ပညတ်

ဝီကီပီးဒီးယား မှ

ပညတ္တိ [၁] ဟူသော ပါဠိစကားလုံးမှ ပညတ်ဟု အသုံးပြုသည်။[၂]

(၁) အတ္ထပညတ်။[ပြင်ဆင်ရန်]

  • (က) အများအားဖြင့်-ဟောပြ-ပညတ်-သိမှတ်စေ-အပ်သောတရား။
  • (ခ) ဝေနေယျ-သုဏန္တ-တို့၏ သန္တာန်၌-သွတ်သွင်း-ချထား-အပ်သော တရား။ [၂][၃]

(၂) နာမပညတ်။[ပြင်ဆင်ရန်]

  • (က) အပြားအားဖြင့်-ဟောပြ-ပညတ်–သိမှတ် စေ-ခြင်း။
  • (ခ) အပြားအားဖြင့်-ဟောပြ–ပညတ်-သိမှတ်စေတတ်သောတရား။
  • (ဂ) အပြားအားဖြင့် သိမှတ်ကြောင်းတရား။
  • (ဃ) အပြားအားဖြင့် သိမှတ်ရာတရား။
  • (င) ဝေနေယျ-သုဏန္တ-တို့၏ သန္တာန်၌–သွတ်သွင်း-ချထား-ခြင်း။ [၄]

(၃) ဝိနယပညတ်၊ အပြားအားဖြင့်-ဟောပြ-ပညတ်-သိမှတ်စေ-အပ်သော ဝိနည်းသိက္ခာပုဒ်။

(၄) ခင်းထားခြင်း။ [၅]

(၅) နှစ်သက်စေခြင်း။[၆] [၂]

အနက် နှစ်မျိုး[ပြင်ဆင်ရန်]

(၁) သဝိညတ္တိကာစီဘေဒနှင့် ဆက်သွယ်လျက်ရှိသည့် နာမပညတ္တိ သဒ္ဒါသည် ဟောဆိုအပ်သော အနက်အတ္ထ သဘာဝသည် ပရမတ်အနက်နှင့် ပညတ်အနက်ဟူ၍ ၂-မျိုးရှိသည်၊

ထိုတွင် ပရမတ္ထသစ္စာအားဖြင့် ထင်ရှားရှိသည့် စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် ဟူသော တရား ၄-မျိုးသည် ပရမတ်အနက် ဖြစ်၍ ယင်းပရမတ်အနက်ကို စွဲမှီကပ်မြှောင်ကာ ခေါ်ဝေါ်ပညတ် သမုတ်အပ်သည့် ပုဂ္ဂိုလ် သတ္တဝါ, ဗြဟ္မာ, လူ, နတ်, နက္ခတ်, တာရာ, သမုဒ္ဒရာ, တော, တောင်စသော အနက်ဒြပ်သည် ပညတ်အနက်ဖြစ်သည် [၇][၂]

ပရမတ်, ပညတ်[ပြင်ဆင်ရန်]

  • ပိုင်းခြားသိမြင်ခြင်း “ပရိညာကိစ္စ”,
  • စွန့်လွှတ် ပယ်ရှားခြင်း “ပဟာနကိစ္စ”,
  • မျက်မှောက်ပြုခြင်း ဆိုက်ရောက်ခြင်း “သစ္ဆိကရဏကိစ္စ”,
  • ဖြစ်ပွားစေခြင်း “ဘာဝနာကိစ္စ”ဟူသော ကိစ္စကြီး ၄-ပါးတွင် တစ်ပါးပါးမျှ ရှိသောတရားသည် ပရမတ်ဖြစ်၍ တစ်ပါးပါးမျှ မရရှိသော တရားသည် ပညတ်ဖြစ်သည် [၈][၂]

ပရမတ်နှင့် ပညတ်တို့၏ အထူး[ပြင်ဆင်ရန်]

လှည်း, ရထား, အိုး, ပုဆိုးစသော အရာဝတ္ထုတို့ သူ့အလိုအလျောက် ဖောက်ပြန် ပျက်စီးသွားသော်လည်းကောင်း, ဝိပဿနာ ဉာဏ်ဖြင့် အသီးအသီး ဝေဖန်ပိုင်းခြားလိုက်လျှင်သော်လည်းကောင်း ထိုလှည်း, ရထား, အိုး, ပုဆိုးစသော အနက်ဒြပ် အတ္ထပညတ်တို့သည် ကွယ်ပျောက် တိမ်မြုပ်သွားကြသည်၊ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဟူသော ပရမတ် တရားတို့ကား ခက်မာမှု, တွေ့ထိမှုစသော မိမိတို့သဘောမှ ဖောက်ပြန်တိမ်မြုပ်ခြင်းမရှိကြပေ၊ ဤကား ပရမတ်နှင့် ပညတ်တို့၏ အထူးတည်း [၉][၂]

ပညတ်က ပရမတ်ကို ဖုံး[ပြင်ဆင်ရန်]

ပညတ်နှင့် ပရမတ်သည် မကင်းစကောင်းပေ၊ မီးတောက်ကို စွဲ၍ မီးရောင် ဖြစ်သကဲ့သို့ ပရမတ်ကို စွဲ၍ ပညတ် ဖြစ်သည်၊ မီးခိုးသည် “မီးတောက်ကို ဖုံးထား ကွယ်ကာ သကဲ့သို့ ပညတ်သည် ပရမတ်ကို ဖုံးထား ကွယ်ကာသည်၊ ပညတ်ဖုံးထား ကွယ်ကာသည့်အတွက် ပရမတ် အသိခက်သည်၊ ဖုံးထား ကွယ်ကာသော ပညတ်ဆိုသည်မှာ အခြားမဟုတ်၊ အတောင့်, အတုံး, အလုံး, အပြား, တသားတည်း, တခဲတည်း, တစ်ခုတည်း, တရှိတည်း ထင်ကြရ, မြင်ကြရ, ခေါ်ဝေါ်ကြရသော ဃနပညတ်ကြီးနှင့် အသက်ဟူ၍, အရှင်ဟူ၍, အကောင်ဟူ၍ ထင်ကြရ, မြင်ကြရ, ခေါ်ဝေါ် ကြရသော ဇီဝပညတ်ကြီးတို့ ဖြစ်သည် [၁၀][၂]

သစ္စာ ၂-မျိုး[ပြင်ဆင်ရန်]

“သစ္စာ”ခေါ် အမှန်တရားသည် လောက သတ္တဝါတို့ ခေါ်ဝေါ်ပညတ်သမုတ်အပ်သော ပုဂ္ဂိုလ်, သတ္တဝါ, ယောက်ျား, မိန်းမစသော “သမ္မုတိသစ္စာ”နှင့် အဟုတ်အမှန်ရှိသည့် စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဟူသော ပရမတ္ထသစ္စာ တို့ဖြစ်သည်၊ ထိုတွင် သမ္မုတိသစ္စာဟူသည် အတ္ထပညတ်ပင်တည်း၊ ဘုရားရှင်သည် ၄၅-ဝါ ကာလကြာအောင် ဤသစ္စာ ၂-ပါးကိုပင် အမျိုးမျိုး အဖုံဖုံ ဝေဖန်ဟောပြတော်မူသည် [၁၁]

