိုင်းဒေသကြီးဝမ်းတွင်းမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စုတွင် တည်ရှိသော ရွာတစ်ရွာ ဖြစ်သည်။ ဝမ်းတွင်းမြို့၏မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။၂၀၁၄သန်းခေါင်စာရင်းအရအိမ်ခြေ ၉၉၆ အိမ်ရှိပြီး လူဦးရေ ၅၀၅၆ ယောက် ရှိသည်။ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးပြီး ယက်ကန်းလုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်ရှိသည်။``လူပြော၊သူပြော၊သူငါပြောကြ၊ရွာရှည်ရွာကအလွန်၊တိုင်းမဒ္ဒနပြည်ပုဂံမှမင်းကျန်စစ်သားလေးငြိုးကဆိုးဝါးလှဝက်လျှင်း၊အတင်းတရစပ်တိုးဝှေ့သတ်က၊လံမြတ်စကြာလျှင်း၊ဝမ်းထွင်း......၍ဝမ်းတွင်းသောရွာအရောက်ဟု´´.(နာနာဗန္ဓကဗျာကျမ်း)..စာမျက်နှာ၃၈တွင်ဖွဲ့ဆိုထားခြင်းကြောင့်ရွာရှည်ရွာသည်ရှေးယခင်တည်းကတည်ရှိသောရွာဟုသိရှိနိုင်သည်။ထို့အပြင်အသောကမင်းလက်ထပ်ကတူးဖော်ခဲ့သော ဆည်ကြီးဆွဲဘုရားရှိကန်တော်မင်္ဂလာအားအနော်ရထာမင်းလက်ထပ်တွင်ပြန်လည် ဆည်ဖို့ပြုရင်ရာတွင်လည်းရွာရှည်သူ/သားများပါဝင်ခဲ့ကြောင်းဆည်ကြီးဆွဲဘုရား‌ေကျာက်စာမှတ်တမ်အရသိရှိရပါသည်။

ကိုးကား[ပြင်ဆင်ရန်]