မိဘ, ဆရာ, ရတနာသုံးပါးစသော သမ္မုတိသစ္စာ အတ္ထပညတ်တို့၌ မဖောက်မပြန် မှန်ကန်စွာ ပြုကျင့်သော ပုဂ္ဂိုလ်သည် လောကီ စည်းစိမ် အမျိုးမျိုးနှင့် တကွ လောကုတ္တရာ ချမ်းသာ ဗောဓိဉာဏ် အဖြာဖြာကိုပင် ရရှိနိုင်သည်၊ ယင်း သမ္မုတိသစ္စာ အတ္ထပညတ်တို့၌ ချွတ်ယွင်း ဖောက်ပြန် မမှန်မကန် ပြုကျင့်သော ပုဂ္ဂိုလ်သည်ကား အပါယ် ၄-ပါး အစာ ဒုဂ္ဂတိသတ္တဝါသာ ဖြစ်ရရှာသည်၊ ဤသို့ သမ္မုတိသစ္စာ ပညတ်တရားသည် ကြီးမား ထင်ရှားလှသည်၊

သို့ရာတွင် ပရမတ္ထသစ္စာ နှင့် နှိုင်းရှည့် ထောက်စာလျှင်ကား သစ္စာ တရားပင် မဟုတ်တော့ပေ၊ ထင်ရှားမရှိသည့် ပုဂ္ဂိုလ်, သတ္တဝါစသည်ကိုပင် ရုပ်, နာမ်မကွဲ ပြားသူ ဗာလပုထုဇဉ်တို့အား ထင်ရှားရှိသည့် အနေဖြင့် ယူမှား စွဲလမ်းစေသည်၊ ယင်းသို့ ယူမှား စွဲလမ်းမိသောသူအား ၂၀-သော သက္ကာယဒိဋ္ဌိ, ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိ, ၃-ပါးသော နိယတမိစ္ဆာဒိဋ္ဌိတို့ ဖြစ်ပွါးစေကာ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ခွင့်ကိုပင် မပေးတော့ပေ [၁၂][၂]

ပညတ် အမျိုးမျိုး[ပြင်ဆင်ရန်]

ဖော်ပြပြီး အတ္ထပညတ်သည် ရုပ်နာမ် ၂-ဖြာ, ခန္ဓာ ၅-ပါး အစိတ်အင်္ဂါများကို စွဲမှီထောက်ဆ၍ ခေါ်ဝေါ်ပညတ် သမုတ်အပ်သောကြောင့် “ဥပါဒါပညတ်”လည်း မည်၏ [၁၃]

ယင်း ဥပါဒါပညတ်သည် မဟာဘုတ်ရုပ်တို့၏ ကျယ်ကားပြားချပ်ခြင်း ပေါင်းစု မို့မောက်ခြင်း စသော အခြင်းအရာကိုစွဲ၍ ခေါ်ဝေါ်ပညတ် သမုတ်အပ်သော မြေ, တောင် စသော သန္တာနပညတ်၊ သစ်သား, မြေစိုင်, ချည်မျှင်စသောအဆောက် အဦတို့၏ စုဝေးတည်နေပုံ အခြင်းအရာကို စွဲ၍ သမုတ်အပ်သော အိမ်, ရထား, လှည်း စသော သမူဟပညတ်

ခန္ဓာ ၅-ပါးကို စွဲ၍ သမုတ်အပ်သော ပုဂ္ဂိုလ်, သတ္တဝါ, ယောက်ျား, မိန်းမ စသော သတ္တပညတ်

လ, နေ, နက္ခတ်တို့၏ မြင်းမိုရ်တောင်ကို လက်ျာရစ် လှည့်လည်ခြင်းစသော အခြင်းအရာကိုစွဲ၍ သမုတ်အပ်သော အရှေ့ ,အနောက်စသော ဒိသာပညတ်

နံနက်စသော ကာလပညတ်

ကဆုန် လစသော မာသပညတ်

မဟာဘုတ်တို့၏ မတွေ့ထိအပ်သော အခြင်းအရာကိုစွဲ၍ သမုတ်အပ်သော တွင်း, လိုဏ်, ဂူစသော အာကာသ ပညတ်

ပထဝီကသိုဏ်းစသော ထိုထိုဘုတ် နိမိတ်နှင့် ပရိကမ္မ, ဥပစာရ, အပ္ပနာဟူသော ဘာဝနာအထူးကို ခွဲ၍ သမုတ်အပ်သော ကသိုဏ်းနိမိတ်, အသုဘနိမိတ် စသည်နှင့် ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဟူသော နိမိတ္တပညတ်၊ ဤသို့စသည်ဖြင့် များပြားကျယ်ဝန်း လှသည် [၁၄][၂]

ပညတ်ကို အာရုံယူသော ကမ္မဋ္ဌာန်းများ[ပြင်ဆင်ရန်]

သမထကမ္မဋ္ဌာန်း ၄၀-တွင် ကာယဂတာသတိ, အာနာပါနဿတိ, မေတ္တာ, ဂရုဏာ, မုဒိတာ, ဥပေက္ခာ, အာကာသနဉ္စာယတန, အာကိဉ္စညာယတနတို့၏ အာရုံကမ္မဋ္ဌာန်း ၈-ပါးနှင့်တကွ ကသိုဏ်း ၁၀-ပါး, အသုဘ ၁၀-ပါးဟူသော ကမ္မဋ္ဌာန်း ၂၈-ပါးသည် ဤ အတ္ထပညတ်များတွင် အပါအဝင် ဖြစ်သည် [၁၅])။ [၂]

ပရမတ်မြင် ပညတ်ပျောက်[ပြင်ဆင်ရန်]

ဝင်ရိုး, လှည်းဘီး, လှည်းအိမ်, လှည်းသန် စသော အစိတ်အပိုင်း အဆောက်အဦတွေကို ယှဉ်တွဲ ပေါင်းစပ်လိုက်လျှင် လှည်း (ရထား) ဟူသော သမ္မုတိသစ္စာ ပညတ်တရား ထင်ရှား ပေါ်လာသကဲ့သို့ ရုပ်, နာမ် ၂-ဖြာ ခန္ဓာ ၅-ပါးတို့ ဖြစ်ပွါး ပေါ်ပေါက်လာသောအခါ ပုဂ္ဂိုလ်, သတ္တဝါစသော ပညတ်တရားသည် ရုပ်, နာမ် မကွဲပြားသူ ပုထုဇဉ်တို့၏ စိတ်တွင် ထင်မြင်လာပေသည်။ တဖန် ဝင်ရိုး လှည်းဘီး စသော အဆောက်အဦတွေကို တစ်ခုစီ တစ်ခုစီ ခွဲခြားပစ်လိုက်လျှင် လှည်းဟူသော ပညတ် တရား ကွယ်ပျောက်သွားသကဲ့သို့ ရုပ်နာမ် တရားတို့ကို တစ်ခုစီ တစ်ခုစီ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်တို့ဖြင့် ပိုင်းခြားဝေဖန် လိုက်လျှင် ပုဂ္ဂိုလ်, သတ္တဝါစသော ပညတ် တရား ကွယ်ပျောက်သွားလေသည် [၁၆]

သန်လျက်ဖြင့် ကြုတ်ကို ဖွင့်လှစ်ခါလှန်၍ ရွှေ ငွေ အသပြာ လောကီတို့ကို အရယူသကဲ့သို့ နာမ်, ရုပ် ၂-ပါးတို့ကို ပိုင်းခြားဝေဖန်တတ်သော နာမရူပဝဝတ္ထာန = (နာမရူပပရိစ္ဆေဒ) ဉာဏ်ဖြင့် ပညတ် တရားမှ တေဘူမကနာမ်, ရုပ် ၂-ပါးတို့ကို ပိုင်းခြား ဝေဖန် ဖွင့်လှစ် ခွါလှန်ပြီးလျှင် ဝိမုတ္တိရသလောကုတ္တရာ ဓမ္မရတနာကိုရအောင် ကျင့်ဆောင် အားထုတ်ရာသည်။ [၂]

နာမပညတ်အမျိုးမျိုး[ပြင်ဆင်ရန်]

(၂) ပရမတ္ထသစ္စာခေါ် ပရမတ်အနက်နှင့် သမ္မုတိသစ္စာခေါ် ပညတ်အနက်တို့ကို ဟောဆိုပြသ၍ အစုလိုက် အစုလိုက် ထားတတ်သော (သဝိညတ္တိကဝစီဘေဒနှင့် ဆက်သွယ်လျက်ရှိသည့် ပညတ္တိသဒ္ဒကို နာမပညတ်ဟု ခေါ်သည် [၁၇]


ယင်းနာမပညတ်သည် ပါဠိတော်နည်းအားဖြင့် ခန္ဓာ ၅-ပါး, အာယတန ၁၂-ပါး, ဓာတ် ၁၈-ပါး, သစ္စာ ၄-ပါး, ဣန္ဒြေ ၂၂-ပါးတို့ကို ဟောဆိုပြသသော ခန္ဓပညတ်, အာယတနပညတ်, ဓာတုပညတ်, သစ္စပညတ်, ဣန္ဒြိယပညတ်နှင့် ပုဂ္ဂိုလ်အမျိုးမျိုးကို ဟောဆိုပြသသော ပုဂ္ဂလပညတ်ဟူ၍ ၆-မျိုးပြားသည် [၁၈]

ထိုတွင် ရှေ့ ၅-မျိုးသော နာမပညတ်တို့ကို ပရမတ္ထသစ္စာအားဖြင့် ထင်ရှားရှိသည့် ရုပ်, နာမ် သဘာဝတို့ကို ဟောဆိုပြသသောကြောင့် သဘာဝပညတ်ဟု ခေါ်၍ ၆-ခုမြောက် ပုဂ္ဂလပညတ်ကိုကား ထင်ရှား မရှိသည့် သမ္မုတိသစ္စာ အတ္ထပညတ်တို့ကို ဟောဆိုပြသသောကြောင့် အသဘာဝပညတ်ဟု ခေါ်သည်၊

တဖန် သဘာဝပညတ်ကို ဝိဇ္ဇာမာနပညတ်ဟု ခေါ်၍ အသဘာဝပညတ်ကို အဝိဇ္ဇမာနပညတ်ဟု ခေါ်သည်၊ ဓမ္မသင်္ဂဏီ, ဝိဘင်း, ဓာတုကထာ ကျမ်းတို့၌ သဘာဝ (= ဝိဇ္ဇမာန) ပညတ်ဖြင့် ရုပ်နာမ် ဓမ္မတို့ကို ဝေဖန်ဟောပြပြီးဖြစ်သောကြောင့် ပုဂ္ဂလပညတ်ကျမ်း၌ ပုဂ္ဂိုလ်အမျိုးမျိုးတို့ကို ယင်းတို့၏ သန္တာန်၌ ဖြစ်သောတရားကို စွဲ၍ နာမပညတ်အမျိုးမျိုးတင်ကာ ဟောပြတော်မူသည်၊ ထို့ကြောင့် ၄-ခုမြောက်ဖြစ်သော အဘိဓမ္မာကျမ်းကို “ပုဂ္ဂလပညတ္တိကျမ်း”ဟု ခေါ်သည် [၁၉][၂]

ပညတ် ၆-မျိုး[ပြင်ဆင်ရန်]

ပုဂ္ဂလပညတ်ကျမ်း၌ ပုဂ္ဂိုလ် အမျိုးမျိုးတို့ကို တစ်ပါးစု “ဧကေက”မှစ၍ ၁၀-ပါးစု “ဒသက”တိုင်အောင် ခွဲခြားပြီးလျှင် အကျဉ်း “ဥဒ္ဒေသ” အကျယ် “နိဒ္ဒေသ”တို့ဖြင့် ဝေဖန် ဟောပြတော်မူသည်၊ ထိုပါဠိတော်လာပညတ် အမျိုးမျိုးတို့ကို ကျယ်ဝန်း များပြားလှသည့်အတွက် ဤ၌ မဖော်ပြတော့ဘဲ ပါဠိမုတ္တက အဋ္ဌကထာနည်းလာ နာမပညတ်အမျိုးမျိုးကိုသာ ဖော်ပြပါအံ့။

အဋ္ဌကထာနည်းလာ နာမပညတ်သည် ဝိဇ္ဇမာနပညတ်, အဝိဇ္ဇမာနပညတ်, ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်, အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်, ဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ်, အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်ဟူ၍ ၆-မျိုးရှိသည်၊

  • ထိုတွင် ပရမတ္ထအားဖြင့် ထင်ရှားရှိသည့် ရုပ် နာမ်တရားတို့ကို ဟောဆို ပြသတတ်သည့် ပထဝီ, အာပေါ, တေဇော, ဝါယော, ဖဿ, ဝေဒနာ, သညာ, စေတနာ စသော ဝိဇ္ဇမာနပညတ်
  • ပရမတ္ထအားဖြင့် ထင်ရှားမရှိသည့် ပုဂ္ဂိုလ်, သတ္တဝါ, ယောကျ်ား, မိန်းမစသော အတ္ထပညတ်တို့ကို ဟောဆိုပြသတတ်သည့် ပုဂ္ဂလ, သတ္တ, ပုရိသ, ဣတ္ထီစသော အဝိဇ္ဇမာနပညတ်
  • ထင်ရှား ရှိသော ဝိဇ္ဇာ ၃-ပါး, အဘိညာဉ် ၆-ပါး စသည်တို့နှင့် ထင်ရှားမရှိသော ပုဂ္ဂိုလ်စသော အတ္ထပညတ်တို့ကို ဟောဆိုပြသသည့် တေဝိဇ္ဇ, ဆဠဘိညစသော ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်
  • ထင်ရှားမရှိသော မိန်းမ ယောက်ျား စသော အတ္ထပညတ်နှင့် ထင်ရှား ရှိသော အဆင်း, အသံ စသော ပရမတ် တရားတို့ကို ဟောဆိုပြသသည့် ဣတ္ထိရူပ, ဣတ္ထိသဒ္ဒ, ပုရိသရူပ, ပုရိသသဒ္ဒ စသော အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်
  • ထင်ရှားရှိသော စက္ခု, သောတ စသည်နှင့် ဖဿစသော ပရမတ္ထတရားတို့ကို ဟောဆိုပြသသည့် စက္ခုသမ္ဖဿ, သောတသမ္မဿ စသော ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်
  • ထင်ရှားမရှိသော မင်း, ပုဏ္ဏား, သူဌေးစသည်နှင့် သား စသော အတ္ထပညတ်ကို ဟောဆို ပြသသည့် ခတ္တိယပုတ္တ, ဗြာဟ္မဏပုတ္တ, သေဋ္ဌိပုတ္တစသော အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်၊ ဤကား အဋ္ဌကထာနည်းလာ ၆-မျိုးတို့ဖြစ်သည် [၂၀][၂]

ပုဂ္ဂလပညတ်ကျမ်းမှ ပညတ် ၃-မျိုး[ပြင်ဆင်ရန်]

  • ပုဂ္ဂလပညတ်ပါဠိတော်၌ အဋ္ဌကထာနည်းလာ နာမပညတ် ၆-မျိုးတွင် ခန္ဓပညတ်, အာယတနပညတ်, ဓာတုပညတ်, သစ္စပညတ်, ဣန္ဒြိယပညတ် ဟူသော ဝိဇ္ဇမာနပညတ်,
  • ပုဂ္ဂိုလ် သတ္တဝါစသော အဝိဇ္ဇမာနပညတ်နှင့်
  • တေဝိဇ္ဇ ဆဠဘိည စသော ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ်အားဖြင့် နာမပညတ် ၃-မျိုးကိုသာ ဟောပြတော်မူသည်၊ ထိုတွင် ဝိဇ္ဇမာနပညတ်ကို တဇ္ဇာပညတ်ဟုလည်း ခေါ်သည် [၂၁])။ [၂]

ပြောဆိုသူ, ကြားနားသူအားလျော်စွာ စိတ်အစဉ်ဖြစ်ပုံ[ပြင်ဆင်ရန်]

ဖော်ပြပြီး နာမပညတ်ကို ပြောဆိုသူ “ဝဒန္တပုဂ္ဂိုလ်”နှင့် ကြားနာသူ “သုဏန္တပုဂ္ဂိုလ်” တို့အလိုက် ထိုက်သည့်အားလျော်စွာ မှတ်သားရာသည်၊ ဝဒန္တပုဂ္ဂိုလ်သည် “ဂေါ” ဟူသော နာမပညတ်ကို ပြောဆိုလိုသည်ရှိသော် ရှေးဦးစွာ “နွား” ဟူသော အနက် ဒြပ် အတ္ထပညတ်ကို အာရုံပြု၍ မနောဒွါရဝီထိ ဟူသော စိတ်အစဉ်တစ်မျိုး ဖြစ်သည်၊ ထို့နောင် “နွား” ဟူသော အနက်ဒြပ် အတ္ထပညတ်မှ အစဉ်လျှောက်၍ ဝါစကနာမ ပညတ်ကို အောက်မေ့ ဆင်ခြင် သည်ရှိသော် ရှေး၌ အမှတ်သင်္ကေတဖြင့် ပိုင်းခြား မှတ်သားဖူးခြင်း (သင်္ကေတေန ဝဝတ္ထိတ) အင်္ဂါတစ်ပါး ရှိသဖြင့် “ဂေါ”ဟူသော နိစ္စသဒ္ဒါ နာမပညတ်ကို သိသည့် မနောဒွါရိကဝီထိတစ်မျိုး ဖြစ်ပြန်သည်၊ တဖန် ယင်း မနောဒွါရိကဝီထိဖြင့် သိအပ်သော“ဂေါ”ဟူသော နိစ္စသဒ္ဒါနာမ ပညတ်ဖြင့် “နွား”ဟူသော အထည်ဒြပ်အတ္ထ ပညတ်ကို ပြောကြား သိစေလိုသည်ရှိသော် နိစ္စသဒ္ဒါ နာမပညတ်နှင့် မလွှဲမလည်း တထပ်တည်းကျသော နှုတ်မှ ထွက်ပေါ်လာသည့် “ဂေါ”ဟူသော ဝစီဘေဒ စိတ္တဇပရမတ္ထသဒ္ဒါကို ဖြစ်စေတတ်သော မနောဒွါရိကဝီထိ တစ်မျိုး ဖြစ်ပြန်၏၊ ဤသို့ ဝီထိ ၃-မျိုးဖြစ်ပြီးမှ “ဂေါ”ဟူသော ပရမတ္ထသဒ္ဒါ နှုတ်မှ ထွက်ပေါ်လာသည်၊ ဤ၌ ဒုတိယဝီထိ၏ အာရုံဖြစ်သော နိစ္စသဒ္ဒါကိုပင် “နာမပညတ်”ဟု ခေါ်သည်။

ဝဒန္တပုဂ္ဂိုလ်၏နှုတ်မှ ထွက်ပေါ်၍လာသော “ဂေါ”ဟူသော ပရမတ္ထသဒ္ဒါကို အာရုံပြု၍ သုဏန္တပုဂ္ဂိုလ်၏ သန္တာန်၌ ရှေးဦးစွာ သောတဒွါရဝီထိဖြစ်၏၊ တဖန် ချုပ်လေပြီးသော “ဂေါ”ဟူသော အတိတ်ပရမတ္ထသဒ္ဒါကို အာရုံပြုသော တဒနုဝတ္တကမနောဒွါရဝီထိတစ်မျိုး ဖြစ်ပြန်၏၊ ထို့နောက် ထိုပရမတ္ထသဒ္ဒကို လွှတ်၍ ဝဒန္တပုဂ္ဂိုလ်၏ ဒုတိယဝီထိ၏ အာရုံဖြစ်သော “ဂေါ”ဟူသော နာမပညတ်ကို အာရုံပြုသည့် သုဒ္ဓမနောဒွါရဝီထိ ဖြစ်ပြန်သည်၊ ယင်းမနောဒွါရဝီထိ၏ အာရုံဖြစ်သော နာမပညတ်မှ အစဉ်လျှောက်၍ အောက်မေ့ ဆင်ခြင်သည် ရှိသော် နား၌ကြားခြင်း, ပိုင်းခြားမှတ်သားဖူးခြင်း (သောတာလမ္ဗနမာပန္န၊ သင်္ကေတေန ဝဝတ္တိတ) ဟူသော အင်္ဂါ ၂-ပါး ပြည့်စုံခြင်းကြောင့် နွားဒြပ်တည်းဟူသော ဘာဝတ္ထကို အာရုံပြုသည့် သုဒ္ဓမနောဒါရဝီထိ ဖြစ်သည်၊ ဤသို့ ဝီထိ ၄-မျိုး ဖြစ်ပြီးမှ အနက်ဒြပ် အတ္ထပညတ်ကို သိသည်၊ ဤ၌ နာမ ပညတ်သည် တတိယဝီထိ၏ အာရုံဖြစ်သည်၊ ဤကား အက္ခရာတလုံးရှိသည့် နာမပညတ်အတွက် စိတ်အစဉ်ဖြစ်ပုံတည်း၊ အက္ခရာ ၂ လုံး, ၃ လုံး စသည်ရှိသော နာမပညတ်အတွက် စိတ်အစဉ်ဖြစ်ပုံကို ညွှန်ပြအပ်သည့် ကျမ်းဂန်တို့ကို ကြည့်ရှုသုံးသပ်ကာ သိအောင်ပြုရာသည် [၂၂][၂]

ပညတ်ပါဝင်သော တရားစုများ[ပြင်ဆင်ရန်]

ဖော်ပြပြီး အတ္ထပညတ် နာမပညတ် ၂-ပါးသည် သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ်ဟူသော သိဖွယ်ရာတရား “ဉေယျဓမ္မ ”၅-ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည် [၂၃]

ပညတ်သည် ဥပါဒ်, ဌီ, ဘင် အထင်အရှားရှိသော ပရမတ္ထ သဘာဝတရား မဟုတ်သောကြောင့် အမြဲ တည်သော နိစ္စတရားမျိုးဖြစ်သည် [၂၄]

ပညတ်သည် ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ, ဓမ္မဟူသော အာရုံ ၆-ပါးတွင် ဓမ္မာရုံဖြစ်သည် [၂၅]

ပဋ္ဌာန်း ၂၄-ပစ္စည်းတို့တွင် အာရမ္မဏ, ပကတူပနိဿယ ပစ္စည်း ၂-မျိုးတပ်သည် [၂၆]

သို့ရာတွင် အာရမ္မဏာဓိပတိ, အာရမ္မဏူပနိဿယပစ္စည်းမျိုးကား မဟုတ်ပေ[၂၇]

အနုဋီကာ၊၃၊၂၅၃)နှင့် ဝိသုဒ္ဓိမဂ် မဟာဋီကာ၊၂၊ ၂၇၈)တို့၌ကား ကသိုဏ်းစသော ပညတ်သည် အာရမ္မဏူပနိဿယ ပစ္စည်း ဖြစ်သင့်၏ဟု မိန့်ဆိုသေးသည်။ [၂]

(၁) ဝိဇ္ဇမာနပညတ်[ပြင်ဆင်ရန်]

ဝိဇ္ဇမာနပညတ် ဆိုတာ ထင်ရှားရှိတဲ့ ပရမတ္တသဘောတရားတို့ရဲ့အမည်များ ဖြစ်ပါတယ်။ ဥဒါဟရုဏ်အားဖြင့် စိတ် စေတသိက် ရုပ် နိဗ္ဗာန် တို့ဖြစ်ပါတယ်။


အာရုံကို ကြံတတ် သိတတ်တဲ့ သဘောတရားသက်သက်ကို စိတ် လို့ ခေါ်ပါတယ်။ အမှန်စင်စစ်တော့ ထိုကြံတတ် သိတတ်တဲ့ သဘောတရားကို ခေါ်ဝေါ်ပညတ်လိုက်တဲ့ အမည်ပဲဖြစ်ပါတယ်။စေတသိက်ဆိုတာကလည်း စိတ်နဲ့အတူတကွ မှီရာ တည်ရာ ဖြစ်တယ်။ အာရုံကိုလည်း အတူတကွ ယူတတ်တယ်။ စိတ်နဲ့တစ်ပြိုင်နက်ဖြစ်ပြီး၊ တပြိုင်နက်ပျက်တတ်တဲ့ ပရမတ္တသဘောတရားသက်သက်ကို ခေါ်ဝေါ် သမုတ်လိုက်တဲ့ အမည်ပဲဖြစ်ပါတယ်။ရုပ် ဆိုတာလည်း အပူ အအေး စတဲ့ ဆန့်ကျင်ဘက် အကြောင်းတွေကြောင့်၊ ဖောက်ပြန်တတ်တဲ့ ပရမတ္တသဘောတရားသက်သက်ကို ခေါ်ဝေါ်ပညတ်လိုက်တဲ့ အမည်ပဲဖြစ်ပါတယ်။နိဗ္ဗာန် ဆိုတာကလည်း တဏှာအကြွင်းမဲ့ ချုပ်တဲ့သဘော လောဘမီးစတဲ့ ၁၁ ပါးသော မီးတို့ ငြိမ်းအေးခြင်း အသင်္ခတ ပရမတ် သဘောတရားသက်သက်ကို ခေါ်ဝေါ်ပညတ်လိုက်တဲ့ အမည်ပါပဲ။

(၂) အဝိဇ္ဇမာနပညတ်[ပြင်ဆင်ရန်]

အဝိဇ္ဇမာနပညတ် ဆိုတာကတော့ ထင်ရှားမရှိတဲ့ ပညတ်တွေရဲ့အမည်တွေဖြစ်ပါတယ်။

ဥဒါဟရုဏ်အားဖြင့် ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး ယောကျ်ား မိန်းမ အတ္တ ဇီဝ အသက် လိပ်ပြာစတဲ့ အမည်များ ဖြစ်ကြပါတယ်။ ထိုအမည်တို့ဟာ အခေါ်သာရှိပြီး ပရမတ္တအားဖြင့် တကယ်ရှိတဲ့ အမည်များ မဟုတ်ကြပါဘူး။အဝိဇ္ဇမာန မှ ခွဲထုတ်တဲ့ အခြားပညတ်တွေလည်း ရှိပါသေးတယ်။ (က) နာမပညတ်၊ (ခ) သဏ္ဍာနပညတ်၊ (ဂ) သမူဟပညတ်၊ (ဃ) ဃနပညတ်၊ (င) ဒိသာပညတ်၊ (စ) ကာလပညတ်၊ (ဆ) အဒ္ဓါနပညတ်၊ (ဇ) သန္တတိပညတ်၊ (ဈ) အတ္တဇီဝပညတ် တို့ပဲဖြစ်ပါတယ်။

အကျဉ်းအားဖြင့်တော့ ..

(က) နာမပညတ် ဆိုတာ အမည်အမျိုးမျိုးပါ။

(ခ) သဏ္ဍာနပညတ် ဆိုတာ ပုံသဏ္ဌာန်အမျိုးမျိုးကို စွဲပြီးခေါ်တာပါ။

(ဂ) သမူဟပညတ်ဆိုတာ ပေါင်းစုထားတဲ့ အခိုက်အတန့်အတွင်းမှာ ဖြစ်ပေါ်လာတဲ့အမည်များသာဖြစ်ပါတယ်။ ရထားကို တစ်စစီဖြုတ်လိုက်ယင် ရထားဆိုတာ ပြစရာမရှိတော့တဲ့ ရထားဥပမာဟာ ထင်ရှားလှပါတယ်။

(င) ဃနပညတ်ဆိုတာကတော့ အစိုင်အခဲတစ်ခုတည်းအဖြစ်အခေါ်အဝေါ်များ ဥပမာ သကြား ထန်းလျက်ခဲ မြေဖြူခဲ စသည် .. ဖြစ်ပါတယ်။

(စ) ဒိသာပညတ်ကတော့ အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာလို့ခေါ်တဲ့ အမည်များပါ။

(ဆ) ကာလပညတ်ကတော့ အချိန်အခါလိုက်ပြီး ခေါ်တာပါ။

(ဇ) သဒ္ဓါနပညတ်ကတော့ ခရီးအကွာအဝေး အတိုင်းအတာကို အမည်အမျိုးမျိုးနှင့်ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။

(ဈ) သန္တိပညတ်ကတော့ ရုပ်သန္တတိ၊ နာမ်သန္တတိ လို့ ၂ မျိုး ရှိပါတယ်။

(၃) ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်[ပြင်ဆင်ရန်]

ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် ကတော့ ထင်ရှားရှိတဲ့ ပရမတ္တအမည် နဲ့ ထင်ရှားမရှိတဲ့ ပညတ်ကို ပေါင်းပြီး ခေါ်တဲ့ အမည်များ ဖြစ်ကြပါတယ်။ဥဒါဟရုဏ်အားဖြင့် အဘိညာဉ်ရ + ပုဂ္ဂိုလ်, သကဒါဂါမ် + ပုဂ္ဂိုလ် စတဲ့ အမည်များ ဖြစ်ကြပါတယ်။အဘိညာဉ် သောတာပန် သကဒါဂါမ်တို့ဟာ ပရမတ္တအားဖြင့် ထင်ရှားရှိတဲ့ အမည်များ ဖြစ်ကြပါတယ်။ ပုဂ္ဂိုလ် ဆိုတာက ထင်ရှားမရှိတဲ့ ပညတ်အမည်သက်သက် ဖြစ်ပါတယ်။

(၄) အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်[ပြင်ဆင်ရန်]

အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ် ကတော့ ထင်ရှား မရှိတဲ့ ပညတ် နဲ့ ထင်ရှားရှိတဲ့ ပရမတ္တ အခေါ်အဝေါ်ကို ပေါင်းပြီး ခေါ်တဲ့ အမည်များ ဖြစ်ပါတယ်။ဥဒါဟရုဏ်အားဖြင့် မိန်းမ + အသံ, ပန်း + အနံ့ စတဲ့ အမည်များ ဖြစ်ပါတယ်။မိန်းမ ၊ ပန်း တို့ဟာ ထင်ရှားမရှိတဲ့ ပညတ် အမည်တွေ ဖြစ်ပြီး၊ အသံ နဲ့ အနံ့ ကတော့ ထင်ရှား ရှိတဲ့ ပရမတ်အမည်များ ဖြစ်ကြပါတယ်။

(၅) ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်[ပြင်ဆင်ရန်]

ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ် ဆိုတာကတော့ ထင်ရှားရှိတဲ့ ပရမတ္တ နဲ့ ထင်ရှားရှိတဲ့ ပရမတ္တ အခေါ်အဝေါ် တို့ကို ပေါင်းပြီးခေါ်ဆိုတဲ့ အမည်များ ဖြစ်ပါတယ်။ဥဒါဟရုဏ် = စက္ခု + ဝိညာဏ်စိတ်၊ သောတ + ဝိညာဏ်စိတ် စတဲ့ အမည်များ ဖြစ်ပါတယ်။ စက္ခု နှင့် ဝိညာဏ်စိတ် ၊ သောတ နှင့် ဝိညာဏ်စိတ် တို့ဟာ ထင်ရှားရှိတဲ့ ပရမတ္တအမည် အချင်းချင်း ပူးပေါင်း ခေါ်ဝေါ်တာပါ။

(၆) အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်[ပြင်ဆင်ရန်]

အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် ကတော့ ထင်ရှားမရှိတဲ့ ပညတ်နှင့် ထင်ရှားမရှိတဲ့ ပညတ် အခေါ်အဝေါ်ကို ပေါင်းပြီးခေါ်တဲ့ အမည်များ ဖြစ်ပါတယ်။ဥဒါဟရုဏ်အားဖြင့် မင်း + သား၊ နတ် + သမီး စတဲ့ အမည်များပါ။ မင်း ကလည်း ပညတ်၊ သား ကလည်း ပညတ် တွဲပြီး ခေါ်တဲ့ အမည်ဖြစ်ပါတယ်။ ထိုနည်းတူ နတ် ကလည်း ပညတ်၊ သမီး ကလည်း ပညတ် ပေါင်းပြီးခေါ်တဲ့ အမည်ပါ။

ကိုးကား[ပြင်ဆင်ရန်]

  1. (ထီ) [ပ+ဉာ+ဏာပေ+တိ။ ပ+ဉ ပ +တိ။ ဓမ္မံ သုဏန္တာနံ ဓမ္မဒေသနေန စိတ္တဿ အနေကဝိဓေန သောမနဿုပ္ပါဒနဉ္စ အတိဓိဏဗုဒ္ဓိနံ အနေကဝိဓေန ဉာဏဿ တိခိဏဘာဝကရဏဉ္စ ပညတ္တိ နာမ၊ တေသံ သုဏန္တာနံ တံစိတ္တတောသနေန တံစိတ္တနိသာမနေန စ ပညာယတီတိ ပညတ္တိ။ မဟာနိ၊ဋ္ဌ၊၄။ ဉာအဝဗောဓနေ။ ...ဉတ္တံ၊ ဉတ္တိ၊ ပညတ္တိ၊ ဝိညတ္တိ၊ သညတ္တိ။ နီတိ၊ဓာ၊၅၀။ ဉာ မာရဏတောသနနိသာနေသု။ ...ပညတ္တီတိ နာနပ္ပကာရတော ပဝတ္တိနိဝါရဏေန အကုသလာနံ ဓမ္မာနံ ဉတ္တိ မာရဏံ ပညတ္တိ။ အထ ဝါ ဓမ္မံ သုဏန္တာနံ ဓမ္မဒေသနာယ စိတ္တေ အနေကဝိဓေန သောမနဿုပ္ပါဒနံ, အတိက္ခိဏဗုဒ္ဓီနံ အနေကဝိဓေန ဉာဏတိခိဏကရဏဉ္စ ပညတ္တိ နာမ၊ တထာ သောတူနံ စိတ္တတောသနေန စိတ္တနိသာနေန ပညာပနံ ပညတ္တီတိ ဒဋ္ဌဗ္ဗံ။ နီတိ၊ ဓာ၊ ၅၁-၂။ ဉ ပ တောသနနိသာနေသူ...ပညာပေတိ၊ ပညာပယတိ၊ ပညတ္တိ။ နီတိ၊ဓာ၊၃၂၂။ ပ-ပုဗ္ဗော ဉ ပ မာရဏတောသနနိသာမနေသျတိ။ ပညတ္တိ။ ဝေါဟာရသ္မိံ ရထသကဋာဒိဝေါဟာရေ။ သူစိ။ ဆ ပညတ္တိယော ခန္ဓပညတ္တိ။ ပ။ ပုဂ္ဂလပညတ္တိတိကာဒီသု ပညတ္တီတိအာဒီသု စ မာရဏတာသနနိသာ နနိသာမနေသု ဟောတိ။ တတ္ထ ဟိ ပကာရတော ဝေနေယျသန္တာနေသု ပဝတ္တံ ကိလေသဇာလံ ဉာတိ မာရေတိ, နာနပ္ပကာရတော ဝါ ပဝတ္တိနိဝါရဏေန အကုလာနံ ဓမ္မာနံ ဉတ္တိ မာရဏံ ပညတ္တိ။ ပကာရတော ဝေနေယျဇနေ ဉေတိ တောသေတိ, ဓမ္မံ ဝါ သုဏန္တာနံ ဓမ္မဒေသနာယ စိတ္တေ အနေကဝိဓေန ဉတ္တိ ဟာသနံ သောမနသုပ္ပါဒနံ ပညတ္တိ။ ပကာရတော ဝေနေယျာနံ ဉာဏံ ဉာတိ နိသေတိ တိက္ခဘာဝံ ကရောတိ, အတိခိဏဗုဒ္ဓီနံ ဝါ အနေကဝိဓေန ဉတ္တိ နိသာနံ ဉာဏတိခိဏကရဏံ ပညတ္တိ။ ပကာရတော ဝေနေယျသန္တာနေသု သဒ္ဓမ္မံ ဉေတိ နိသာမေတိ ဌပေတိ ဓမ္မံ ဝါသုဏန္တာနံ ဓမ္မ ဒေသနာယ အနေကဝိဓေန စိတ္တေ သဒ္ဓမ္မံ ဉတ္တိ နိသာမနံ ဌပနံ ပညတ္တီတိ အတ္ထော။ ဧက၊ဋီ၊၃၈။ သူစိ။ (ပြဠပ္တိ-သံ။ ပဏ္ဏတ္တိ-ပြာ)]
  2. ၂.၀၀ ၂.၀၁ ၂.၀၂ ၂.၀၃ ၂.၀၄ ၂.၀၅ ၂.၀၆ ၂.၀၇ ၂.၀၈ ၂.၀၉ ၂.၁၀ ၂.၁၁ ၂.၁၂ ၂.၁၃ ၂.၁၄ ၂.၁၅ တိပိဋကအဘိဓာန် အတွဲ-၁၃
  3. (၁၊ ၂)ကတမေ ဓမ္မာ ပညတ္တိ။ ယ၁ တေသံ တေသံ ဓမ္မာနံ သင်္ခါ သမညာ ပညတ္တိ ဝေါဟာရော နာမံ နာမကံ နာမဓေယျံ နိရုတ္တိ ဗျဉ္ဇနံ အဘိလာပေါ။ ဣမေ ဓမ္မာ ပညတ္တိ။ အဘိ၊ဓ၊၂၅၆။ သင်္ခါယတီတိ သင်္ခါ၊ သံကထီယတီတိ အတ္ထော။ ...ဧဝံ အနေကေဟိ အာကာရေဟိ သံကထီယတီတိ သင်္ခါ။ သမညာယတီတိ သမညာ။ ကိန္တိ သမညာယတိ? “အဟ” န္တိ ။ပ။ “ဝါတပါန” န္တိ သမညာယတီတိ သမညာ။ ပညာပီယတိတိ ပညတ္တိ။ ဝေါဟရီယတီတိ ဝေါဟာရော၊ အဘိ၊ဋ္ဌ၊၁၊၄၂၀။ ပညာပီယတီတိ အဟန္တိ ဣဒံ ဧတဿ အဓိဝစနန္တိ ဧဝံ ဌပီယတီတိ အတ္ထော။ ...ဧတ္ထ ပန သင်္ခါ သမညာ ပညတ္တိ ဝေါဟာရောတိ စတူဟိ ပဒေဟိ ပညာပိတဗ္ဗတော ပညတ္တိ ဝုတ္တာ၊ ပညတ္တိဝုတ္တာ၊ ဣတရေဟိ ပညာပနတော။ တတ္ထ စ “ပုရိမာ ဥပါဒါပညတ္တိ ဥပ္ပါဒဝယကိစ္စရဟိတာ လောက သင်္ကေတသိဒ္ဓါ၊ ပစ္ဆိမာ နာမပညတ္တိ၊ ယာယ ပုရိမာ ပညတ္တိ ရူပါဒယော စ သောတဒွါရဝိညာဏသန္တာနာနန္တရမုပ္ပန္နေန ဂဟိတပုဗ္ဗသင်္ကေတေန မနောဒွါရဝိညာဏသန္တာနေန ဂဟိတာယ ပညာပီယန္တီ” တိ အာစရိယာ ဝဒန္တိ။ မူလဋီ၊၁၊၁၇၇-၈။ သာ ပနေသာ ပညပေတဗ္ဗတော, ပညာပနတော စ “ပညတ္တီ” တိ ဝုစ္စတိ။ တေနေဝါဟ “ယာ တေသံ တေသံ ဓမ္မာနံ သင်္ခါ သမညာ ပညတ္တိ ဝေါဟာရော နာမံ နာမကမ္မံ နာမဓေယျံ နိရုတ္တိ ဗျဉ္ဇနံ အဘိလာပေါ”တိ။ ပညာပီယတီတိ ပညတ္တိ။ ဝေါဟရီယတီတိ ဝေါဟာရော။ ကိန္တိ ဝေါဟရီယတိ? “အဟ” န္တိ “မမ” န္တိ “ပရော” တိ တိ “ပရဿာ”တိ “မဉ္ဇော” တိ “ပီဌ”န္တိ။ ဧဝံ တာဝ ပညပေတဗ္ဗတော ပညတ္တီတိ ဝုတ္တာ။ ... ဣဒါနိ ပညာပနတော ပညတ္တိံ ပကာသေတုံ “နာမံ နာမကမ္မ” န္တိ အာဒိမာဟ။ တတ္ထ နာမန္တိ တံ တံ ဓမ္မံ “ဧသ ဣတ္ထန္နာမော နာမာ”တိ ပညပေတိ၊ တသ္မာ တံ ပညတ္တီတိ ပဝုစ္စတိ။ အဘိဓမ္မာဝတာရ၊၁၈၂-၃။ တက္က “ပညာပေတဗ္ဗတော”တိ ဣမိနာ ပညာပီယတိ ပကာရေန ဉာပီယတီတိ ပညတ္တီတိ ဧဝံ ကမ္မသာဓနဝသေန အတ္ထပညတ္တီဘူတာ ဥပါဒါပညတ္တိ ဝုတ္တာ။ “ပညာပနတော”တိ ဣမိနာ ပညာပေတိ ပကာရေန ဉာပေတီတိ ပညတ္တီတိ ဧဝံ ကတ္တုသာဓနဝသေန တဿာ အဘိဓာယကဘူတာ နာမပညတ္တီတိ ဝေဒိတဗ္ဗံ။ ၎င်းဋီ၊၂၊၂၀၀။ တတော အဝသေသာ ပညတ္တိ ပန ပညာပိယတ္ထာ ပညတ္တိ, ပညာပနတော ပညတ္တီတိ စ ဒုဝိဓာ ဟောတိ။ ...ပညာပနတော ပညတ္တိ ပန နာမနာမကမ္မာဒိနာမေန ပရိဒီပိတာ။ သင်္ဂဟ၊၁၄၂-၃။
  4. (၂) ပညတ္တိ ဓမ္မာ။ ပညတ္တိပထာ ဓမ္မာ။ အဘိ၊ဓ၊၁၄၊ “တက္ကော ဝိတက္ကော သင်္ကပ္ပေါ” တိ ဧဝံ တေန တေန ပကာရေန ဉာပနတော ပညတ္တိ နာမ၊ ပညတ္တီနံ ပထာ ပညတ္တိပထာ။ အဘိ၊ဋ္ဌ၊၁၊၉၄။ ပထဝီဓာတုပုရိသာဒိတံတံပကာရေန ဉာပနတော ပညတ္တီတိ ဧဝံ အဓိဝစနာဒိပဒါနံ သဗ္ဗဝစနေသု ပဝတ္တိ ဝေဒိတဗ္ဗာ။ မူလဋီ၊၁၊၅၆။ ဆ ပညတ္တိယော—ခန္ဓပညတ္တိ အာယတနပညတ္တိ ဓာတုပညတ္တိ သစ္စပညတ္တိ ဣန္ဒြိယပညတ္တိ ပုဂ္ဂလပညတ္တီတိ။ အဘိ၊ပု၊၁၀၁။ ပညတ္တိယောတိ ပရိစ္ဆန္နဓမ္မနိဒဿနံ။ ... ဆ ပညတ္တိယောတိ ဟိ ဆ ပညာပနာ ဆ ဒဿနာ ပကာသနာတိပိ ဆ ဌပနာ နိက္ခပနာတိပိ ဣဓ အဓိပ္ပေတမေဝ။ နာမပညတ္တိ ဟိ တေ တေ ဓမ္မေ ဒဿေတိပိ၊ တေန တေန ကောဋ္ဌာသေန ဌပေတိပိ။ အဘိ၊ဋ္ဌ၊၃၊၂၅။ ယော ပနာယံ “နာမပညတ္တိ ဟိ ဒဿေတိ စ ဌပေတိ စာ”တိ ကတ္တုနိဒ္ဒေသော ကတော၊ သော ဘာဝဘူတာယ ကရုဏဘူတာယ ဝါ နာမပညတ္တိယာ တေသံ တေသံ ဓမ္မာနံ ဒိဋ္ဌိတာယ ဌပိတတာယ တံနိမိတ္တတံ သန္ဓာယ ကတောတိ ဝေဒိတဗ္ဗော။ မူလဋီ၊၃၊၂၈။ ပကာရေဟိ ပဘေဒဟော ဝါ ဉာပီယန္တိ ဣမိနာ, ဧတ္ထ ဝါ အတ္ထာတိ ပညတ္တိ။ နေတ္တိ၊ဋ္ဌ၊၁၆။ ပကာရေန ဉာပီယတိ ဧတေန, ပကာရတော ဉာပေတီတိ ဝါ ပညတ္တီတိ ဓမ္မနိရုတ္တာဘိလာပေါ ဝုစ္စတိ။ သာရတ္ထ၊၁၊၇၉။ အယမယံ နာမာတိ ပညာပေန္တိ ဧတာယ, တထာပညာပနမန္တိ ဝါ ပညတ္တိ၊ နာမမေဝ။ မ၊ဋီ၊၃၊၃၀၃။ (ဒီ၊၂၊၅၃။ ဒီ၊၃၊၁၁၄။ မ၊၃၊၁၁၂။ သံ၊၂၊၅၉။ အဘိ၊က၊၃၄။ ပဋိသံ၊၁၇၂။ မဟာနိ၊၃၂။ စူဠနိ၊၉၀။ နေတ္တိ၊၄။ ပေဋကော၊၂၀၃။ မိလိန္ဒ၊၂၄။ ဝိ၊ဋ္ဌ၊၁၊၁၈။ ဝိ၊ဋ္ဌ၊၂၊၁၇၉။ ဒီ၊ဋ္ဌ၊၁၊၂၁။ ဒီ၊ဋ္ဌ၊၂၊၉၁။ ဒီ၊ဋ္ဌ၊၃၊၅၄။ မ၊ဋ္ဌ၊၃၊၂၈။ သံ၊ဋ္ဌ၊၂၊၂၈၃။ သံ၊ဋ္ဌ၊၃၊၁၅၀။ အံ၊ဋ္ဌ၊၂၊၂၄၀။ အဘိ၊ဋ္ဌ၊၁၊၂၃။ အဘိ၊ဋ္ဌ၊၃၊၂၈။ ပဋိသံ၊ဋ္ဌ၊၂၊၃၆။ ခုဒ္ဒက၊ဋ္ဌ၊၅။ ဥဒါန၊ဋ္ဌ၊၃၀၂။ ဣတိဝုတ်၊ဋ္ဌ၊၁၃၅။ သုတ္တနိ၊ဋ္ဌ၊၂၊၇။ ထေရ၊ဋ္ဌ၊၂၊၈၁။ မဟာနိ၊ဋ္ဌ၊၅၉။ ဇာ၊ဋ္ဌ၊၇၊၁၈၆။ သီ၊ဋီ၊သစ်၊၁၊၁၀၆။ အနုဋီ၊၁၊၂၃။)
  5. (၄) “သုပညတ္တံ မဉ္စပီဌ”န္တိ အာဂတဋ္ဌာနေ ဌပနာ နိက္ခေပနာ ပညတ္တိ နာမ။ အဘိ၊ဋ္ဌ၊၃၊၂၅။ ဒီ၊ဋီ၊၃၊၉၈။
  6. (၅) ပညတ္တိဗလ-ကြည့်။
  7. (ပရမတ္ထ ဝိနိစ္ဆယ။ ၉၃)
  8. (ပရမတ္ထသံခိပ်။ ၅၃-၄-၅)
  9. (ဒီ၊ဋီ၊၁၊၃၈၃။ သီ၊ဋီ၊သစ်၊၂၊၄၀၀)
  10. (ပရမတ္ထစက္ခု။ ၁၅)
  11. (ဒီ၊ဋ္ဌ၊၁၊၃၁၆။ ပရမတ္ထဝိနိစ္ဆယ၊ ၉၅)
  12. (ပရမတ္ထဒီပနီ၊၁၇)
  13. (အဘိ၊ဋ္ဌ၊၃၊၂၇)
  14. (သင်္ဂဟ၊ ၁၄၂-၃။ ဝိဘာဝိနီ၊ ၂၂၃-၄)
  15. (ဝိဘာဝိနီ၊၂၆၁
  16. (သံ၊၁၊၁၃၇။ ဝိသုဒ္ဓိ၊၂၊၂၂၈-၉)
  17. (အဘိ၊ဋ္ဌ၊၃၊၂၅။ အဘိဓမ္မာဝတာရ၊၁၁၂-၃။ သစ္စသင်္ခေပ။ ၃၃။ သင်္ဂဟ၊၁၄၂။ နာမရူပပရိစ္ဆေဒ၊၇၃။ ပရမတ္ထဝိနိစ္ဆယ။ ၉၄)
  18. (အဘိ၊ပု၊၁၀၁။ အဘိ၊ဋ္ဌ၊၃၊၂၅)
  19. (မူလဋီ၊၃၊၂၇)
  20. (အဘိ၊ဋ္ဌ၊၃၊၂၆။ အဘိဓမ္မာဝတာရ၊၁၁၃-၄။ သစ္စသင်္ခေပ။ ၃၃-၄။ သင်္ဂဟ၊၁၄၃-၄။ နာမရူပပရိစ္ဆေဒ၊၇၃။ ပရမတ္ထဝိနိစ္ဆယ၊၉၉၊ ၁၀၀)
  21. (အဘိ၊ဋ္ဌ၊၃၊၂၆-၈
  22. (သစ္စသင်္ခေပ၊၃၃။ သင်္ဂဟ၊၁၄၄-၅။ နာမရူပပရိစ္ဆေဒ၊၇၃-၄။ ပရမတ္ထဝိနိစ္ဆယ၊၉၈။ သာရတ္ထ၊၂၊၇၀။ သီ၊ဋီ၊သစ်၊၂၊၃၉၈။ ဝိဘာဝိနီ၊၂၅၅-၆။ မဏိမဉ္ဇူ၊၂၊၄၇၀-၄၇၃။ ဘေဒစိန္တာ။ ဂါထာ-၁၁။ ပရမတ္ထသရူပဘေဒနီ၊၁၊၄၀၃-၄၀၈။ ၎င်း၊၂၊၃၀၂-၃)
  23. (ပဋိသံ၊ဋ္ဌ၊၁၊၅၄။ မဟာနိ၊ဋ္ဌ၊၃၄၀)
  24. (ဝိ၊၅၊၁၅၇။ သံ၊၁၊၄၀။ သံ၊ဋ္ဌ၊၁၊၉၃။ သံ၊ဋီ၊၁၊၁၃၈။ ဝိဘာဝိနီ၊၁၃၀။ မဏိမဉ္ဇူ၊၁၊၄၀၀)
  25. (အဘိ၊ဋ္ဌ၊၁၊၁၁၃။ သင်္ဂဟ၊၄၉)
  26. (ပဋ္ဌာန၊၁၊၂၊၆။ အဘိ၊ဋ္ဌ၊၃၊၃၆၀၊ ၃၇၀။ သင်္ဂဟ၊၁၃၇-၈)
  27. (မူလဋီ၊၃၊၁၈၆)